04/08/2026
#ပါချုပ်ဆရာတော်ဘုရားကြီး၏အဆုံးအမ
✅ငယ်ငယ်က အဖေ့ရဲ့ အမေ ကိုယ်တွေရဲ့ (အဖွား)-ပေါ့
ကိုယ်တွေကတော့ အမေကြီးလို့ ခေါ်တယ်
✅အမေကြီး က ငယ်ငယ်လေးကတည်းကလည်း ဘာသာတရားကို အလေး ထားတန်ဖိုးတတ်ပြီး ကိုးကွယ်တတ်အောင် သင်ကြား ပေးတယ် ။
✅အမေကြီး က အမြဲ ပြောပြလေ့ရှိတယ် ကပ်ကြီး သုံးပါးအကြောင်း ကို အမြဲ ကြားနေရတယ်။အခုလို ကိုယ်တွေ့ ကြုံရ ကြားရ မြင်ရမယ်လို့တော့ မတွေးမိဘူး။
🖍️ကိုယ်တွေ အရွယ်မှာတော့ အရာအားလုံး ဟာ အခုချိန်မှာ လက်တွေ့ ကြားနေမြင်နေ ကြုံနေရတော့ ဘာသာရေး ကို ပိုပြီး အချိန်ပေး ဖြစ်သလို
🖍️ပါချုပ်ဆရာတော် ဘုရားကြီးဟောသလို ဘာမှ မရှိလေ အေးချမ်းလေပဲတဲ့ သေသေချာချာ စဉ်းစားကြည့်ရင် တစ်ကယ့်ကို အနှစ်သာရ ပြည့်ဝပြီး တန်ဖိုးရှိတဲ့ တရားတော် ပဲ လို့ ခံစားမိလာတယ်
💰ရှိတာလည်း ပူပင်ရသလို
💰မရှိတာလည်း ပူပင်ရတယ်
အခုလို ခေတ်ကာလကတော့ ပိုင်ဆိုင်မှု နည်းလေဆုံးရှုံးမှု နည်းလေးပဲလို့ ခံစားမိလာတယ်
သဘာဝတရားကြီး က ပိုင်ဆိုင်မှု အားလုံးကို
ခဏလေးအတွင်းမှာ အမြစ်ပါမကျန် နှုတ်
ယူသွားနိုင်တယ်ဆိုတာ ကို မြင်လာမိတယ်
တရားသဘော နဲ့ ကြည့်လိုက်ရင် အရမ်းကြောက်ဖို့
ကောင်းတယ်လို့ တေးမိတယ်
🚫🚫🚫🚫လူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်
ဥစ္စာ ပစ္စည်းပိုင်ဆိုင်မှုတွေ
မိသားစု တွေရဲ့ ပျော်ရွှင်မှုတွေ ဆိုတဲ့ အရာအားလုံးကို
အချိန် ပိုင်းအတွင်း ပျောက်ကွယ် သွားနိုင်
အောင် လုပ်နိုင်စွမ်း ရှိတယ် ဆိုတာ ကို ကမ္ဘာကြီးက သက်သေ ပြနေတယ်🚫🚫🚫🚫
အချိန်တစ်ခဏလေးအတွင်းမှာ အရာအားလုံးဟာ နေ့မြင် ညပျောက် ဆိုသလို ပျက်စီးသွားကြတယ်😔😔😔😔😔
ရှေးလူကြီး တွေ ပြော ကြတာ ကပ်ဆေးတာပေါ့
တစ်ချိန်တည်း တစ်ပြိုင်တည်း အစုလိုက် အပြုံလိုက်
သေကြေပျက်စီးနေကြတာ တစ်ကယ့်ကို
ရင်နာစရာ မြင်ကွင်းတွေပါ
🌺တစ်ချို့တွေ က ဘားတွေ ကလပ်တွေမှာ ပျော်နေကြပေမယ့် တစ်ချို့တွေက ရာသီဥတုရဲ့ ဖောက်ပြန်မှု ဒဏ်ကို အလူးအလဲ ခံနေရတယ်
🌺တစ်ချို့တွေက သေရင် သယ်ယူသွားလို့ မရတဲ့ ငွေကြေး ဥစ္စာ ချမ်းသာကြွယ်ဝဖို့အတွက် နည်းမျိုးစုံနဲ့
ငွေတွေကို ရှာနေကြပေမယ့်
🌺တစ်ချို့တွေက ေတာ့ အနှစ်နှစ် အလလ ရှာဖွေစုဆောင်းထားတာတွေ အချိန် တစ်ခဏလေးနဲ့ ဆုံးရှူံး သွားရလို့ ရူးမတတ် ဝမ်းနည်း ပူေဆွးေနကြရတယ်
🌺လူတစ်ချို့ က နောင် သံသရာထိ သယ်သွားလို့ရတဲ့
တရားကို ရှာေနကြတယ်
လူတစ်ချို့က ေတာ့ ေလာဘတက်ပြီး အကုသိုလ်
ေတွနဲ့စီးပွားရှာေနကြတယ်
❤️ခေတ်ကာလ မကောင်းတဲ့ အချိန်မှာ ငွေကြေး
မရှိသူတစ်ချို့ က ငွေကြေးတွေရှိလာကြပြီ ပိုင်ဆိုင်မှုတွေတိုးလာကြသလို
❤️ငွေကြေး ရှိသူအချို့က လည်းပိုင်ဆိုင်မှုတွေ အချိန်ခဏလေးအတွင်းမှာ ပျောက်ဆုံးသွားကြတယ်
အရာရာ ဟာ သေချာစဉ်းစားကြည့်ရင် တရား ရစရာတွေ သံဝေဂ ရစရာတွေ များကြတယ်
ကပ်သုံးပါး ကိုယ့်ဆီ မ ရောက် လာသေးတာ ကိုယ့်အတွက် ဘာသာတရား အားထုတ်ဖို့အချိန် အပြင် ဘဝအတွက်အရာရာ ကို အချိန်မှီ ပြင်ဆင်နိုင်အောင် အခွင့်အရေး ပေးနေသေးတာမို့ ကိုယ်တိုင် ကြိုးစား ပြင်ဆင် သင့်ပါတယ်
လောဘ ဒေါသ တွေ လျော့ နိုင်သမျှ လျော့ပြီး စိတ်အေးချမ်းမှုကို ရအောင် ရှာဖွေနိုင်ဖို့ ကြိုးစားဖို့ လိုတယ်
🙏🙏🙏
ဘုရား ရိုက်ရင် လက်သည် မပေါ်သလို ( အကုသိုလ်)
🙏🙏🙏
ဘုရားကျွေးရင်လည်း လက်သည်မပေါ်ပါဘူး ( ကုသိုလ်)
ချစ်ခင်စွာဖြင့် မျှ ေဝလိုက်ပါတယ်
Tr su su
Founder of GBIM