26/04/2026
🌿နှစ်သစ်တန်ခူးလ,သင်္ကြန်အကြိုနေ့မတိုင်ခင်မှာပြုဖြစ်တဲ့ဒါနလေးပါ,..
🌿ဆွေမျိုးမိတ်ဆွေများ နှင့် ၃၁ဘုံသားအားလုံးကို ကုသိုလ်အဖို့ဘာဂကိုအမျှပေးဝေပါတယ်,..
🌿အသက်၄၀ကျော်မှာမှ ပထမဆုံး ပြုဖူးတဲ့ဒါနကုသိုလ်လေးမို့အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်...
🌿၁၀.၄.၂၀၂၆ မှာဆံပင်လေးဖြတ်ရောင်းလိုက်တာ..၁သိန်း၁သောင်းကျပ်ရရှိပါတယ်..
အဲ့ဒီပိုက်ဆံလေးကို ရွှေတိဂုံစေတီတော်မှာ ရာသက်ပန်ငွေပဒေသာပင်အနေနဲ့ သွားရောက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်..
🌿အရမ်းပြုချင်ခဲ့တဲ့ ဒါနလေးမို့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်ရပါတယ်..
🌿ရာသက်ပန်ငွေပဒေသာပင်ကပ်လှူပူဇော်ပြီး,..သီလရှင်ဆရာလေး၂ပါးအတွက်လည်း သင်္ဃန်းအတွက်နဲ့ကျန်းမာရေးအထွေထွေအတွက် ဝတ္ထုငွေလှူဒါန်းခွင့်လည်းရရှိခဲ့ပါတယ်..
🌿မဟာသတိပဠာနသုတ်တော်ကိုရွတ်ဖတ်ပူဇော်ပြီးတရားလေးရသလောက်မှတ်ခွင့်ရတယ်..
🌿ဆီမီးနဲ့အမွှေးတိုင်ပူဇော်ပြီးဘုရားရင်ပြင်တော်မှာ မေတ္တာပို့အမျှဝေရင်း သစ္စာလေးပါးကိုသိပြီးငြိမ်းချမ်းသော နိဗ္ဗာန်ကိုမြင်သိနိုင်ဖို့ဆုတောင်းခွင့်ရရှိခဲ့ပါတယ်..
🌿အပြန်ခရီးမှာတော့ စာကလေးကိုဇီဝိတဒါနအနေနဲ့လွှတ်ပေးခွင့်ရရှိပြန်ပါတယ်...
🌿အရမ်းပြည့်စုံတဲ့နေ့လေးနဲ့ နှစ်သစ်ကိုကြိုဆိုခွင့်ရရှိလို့
အခုထိပီတိဖြစ်နေတာလေးကိုပြန်လည်မျှဝေတာပါရှင်,..
🌿ဤကုသိုလ်အဖို့ဘာဂကို
နတ်,လှူ,သတ္တဝါအားလုံးသာဓုခေါ်နိုင်ပါစေရှင်,..
အမျှ..အမျှ..အမျှ...ပါရှင်,...🙏🙏🙏
#ရွှေအိုးကြီးတစ်ရှူးစက်ရုံ #သစ္စာအောင်မြေဖြန့်ချိရေး #ရန်ကုန် #မန္တလေး #လပ်ကီးသုခရောင်းဝယ်ရေး
အမျှ