Lydia LamLam

Lydia LamLam Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Lydia LamLam, Consultant en affaires, Democratic Republic of the.

ဒီလိုနဲ့ ရင့်ကျက်ခဲ့ပါတယ်********************ကြုံဘူးတာပေါ့ပတ်ဝန်းကျင်ကအထင်သေးတဲ့ အကြည့်တွေကို။ကြုံဘူးတာပေါ့အမျိုးတွေရဲ့န...
27/08/2023

ဒီလိုနဲ့ ရင့်ကျက်ခဲ့ပါတယ်
********************

ကြုံဘူးတာပေါ့

ပတ်ဝန်းကျင်က
အထင်သေးတဲ့ အကြည့်တွေကို။

ကြုံဘူးတာပေါ့

အမျိုးတွေရဲ့
နှိမ့်ချ ဆက်ဆံမှုတွေကို။

ကြုံဘူးတာပေါ့

စသလို နောက်သလိုနဲ့
ကိုယ့်အားနည်းချက်တွေကို
ထိပါးပြောဆိုမှုတွေကို။

ကြုံဘူးတာပေါ့

မလိုရင် တစ်မျိုး
လိုရင် တစ်မျိုး
ပေါင်းသင်း ဆက်ဆံမှုတွေကို။

ကြုံဘူးတာပေါ့

ကိုယ့်ရှေ့မှာ အရမ်းဖော်ရွေပြပြီး
နောက်ကွယ်မှာ
လှောင်ပြောင်နေတာမျိုးတွေကို။

ကြုံဘူးတာပေါ့

အရမ်းချစ်ပါတယ်ဆိုပြီး
ဂရုမစိုက်
ပစ်ထားတာတွေကို။

ကြုံဘူးတာပေါ့

ကိုယ့်ဖာသာနေလည်း
အကြောင်းမဲ့
လာစော်ကားတာတွေကို။

ကြုံဘူးတာပေါ့

မိဘနဲ့ ကိုယ့်အကြား
သွေးခွဲတဲ့ အဖြစ်တွေကို။

ကြုံဘူးတာပေါ့

ရွှေ ငွေရှိမှ လူရာသွင်း
အမျိုးတော်ကြတတ်သူတွေကို။

ကြုံဘူးတာပေါ့

ပညာတတ်မှ
ခေါ်ပြောချင်ကြတာတွေကို။

ကြုံဘူးတာပေါ့

ကိုယ့်အပြစ်ကို မမြင်ပဲ
သူများအပြစ်ကို
အပုပ်ချတတ်သူတွေကို။

ကြုံဘူးတာပေါ့

တွဲထူသလိုလိုနဲ့
တွန်းလှဲတတ်တဲ့သူတွေကို။

ကြုံဘူးတာပေါ့

ချီးကျူးသလိုလိုနဲ့
သရော်တတ်တဲ့သူတွေကို။

ဒီလို အဖြစ်တွေကြုံဘူးလို့
အခုဆို နေသားကျပြီး
ပတ်ဝန်းကျင်က လူတွေကို
မဲ့ပြုံးနဲ့
ကြည့်နေတတ်ပါပြီ 😊။

27/08/2023
27/08/2023

✅ကောင်းလိုက်တဲ့စကား✅

သေချာတွေးကြည့်ပါ
ထပ်ခါထပ်ခါဖတ်ကြည့်ပါ
သင်သိလာပါလိမ့်မယ်

သင့် ပိုက်ဆံအိတ်ထဲမှာ
ငွေ ရှစ်သောင်း
ခြောက်ထောင့်လေးရာ
(၈၆, ၄၀၀) ကျပ်ရှိတယ်။
လူတစ်ယောက်က
သင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်။
ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့
အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက်
သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀)
လုံးကို ပုံပြီးသုံးမလား။
ဒါမှမဟုတ်
မေ့မေ့ပျောက်ပျောက်နေမလား။

အဖြေ ကတော့ ရှင်းပါတယ်။
စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။
၁၀၀လောက်လျော့သွားတာ အတွက်
ဘာကြောင့် မအိပ်နိုင်
မစားနိုင်ဖြစ်နေမလဲ။

ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွန်ုပ်တို့ရဲ့တနေ့တာမှာ
စက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။
အဲဒီထဲက တစုံတယောက်ကြောင့်
စိတ် အနှောင့်အယှက်ဖြစ်ရတဲ့
အချိန် တစ်မိနစ်ကျော်ကျော်
(စက္ကန့် ၁၀၀လောက်) အတွက်နဲ့
ဘာကြောင့်များ
စိတ်ဆိုးဒေါသတွေ ထွက်ပြီး
ကျန်တဲ့ တနေ့တာရဲ့လက်ကျန်
၈၆, ၃၀၀စက္ကန့် လုံးလုံးကို
အဆင်မပြေဖြစ်အောင် လုပ်မလဲ။

ဘ၀ဟာ ကျယ်ပြန့်ပါတယ်။
အသေးအမွှား
ကိစ္စလေးတွေကြောင့်
အနှောင့်အယှက် အဖြစ်မခံပါနဲ့။
◄►◄►◄►◄►◄►◄►◄►◄►

🥀
Credit: မူရင်းရေးသားသူအား လေးစားလျှက်

🌷မေတ္တာများစွာဖြင့်
🌷

27/08/2023

မြှောက်တိုင်းသာ
မြောက်နေရင်
ခြေထောက်နဲ့မြေကြီး
လွတ်တာကြာရောပေါ့

ခြောက်တိုင်းသာ
ကြောက်နေရင်
နေစရာတောင်
ရှိမှာမဟုတ်ဘူး

ပြောတိုင်းသာ
ယုံနေရင်
ဦးနှောက်ဆိုတာ
ဘာလုပ်တော့မှာလဲ

ကျရှုံးတိုင်းသာ
ငိုကြွေးနေရင်
အောင်မြင်မှုဆိုတာ
ရှိပါတော့မလား

အတင်းအဖျင်းတွေကိုသာ
ယုံနေရင်အနာဂတ်ဆိုတာ
လိုပါတော့မလား

ဝမ်းနည်းတိုင်းသာ
အားပေးဖော်ရှာနေရင်
အခက်အခဲတွေကို
ဘယ်လိုကျော်ဖြတ်တော့မှာလဲ

လူတိုင်းသာ
အဆင်ပြေနေရင်
ဝမ်းနည်းမှုဆိုတာ
ရှိပါတော့မလား

စိတ်ဓာတ်ကျတိုင်းသာ
ထိုင်မှိုင်နေရင်
အောင်မြင်မှုဆိုတာ
ရှိပါတော့မလား

ပြောတိုင်းသာ
ယုံနေရရင်
အမှန်တရားဆိုတာ
လိုအပ်ပါတော့မလား

ကျရှုံးတိုင်းသာ
အရှုံးပေးရမယ်ဆိုရင်
အောင်မြင်မှုဆိုတာ
ရှိမှာတောင်မဟုတ်တော့ဘူး

ဝေဖန်မှုတွေကိုတောင်
ခံနိူင်ရည်မရှိရင်
အခက်အခဲတွေကို
ဘယ်လိုလုပ်ကျော်ဖြတ်နိူင်မှာလဲ

နောက်ဆုံးပြောချင်တာက

စာရိတ္တကိုရိုက်ချိုးပြီး
အမြင့်မတတ်ချင်ပါနဲ့
ပြန်ကျရင်အကျနာတယ်ဆို
မမေ့ပါနဲ့

မေတ္တာဖြင့်

26/08/2023

လူတိုင်းမှာ
သူ့ဒုက္ခနဲ့သူကတော့ ရှိကြတာပဲ ။
ထုတ်ပြအော်ဟစ်ပြတာနဲ့
သိမ်းဆည်းဖြေရှင်းနေကြတာပဲ ကွာတယ် ။

အပေါ်ယံလေးကြည့်ပြီး
သူကတော့ သိပ်သာယာနေတာပဲ
ငါ့ကိုတော့ ဒီလိုသာယာမှုတွေ sharing မလုပ်ဘူးလို
့ လာတောင့်တနေရင်
မပေးသူမှာ အလွန်မဖြစ်ဘူး ။

တစ်ဘက်အခြေနေကို မသိပဲ
လိုချင်စိတ်များနေသူမှာပဲ အပြစ်ရှိတယ် ။

နေရာတိုင်းမှာ သူ့ဘက် ၊ ကိုယ့်ဘက်
အပြန်လှန် အကျိုးပြုရတယ်ဆိုတာရှိတယ် ။

တစ်ဘက်သတ်ချည်း လိုချင်တာများရင်
ဘယ်လောက်ပဲ ပေးခဲ့ပေးခဲ့ ၊
ဆက်မပေးချင်ပဲ ရပ်တန့်လိုက်တာမျိုးတွေလည်း ရှိနိုင်တယ် ။

ဘယ်လိုအခြေနေ ၊ ဆက်ဆံရေးတွေမဆိုပေါ့...
မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း ၊ သူစိမ်း အကုန်လုံးပဲ ။
လိုချင်စိတ်မရှိ စိတ်သန့်သူတွေက
ကောင်းတဲ့အရာကို ပိုရတတ်ပြီး ၊

လိုချင်စိတ်များပြီး တစ်ဘက်သတ်ဆန်လွန်းတွေဟာ
အကုန်လက်လွှတ်ရတတ်တယ် ။

အလိုကြီးရင် အရပိုနည်းတယ် ။

...to...မာရင်ရင်
Theet Mar. 💙💙💙

26/08/2023

နေတတ်လျှင် ကျေနပ်စရာလေးပါ
…………………………………………………

၁။ တစ်စုံတစ်ယောက်ကို မကျေနပ်လျှင်
ဘာမှမတုံ့ပြန်ဘဲ မျိုသိပ်နိုင်အောင်
ကြိုးစားပါ။

ဒါဆိုရင် ဘာအကြောင်းကြောင့်မျှ
ပြဿနာ မဖြစ်နိုင်တော့ပါဘူး။

၂။ သူတပါးရဲ့ အမှားကို တွေ့တဲ့အခါ
ငါလဲ မှားတတ်တာပဲလို့
ကိုယ်ချင်းစာစိတ် မွေးလိုက်ပါ။

ဒါဆိုရင် သူများအမှားကို
ခွင့်လွှတ်နိုင်သွားတယ်။

၃။ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးတဲ့အခါ
ဘာပဲဖြစ်ဖြစ် တနေ့ကျရင် စွန့်လွှတ်
ရမှာပဲလို့ စွန့်လွှတ်ခြင်းနိယာမကို
လက်ခံနိုင်အောင် ကြိုးစားပါ။

ဒါဆိုရင် ဘယ်အရာကိုပဲ ဆုံးရှုံး ဆုံးရှုံး
ဝမ်းနည်းမှု မဖြစ်တော့ပါ။

၄။ အဆင်မပြေမှုတွေ ကြုံရရင်
ကံဆိုးလိုက်တာလို့ ငြီးနေမဲ့အစား
ကံကောင်းအောင် ပြုပြင်လိုက်ပါ။

ဒါဆိုရင် အဆင်မပြေမှုတွေ
ကြုံရပေမဲ့ အပြုံးမပျက်တော့ဘူး။

၅။ ကြိုးစားပါလျှက် ကိုယ်လိုချင်တာ
မရခဲ့ရင် ကိုယ်ရနေတာလေးကိုပဲ
ကျေနပ်လိုက်စမ်းပါ။

ဒါဆိုရင် ကိုယ်လိုချင်တာမရခြင်းကြောင့် စိတ်ဖိစီးမှု မဖြစ်တော့ဘူး။

_ to...
Mar🍀🍀🍀

25/08/2023

တစ်ချို့သူတွေက #ရေ နဲ့ တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။

တစ်ချို့သူတွေက #မြေကြီး နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း ပါရမီပြည့်ဝတယ်။

တစ်ချို့သူတွေက #လေမုန်တိုင်း နဲ့ တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးဝေးဆုံးကို တွန်းပို့တယ်။

တစ်ချို့သူတွေက #မီး နဲ့ တူတယ်။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ်။

တစ်ချို့သူတွေက #နေ နဲ့ တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့်
အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။

တစ်ချို့သူတွေက #လ နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုပေမယ့် သူ့ပေါ်ရောက်ရင်
မညီညာမှုတွေနဲ့ ...

တစ်ချို့သူတွေက #သစ်ပင် နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။
အသီးအပွင့်တွေလည်းပေးတယ်။

စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။ ။

သင်ရော ဘယ်လိုလူမျိုးလဲ ... ??????

Crd to Owner with Respect!!!!
Thein Than Aung

24/08/2023

အိမ်တစ်အိမ်သွားရင်ဘာကိုမှမကြည့်နဲ့

ဘုရားစင်ကိုလည်းမကြည့်နဲ့
ဘုရားစင်ကို ရှယ်ပြင်ထား ပန်းတွေကပ်
ရေချမ်းတွေပြင် ကျမ်းစာအုပ်တွေချထားပြီး
လောဘ ဒေါသတွေကြီးစိုးနေတဲ့အိမ်တွေ
အများကြီး

အိမ်သာကိုလည်းမကြည့်နဲ့
ထမင်းစားခန်းကိုလည်းမကြည့်နဲ့
ဧည့်ခန်းကိုလည်းမကြည့်နဲ့
ဖိနပ်ချွတ်ကိုလည်းမကြည့်နဲ့

သက်မဲ့နေရာတွေကိုကြည့်ပြီး
သက်ရှိအရာတွေကိုဆုံးဖြတ်တာဟာ
ဘယ်တော့မှ ရာခိုင်နှုန်းပြည့်မမှန်နိုင်ဘူး

ချစ်ခြင်းမေတ္တာ အားကောင်းသလား
လူကိုလူလိုမြင်ပေးနိုင်သလား
ကိုယ့်အပေါ်နွေးထွေးစွာကြိုဆိုသလား
ဒါတွေကိုပဲ ကြည့်ရမှာဖြစ်တယ်။

ဒါတွေသာရှိရင် ပြည့်စုံနေရင်...

ဝါးလုံး၄တိုင်ထောင်ပြီး
သစ်ရွက်မိုးထားရင်တောင်
ဒီအိမ်ဟာ ခမ်းနားနေမှာ အသေအချာပါပဲ
အဆင့်အတန်းရှိနေမှာ ကျိန်းသေပါပဲ။

# မင်းရဲကျော်စွာ

Adresse

Democratic Republic Of The
6061

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Lydia LamLam publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Lydia LamLam:

Partager