26/01/2022
ဒီနေ့ ရန်ကုန်မြို့ သိမ်ကြီးဈေးမှာ အောက်ချင်းငှက်တွေ ရောက်လာကြောင်း ထူးထူး ဆန်းဆန်း သတင်း ဓါတ်ပုံတွေအရ သိရပါတယ်။
အောက်ချင်းငှက်တွေဟာ သစ္စာတရားရဲ့ သင်္ကတပါ။
အဖိုနဲ့အမ တစ်ကောင်အပေါ် တစ်ကောင် အသက်ပေးရင်း အင်မတန်သစ္စာထားကြတဲ့ ငှက်တွေ ဖြစ်ကြပါတယ်။
ဒါ့ကြောင့်လည်း သစ္စာတရားကို အလေးအမြတ်ထားခြင်းရဲ့ ပြယုတ်အဖြစ် ချင်းလူမျိုးတွေက အောက်ချင်း ငှက်ကို ရိုးရာ ဓလေ့ အမှတ်အသားအဖြစ် ထားရှိကြခြင်း ဖြစ်ပါတယ်၊
လာနေကျ ခရီးစဉ် မဟုတ်ပဲ မိုင်ထောင်ချီဝေးတဲ့ဒေသဆီကနေ ရန်ကုန်မြို့လယ်ခေါင်အထိ ပျံသန်းလာရတဲ့သူတို့ခရီးစဥ်ဟာ သူတို့အတွက်အခက် အခဲတစုံတရာရှိနေလို့ပါပဲ။
သူတို့ကိုဖမ်းဆီးတာမျိုး ကြောက်လန့်သွားတာမျိုးဖြစ်အောင်မလုပ်ကြပါဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
Crd.