TS Shop Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de TS Shop, Services aux entreprises, Democratic Republic of the.

ချည်စင်းဒူးဖုံးပေါင်260~280တထည် 18700ချည်စင်းဒူးဖုံးပေါင်230~250တထည် 18500ချည်စင်းဒူးဖုံးပေါင်180~220တထည် 18300ချည်စင်းဒ...
01/04/2026

ချည်စင်းဒူးဖုံးပေါင်260~280တထည် 18700

ချည်စင်းဒူးဖုံးပေါင်230~250တထည် 18500

ချည်စင်းဒူးဖုံးပေါင်180~220တထည် 18300

ချည်စင်းဒူးဖုံးပေါင်130~170တထည် 18100

ချည်စင်းဒူးဖုံးပေါင်80~120တထည် 17900

ချည်စင်းဘီရှည်ပေါင်260~280တထည် 18900

ချည်စင်းဘီရှည်ပေါင်230~250တထည် 18700

ချည်စင်းဘီရှည်ပေါင်180~220တထည် 18500

ချည်စင်းဘီရှည်ပေါင်130~170တထည် 18300

ချည်စင်းဘီရှည်ပေါင်80~120တထည် 18100

Phone=09786252361.

သို့မဟုတ် TS shop page၏ message box ကို ဆက်သွယ်ပေးပါရှင်

ပိတ်ရက်မရှိ delivery ဖြင့် ရန်ကုန်မြို့တွင်း လိုက်လံပို့ဆောင်ပေးနေပါသည်။ နယ်များလည်း ပို့ပေးနေပါသည်။

မှတ်ချက် ဝယ်ပြီးပစည်းပြန်မလဲပါ။ ငြွေပန်မအမ်းပါ။ တထည်ကစဝယ်နိုင်ပါသည်။

ယခု ြပထားသောပုံမှာနမူနာပုံ ြဖစ်ပါသည် အဆင်ကွဲအရောင်ကွဲပါမည်

ချည်စင်းဒူးဖုံးပေါင်260~280တထည် 16700ချည်စင်းဒူးဖုံးပေါင်230~250တထည် 16500ချည်စင်းဒူးဖုံးပေါင်180~220တထည် 16300ချည်စင်းဒ...
17/01/2026

ချည်စင်းဒူးဖုံးပေါင်260~280တထည် 16700

ချည်စင်းဒူးဖုံးပေါင်230~250တထည် 16500

ချည်စင်းဒူးဖုံးပေါင်180~220တထည် 16300

ချည်စင်းဒူးဖုံးပေါင်130~170တထည် 16100

ချည်စင်းဒူးဖုံးပေါင်80~120တထည် 15900

ချည်စင်းဘီရှည်ပေါင်260~280တထည် 16900

ချည်စင်းဘီရှည်ပေါင်230~250တထည် 16700

ချည်စင်းဘီရှည်ပေါင်180~220တထည် 16500

ချည်စင်းဘီရှည်ပေါင်130~170တထည် 16300

ချည်စင်းဘီရှည်ပေါင်80~120တထည် 16100

Phone=09786252361

သို့မဟုတ် TS shop page၏ message box ကို ဆက်သွယ်ပေးပါရှင်

ပိတ်ရက်မရှိ delivery ဖြင့် ရန်ကုန်မြို့တွင်း လိုက်လံပို့ဆောင်ပေးနေပါသည်။ နယ်များလည်း ပို့ပေးနေပါသည်။

မှတ်ချက် ဝယ်ပြီးပစည်းပြန်မလဲပါ။ ငြွေပန်မအမ်းပါ။ တထည်ကစဝယ်နိုင်ပါသည်။

ယခု ြပထားသောပုံမှာနမူနာပုံ ြဖစ်ပါသည် အဆင်ကွဲအရောင်ကွဲပါမည်

ဘုရားမှန်ရန်💢💢💢💢💢အဲဒီဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုဆိုတဲ့ အခြား ဘာသာတွေနဲ့ တူသလား? လို့ဆိုတော့ တချို့က ပြောလေ့ရှိတယ်။“လောကမှာ ဘ...
09/01/2026

ဘုရားမှန်ရန်
💢💢💢💢💢

အဲဒီဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုဆိုတဲ့ အခြား ဘာသာတွေနဲ့ တူသလား? လို့ဆိုတော့ တချို့က ပြောလေ့ရှိတယ်။“လောကမှာ ဘုရားဆိုတာ တစ်ဆူ တည်းပဲ ရှိတယ်။ အကုန်အတူတူပါပဲ”လို့ ပြောတတ် တယ်။ ကလေးတို့ စဉ်းစားရမှာက ဘယ်ဘုရားကို ရည်ညွှန်းတာလဲ? လို့ မေးဖို့လိုတယ်။ ဘုရားလို့ နာမည်ခံတာတွေက အများကြီးရှိတယ်နော်။ ဘုရား ဆိုတာမျိုးဟာ ကရုဏာရှိရမယ်။ ပညာရှိရမယ်။ ... ‘ကရုဏာ” ဆိုတဲ့ နေရာမှာ သာမန် ကရုဏာ မဟုတ်ဘူး။ မဟာကရုဏာ။ ပညာကလည်း မဟာပညာ။ ပညာရှိတယ်။ ကရုဏာရှိတယ်။ ပညာ သာရှိပြီး ကရုဏာမရှိရင် ရက်စက်တတ်တယ်။ ကရုဏာသာရှိပြီး ပညာမရှိရင် လမ်းမှန်ကို မရ
ဘူး။ ကရုဏာရော ပညာရော နှစ်ပါးစုံရမယ်။ ဘုရားမှန်ရင် ကရုဏာရော ပညာရော နှစ်ပါးလုံးစုံမှ ဘုရားဖြစ်ပါတယ်။ တခြားအရည်အသွေးတွေလည်း ရှိသေးတယ်နော်။

“ရက်စက်ပြီးတော့ ဒဏ်ခတ်တယ်”ဆိုတာ ဘုရားမဟုတ်ဘူး။ မြတ်စွာဘုရားဟာ ဆင်းရဲဒုက္ခ ရောက်နေတဲ့ သတ္တဝါတွေ အားလုံးအပေါ်မှာ အကြင် နာထားတာ ကရုဏာပဲ။ ထိုဆင်းရဲဒုက္ခတွေက လွတ် မြောက်အောင် လမ်းမှန်ကိုညွှန်နိုင်တာ ပညာ။ အေး... ကရုဏာ၊ ပညာ နှစ်ခုပေါင်းစပ်လိုက်မှ တကယ့် ဘုရားအစစ်။

လူ့လောကမှာ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ ကရုဏာလည်း ရှိရမယ်၊ ပညာလည်း ရှိရမယ်။ ပညာတော့ ရှိတယ်၊ ကရုဏာ မရှိဘူးဆိုရင် ကောက် ကျစ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ရက်စက်တတ်တယ်။ ကရု ဏာတော့ ရှိတယ်၊ ပညာမရှိဘူးဆိုရင် လမ်းမှန်ကို မသိဘူး။ တလွဲတွေ လုပ်တယ်။ အေး. • • အဲဒါမျိုး မဖြစ်ရအောင် တို့ဗုဒ္ဓမြတ်စွာက ပညာလည်း ရှိတယ်။ ကရုဏာလည်း ရှိတယ်။ မဟာကရုဏာနဲ့ မဟာပညာပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် အများအပေါ်မှာလည်း အကြင်နာတရား ကြီးမား တယ်။ အကြင်နာတရား ကြီးမားတဲ့အတိုင်း မှန်ကန် တဲ့ လမ်းကိုလည်း ညွှန်ပြနိုင်တယ်။

လေးလေးနက်နက် စဉ်းစားဖို့
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
.. ဗုဒ္ဓမြတ်စွာကို ယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ တခြားဘာသာနဲ့ မတူတဲ့ အချက် ကလေးကိုလည်း ကလေးတို့ သိဖို့လိုတယ်။

တခြား ဘာသာဝင်တွေဆုတွေ
တောင်းတယ်။ ဗုဒ္ဓဘာသာဝင်တွေ လည်း ဆုတောင်းကြတယ်။ တခြား ဘာသာဝင်တွေ ဆုတောင်းတာက ရလိုမှုတွေနဲ့ ဆု တောင်းကြတာများတယ်။ ဗုဒ္ဓဘာသာ ဆုတောင်းတာ နဲ့ တခြားဘာသာ ဆုတောင်းတာကို တူတယ်လို့ မထင် နဲ့။ ဗုဒ္ဓဘာသာတွေ ဆုတောင်းလို့ရှိရင် “ဤယခု
ပြုရသော ကုသိုလ်ကောင်းမှုကြောင့် . . . ” ဒီလိုပါ တယ်နော်။ တချို့ကတော့ မဟုတ်ဘူး၊ တခြားဘာသာ တွေမှာဆိုလို့ရှိရင် “အဖဘုရားသခင် ကယ်တော်မူ ပါ၊ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ... ဘာလုပ်တယ်ဆိုတာ မပါဘူး၊ ဟုတ်ရဲ့လား?၊ ခွင့် လွှတ်တော်မူပါ ဒါပဲ။

ဗုဒ္ဓဘာသာက အဲဒီလို မဟုတ်ပါဘူး။ ကိုယ့်လုပ် အားအတွက် ကိုယ်လိုချင်တာကို ရည်ညွှန်းတာ။ တောင်းယူတဲ့ဆုတောင်း မဟုတ်ဘူးနော်။ ကိုယ့် လုပ်အားဟာ ကုသိုလ်ကောင်းမှုတစ်ခုလုပ်တယ်။ အဲဒီကုသိုလ်ကောင်းမှုဟာ ဘာအတွက် ဖြစ်ချင်ပါ တယ်။ အလုပ်လုပ်ပြီးတော့မှ ပြောတဲ့စကားမျိုး၊ မတူ ဘူးနော်။ လုပ်ချင်တာတွေ လုပ်ပြီးတော့ ဒူးထောက် ပြီး ခွင့်လွှတ်ပါဆိုတာမျိုး မဟုတ်ဘူး။ အေး ဒါကြောင့်မို့လို့ အသွင်သဏ္ဌာန်ချင်း၊ အနှစ်သာရချင်း ဟာ လုံးဝကွဲပြားတယ်ဆိုတာကို ကလေးတို့ သိရ မယ်။ ဘယ်အရာပဲဖြစ်ဖြစ် လေးလေးနက်နက် စဉ်း ...
စားတတ်ကြရမယ်နော်။ အဲဒီလို လေးလေးနက်နက် စဉ်းစားပြီးတော့ လက်ခံတတ်လာမယ်ဆိုရင် ဒါ အမျိုး, ဘာသာ, သာသနာကို ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတတ်တယ်လို့ ဒီလိုဆိုတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် စဉ်းစားတတ်ဖို့ လိုပါတယ်။

အဘိဓဇမဟာရဋ္ဌဂုရု
အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာနန္ဒမာလာဘိဝံသ

လူငယ်များသို့ သြဝါဒ တရားတော်မှ

Aung Aung

ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဥ်းစားမနေပါနဲ့။ သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ...
03/01/2026

ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဥ်းစားမနေပါနဲ့။ သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား"လို့သာ ထပ်တလဲလဲ ပွားလိုက်ပါ။ နှလုံးသားထဲက သောက မီးတောက်တွေ ချက်ချင်း၊သို့မဟုတ် တဖြည်းဖြည်း ငြိမ်းသွားပါလိမ့်မယ်။

ကိုယ်တော်တိုင်သာ သောကငြိမ်းတာ မဟုတ်ဘူး၊ သတ္တဝါတွေရဲ့ သောကကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်၊ သတ္တဝါ ဝေနေယျတွေရဲ့ သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား၊ သောကငြိမ်းကြောင်းတရားကောင်းများကို ဟောကြားတော်မူသော မြတ်စွာဘုရား" လို့ပါ ဆက်ပွားနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်တွေလည်း အလေးအနက် ပေါ်ပေါက်လာပါတယ်။ သူတစ်ပါးတို့ရဲ့ သောကကို ပယ်ဖျောက်ပေးချင်တဲ့ မေတ္တာကရုဏာတရားတွေလည်း တိုးပွားလာပါတယ်။

ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရာယ်ကင်း,လာဘ်ရွှင်ဖို့၊ စီးပွားတက်,ရာထူးတိုးဖို့၊ အကြံအောင်မြင်လိုအင်ပြည့်ဝဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်လောက်ပါပြီ။
ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။

စိတ်ဓာတ်နဲ့ လုပ်ရပ် ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့ အန္တရာယ်ကင်း, လာဘ်ရွှင် စတဲ့ ဘေးထွက်အကျိုးတွေကို တမင် တောင့်တနေစရာ မလိုတော့ပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲ့ဒီ ဘေးထွက်အကျိုးတွေက ဂုဏ်တော်ပွားခြင်းရဲ့ ဘာမှမပြောပလောက်တဲ့ မလွမ်းလောက်စရာ ပါမွှားအကျိုးတွေပါပဲ။

ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း ဝမ်းမြောက်တယ်ငြိမ်းအေးတယ်စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ဝိပဿနာဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဥာဏ် အထွတ်အထိပ်ရောက်သွားတဲ့အခါ မဖြစ်မပျက်ဥာဏ် ဘွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ်မပျက်ဥာဏ်(မဖြစ်မပျက် မြင်တဲ့ဥာဏ်)က မဂ်ဥာဏ်ပါ။ ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည်း နိဗ္ဗာန်ရောက်နိုင်တယ် လို့ဆိုလိုပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ်သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာဖြစ်ခဲ့ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နာမ်တွေကို ဝိပဿနာရှုလိုက်၊ ဂုဏ်တော်တစ်လှည့်,ဝိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘဝ ကူးပြောင်းလိုက်တာပါ။

ပါဠိလို ဂုဏ်တော်ပွားတာထက် မြန်မာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ နှလုံးသားထဲ ပိုပြီး စိမ့်ဝင်ပျံ့နှံ့ ကူးစက် စွဲထင်တယ် ဆိုတာကို လက်တွေ့စမ်းသပ်ကြည့်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ ဂုဏ်တော်တချို့ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။

စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား
စိတ်ဆင်းရဲခြင်း ကင်းတော်မူသော မြတ်စွာဘုရားဒေါသအမျက် ကင်းစင်တော်မူသော မြတ်စွာဘုရား
မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား
သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား
မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား
အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား

ဘုရားဂုဏ်တော် ပွားတယ်ဆိုတာဘုရားအကြောင်း စဥ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဥ်းစားရင် ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏တရားတော်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ချည်စင်းဒူးဖုံးပေါင်260~280တထည် 15700ချည်စင်းဒူးဖုံးပေါင်230~250တထည် 15500ချည်စင်းဒူးဖုံးပေါင်180~220တထည် 15300ချည်စင်းဒ...
17/12/2025

ချည်စင်းဒူးဖုံးပေါင်260~280တထည် 15700
ချည်စင်းဒူးဖုံးပေါင်230~250တထည် 15500
ချည်စင်းဒူးဖုံးပေါင်180~220တထည် 15300
ချည်စင်းဒူးဖုံးပေါင်130~170တထည် 15100
ချည်စင်းဒူးဖုံးပေါင်80~120တထည် 14900

ချည်စင်းဘီရှည်ပေါင်260~280တထည် 15900
ချည်စင်းဘီရှည်ပေါင်230~250တထည် 15700
ချည်စင်းဘီရှည်ပေါင်180~220တထည် 15500
ချည်စင်းဘီရှည်ပေါင်130~170တထည် 15300
ချည်စင်းဘီရှည်ပေါင်80~120တထည် 15100

Phone=09786252361

သို့မဟုတ် TS shop page၏ message box ကို ဆက်သွယ်ပေးပါရှင်

ပိတ်ရက်မရှိ delivery ဖြင့် ရန်ကုန်မြို့တွင်း လိုက်လံပို့ဆောင်ပေးနေပါသည်။ နယ်များလည်း ပို့ပေးနေပါသည်။

မှတ်ချက် ဝယ်ပြီးပစည်းပြန်မလဲပါ။ ငြွေပန်မအမ်းပါ။ တထည်ကစဝယ်နိုင်ပါသည်။

ယခု ြပထားသောပုံမှာနမူနာပုံ ြဖစ်ပါသည် အဆင်ကွဲအရောင်ကွဲပါမည်

" အကုသိုလ် အာစိဏ္ဏကမ္မ မဖြစ်စေနဲ့ "🍀🍀🍀🍀🍀🍀🍀🍀🍀🍀ဝိပဿနာ ရှုတဲ့ အခါမှာအာစိဏ္ဏကံ ဖြစ်ဖို့ အရေးကြီးပါတယ်။အာစိဏ္ဏကမ္မ ဆိုတာကအလေ့...
16/12/2025

" အကုသိုလ် အာစိဏ္ဏကမ္မ မဖြစ်စေနဲ့ "
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဝိပဿနာ ရှုတဲ့ အခါမှာ
အာစိဏ္ဏကံ ဖြစ်ဖို့ အရေးကြီးပါတယ်။

အာစိဏ္ဏကမ္မ ဆိုတာက
အလေ့အကျင့် ဖြစ်နေတဲ့ အလုပ်တစ်ခုတဲ့၊
ဒါကို အာစိဏ္ဏကမ္မလို့ ခေါ်တယ်။

အကုသိုလ် နေရာမှာလည်း
အာစိဏ္ဏကမ္မ ဆိုတာ ရှိတယ်၊
ကုသိုလ် နေရာမှာလည်း
အာစိဏ္ဏကမ္မ ဆိုတာ ရှိတယ်၊

ဘယ် ကံကိုပဲ ပြုပြု၊
ဘယ် အလုပ်ကိုပဲ လုပ်လုပ်၊
စွဲစွဲလန်းလန်း မှတ်မိ သွားလောက်အောင်၊
အလေ့အကျင့် ဖြစ်သွားလောက်အောင်
ပြုလိုက်ပြီ ဆိုရင် အဲဒါ အာစိဏ္ဏကံ ဖြစ်တာပဲ။

အဲဒီတော့ ကုသိုလ် အလုပ်မှာသာ
အာစိဏ္ဏကံ ရှိတယ်လို့ မထင်ပါနဲ့၊
အကုသိုလ် အလုပ်မှာလည်း
အာစိဏ္ဏကံ ဆိုတာ ရှိတာပါပဲ။

ဒါပေမယ့် အကုသိုလ်ကံ ကိုတော့
လူတွေက သိပ် သတိ မထားမိကြဘူး၊
သူက အထူးတလည် ကြိုးပမ်းရတာ မဟုတ်ဘူး၊
အလွယ်တကူပဲ ဖြစ်ဖြစ် သွားတာဆိုတော့
လူတွေက အလေ့အကျင့်လို ဖြစ်နေတယ်၊
သိပ် သတိ မထားမိကြတော့ဘူး။

ကုသိုလ် လုပ်ငန်းမှာလည်း
အာစိဏ္ဏကမ္မ အရေးကြီးသလို
အကုသိုလ် လုပ်ငန်းမှာလည်း အရေးကြီးပါတယ်၊

ဘယ်လုပ်ငန်း မဆို
အလေ့အကျင့် ဖြစ်သွားရင်
အာစိဏ္ဏကမ္မ ဖြစ်သွားတာပဲ၊
အာစိဏ္ဏကမ္မ ဖြစ်သွားရင် စွဲသွားတာပဲ။

ဘုရားရှိခိုးနေကျ ပုဂ္ဂိုလ်က
ဘုရားရှိခိုးပြီးမှ အိပ်ပျော်တယ်၊
ဘုရား မရှိခိုး ရသေးရင် တစ်ခုခု လိုနေသလိုပဲ၊
ပုတီး စိပ်နေကျ ပုဂ္ဂိုလ်ကလည်း
ပုတီးလေး စိပ်လိုက်ရမှ စိတ်ထဲမှာ ဘဝင်ကျတယ်၊
ပုတီး မစိပ်ရရင် တစ်ခုခု လိုနေသလိုလို။

အလှူဒါန ပြုနေကျ ပုဂ္ဂိုလ်ကလည်း
ကိုယ်ပြုနေကျ အလှူဒါနနဲ့ ပတ်သက်ပြီးတော့
စိတ်ထဲမှာ အာရုံတွေက မကြာခဏ ပေါ်လာတယ်၊
ဆွမ်းလောင်းရင်လည်း ဆွမ်းလောင်းတယ်ပေါ့၊
ကျောင်း ဆောက်ရင်လည်း ဆောက်တယ်ပေါ့၊
သင်္ကန်း ကပ်ရင်လည်း သင်္ကန်း ကပ်တယ်ပေါ့။

သီလ စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ကလည်း
အဲဒီလို ရှောင်ကျဉ်မှု လေးတွေ
ပြုပါ များလာတဲ့ အခါကြတော့
တွေ့လိုက်တာနဲ့ ရှောင်ကျဉ်လိုစိတ် ဖြစ်သွားပြီ၊
အလေ့အကျင့် ဖြစ်သွားတာကိုး၊
အထူးတလည် ရှောင်ကျဉ်ဖို့ မလိုတော့ဘူး၊
ရှောင်ကျဉ်တာ များလာရင်
အာစိဏ္ဏကမ္မ ဖြစ်လာတာပါပဲ။

မကြာမကြာ လုပ်နေတဲ့ အလုပ်တွေက
စိတ်ထဲမှာ ပေါ်ပေါ် လာတတ်တယ်၊
ဥပါဒါန်လို့ မဆိုနိုင်ပေမယ့်
သညာရဲ့ မှတ်သားမှုကြောင့် သတိရနေတာ၊
ဒါလည်း အာစိဏ္ဏကမ္မ ဖြစ်ပါတယ်။

အဲဒီတော့ ကောင်းတဲ့ အလုပ်မှာ
အလေ့အကျင့် ဖြစ်သွားရင်
ကုသိုလ်အာစိဏ္ဏကမ္မ ဖြစ်သလို
မကောင်းတဲ့ အလုပ်မှာ
အလေ့အကျင့် ဖြစ်သွားရင်လည်း
အကုသိုလ်အာစိဏ္ဏကမ္မ ဖြစ်သွားတာပဲ။

အဲဒီတော့ အာစိဏ္ဏကမ္မ ဖြစ်တာချင်း တူရင်
ဘယ်ဖက်ကို ဦးစား ပေးရမှာလဲ ?
ကုသိုလ်ဖက်ကို ဦးစား ပေးရမှာပေါ့နော်။

ပုထုဇဉ်တို့ရဲ့သဘာဝအရ
ကိလေသာဆိုတာ ရှိကြတာပဲ၊
ဒုစရိုက်ဆိုတာလည်း မကင်းကြဘူးပေါ့၊
ဒါပေမယ့် အာစိဏ္ဏကမ္မ မဖြစ်ဖို့ အရေးကြီးပါတယ်။

အာစိဏ္ဏကမ္မ ဖြစ်သွားရင် ဘာဖြစ်မှာလဲ ?
သေခါနီးကာလ မရဏသန္နဇော စောတဲ့အခါ
နိမိတ်အနေနဲ့ ပြန်ပေါ်တယ်တဲ့၊
ကမ္မနိမိတ်တို့ ဂတိနိမိတ်တို့ ပြန်ပေါ်တယ်၊

အဲဒီအချိန်မှာ
အကုသိုလ်အာစိဏ္ဏကမ္မ ကိုများ စွဲပြီး
ဝိဉာဉ် ချုပ်သွားမယ် ဆိုရင်
အပါယ်လေးဘုံ ရောက်တတ်ပါတယ်။

ဘုန်းကြီးတို့ ပရိတ်သတ်တွေက
ပုထုဇဉ်တွေ ဖြစ်နေတဲ့ အတွက်
ပုထုဇဥ်တို့ရဲ့ သဘာဝအတိုင်း...

ကိလေသာလည်း ရှိနေမှာပဲ၊
အကုသိုလ် ဆိုတာလည်း ရှိနေမှာပဲ၊
တစ်ခါတလေ ဒုစရိုက် တရားလည်း ကျုးလွန်မိမှာပဲ၊
ဒါပေမယ့် အာစိဏ္ဏကမ္မ မဖြစ်အောင်တော့
စောင့်ထိန်းဖို့ အရေးကြီးပါတယ်..။

ကျိုက္ကလော့ဆရာတော်
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
ထေရဝါဒ မိုးကုတ် ဓမ္မရိပ်သာ။

Credit. Maung Ko.

ရတနာသုံးပါးကို ကိုးကွယ်တယ်ဆိုတာ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏အဲဒီလို မဟုတ်လို့ရှိရင် ဘာဖြစ်မတုန်းဆို နတ် ကိုးကွယ်တဲ့ အဆင့်မျိုး ရောက်သွား...
12/12/2025

ရတနာသုံးပါးကို ကိုးကွယ်တယ်ဆိုတာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

အဲဒီလို မဟုတ်လို့ရှိရင် ဘာဖြစ်မတုန်းဆို နတ် ကိုးကွယ်တဲ့ အဆင့်မျိုး ရောက်သွားတယ်။ အဲဒီတော့ နတ်ကိုးကွယ်တဲ့အဆင့်ဆိုတာမျိုးက ဝတ်ကျေတန်းကျေ ကိုးကွယ်တာလေ၊ နတ်က ကိုယ့်ကို မ,လိမ့်မယ်ထင်ပြီး တော့ ကိုးကွယ်တာ။ ဘယ်တော့မှလည်း မ,မှာ မဟုတ် ဘူး၊ သူ့ဟာသူ အဆင်ပြေရင်ရမှာပဲ။ တစ်လောကပဲ internet မှာ မေးခွန်းမေးထားတာရှိတယ်၊ ဒကာ တစ်ယောက်က ဘာမေးတုန်းဆိုတော့ အနတ္တဆိုတာကို သူသဘောမကျဘူးတဲ့၊ အနတ္တဆိုတာ ကိုယ့်အလို အတိုင်း မဖြစ်ဘူးလို့ ဆိုထားတယ်။ အခု သူသွားချင်တဲ့ နေရာ သွားလို့ရတယ်၊ စားချင်ရင် စားလို့ရတယ် ဆိုတော့ ဒါ အနတ္တဆိုတာ သူသံသယရှိတယ်။ ဒီလို တွေးတဲ့လူက ရှိသေးတယ်။

တစ်ကယ်က အနတ္တဆိုတဲ့ သဘောဟာ ဘာကို ပြောတာလည်းဆို လုပ်လို့မရတဲ့ဟာတွေ အများကြီး ရှိတယ်။ ဆိုပါစို့ တဖြည်းဖြည်း အိုလာတာကို မအိုအောင် လုပ်လို့ရလား မရဘူး။ နာတာကို မနာအောင်လုပ်လို့ မရဘူး၊ သေတာကို မသေအောင် လုပ်လို့မရဘူး။ လူ ဆိုတာ မွေးဖွားလာပြီးတဲ့နောက်မှာ တဖြည်းဖြည်း အိုမင်းရတယ်၊ အဲဒါကျတော့ ကိုယ့်အလိုလိုက်တာ မဟုတ်ဘူး၊ ဒါဖြင့် ကိုယ်သွားချင်တဲ့နေရာသွားလို့ရတယ်၊ စားချင်တာစားလို့ရတယ်ဆိုတာ ဘာကြောင့်ဖြစ်ရ တာလဲဆိုတော့ အကြောင်းတရားနဲ့ အကျိုးတရား ရုပ်ခန္ဓာကြီးမှာ ညီညွတ်ပြီးတော့နေတဲ့အခါ ကိုယ့်ခန္ဓာ ကိုယ့်အလိုအတိုင်း ဖြစ်နေတယ်လို့ ထင်ကြရတာ။ တကယ်ကတော့ သူ့အကြောင်းအကျိုး ညီညွတ်လို့ ဖြစ်ရတာ။ အကြောင်းအကျိုး မညီညွတ်လို့ ဆိုပါစို့ လူတစ်ယောက်ဟာ လေဖြတ်သွားပြီဆိုတဲ့အခါကျတော့ လုပ်လို့ရသေးလား၊ မရတော့ဘူး၊ အဲဒါကိုသာ စဉ်းစား ကြည့်။ လေဖြတ်သွားပြီ ဆိုကတည်းက ကိုယ့်ဆန္ဒ အတိုင်း ဘာမှလုပ်လို့မရတော့ဘူး။

အဲဒီတော့ နဂိုကရနေတာ ဘာဖြစ်လို့ ရနေတာလဲ ဆိုတော့ သူ့ဘာသူရနေတာ၊ သူ့ဟာသူရနေတာကို ကိုယ့်အစွမ်းကြောင့် ရနေတာလို့ လူတွေက ထင်နေ ကြတာ။ တကယ်တော့ အကြောင်းအကျိုး ညီညွတ် နေတဲ့အခါ သူ့ဟာသူဖြစ်တဲ့သဘော၊ ကိုယ့်ဆန္ဒရှိတဲ့ အတိုင်း ဖြစ်ဖြစ်လာတော့ လူတွေက အထင်ရောက်ကြ တာပေါ့။ ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်လို့ စိတ်ထဲမှာ ဒီလိုစွဲတန်းလာကြတယ်။ ဒါကြောင့်မို့ အနတ္တဆိုတာကို လူတွေမမြင်နိုင်ကြဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အနတ္တ လက္ခဏသုတ်မှာ ရှင်းရှင်းလေး ဟောထားတာရှိတယ် “ဧဝံ မေ ရူပံဟောတု ဧဝံ မေ ရူပံ မာအဟောသိ” ငါ့ရုပ်လေး ဒီလိုဖြစ်ပါစေ ဒီလိုဖြစ်မပါစေနဲ့ ကိုယ် လုပ်ချင်တာလုပ်လို့ ရရဲ့လား မရဘူး။ အဲဒါကြောင့်မို့
မရတဲ့ဟာတွေက အင်မတန်များလို့ ကိုယ့်ရဲ့ဆန္ဒအတိုင်း အင်မတန်များလို့ ကိုယ်ရဲ့ဆန္ဒာ မဖြစ်နိုင်လို့ အနတ္တလို့ပြောတာကို သာမန်အားဖြင့် အပေါ်ယံလေး တွေးလိုက်လို့ရှိရင် ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လို့ လူတွေက ထင်နေကြတယ်။ တကယ် တော့လည်း အကြောင်းအကျိုးညီညွတ်လို့ ဖြစ်နေ တာပါလို့ ဒီလိုမှတ်ရမယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မှန်ကန်တဲ့ တရားဓမ္မတွေကို ဟောပြောပြသထားလို့ ဘုရား သခင်ရဲ့ အဆုံးအမကို တို့တတွေ ရရှိထားကြတယ်။ ရရှိထားတဲ့အတိုင်း လိုက်နာကျင့်သုံးကြတယ်။ မြတ်စွာ ဘုရားက ဘာကိုလမ်းညွှန်တုန်းဆို “ဟိတေ ပဝတ္တနေန အဟိတာ စ နိဝတ္တနေန” ဆိုတဲ့အတိုင်း အကျိုးစီးပွားကို ဖြစ်ထွန်းစေတတ်တဲ့ ကုသိုလ်တရားတွေ မိမိတို့ သန္တာန် မှာ ဖြစ်အောင်လုပ်ဖို့၊ အကျိုးမဲ့ကို ဖြစ်စေတတ်တဲ့ အကုသိုလ်တရားတွေကို ရှောင်ဖို့ ဆိုတဲ့ ဆောင်ဖို့နဲ့ ရှောင်ဖို့ ဒီနှစ်ခုကို မြတ်စွာဘုရားကဟောတယ်။ အဲဒီ အဆုံးအမအတိုင်း ရှောင်သင့်တာကို ကိုယ်ကိုယ်တိုင်ရှောင်၊ ဆောင်သင့်တာကို ကိုယ်ကိုယ်တိုင်က ဆောင်မှ သာလျှင် ကောင်းကျိုးချမ်းသာတွေဆိုတာရမှာ ဖြစ်ပါ တယ်။ အဲဒါ မြတ်စွာဘုရား ကိုးကွယ်ရခြင်းရဲ့ အကျိုး ကျေးဇူးဆိုတာ အမှန်သိရတာ မြတ်စွာဘုရား ကိုးကွယ် ရခြင်းရဲ့ အကျိုးကျေးဇူးပဲ။

အကယ်၍ ဘုရားသာမပွင့်ဘူးဆိုလို့ရှိရင် ဘုန်းကြီး တို့တတွေ “ဒါက ကုသိုလ်လား၊ ဒါက အကုသိုလ်လား” ဆိုတာ သိနိုင်စွမ်း မရှိပါဘူး။ မသိရင် ကုသိုလ်ကို အကုသိုလ်ထင်မယ်၊ အကုသိုလ်ကို ကုသိုလ်ထင်မယ်၊ ဒီလိုရော မလုပ်ကြဘူးလားဆိုရင် လုပ်တယ်။ ဘုရား သခင်ကို မျက်နှာသာရဖို့ဆိုပြီး သတ္တဝါတွေကိုသတ်ပြီး တော့ သွေးနဲ့ဘုရားကို ပူဇော်တယ်ဆိုတာ အကုသိုလ် ကို ကုသိုလ်ထင်ပြီး လုပ်နေကြတယ် မဟုတ်လား။ အဲဒီလုပ်နေတဲ့ အကုသိုလ်တွေဟာ ဘယ်တော့မှ ကောင်းကျိုးချမ်းသာ ပေးလာမှာမဟုတ်ဘူး။

ကုသိုလ် အကုသိုလ်ကံဆိုသည်မှာ အခု ငရုတ်သီး စား အခုစပ်တာမျိုးမဟုတ်ဘူး။ သစ်ပင်စိုက်တာလိုပဲ
ဒီကနေ့သစ်ပင်စိုက် ဒီကနေ့ပွင့် ဒီကနေ့သီးမှာ မဟုတ် ဘူး။ အချိန်အခါဆိုတာရှိတယ်ပေါ့။ အချိန်အခါရှိတယ် ကံတရားဆိုတာလည်း ထို့အတူပဲ၊ တစ်ခါတစ်ရံကျတော့ လူတွေက မျက်စိလည်တတ်တယ်။ လူတွေက ကောင်း တာ လုပ်နေလျက်သားနဲ့ မကောင်းတာတွေ ဖြစ်တယ်၊ မကောင်းတာတွေ လုပ်နေလျက်နဲ့ ကောင်းပြီးတော့ ကြီးပွားတိုးတက်နေကြတယ် ဆိုတာတွေကို ကြည့်ပြီး တော့ မကောင်းတာလုပ်ပြီး ကြီးပွားတိုးတက်တယ်လို့ ထင်ချင်ထင်နေတတ်တယ်။ ကောင်းတာလုပ်ပြီး ဆုတ်ယုတ် ပျက်ပြားနေတယ်လို့ ထင်ချင်ထင်နေတတ် တယ်။ အဲဒီ အထင်အမြင်တွေက မှန်ကန်တဲ့ အထင် အမြင် မဟုတ်ဘူး။

ကောင်းစားနေခြင်းသည် တချိန်က ကောင်းခြင်းရဲ့ အကျိုးတရားတွေကို ခံစားနေရတာ၊ မကောင်းစား ခြင်းသည် တစ်ချိန်က မကောင်းခဲ့တာတွေကြောင့်မို့ အကျိုးခံနေရတယ်လို့ ဒီလိုပဲနားလည်ရမယ်၊ ဘယ် အရာပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင်ကောင်းတာ ဖြစ်
တယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ် ဆိုတာ လောကရဲ့ သဘာဝနိယာမတစ်ခုပဲ။ မြတ်စွာ ဘုရားဟောတဲ့ ကမ္မနိယာမဆိုတာ ဘယ်တော့မှ လမ်းချော်သွားတာ မရှိဘူး။ အကြောင်းနဲ့အကျိုး တွဲဖက်လာလို့ရှိရင် အဆိုးဟာ အဆိုးပဲ၊ အကောင်းဟာ အကောင်းပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ပွင့်တော်မူလာတဲ့အခါ မှန်ကန်တဲ့တရားကို ဘုန်းကြီးတို့ တစ်တွေ သိခွင့်ရတာဟာ အရေးကြီးဆုံး အကောင်းဆုံး အရာတစ်ခုကို ရရှိခြင်းပဲ ဒီလိုမှတ်သားကြမယ်။

သုံးပါးရတနာ ကိုးကွယ်ရာလို့ဆိုတာ... မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်က အမှန်တရားကို သိပြီး တော့ ဘုရားအဖြစ်သို့ ရောက်လာတာ၊ ဘုရားအဖြစ်သို့ ရောက်တဲ့အချိန်မှာ ဗုဒ္ဓရတနာလို့ဆိုတဲ့ ပထမဆုံး ရတနာ ပေါ်ထွန်းလာတယ်။ အဲဒီ - ပေါ်ထွန်းလာတဲ့ ဘုရားရတနာက ဟောပြောတဲ့ တရားတွေက ဒုတိယ ပေါ်ထွန်းလာတဲ့ တရားရတနာပဲ။ တစ်ချို့က မေးတတ် ကြသေးတယ်။ ဘုရားနဲ့ တရား ဘယ်သူက အရင်ပေါ်
တာလဲတဲ့။ ဒီမေးခွန်းကို မေးတတ်ကြတယ်၊ ဘာဖြစ်လို့ မေးလဲလို့ဆိုရင် တရားကျင့်လို့ ဘုရားဖြစ်တယ်၊ အဲဒီတော့ တရားကျင့်လို့ ဘုရားဖြစ်တယ်ဆိုရင် ဘုရား မဖြစ်ခင်က တရားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဘုရားမဖြစ်သေးခင် ဒီတရားကိုကျင့်ရတယ်၊ အဲဒီတော့ တရားက အရင်ပေါ်တယ်လို့ တစ်ဖက်ကကြည့်ပြီး ပြောစရာရှိတယ်။

သဘာဝတရားက ‘ရှိနေတာမှန်တယ်၊ သို့သော် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးလို့ဆိုတဲ့အထဲမယ် ဘုရားပွင့်တာက အရင်၊ ဘုရားကကျင့်လို့ ကျင့်တဲ့တရား က ဘုရားမဖြစ်ခင်ကတရား မှန်တယ်၊ သို့သော် ဒီနေရာ မှာ တရားရတနာဆိုတာ ဘုရားမဖြစ်ခင်က ကျင့်တဲ့ တရားကို ပြောတာမဟုတ်ဘူး၊ မြတ်စွာဘုရား ဘုရား ဖြစ်လာပြီးတဲ့နောက်မှာ #သိလို့ဟောတဲ့_တရားဒေသနာ တွေကို ပြောတာ။

အဲဒီတော့ #ဘုရားပွင့်မှတရားဆိုတာပေါ်တာလေ၊ မြတ်စွာဘုရားဟောပြောမှ ဒီတရားတော်တွေက ထွက်ပေါ်လာတာ။ ဒါကြောင့်မို့ ဘုရားပေါ်လာပြီးတဲ့ နောက် မှာ တရားပေါ်လာတယ်။ ကြည့်လေ မြတ်စွာဘုရားနဲ့ ဓမ္မစကြာတရား ဘယ်သူကအရင်ပေါ်လဲ။ ဘုရားက အရင်ပေါ်တာလေ။ ဓမ္မစကြာတရားက နောက်မှ ပေါ်တယ်။ ဒါကြောင့်မို့ ဘုရားရတနာပြီးမှ တရား ရတနာ။ တပုဿတို့ ဘလ္လိကတို့ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါမှာ ပထမဆုံး သရဏဂုံတည်တာ အဲဒီ တုန်းက သံဃာဆိုတာမပေါ်သေးသည့်အတွက်ကြောင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ဆိုကြရ တယ်။ ဒွေဝါစိက သရဏဂုံလို့ခေါ် တယ်။ ဗုဒ္ဓနဲ့ဓမ္မ ဒီနှစ်ခုပဲ ကိုးကွယ်လို့ရသေးတယ်၊ သံဃာမရှိသေးဘူး ပေါ့။

အဘိဓဇမဟာရဋ္ဌဂုရု
အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာနန္ဒမာလာဘိဝံသ

သုံးပါးရတနာ ကိုးကွယ်ရာတရားတော်မှ....

Aung Aung

ကင်*ဆာဆဲလ် များကို ၄၈နာရီ အတွင်း ဖယ်ရှား နိုင်သည့် ဒေါက်ခွပင် သိုမဟုတ် ဒန်ဒလီယွန်ပင် အမြစ် 🌻🍀_____________ဒန်ဒလီယွန်ပင် ...
11/12/2025

ကင်*ဆာဆဲလ် များကို ၄၈နာရီ အတွင်း ဖယ်ရှား နိုင်သည့် ဒေါက်ခွပင် သိုမဟုတ် ဒန်ဒလီယွန်ပင် အမြစ် 🌻🍀
_____________

ဒန်ဒလီယွန်ပင် အမြစ် က ကင်*ဆာဆဲလ်များကို ၄၈နာရီအတွင်း ဖယ်ရှားပစ်နိုင်(ဒေစီပန်း) ဟု၍လည်း ခေါ်ကြသည်။
ဒန်ဒလီယွန် (dandelion) လက်ဖက် မှာ ကင်*ဆာဆဲလ် များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ် များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။
အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါ ကုသ နိုင်သည့် အာနိသင် အမြောက်အများ ရှိပါသည်။

အပင် များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။
ဒန်ဒလီယွန်ပင် အမြစ် က ကင်*ဆာဆဲလ် များကို ၄၈နာရီအတွင်း သ*တ်ပစ်နိုင်အဘိုးအဖွား များက ဆေ:ဖက်၀င်သောကြောင့် ဒန်ဒလီယွန် ပန်းပွင့် များကို အရည်ညှစ်ယူထားလေ့ရှိသော်လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က ကင်*ဆာ ရောဂါသည် များကို ကုသည်နိုင်ခြင်းပင်ဖြစ်သည်။

ကင်*ဆာဆဲ အားလုံးကို သ*တ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင် ၏ အမြစ် မှာ ဓာတုကုထုံး ထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံ မှ သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဆသတသမစနသဆသတကနတကတသတသ
ထို့အပြင် ဆီးရွှင်သည့် အာနိသင် လည်းရှိပြီး၊ သည်းခြေရေ ကို လှုံ့ဆွပေးသကဲ့သို့၊ အသည်းကိုလည်း ဆေ:ကြောပေးကာ၊ ဓာတ်မတည့်မှုများကိုလည်း ကုစားနိုင်သည့်အပြင် အဆီ ကိုလည်း ကျစေနိုင်သည်။
အရေးကြီးသည့် ဗိုက်တာမင် နှင့် သတ္တုဓာတ် များလည်း ကြွယ်၀စွာ ပါ၀င်နေသည်။

ကနေဒါ ၀င်ဆာ တက္ကသိုလ် မှ သိပ္ပံပညာရှင် များ၏ သုတေသ အရ ဒန်ဒလီယွန် အမြစ် မှာ ကျန်းမာ သန်စွမ်းသည့် ဆဲလ် များကို မထိခိုက်မပျက်စီးစေဘဲ၊ ကင်*ဆာဆဲလ် များကို သတ်ဖြတ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်။

Crd

ကြားဖူးတယ်မို့လား အရှင်ကောဏ္ဍညကြီးဆိုတာ။သူက သံဃာ့ပရိသတ်ထဲမှာ မနေဘူး။တကယ့်ကိုသံဃာတွေရဲ့နောင်တော်ကြီးသဖွယ်တရားထူး တရားမြတ်...
11/12/2025

ကြားဖူးတယ်မို့လား အရှင်ကောဏ္ဍညကြီးဆိုတာ။သူက သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
တကယ့်ကိုသံဃာတွေရဲ့နောင်တော်ကြီးသဖွယ်
တရားထူး တရားမြတ်ကို ပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး၊
ဒါ့ကြောင့် အညာသိကောဏ္ဍညော။
အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍည ဒီလိုဆိုတာ။
သူကလည်းပဲ အရှင်သာရိပုတ္တရာတို့လို
ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေရောက်လာတဲ့အခါ
သူကထေရ်ကြီးဝါကြီးဖြစ်တော့ သူ့ကို
အရိုအသေပေးနေရတာတွေ jealousy မဖြစ်ဘူး
ရဟန္တာ-ဆိုတာ။

အခုခေတ်ဆိုလို့ရှိရင် ငါ့နောက်မှလာပြီးတော့
ငါ့အထက်ကရောက်တယ်ဆိုပြီး
jealousy ဖြစ်ချင်ဖြစ်မယ်။
သူ့မှာjealousy မရှိဘူး။အော် သူတို့
(အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်)
ဒီထူးချွန်ထက်မြတ်မှုဟာ သာမန်နဲ့ရတာမဟုတ်ဘူး
ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်
အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ငါရှိနေရင်
သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီး
သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
ဟိမဝန္တာတောင်က ဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာ
သွားနေတယ်။တောကျောင်းထဲမှာ သွားနေတယ်။
သံဃာ့ပရိသတ်ထဲကို မလာဘူး။သူ့ကိုပြုစုတာက
လူတွေ မဟုတ်ဘူး တောဆင်ရိုင်းတွေက
သူတို့ကို ပြုစုနေတာ။ဘာဖြစ်လို့လဲဆိုတော့
သူ့မေတ္တာက တအားကောင်းတာကိုး။
ဆင်တွေရဲ့အလုပ်အကြွေးကိုခံပြီးတော့
အဲ့ဒီမှာပဲ ပရိနိဗ္ဗာန်ပြုသွားတယ်။

သို့သော် ပရိနိဗ္ဗာန် စံခါနီးလေးကိုတော့
မြတ်စွာဘုရားကို လာကန်တော့သွားသေးတယ်။
နောက်ဆုံးကန်တော့တဲ့အနေနဲ့ လာဝန်ချကန်တော့သွားတယ်။
အဲ့ဒီမှတ်တမ်းတွေကတော့ သံယုတ်ပါဠိတော်မှာ
ကောဏ္ဍညသုတ်-ဆိုတာ အဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။

အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့
ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့ ထိုင်လျှက် သမာပတ်တွေ
ဝင်စားပြီးတော့ ထိုင်လျှက် ပရိနိဗ္ဗာန်စံသွားတယ်။

အခုခေတ်ကတော့ သေတာလိုက်ကြည့်ပြီးတော့
လက်ယာဘက်စောင်းရင် အရိယာတို့ ဘာတို့ လျှောက်ပြောနေတာ။အကုန်လုံး ပုံသေမမှတ်ရဘူး
ဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက်
စောင်းမှာပဲ လေးတဲ့ဘက်စောင်းမှာပဲ။
အဲ့ဒါနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ။
ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲ
မတ်တပ်ရပ်လျှက်ပျံလွန်တော်မူတာ။
ထိုင်လျှက်ပျံလွန်တော်မူတာ ရှိတယ်။

ဘယ်လိုလို့ လက်ယာဘက်စောင်းသွားမှာတုန်း။
တချို့က အဲ့ဒါတွေ လိုက်ပြီးတော့
အော် ဘယ်ဖက်စောင်းသေတာတုန်း ဒီလိုစာထဲလည်း မရှိပါဘူး။
ဘယ်သူကစပြောလဲ မသိဘူးဒါတွေ။
အရပ်ထဲမှာပြောတာတွေ စာထဲမှာမရှိတဲ့
အကြောင်းထည့်ပြောပြတာ။

သူဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်းမဖြစ်ဘူး။
ဒါတွေက Evidence မဖြစ်သင့်ဘူး။

နောက်ရှိသေးတယ်။

သေသွားပြီးတော့ ပျော့နေတယ်။ဒါ့ကြောင့်မို့လို့
တရားထူးတရားမြတ်ရတယ်။ရဟန္တာပဲ ဒါလည်း
မဖြစ်သင့်ဘူး။ဒီဟာလည်း အဓိကမဟုတ်ဘူး။
ဒါက လူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ သက်ဆိုင်တယ်။
ပူတိဂတ္တ တိဿမထေရ် -ဆိုတာ
တစ်ကိုယ်လုံးရောဂါဖြစ်ပြီးတော့
ပုပ်ပွပြီးတော့ ပရိနိဗ္ဗာန်စံသွားတာပဲ။
ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာကြီးပဲ။

အဲ့ဒီတော့ ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ Evidence ရှာတာ
မမှန်ဘူး- လို့ပဲ ပြောရမယ်။
အကျင့် နှလုံးသွင်းတရားနဲ့ပဲ လိုက်ပြီး စဉ်းစားရမယ်။
ဒီလိုမှ မဟုတ်ရင် မှားမှားယွင်းယွင်းတွေ
အများကြီးဖြစ်နိုင်တယ်။ပေါ်ယံကို မကြည့်သင့်ဘူးလို့ ။
ရုပ်ပိုင်းဆိုင်ရာတွေက အကုန်လုပ်လို့ ရတယ်လေ။

ဓာတ်တော်တွေ ကျအောင်လုပ်လို့ ရတယ်။
Chemical နဲ့ ဓာတ်တော်ကျအောင် လုပ်လို့ရတယ်။
လုပ်နေတဲ့သူတွေလည်း ရှိပုံရတယ် ကြည့်ရတာ။
အဲ့ဒီတော့ ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ
ကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကြည်ညိုလေးစား။
ဓာတ်တော်မကျလို့လည်း မပြစ်မှားလေနဲ့။

ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားက ထူးဆန်းအံသြဖွယ်ကို လုပ်မပြရဘူးလို့ဟောထားတာ ရှိတယ်။ဘာပြုလို့တုန်းဆိုတော့
လောကမှာ မျက်လှည့်အတတ်တွေအများကြီးရှိတယ်တဲ့။
ဘုန်းကြီးတို့ဟောထားတယ်
"အစွမ်းတန်ခိုးများနဲ့သာသနာ"ဆိုတာ
ဒါ သတိထားစရာတွေ ဟောထားတာ။
ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊
အနုသာသနီပါဋိဟာရိယ ဆိုပြီး (၃)မျိုးရှိတဲ့အထဲမယ် တန်ခိုးမပြရဘူး။ ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊ မပြရဘူး။ အနုသာသနီပါဋိဟာရိယ - ဆုံးမ သွန်သင်မှုကိုသာ ပြုရမယ်လို့။ မြတ်စွာဘုရားက ဒီလို ဆုံးမထားတာ။

ဘာဖြစ်လို့လဲဆိုတော့ စိန္တာမဏိ-အတတ်ပညာတွေ
ရှိတယ်တဲ့ သူများစိတ်ကို သိတဲ့အတတ်တွေ။
တော်ကြာကျတော့ ရဟန္တာဖြစ်ပြီးတော့ တကယ်ရဟန္တာဖြစ်နေတဲ့
ပုဂ္ဂိုလ်က မစဉ်းစားလို့ဖြစ်စေ မဆင်ခြင်လို့ဖြစ်စေ
မသိဘူးဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကိုသွားပြစ်မှားတော့မှာပေါ့။
သူများစိတ်ကို သိမှု မသိမှုနဲ့ ရဟန္တာကို သွားတိုင်းတာလို့ရှိရင်
တကယ့်ရဟန္တာကြီးက မသိဘူးဆိုရင် ပြစ်မှားကုန်တော့မှာပေါ့။
ဥပမာ-မယ် တန်ခိုးမရှိတဲ့ ရဟန္တာတို့ သွားပြီး ပြစ်မှားမိတော့မှာပေါ့။

နောက်တစ်ခါအခုခေတ်လူတွေပြောနေသလို
နေထိုင်တဲ့အချိန်လေးကို
ဒီဆရာတော်ကြီးကတော့ အနေအထိုင်ကောင်းတယ်
အကျင့်ကောင်းတယ်
သို့သော် ပျံလွန်မူတဲ့အခါ ညာဘက်မစောင်းပဲ
ဘယ်ဘက်စောင်းသွားတယ်ဆိုပြီး
သွားပြစ်မှားရင်လည်း ဒုက္ခရောက်မှာပဲ။သူစောင်းချင်တဲ့
ဘက်စောင်းမှာပေါ့ဒါကတော့ ။

မြတ်စွာဘုရားတာ ကြိမ်းတဲ့အခါ
ဘယ်ဘက်စောင်းအိပ်တယ်ဆိုတာ အတိအကျရှိတာ။
ကျန်တဲ့ရဟန္တာတွေက ထိုင်လျှက်ပျံလွန်တော်မူတဲ့ကိုယ်တော်ရှိတယ်။
မတ်တပ်ရပ်ပျံတော်မူတဲ့ကိုယ်တော်ရှိတယ်။
ဘယ်လိုလို့စောင်းမှာတုန်း အဲ့ဒီကျတော့။
အရှင်ကောဏ္ဍည-ဆို ထိုင်လျှက် ပရိနိဗ္ဗာန်စံသွားတာလေ။
အရှင်အာနန္ဒာဆို ဘယ်ဘက်စောင်းလို့ရမှာတုန်း
ကောင်းကင်မှာ ပရိနိဗ္ဗာန်စံသွားတာ။
ကဲ ဘယ်လိုလုပ် လက်ယာဘက်တွေပြောလို့ရမှာတုန်း။

ဒါတွေဟာ မဟုတ်ဘူးဆိုတာတော့
သိထားဖို့ လိုအပ်တယ်။ဒါတွေက Evidence
မဖြစ်သင့်ဘူး။သာဓက မဖြစ်သင့်ဘူး။
တရားထူးတရားမြတ်ရခြင်းရဲ့သာဓက-မဖြစ်သင့်ဘူး။
တရားထူး တရားမြတ်ရခြင်းရဲ့ သာဓက-က
သူတော် သူမြတ်တို့ရဲ့ နှလုံးအိမ်မှာဘာတွေ
ရှိတယ်ဆိုတာ အဓိက။

တစ်ခါတုန်းက ဘုန်းကြီးတို့နဲ့အလွန်ရင်းနှီးတဲ့
ဒကာကြီးတစ်ယောက်
အိန္ဒိယသွားတဲ့အခါ ဗုဒ္ဓဂါယာမှာ- ဟိုနားက
မြေလေးကောက် ခဲလေးကောက်နဲ့ သယ်လာတာ။
"ဒကာကြီးလို့ ဒါတွေဘာလို့ကောက်နေတာလဲ"လို့ဆိုတော့
ဟာ ဒီမြေတွေက အင်မတန်ထူးတယ်-တဲ့။
အမလေး ကုလားမစင် စွန့်ထားတဲ့
မြေတွေလို့ ဒီနားက ။ဘုရားဟောတဲ့ တရားပဲ
ကျင့်ပါလို့ ဒီရုပ်ဝတ္ထုတွေကို
မကိုးကွယ်စမ်းပါနဲ့လို့ပြောရတယ်။

တစ်ချို့က အဲ့လိုတွေ ဂင်္ဂါမြစ်ရေဆိုပြီး မှာတဲ့သူကရှိသေးတယ်။
တစ်ခါတုန်းက အဲ့ဒီက ပါဠိပါမောက္ခကြီးတစ်ယောက် ဆုံးတော့ သူကဗုဒ္ဓဘာသာ။သူဆုံးတော့ ဘုန်းကြီးကို ညသန်ခေါင်ကြီးလာနိုးတယ်။
သွားပြီးတော့ ပရိတ်တွေဘာတွေ သွားရွတ်ပေးရတယ် သူ့ကို။
သွားရွတ်ပေးတော့ မနက်ကျတော့ သူတို့အိမ်ကလည်း ဂင်္ဂါမြစ်ထဲသွားပြီး မျက်နှာသစ်တယ်။အိုး မျက်နှာသစ်ဖို့
နေနေသာသာ ခြေတောင်မဆေးချင်ဘူး။

မြင်ထားတာက အလောင်းကောင်တွေ
မြစ်ထဲချပြီး မျောချတာက ခနခန တွေ့နေရတာ။
ရေတွေကလည်း နောက်ကျိလို့။အဲ့ဒီတော့
ဒီဂင်္ဂါမြစ်ရေရဲ့ အစွမ်းထက်တယ်တို့ ဘာတို့
ဒီလို ယူဆတာက သူတို့ Brahman တွေရဲ့
အယူအဆသာဖြစ်တယ်ပေါ့။
Holy water ဆိုပြီးတော့
ရုပ်ဝတ္ထုကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်း အများကြီး။

ဗမာပြည်မှာ တစ်ခါတုန်းက စစ်ကိုင်းက ဧရာဝတီမြစ်ရေဟာ
တန်ခိုးကြီးတယ်လို့ဆိုပြီးတော့ ကသည်းစစ်တပ်ကနေ လာတိုက်ဖူးတယ်။ အဲ့ဒီရေကိုရချင်လို့လာတိုက်တာ။
လာတိုက်ပြီး ရေယူပြီး ပြန်သွားကြတယ်။
ဘယ်ဧရာဝတီမြစ်ရေ အဲ့ဒီလိုသာ တန်ခိုးကြီးမယ်ဆိုရင် မြစ်ရေကြောင့် သန့်ရှင်းမယ်ဆိုရင် ရေထဲက ငါးတွေ အကုန်နတ်ပြည်ရောက်ကြမယ်။

လူဆိုတာတခါတလေ မစဉ်းစားနိုင်ဘူးဖြစ်နေကြတယ်။
ဒါကြောင့်မို့ အကြောင်းအကျိုးဆင်ခြင်မှုဟာ သိပ်ကိုအရေးကြီးတယ်။
ဟုတ်တယ် မဟုတ်ဘူးဆိုတာ အစွန်းမရောက်သင့်ဘူး။
ဒါစပ်မိလို့ပြောတာ။ အရှင်ကောဏ္ဍညက
ထိုင်လျက်ပရိနိဗ္ဗာန်ပြုသွားတယ်။ အဲ့ဒီတော့
လက်ယာဘက်တွေ ကျယ်လောင် ကျယ်လောင်ပြောလာလို့ရှိရင်
ဒါတွေက Evidence မဖြစ်သင့်ဘူးပေါ့။
ရဟန္တာဖြစ်ခြင်းရဲ့ အကြောင်းဆိုတာ မဖြစ်သင့်ဘူးပေါ့။

ဥပမာတစ်ခုပြောပြမယ်။မြတ်စွာဘုရားရဲ့
ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့
စကြာဝတေးမင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအတူတူပဲ။
အတူတူဆိုတာ အရိုးတွေက ကွင်းဆက်တွေ။
ပစ္စေကဗုဒ္ဓါကျတော့ ချိတ်ဆက်-ရဟန္တာကြတော့
သာမန်ပဲ။အဲ့ဒါကို အမှတ်လွဲပြီးတော့
ရဟန္တာ-ကို ချိတ်ဆက်လို့ပြောနေကြတယ်။
စာထဲပါတာ အဲ့လိုပါတာ မဟုတ်ဘူး။

ပစ္စေကဗုဒ္ဓါကမှ ချိတ်ဆက်-ဘုရားတို့
စကြာမင်းတို့ကြတော့ ကွင်းဆက်-ဒီလိုဆိုတာ။
အဲ့ဒီတော့ စကြာမင်းအရိုးတွေ့ပြီး
ဒါ ဘုရားအရိုးလို့ ဘယ်သတ်မှတ်လို့ ရပါ့မတုန်း။
ခန္ဓာကိုယ်တည်ဆောက်မှုတာ တူတာ။
စကြာမင်းက ဘုရားဖြစ်တာမှ မဟုတ်တာ။
သို့သော် ခန္ဓာကိုယ်တည်ဆောက်မှုက ဘုရားနဲ့သွားတူတယ်လေ။
သူလည်း ဘုန်းကဲပါရမီရှင်ဖြစ်နေသည့်အတွက်ကြောင့်
သွားတူတာရှိတယ်ပေါ့။

အဲ့ဒီတော့ အရိယာနဲ့တူတဲ့ ပုဂ္ဂိုလ်တွေရောမရှိနိုင်ဘူးလား။
ရှိတယ်လေ။ဒီရုပ်တွေဟာ ကံကြမ္မာနဲ့ဆိုင်တယ်။
ရုပ်တည်ဆောက်မှုတွေဟာ။
အဲ့ဒီရုပ်တည်ဆောက်တာနဲ့ပဲ ဒါရဟန္တာဖြစ်ရမယ်လို့
သွားတွက်လို့ မရဘူးလေ။
သူ့ရဲ့အကျင့်နဲ့တာ ပတ်သက်တယ်။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

အငြင်းပွားသူတို့၏ အတွင်းရေးများ တရားတော်မှ
ကောက်နှုတ်ချက် ။

ဤတရားတော်အား အသံဖိုင်မှ ရေးသားရသောကုသိုလ်ကြောင့်
ဣဒံမေ ပုညံ ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိ ဉာဏဿ ပစ္စယော ဟောတု ။

#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

06/12/2025

လူဆိုတာ အထိန်းအကွပ်လေးနဲ့နေရတယ်။
အတွေးသုံးမျိုးကို မတွေးနဲ့။

မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင်
သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊
ဒါကို အဘိဇ္စျာ လို့ခေါ်တယ်။
သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲ။
သူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။
အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ်။

နောက်....ဗျာပါဒ ဘာလဲဆိုရင်
ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက် စိတ်ထဲပေါ်လာရင်"ဟာ ....ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ဒီကောင်စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်
ကောင်းမှာပဲ "ဆိုတဲ့ အတွေး၊

အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ်။
နောက်တစ်ခုက မိစ္ဆာဒိဌိ။
မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။

ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။
မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။
မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။

ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်
စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။

တကယ်တော့ မကောင်းတာလုပ်ပြီး
ကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းက
ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို
ခံစားနေရတယ်လို့ ဒီလို တွက်ရမယ် ။
ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။

အကျိုးမပေးသေးဘူး
အခုမှ သရက်ပင်စိုက်တာ
သရက်သီး စားရပါ့မလား မစားရပါဘူး။
ကောင်းတာ အခုမှ လုပ်တာ
မကောင်းတာတွေ ကြုံနေရတယ်။

အတိတ်က မကောင်းတာတွေ
ဘယ်လောက် လုပ်ခဲ့မှန်းမှ မသိတာ ။
အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ
ကံဆိုတာ ရှိတယ်။

ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ်။
ကုသိုလ်ဆိုတာ မရှိပါဘူး။

အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့ငြင်းပယ်တဲ့ ဝါဒကို "အကိရိယဝါဒ " လို့ ခေါ်တယ် ။

အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။
နောက်"နတ္ထိကဒိဌိ"ဆိုတာ
ကံရဲ့အကျိုးတရားကို လက်မခံဘူး။

မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး ။
ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့အကျိုးတရားကို ငြင်းပယ်တဲ့ဝါဒ။

နောက်တစ်ခုက"အဟေတုကဒိဌိ"
အကြောင်းတရားကို ငြင်းပယ်တာ။

ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကို
ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ်။

အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်
မရောက်နိုင်ဘူးတဲ့။
သူသွားရမယ့်လမ်းကတော့ အပါယ်လေးဘုံပဲ ။

ဘာလို့တုန်းဆိုတော့ ....
သူက ကံကိုငြင်းပယ်ထားတော့
သူလုပ်ချင်ရာ လုပ်တော့မှာလေ ။
လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။

အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်
မကောင်းတာပဲ လုပ်ကြတော့မယ်။
ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့
တူတယ်။

မကောင်းတာလုပ်တယ်ဆိုတာ
ရေစုန်နဲ့တူတယ် လွယ်တယ်၊မျှောချရုံပဲ ။
ဒ့ါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်
ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Adresse

Democratic Republic Of The
11131

Téléphone

+959441189704

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque TS Shop publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager