MegaTrends Learning & Organization Development

Call Directions Contact the business

MegaTrends Learning & Organization Development Developing People, Transforming Organizations

စီမံခန့်ခွဲမှုစိတ်ပညာ စာအုပ်
08/10/2026

စီမံခန့်ခွဲမှုစိတ်ပညာ စာအုပ်

စီမံခန့်ခွဲတယ်၊ ခေါင်းဆောင်မှုပေးတယ်၊ ဦးဆောင်တယ်ဆိုတာ လူတွေကိုဆွဲဆောင် စည်းရုံးရင်း လုပ်ဆောင်ရတာဖြစ်ပါတယ်။ လူသားတွေနဲ့ ဆက်သွယ်၊ ထိတွေ့၊ ပြောဆို၊ ဆက်ဆံ၊ လုပ်ကိုင်ဆောင်ရွက်နေရသူတိုင်းဟာ Human Factor လို့ခေါ်တဲ့ လူ့စိတ်သဘာဝ နဲ့ လူသားတွေရဲ့ အတွေး၊ ခံစားမှုနဲ့ အပြုအမူတွေအကြောင်းကို သိရှိနားလည် သဘောပေါက်ထားဖို့ အလွန်အရေးကြီးပါတယ်။ ဘဝအရေးမှာ အောင်မြင်ထွန်းပေါက်သူတိုင်းဟာ လူ့စိတ်သဘာဝကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ကြသူတွေဖြစ်ပါတယ်။

ဒီစာအုပ်ဟာ လူတွေနဲ့ ဆက်ဆံ လုပ်ကိုင်နေရသူတွေ သိရှိရမယ့် လူ့စိတ်သဘာဝအကြောင်းကို စိတ်ပညာရပ်ဆိုင်ရာ ရှုထောင့်ကသာမက စာရေးသူ နှစ်ပေါင်းများစွာရရှိခဲ့တဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ရေးသားထားတာဖြစ်ပါတယ်။

ဒီစာအုပ်မှာ လူတစ်ဦးချင်းစီရဲ့ အပြုအမူအကြောင်း၊ အုပ်စု အပြုအမူ အကြောင်း နဲ့ အဖွဲ့အစည်းထဲက လူတွေ အကြောင်းဆိုတဲ့ ကဏ္ဍ သုံးခုကို အခန်း ၁၉ ခန်း ခွဲပြီးရေးသားထားပါတယ်။ ဒီစာအုပ်ကို စီမံခန့်ခွဲမှု စိတ်ပညာ လို့ အမည်ပေးထားပေမဲ့ မန်နေဂျာတွေသာမက လူသားတွေနဲ့ ပေါင်းသင်း၊ထိတွေ့၊ ဆက်ဆံနေရသူတိုင်း၊ မိမိဘဝ ကို ဦးဆောင်စီမံ
ခန့်ခွဲနေရသူတိုင်း ဖတ်ရှုလေ့လာရမယ့် စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ရှုပြီးတဲ့အခါ လူ့စိတ်သဘာဝတွေ၊ လူတွေရဲ့ အပြုအမူတွေ၊ အတွေးတွေနဲ့ ခံစားချက်တွေ အကြောင်းကို နားလည် သဘောပေါက်လာပါလိမ့်မယ်။ စာအုပ်ထဲက အသိပညာတွေဟာ လက်တွေ့ဘဝထဲမှာ အသုံးချနိုင်ပြီး ဘဝ နဲ့ ဆန္ဒ သဟဇာတဖြစ်အောင်နေထိုင်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။

◾စီမံခန့်ခွဲမှု စိတ်ပညာ
◾အောင်မင်းညိမ်း
◾စာမျက်နှာ - ၂၈၅
◾တန်ဖိုး - ၂၀,၀၀၀ ကျပ်............
မှာယူလိုပါက sarpaylann.com/books/စီမံခန့်ခွဲမှု-စိတ်ပညာ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 756661038 (Viber), 09 772611394 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း.....

#စီမံခန့်ခွဲမှုစိတ်ပညာ

#စီမံခန့်ခွဲမှု
#အောင်မင်းညိမ်း

Free Webinar- Applied Psychology
28/09/2026

Free Webinar- Applied Psychology

‎စိတ်ပညာရပ်ကို အွန်လိုင်းကနေ လေ့လာချင်သူများအတွက် 𝑴𝑩𝑺𝑫 မှထပ်မံဖွင့်လှစ်လိုက်သော 𝑨𝒑𝒑𝒍𝒊𝒆𝒅 𝑷𝒔𝒚𝒄𝒉𝒐𝒍𝒐𝒈𝒚 𝑾𝒆𝒃𝒊𝒏𝒂𝒓 📣
‎
အသုံးချ စိတ်ပညာဘာသာရပ်ဟာ လူ့စိတ်သဘာဝ ကို နားလည်သဘောပေါက်ဖို့၊ ကြိုတင်ခန့်မှန်းနိုင်ဖို့ နဲ့ လိုရာကို ဆွဲဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။
‎လူ့စိတ်သဘာဝ အကြောင်းကို လူသားတွေနဲ့ ဆက်စပ် ထိတွေ့ ပြီး ဆက်ဆံ လုပ်ကိုင်နေရတဲ့ လူသားတိုင်း သိရှိနားလည်သင့်ပါတယ်။
‎
‌‎ဒီ အခမဲ့ Webinar မှာ
‎- စိတ်ပညာရဲ့အခြေခံ အကြောင်း
‎- လူ့စိတ်သဘာဝ ကို သိရှိနားလည်ခြင်းကြောင့် ရရှိမဲ့ အကျိုးကျေးဇူးတွေ အကြောင်း
‎- သင်ကြားမဲ့ ဘာသာရပ် ငါးခု အကြောင်း
‎- ( Developmental Psychology, Educational Psychology, Personality Psychology, IO Psychology and Counselling Psychology) ဘာသာရပ်တွေ အကြောင်းကို မိတ်ဆက်ဟောပြောတင်ဆက်သွားမှာဖြစ်ပါတယ်။
‎
‎ဒီ Webinar ကို စိတ်ပညာကို စိတ်ဝင်စားသူတွေ၊ အလုပ်ခွင်ထဲ ဘဝ ထဲမှာ စိတ်ပညာကို အသုံးချလိုသူတွေ တက်ရောက် လေ့လာသင့်ပါတယ်။
‎
‎
‎စိတ်ဝင်စားတယ်ဆိုရင် အခုပဲ 𝑹𝒆𝒈𝒊𝒔𝒕𝒆𝒓 လုပ်လိုက်ပါ 🤩
‎
‎🗓 Date: 5 October 2026(Monday)
‎🕖 Time: 7:30 PM to 8:30 PM
‎🧑‍🏫 𝑺𝒑𝒆𝒂𝒌𝒆𝒓: 𝑼 𝑨𝒖𝒏𝒈 𝑴𝒊𝒏
‎
‎𝑹𝒆𝒈𝒊𝒔𝒕𝒆𝒓 လုပ်ရန် 👉
‎
https://forms.gle/Tqcybj5p3pK5shuA6
‎
‎ဒါ့အပြင် သင်တန်းအကြောင်းအသေးစိတ်သိချင်ရင် 📱 09 259 264 762 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
‎
‎စိတ်ပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီး မျှဝေပေးမယ့် ဒီ 𝑾𝒆𝒃𝒊𝒏𝒂𝒓 ကို လုံးဝ လက်မလွတ်သင့်ဘူးနော် 😉
‎
‎ #စိတ်ပညာ #ဗဟုသုတ #သင်တန်း
‎

Address

Ranchi

Telephone

+959795275169

Website

Alerts

Be the first to know and let us send you an email when MegaTrends Learning & Organization Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MegaTrends Learning & Organization Development:

Shortcuts

Share