မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F

မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F, Centre d’affaires, Democratic Republic of the.

ရဲဘော်များ အတွက် တန်ဆောင်တိုင်မုန့်ဖိုး============================မုံရွာခရိုင်အမှတ် (၅) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေကြသ...
04/11/2025

ရဲဘော်များ အတွက် တန်ဆောင်တိုင်မုန့်ဖိုး
============================

မုံရွာခရိုင်အမှတ် (၅) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များအတွက် တန်ဆောင်တိုင်မုန့်ဖိုးပေးဖြစ်ပါတယ်။

ပြည်သူလူထုအတွက်၊ ဖက်ဒရယ်အတွက် အသက်နဲ့ဘဝကိုပေးဆပ်ထားကြတဲ့ ရဲဘော်တို့ သက်ရှည်ကျန်းမာပြီး တိုက်ပွဲတိုင်း အောင်မြင်ပါစေ။
ပျော်ရွှင်စရာ တန်ဆောင်တိုင် ကာလလေးဖြစ်ပါစေ။

ကျွန်တော်တို့တပ်ရင်း၏ စစ်ဆင်ရေးလိုအပ်ချက်များအတွက် ထောက်ပို့ပါဝင် ကူညီပေးကြသော ထောက်ပို့အဖွဲ့သားများအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်။

မုံရွာခရိုင်အမှတ်(၅)တပ်ရင်း
သတင်းနှင့်ပြန်ကြားရေး
Aung San Force A.S.F

ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force - A.S.F ထံ ထောက်ပို့ကူညီပေးကြသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်း၏ ...
14/08/2025

ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force - A.S.F ထံ ထောက်ပို့ကူညီပေးကြသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်း၏ ဇူလိုင်လ (၂၃)ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့ထိ ထောက်ပို့အလှူငွေများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ အောင်ဆန်းတပ်ဖွဲ့ထံသို့ ဆက်သွယ်ထောက်ပို့လာသော အလှူငွေအသီးသီးကို အလေအလွင့်မရှိစေဘဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွင် အဓိကကျသည့် လက်နက်ခဲယမ်းပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရေးကဏ္ဍတွင်သာ အသုံးပြုသွားမည်ဖြစ်‌ကြောင်းနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

သတင်းနှင့်ပြန်ကြားရေး
တပ်ရင်းရုံး
မုံရွာခရိုင် အမှတ် (၅) တပ်ရင်း
Aung San Force - A.S.F

ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force - A.S.F ထံ ထောက်ပို့ကူညီပေးကြသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်း၏ ...
22/07/2025

ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force - A.S.F ထံ ထောက်ပို့ကူညီပေးကြသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်း၏ ဇွန်လ (၄)ရက်နေ့မှဇူလိုင်လ (၂၂)ရက်နေ့ထိ ထောက်ပို့အလှူငွေများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ အောင်ဆန်းတပ်ဖွဲ့ထံသို့ ဆက်သွယ်ထောက်ပို့လာသော အလှူငွေအသီးသီးကို အလေအလွင့်မရှိစေဘဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွင် အဓိကကျသည့် လက်နက်ခဲယမ်းပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရေးကဏ္ဍတွင်သာ အသုံးပြုသွားမည်ဖြစ်‌ကြောင်းနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

သတင်းနှင့်ပြန်ကြားရေး
တပ်ရင်းရုံး
မုံရွာခရိုင် အမှတ် (၅) တပ်ရင်း
Aung San Force - A.S.F

ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force - A.S.F ထံ ထောက်ပို့ကူညီပေးကြသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်း၏ ...
03/06/2025

ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force - A.S.F ထံ ထောက်ပို့ကူညီပေးကြသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်း၏ ထောက်ပို့အလှူငွေများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ အောင်ဆန်းတပ်ဖွဲ့ထံသို့ ဆက်သွယ်ထောက်ပို့လာသော အလှူငွေအသီးသီးကို အလေအလွင့်မရှိစေဘဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွင် အဓိကကျသည့် လက်နက်ခဲယမ်းပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရေးကဏ္ဍတွင်သာ အသုံးပြုသွားမည်ဖြစ်‌ကြောင်းနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

သတင်းနှင့်ပြန်ကြားရေး
တပ်ရင်းရုံး
မုံရွာခရိုင် အမှတ် (၅) တပ်ရင်း
Aung San Force - A.S.F

🟥 ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ 🟥မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ...
28/03/2025

🟥 ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ 🟥

မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။🙏🙏🙏

Photos -လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန
Ministry of Humanitarian Affairs and Disaster Management - NUG

တပ်ရင်း နှင့် ထောက်ပို့ထီ✅✅✅✅✅✅✅✅ကျွန်ုပ်တို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Force ဟာ ထောက်ပို့ထီအဖွဲ့အစည်း - ထ...
05/03/2025

တပ်ရင်း နှင့် ထောက်ပို့ထီ
✅✅✅✅✅✅✅✅

ကျွန်ုပ်တို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Force ဟာ ထောက်ပို့ထီအဖွဲ့အစည်း - ထောက်ပို့ထီ (၈) ကြိမ်မြောက်မှ စတင်ရောင်းချခဲ့ရာ ယခုဆိုလျှင် (၁၅)ကြိမ်မြောက်အထိ ရောက်ရှိလာခဲ့ပါပြီ။

ထီတစ်စောင် (၂၀၀၀)ကျပ်ဆိုသော်ငြား ထောက်ပို့ထီရောင်းချရာမှရရှိလာတဲ့ ထောက်ပို့ငွေဟာ ကျွန်ုပ်တို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Force ရဲ့ ရဲဘော်များအခြေခံလိုအပ်ချက်များ၊ အသုံးစရိတ်အပါအဝင် စားရေရိက္ခာအဝဝကို ထမ်းပိုးထားပါတယ်။ ထောက်ပို့ထီ အစောင်ရေ များများရောင်းထွက်တာနဲ့အမျှ ရဲဘော်များရဲ့ အသုံးစရိတ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လေဖြစ်ပါတယ်။

အောက်ပါဇယားကတော့ ကျွန်ုပ်တို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်းရဲ့ (၁၄)ကြိမ်မြောက်ထောက်ပို့ထီအစောင်ရေ - (၂၃၂၅)စောင်ရောင်းချထားတဲ့အထဲက ဆုအသီးသီးဆွတ်ခူးသွားတဲ့ ထီနံပါတ်တွေ ဖြစ်ပါတယ်။

ထီတစ်စောင်မှ (၂၀၀၀)ကျပ်ဖြစ်တာမို့ တနိုင်တပိုင်ထောက်ပို့ရင်း ကံစမ်းရင်း ‌တော်လှန်ရင်း (၁၅)ကြိမ်မြောက် ထောက်ပို့ထီလက်မှတ်များကို Page Messenger မှတဆင့်သော်လည်းကောင်း ‌ထီအရောင်းတာဝန်ယူထားသော နောက်တန်းရဲဘော်များထံမှလည်းကောင်း ဝယ်ယူထောက်ပို့လို့ ရပြီဖြစ်ကြောင်း တော်လှန်ပြည်သူအပေါင်းသို့ သတင်းကောင်းပါးအပ်ပါတယ်။

ထောက်ပို့ထီအကြောင်း
✅✅✅✅✅✅✅✅

ထီ(၁)စောင် - ၂၀၀၀ ကျပ်
ထီဖွင့်ရက် - လစဉ် (၂) ရက်နေ့

ထီဆုများ
❇️❇️❇️❇️

🍀ပထမဆု - သိန်း (၁၀၀၀)ကျပ်

🍀ဒုတိယဆု - သိန်း (၂၀၀)ကျပ်

🍀တတိယဆု - သိန်း (၁၀၀)ကျပ်

🍀အထူးဆုများ - (၁၀)သိန်းကျပ်

🍀ပ-ဒု-တဆုနှင့် နောက်ဆုံးဂဏန်း(၅)လုံးတူဆုများ - (၅)သိန်းကျပ်

🍀ပ-ဒု-တဆုနှင့် နောက်ဆုံးဂဏန်း(၄)လုံးတူဆုများ - (၁)သိန်းကျပ်
🍀ပ-ဒု-တဆုနှင့် နောက်ဆုံးဂဏန်း(၃)လုံးတူဆုများ - (၅) သောင်းကျပ်

ဆိုပြီး ဆုမဲပေါင်းများစွာ ပါဝင်ပါတယ်။

#မုံရွာခရိုင်အမှတ်၅တပ်ရင်း

#ထောက်ပို့ထီ
#ဖက်ဒရယ်ခေတ်ဆီမျှော်မှန်းရည်တွဲလက်ညီညီထောက်ပို့ထီ
#ကျပ်သိန်း၁၀၀၀

အောင်ပွဲရ ရှေ့တန်းပြန် ရဲဘော်များအား ပြည်သူများမှ သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့ ပုံရိပ်များ ဖြစ်ပါတယ်။ပြည်သူနဲ့ ကျွန်ုတိ...
02/03/2025

အောင်ပွဲရ ရှေ့တန်းပြန် ရဲဘော်များအား
ပြည်သူများမှ သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့
ပုံရိပ်များ ဖြစ်ပါတယ်။

ပြည်သူနဲ့ ကျွန်ုတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများဟာ ရေနဲ့ငါး ကဲ့သို့ ယှဥ်တွဲ နေထိုင်ရင်း ပြည်သူကို အကာအကွယ်ပေးနိုင်သော ပြည်သူ့ တပ်မတော်သားကောင်းများအ​ဖြစ် အစဥ် ကျင့်ကြံ နေထိုင်သွားကြရပါ့မယ်။

ဗျူဟာ ၆၄
မုံရွာခရိုင်အမှတ် ၅ တပ်ရင်း
Aung San Force

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းအား သိမ်းပိုက်====================================ဖေဖော်ဝါရီလ ၂၇ ရက်...
27/02/2025

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းအား သိမ်းပိုက်
====================================
ဖေဖော်ဝါရီလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းအား ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်။

ဗောဓိတထောင် သာသနာ့နယ်မြေတွင် အခြေပြုတပ်စွဲထားသော ယင်း ရန်သူစခန်းအား မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင်လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ ၆၄ (၅၊၈၊၉၊၁၀၊၁၁)၊ ဗျူဟာ ၆၁ (၁၂၊၁၇) ၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ရန်သူ့ဘက်မှ (၁၁) ဦးသေဆုံးပြီး G-3 (၅) လက်၊ U*i (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခု၊ TV (၁) လုံး သိမ်းဆည်းရမိသည်။

ကျွန်ုပ်တို့ မုံရွာခရိုင်အမှတ် ၅ တပ်ရင်းမှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပါသည်။

တိုက်ပွဲအတွင်း နမခမှ Paramotor (၂) စီး၊ တံတားဦး လေတပ်မှ Mi-35 (၁) စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့သည်။

ဗျူဟာ ၆၄
မုံရွာခရိုင်အမှတ်(၅)တပ်ရင်း
Aung San Force

စစ်ကို စစ်လိုပြင်ပြီး အထက်အဆင့်ဆင့်ရဲ့ အမိန့်နှင့်အတူ ခြေသံလုံစွာ အလုပ်တစ်ခု လုပ်ထားပါတယ်။အောင်ပွဲ သတင်း ထုတ်ပြန်ချက် နှ...
26/02/2025

စစ်ကို စစ်လိုပြင်ပြီး အထက်အဆင့်ဆင့်ရဲ့
အမိန့်နှင့်အတူ ခြေသံလုံစွာ အလုပ်တစ်ခု
လုပ်ထားပါတယ်။

အောင်ပွဲ သတင်း ထုတ်ပြန်ချက် နှင့်အတူ မကြာခင်မှာ ပြန်တွေ့ကြပါ့မယ်ဗျ။

စည်းလုံးခြင်းရဲ့ ရလာဒ်ပါ။

ဗျူဟာ ၆၄၊ ဗျူဟာ ၆၁ တို့ရဲ့ ဒုတိယမြောက်
စခန်းသိမ်း အောင်ပွဲ တစ်ခုလည်းဖြစ်ပါတယ်။

မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F
Aung San Force

မိဘပြည်သူအပေါင်းတို့ခင်ဗျာ 🙏🙏🙏အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာများ၊ထောက်ပို့ဗုံးကြဲလေယာဥ်များ၊ Mi-35၊ ဒရုန်းများနှင်...
18/02/2025

မိဘပြည်သူအပေါင်းတို့ခင်ဗျာ 🙏🙏🙏

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာများ၊ထောက်ပို့ဗုံးကြဲလေယာဥ်များ၊ Mi-35၊ ဒရုန်းများနှင့်စက်တပ်လေထီးများ အသုံးပြု၍ နေ့စဥ်ဆိုသလို စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများနေထိုင်ရာကျေးရွာရပ်ကွက်များအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။ သို့ပါသောကြောင့် မိဘပြည်သူများအနေဖြင့် အထိအခိုက်နည်းပါးစေရန် အရေးပေါ် ဗုံးခိုကျင်းများ တူးထားကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေခင်ဗျာ ...။

ယခုလို အရေးပေါ်ကာလမှာ အသုံးဝင်စေဖို့ ဗုံးခိုကျင်းတည်ဆောက်ပုံအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။

#ဗုံးခိုကျင်း #ကျန်းမာပါစေ #မုံရွာခရိုင်အမှတ်၅တပ်ရင်း
Photo Credit : ကျန်းမာပါစေ

Adresse

Democratic Republic Of The
959

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F:

Partager