Dr.Ken - PhD - Social Entrepreneur

Dr.Ken - PhD - Social Entrepreneur



of 4 Books:
“100 Triggers”
“AI for Entrepreneurs”
"ETHOS Aurelius"
"100 Laws of Business Leaders"

by
Outstanding APAC Franchise & Brand Fast Expansion Strategy Award
Outstanding Educator Award

10/05/2026

Let's Congratulate Together Myanmar 🇲🇲 🇲🇲 🇲🇲 သူရဲကောင်းတွေကစားပွဲမြန်မာပြည်သား မြန်မာ့သွေးကိုပြယုံကြည်တယ် ဗန်🔥🇲🇲 Joshua ...
10/05/2026

Let's Congratulate Together Myanmar 🇲🇲 🇲🇲 🇲🇲

သူရဲကောင်းတွေကစားပွဲ
မြန်မာပြည်သား မြန်မာ့သွေးကိုပြ
ယုံကြည်တယ် ဗန်🔥🇲🇲 Joshua “The Fearless” Van

🇲🇲 UFC 328 မှာ မြန်မာပြည်သားချင်းဖိုက်တာ
Joshua Van က ဂျပန်ဖိုက်တာကို အလဲထိုးဖြင့်အနိုင်ယူပြီး
ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့

🇲🇲 လက်ရှိ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ
ချင်းနွယ်ဖွား Joshua "The Fearless" Van ဟာ
UFC ပွဲစဉ် 328 မှာ ချန်ပီယံနေရာကိုစိန်ခေါ်လာတဲ့
ဂျပန်ဖိုက်တာ TatsuroTaira ကို အလဲထိုး အနိုင်ယူပြီး
ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

🇲🇲 ဒါဟာ Joshua Van က UFC Flyweight ဝိတ်တန်းမှာ
အကောင်းဆုံးဖိုက်တာဖြစ်တယ်ဆိုတာနဲ့
ချန်ပီယံအစစ်အမှန်ဖြစ်ကြောင်းကို
သက်သေထူလိုက်တဲ့ပွဲဖြစ်ပါတယ်။

🇲🇲 နယူးဂျာစီပြည်နယ်၊ Newark မြို့၊ The Prudential Centre မှာ ကျင်းပတဲ့
UFC ပွဲစဉ် 328 မှာ Van တို့ပွဲစဉ်ဟာ
ဒုတိယအဓိကတွဲစိုင်းပွဲစဉ်ဖြစ်ပြီး
၅ ချီ မြောက်မှာ ဂျပန်ဖိုက်တာကို
အလဲထိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

🇲🇲 အသက် ၂၄ နှစ်သာ ရှိသေးတဲ့ Van ဟာ Alexandre Pantoja ကို ပွဲစဉ်
323 မှာ စိန်ခေါ်ပြီး ချန်ပီယံနေရာကို ရယူထားတာ ဖြစ်ပါတယ်။
Van ဟာ ၂၀၂၅ ခုနှစ်အတွက်
တစ်နှစ်တာလုံးအအောင်မြင်ဆုံးတိုက်ခိုက်ရေးသမားဆု
(Breakout fighter of the year) ကို မဲပေးမှု ၆၉% နဲ့ရရှိထားခဲ့ပါတယ်။

🇲🇲 အသက် ၂၆ နှစ်အရွယ် ပြိုင်ဖက်ဂျပန်ဖိုက်တာကတော့
၁၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပြီး
ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့အဆင့် ၃ နေရာမှာရှိနေတာဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ UFC သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ်
အာရှတိုက်သား ဖိုက်တာနှစ်ဦးရဲ့
ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်တဲ့ပွဲအဖြစ်
မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
Courtesy to UFC

🇲🇲 မြန်မာနိုင်ငံမှ လူတိုင်း ဒီပွဲအကြောင်း
သိထားသင့်ပါတယ်။
UFC မှာ ချန်ပီယံဖြစ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ
သင်သိပါသလား။
အခုဆိုရင် မြန်မာနိုင်ငံမှာ ချန်ပီယံတစ်ယောက်ရှိပြီဆိုတော့
သူအနိုင်ရရင် မြန်မာနိုင်ငံအတွက် နာမည်ကြီးလာမှာပါ။
ကံကောင်းပါစေ ညီလေး! - ဒေဝ Dave Leduc

🇲🇲 ဂျိုရှူအာဗန်ကို ဂုဏ်ယူဝမ်းမြောက်စရာ
အောင်ပွဲအတွက် ဂုဏ်ပြုပါတယ်။
ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်က
ငါတို့ကို ဂုဏ်ယူစေတယ်။
ရှေ့ဆက်ပြီး အောင်မြင်ပါစေ။
Thomas T Trindade

🇲🇲 ကိုယ့်လူများ တွယ်နေတုန်းက အချိန်က
ဘယ်လိုကုန်မှန်းကိုမသိဘူး
ကိုယ့်ကောင်လည်း အချုပ်ခံရရော
ငါလခွမ်း စက္ကန့် ၃၀ က ဘုရားတခါပွင့် သလောက်ကြာတယ်
Catch And Go


🇲🇲 A championship classic 👏
Joshua Van and Tatsuro Taira left it all in the Octagon to earn FOTN honors!
UFC

Courtesy to UFC and Original Post.

 ေတ်မှာ_ကျွန်တော်တို့ဟာ_တကယ်ပဲတော်လာကြတာလား?ဒါမှမဟုတ်_တော်ယောင်ဆောင်နေကြတာလားစာရွက်အလွတ်တစ်ချပ်ကို စိုက်ကြည့်ရင်း ဘာရေးရ...
08/05/2026

ေတ်မှာ_ကျွန်တော်တို့ဟာ_တကယ်ပဲတော်လာကြတာလား?

ဒါမှမဟုတ်_တော်ယောင်ဆောင်နေကြတာလား
စာရွက်အလွတ်တစ်ချပ်ကို စိုက်ကြည့်ရင်း
ဘာရေးရမှန်းမသိဖြစ်နေတဲ့အချိန်၊
တခြား Tab တစ်ခုမှာ အသင့်စောင့်နေတဲ့ AI Assistant ဆီကနေ
အကူအညီတောင်းလိုက်တာ ဒီနေ့ခေတ်မှာ သာမန်ကိစ္စတစ်ခု ဖြစ်လာပါပြီ။
"AI အကြောင်း ဆောင်းပါးကောင်းကောင်းတစ်ပုဒ် ရေးပေးစမ်း" လို့
Prompt လေးရိုက်ထည့်လိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်းမှာတင်
စနစ်ကျပြီး ဖတ်လို့ကောင်းတဲ့ စာသားတွေ ထွက်လာမှာပါ။

ဒါပေမဲ့ ပြဿနာက အဲဒီစာကို သင်ရေးတာမဟုတ်ဘူး။
သင့်ကိုသိတဲ့သူတွေ၊ သင့်အရေးအသားကို ရင်းနှီးတဲ့သူတွေဖတ်ရင်
ဒါဟာ သင့်လက်ရာမဟုတ်မှန်း ချက်ချင်းသိသာစေပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာက AI ဟာ
ကျွန်တော်တို့ရဲ့ အလုပ်တွေကို ကူညီပေးနေတာလား၊
ဒါမှမဟုတ် ကျွန်တော်တို့ကို တကယ်ရှိတာထက်
ပိုတော်သယောင် ဖြစ်အောင် (Artificially Intelligent)
လုပ်ပေးနေတာလား ဆိုတာပါပဲ။

ို_သုံးနေကြပြီ_ဒါပေမဲ့_ဘယ်လိုသုံးနေကြတာလဲ
Microsoft ရဲ့ ၂၀၂၄ အစီရင်ခံစာအရ
တစ်ကမ္ဘာလုံးက ရုံးဝန်ထမ်း ၇၅ ရာခိုင်နှုန်းဟာ
Generative AI ကို အလုပ်မှာ သုံးနေကြပါပြီ။
စင်ကာပူမှာဆိုရင် ဝန်ထမ်း ၄ ယောက်မှာ ၃ ယောက်က
AI ကို ပုံမှန်သုံးနေတယ်လို့ သိရပါတယ်။
ဒါဟာ နည်းပညာတိုးတက်မှုအရ ကြိုဆိုရမယ့်ကိစ္စပါ။

ဒါပေမဲ့ လေယာဉ်မောင်းစနစ် (Autopilot) နဲ့ ဥပမာပေးချင်ပါတယ်။
လေယာဉ်မှူးတွေဟာ စက်ကိရိယာတွေအပေါ် အရမ်းအားကိုးလာတဲ့အခါ၊
တကယ်တမ်း အရေးပေါ်အခြေအနေမှာ
ကိုယ်တိုင်လက်နဲ့ မောင်းနှင်ဖို့ (Manual Flying) ခက်ခဲသွားတတ်ကြပါတယ်။
ဒါဟာ သူတို့မတော်လို့မဟုတ်ဘဲ ပုံမှန်မလုပ်ဖြစ်တော့လို့
ကျွမ်းကျင်မှု လျော့နည်းသွားတာပါ။
AI လည်း ဒီလိုပါပဲ။ AI ပေးတဲ့ အဖြေတွေကိုပဲ အလွယ်ယူနေရင်
ကျွန်တော်တို့ဟာ ကိုယ်တိုင်မတွေးဘဲ "သူများတွေးပြီးသား" တွေကို
ကိုယ့်အတွေးလို့ ထင်မှတ်မှားလာနိုင်ပါတယ်။

#ပညာရေးလောကနဲ့_Skindeep_Intelligence
ဒီနေ့ခေတ် ကျောင်းသားတွေဆီကနေ တင်လိုက်တဲ့ Assignment တွေဟာ
တကယ်ကို ပြောင်မြောက်ပါတယ်။
ဒါပေမဲ့ အဲဒီစာတမ်းကို ပြန်ပြီး ခုခံချေပခိုင်းတဲ့အခါ
ဒါမှမဟုတ် လက်တွေ့အသုံးချခိုင်းတဲ့အခါမှာတော့
အတွေးအခေါ်ပိုင်း နက်နက်နဲနဲ မရှိတာ တွေ့ရတတ်ပါတယ်။
ရလဒ် (Output) ကတော့ တော်တယ်လို့ ထင်ရပေမဲ့
နောက်ကွယ်က အတွေးအခေါ်ကတော့
အပေါ်ယံကြော (Skin-deep) ပဲ ရှိပါတော့တယ်။

အထူးသဖြင့် စင်ကာပူလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့
ပညာရေးစနစ်မှာ AI ကို လမ်းဖြတ် (Shortcut)
အဖြစ် သုံးချင်စိတ်က ပိုများပါတယ်။
ဒါဟာ ကျောင်းသားတွေအနေနဲ့ သူတို့ တကယ်တမ်း တည်ဆောက်ရမယ့်
"စဉ်းစားတွေးခေါ်နိုင်စွမ်း" ကို AI ဆီမှာ
Outsourcing ပေးလိုက်သလို ဖြစ်နေပါတယ်။

လေ့ကျင့်ခန်း နေ့တိုင်းလုပ်မယ်ဆိုရင်
ကျန်းမာရေး ကောင်းလာမည်။
စာ နေ့တိုင်းရေးမယ်ဆိုရင်
စာရေးဆရာ တစ်ယောက်ဖြစ်လာမည်။
နေ့တိုင်း ပြေးမယ်ဆိုရင် အပြေးသမား
တစ်ယောက် ဖြစ်လာမည်။
စီးပွားရေး အကြောင်း နေ့တိုင်းတွေးမယ်
ဆိုရင် စီးပွားရေး သမား တစ်ယောက်
ဖြစ်လာမည်။
စာကို နေ့တိုင်းဖတ်မယ်ဆိုရင် အသိပညာ
ဗဟုသုတ ရှိသူ ဖြစ်လာမည်။
အရာရာတိုင်းဟာ သင်ပဲ ဖြစ်တယ်။
သင်ဟာ ကောင်းတာတွေကိုပဲ
ရွေးလုပ်မယ် ဆိုရင် ကောင်းတဲ့
သူတစ်ယောက် ဖြစ်လာလိမ့်မယ်။
မကောင်းတာတွေကိုပဲ လုပ်မယ် ဆိုရင်
လည်း မကောင်းတဲ့ သူပဲ ဖြစ်လာမည်။
နေ့စဉ် မိမိလုပ်တဲ့အလုပ်ဟာ
မိမိဘဝပါပဲ။
#စာဖတ်ပါ
ကမ္ဘာပတ်စရာမလိုဘူး
စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်။
ပညာတတ်ပြီး စာမဖတ်ရင်
သင်တတ်ထားတဲ့ ပညာက
အလကားပါပဲ။
စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို
ပြောင်းလဲစေနိုင်သည်။
စာဖတ်ခြင်းဖြင့် အကောင်းအဆိုး
အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား
နိုင်သည်။
စာဖတ်ခြင်းသည် ဗဟုသုတ ရသကဲ့သို့
လူစိတ်ကိုလည်း ပြောင်းလဲစေနိုင်သည်။
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့
မိတ်ဆွေကောင်းထက် အသိပညာတွေ
ပေးနိုင်တာ စာပေပါပဲ။
ဗဟုသုတ ၊ ရသ ၊ ကဗျာ ၊ ဟာသ စတဲ့
စာပေအားလုံးသည် ကဏ္ဍတစ်ခုချင်း
စီတွင်
စာဖတ်သူအားလုံးကို အကျိုးပြုပါသည်။
ထို့ကြောင့်
စာများများ ဖတ်ပါ။
စာဖတ်ခြင်းသည် ဉာဏ်အလင်းကို
ရစေပါသည်။
ထမင်းမစားလျှင်တစ်ရက်ပဲ ငတ်ပါမည်။
စာမဖတ်လျှင်တော့
တစ်သက်လုံး ငတ်လိမ့်မည်။
စာဖတ်ခြင်းရဲ့ခွန်အား
သင့်ဘ၀ကို တိုးပွါးစေနိုင်တယ်။
အလိမ္မာ စာမှာရှိ
စာအရှိ အလိမ္မာ လက်ခံကျင့်သုံး
ဖြန့်ဝေပါ။
ဘဝကို အပင်လိုမျိူး
အပင်ရေလောင်း သီးပွင့်ကောင်း
လမ်းကြောင်းမှန်မည်ပင်
သီးပွင့်စားလို များထိုထိုအပင်ကို
ရေလောင်းပါ။
အနာဂတ်မှာ ချမ်းသာဖို့ရေး
စာပေများကို လေ့လာပေး။
အသိရှိသူက အမြင့်ရောက်မှ
ကိုယ်ချင်းစာတရား ထားတတ်တယ်။
ဘာစာပဲဖြစ်ဖြစ်
တွေ့ရင်ကောက်ယူ ဖတ်ကြပါ။
စာဖတ်ခြင်းဟာ
သင့်ဘ၀ကို ပြောင်းလဲနိုင်တယ်ဆိုတာ
ယုံကြည်ပါ ။ လက်တွေ့ လုပ်ကြည့်ပါ။

#နိဂုံးချုပ်ရရင်တော့
အနာဂတ်မှာ တကယ်တော်တဲ့သူနဲ့ AI သုံးပြီး
တော်သယောင်ဆောင်တဲ့သူကို ဘယ်လိုခွဲမလဲဆိုတဲ့ အချက်က
"ဘယ်လောက်စာရေးကောင်းလဲ" ဆိုတာမှာ မရှိတော့ဘဲ
"ဘယ်လောက် နက်နက်နဲနဲ တွေးထားလဲ"
ဆိုတာပေါ်မှာပဲ မူတည်ပါတော့မယ်။

နောက်တစ်ခါ စာမျက်နှာအလွတ်တစ်ခုကို စိုက်ကြည့်ရတဲ့အခါမှာ
AI ကို တန်းပြီး အကူအညီမတောင်းလိုက်ပါနဲ့ဦး။
ခဏလောက် ထပ်ပြီး စဉ်းစားကြည့်ပါ။
ထွက်လာတဲ့ အတွေးတွေက ကြမ်းတမ်းချင် ကြမ်းတမ်းနေပါလိမ့်မယ်။
ဒါပေမဲ့ အဲဒါကမှ သင့်ရဲ့ ကိုယ်ပိုင်အတွေးစစ်စစ် ဖြစ်နေမှာပါ။
မိတ်ဆွေတို့ရော အလုပ်ထဲမှာ AI ကို ဘယ်လိုနေရာတွေမှာ သုံးဖြစ်လဲ။
AI က သင့်ရဲ့ အတွေးအခေါ်ကို ပိုတိုးတက်စေသလား၊
ဒါမှမဟုတ် ပျင်းရိသွားစေသလား။
ကွန်မန့်မှာ ဆွေးနွေးသွားကြပါဦး။
The Straits Times သတင်းစာကပါ။
#ဗန်းမော်သိန်းဖေ

ကမ္ဘောဒီးယားကနေ ဘာစီလိုနာအထိ...
ပညာရေးနဲ့ နည်းပညာကို အနုပညာနဲ့ ပေါင်းစပ်ဖို့
သွားရောက်လေ့လာနေကြတဲ့ ကျနော်တို့ရဲ့ IMUers များ 🇰🇭🇪🇸
ဒီနေ့ IMUers အဖွဲ့သားတွေ
စပိန်နိုင်ငံ Barcelona က နာမည်ကြီး
Casa Batlló ကို ရောက်ရှိလေ့လာကြတယ်

ဒီခရီးစဉ်ကနေ IMUers များအတွေးအမြင်သစ်တွေရခဲ့တယ်
📚Experiential Innovation | ပညာရေးဆိုတာ စာအုပ်ထဲမှာတင်
မဟုတ်ဘဲ Casa Batlló ရဲ့ ဗိသုကာလက်ရာတွေလိုမျိုး
စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်တွေ ဖြစ်လာစေဖို့
📚Visual Storytelling | EdTech ကို သုံးပြီး သင်ခန်းစာတွေကို
မှတ်မိလွယ်တဲ့ ပုံပြင်တွေလို ဖန်တီးနိုင်ဖို့
📚Human-Centered Tech | နည်းပညာတင် မဟုတ်ဘဲ
လူသားတွေရဲ့ ခံစားချက်နဲ့ ဒီဇိုင်းကိုပါ ပေါင်းစပ်တဲ့
စီးပွားရေးပုံစံသစ်တွေကို လေ့လာဖို့ပဲ ဖြစ်ပါတယ်

ဒစ်ဂျစ်တယ်စီးပွားရေး အရှိန်အဟုန်နဲ့ တက်လာချိန်မှာ
ကျနော်တို့ရဲ့ လူငယ်တွေဟာ AI + Education နဲ့
Creativity + Business ကို ဒီလိုမျိုး
နိုင်ငံတကာ အမြင်တွေနဲ့ ပေါင်းစပ်နိုင်ဖို့ လိုအပ်ပါတယ်
အနာဂတ်ကို ပုံဖော်မယ့် ကျနော်တို့ရဲ့
Global Learners တွေအတွက် ဒီလို လေ့လာရေးခရီးစဉ်တွေဟာ
တကယ့်ကို အင်အားပါပဲ

[𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮]
https://imu.university
☘️☘️☘️☘️☘️☘️☘️
အခု ကျွန်တော် စပိန်နိုင်ငံ ဘာစီလိုနာမှာ
နေထိုင်ပြီး Scholarship နဲ့ ပညာသင်ကြားနေပါတယ်။
ဥရောပမှာ ပညာသင်ကြားလိုတဲ့
ကျောင်းသားတွေကို ကူညီဖို့ အဆင်သင့်ပါ။

ကျွန်တော့် Whatsapp ပါ။
(+34 687 445 923)
[email protected]


Disclaimer: it looks younger me of last decade ❤

 #ငယ်ငယ်ကအိမ်ကိုဧည့်သည်တွေလာပြီဆိုရင်မေမေက ရှုပ်ပွနေတဲ့ပစ္စည်းတွေကို  လိုက်ကာနောက်ဘက်ကို ကမန်းကတန်း သွားထားတတ်တယ်။☘️ဒီတေ...
25/04/2026

#ငယ်ငယ်ကအိမ်ကိုဧည့်သည်တွေ
လာပြီဆိုရင်
မေမေက ရှုပ်ပွနေတဲ့ပစ္စည်းတွေကို
လိုက်ကာနောက်ဘက်ကို
ကမန်းကတန်း သွားထားတတ်တယ်။

☘️ဒီတော့ လိုက်ကာအပြင်ဘက်မှာ
ခဏအတွင်း အမြင်မှာ ရှင်းသွားတယ်။
အဲဒီတုန်းကတော့
မေမေကဟန်ဆောင်တတ်လိုက်တာလို့
စိတ်ထဲကနေ အပြစ်တင်ခဲ့ဖူးတယ်။
အခုအတွေးနဲ့ပြောရရင်တော့
အမေဟာ အရှိတရားကို
မပြရဲဘူး၊ရှက်နေတယ်လို့
ပြောရမယ်ထင်တယ်။

☘️တကယ်တမ်း သေသေချာချာ
တွေးကြည့်တော့
အမေ့လုပ်ရပ်ဟာ ရှက်စရာ
မဟုတ်ဘဲ သိပ်ကောင်းတဲ့
လုပ်ရပ်တခုများလားလို့
သံသယဝင်လာတယ်။
ဧည့်သည်ဆိုတာကိုယ့်အိမ်မှာ
အမြဲနေတာ မဟုတ်ဘူးလေ။
သူတို့ရှိတာ အချိန်အပိုင်းအခြား
ခဏလေးပဲ။

☘️ဒီတော့ ကိုယ့်ဆီ ခဏတာ
လာတဲ့သူတွေကို
ရှုပ်ပွနေတဲ့ ကိုယ့်နေရာကြီးထက်
သပ်ရပ်သန့်ရှင်းနေတဲ့ နေရာကို
ပြပေးတာကပိုကောင်းတာပေါ့။
လူဆိုတာ အပူကိုယ်စီနဲ့မလား။
ဒီတော့ ကိုယ့်ဆီလာတဲ့သူတွေမှာ
စိတ်ရှုပ်စရာတွေ ပါလာကောင်း
ပါလာမယ်၊
စိတ်ညစ်စရာတွေ ပါလာကောင်း
ပါလာမယ်။
ဒီတော့ သူတို့မှာရှိပြီးသား
စိတ်ရှုပ်စိတ်ညစ်စရာတွေဟာ
ကိုယ့်အိမ်က ရှုပ်ပွနေတဲ့နေရာကို
မြင်ရရင် ပိုပြီး ဒီဂရီတိုးမှာပေါ့။

☘️အဲဒီလို တွေးမိတော့
အမေ့လုပ်ရပ်က မှန်တယ်လို့
သိလာတယ်။
တလောက ကိုယ့်အသိတယောက်က
သူ သားကလေးမွေးတာကို
ဖေ့ဘွတ်မှာတင်ထားတာတွေ့တယ်။
ကျွန်တော် ဝမ်းသာပါတယ်။
လူသားတယောက် လူ့လောကထဲ
ရောက်လာတာ
ဝမ်းသာစရာ၊ကြည်နူးစရာပဲကိုး။
အဲ မကြာခင်မှာပဲ
ကိုယ့်အသိတယောက်ဆုံးတာကို
သူ့အဖေက ဖေ့ဘွတ်မှာ
တင်ထားတာတွေ့လိုက်ရတယ်။
ကျွန်တော် တော်တော်ကလေး
ရှော့ရသွားတယ်။

☘️ခုနက ကြည်နူးနေတာတွေဟာ
လုံးဝမရှိတော့ဘူး။
တနေ့လုံး စိတ်မကောင်းဖြစ်ပြီး
စားလို့သောက်လို့တောင် မရတော့ဘူး။
နောက်မှ ကျွန်တော် သိလိုက်ရတာက
ကျွန်တော်တို့ရဲ့ စိတ်ဟာ
ကြည်နူးစရာနဲ့စိတ်ညစ်စရာ၊
ပျော်ရွှင်စရာနဲ့ဝမ်းနည်းစရာ စသဖြင့်
ကောင်းတာနဲ့မကောင်းတာတွေ
ယှဉ်လာရင်
မကောင်းတာကို ပိုပြီး စုပ်ယူတယ်
ဆိုတာပဲ။

☘️ဘယ်လောက်ပဲ ပျော်နေနေ
စိတ်ရှုပ်စရာတခုကို ထစ်ခနဲ
ကြုံလိုက်ရရင်
ကျွန်တော်တို့ မပျော်တော့ဘူး။
သေးသေးမွှားမွှား
စိတ်ရှုပ် စရာလေးက ထုထည်
ခိုင်ခိုင်မာမာနဲ့ရှိနှင့်နေပြီးသား
ပျော်ရွှင်မှုကြီးကို
လုံးဝကို တိုက်ထုတ်ပစ်တာကို သိရတော့
စိတ်ကို တော်တော်ကလေး အံ့ဩမိတယ်။

☘️ဘဝခရီးတိုတိုလေးမှာ
တချို့လူတွေက ကျွန်တော်တို့ဆီကို
တဒင်္ဂကလေးပဲလာတာပါ။
သူတို့လာချိန်မှာ သူတို့မှာ ပါလာတဲ့
သောကအပူတွေကို
ကိုယ်က ငြှိမ်းမပေးနိုင်ရင်တောင်
ပိုတိုးမလာအောင်တော့
လုပ်ရမယ်ဆိုတဲ့ စိတ်ကလေး
ဝင်လာတာကိုတော့
ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါတယ်။
Credit to 𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️
ဒီစာဖတ်ပြီး မိတ်ရွှေအတွက် တစ်ခုခုရလိုက်တယ်ဆိုရင်
သူငယ်ချင်း မိတ်ရွှေများပါ သိရအောင်
Share ပေးလိုက်ပါဦးခင်ဗျာ။ ကျေးဇူးပါ။
🙏 အောင်မြင်ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏
☘️☘️☘️ ☘️☘️☘️ ☘️☘️☘️

🇨🇭 PhD & MBA ကိုအွန်လိုင်း လေ့လာပြီး Switzerland နိုင်ငံတွင်
သင်၏ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ကြပါစို့ 🇨🇭
🇨🇭 အရစ်ကျအစီအစဉ်- ကနဦး $500
[ထို့နောက် လစဉ်$300 ပေးချေခြင်း]
နိုင်ငံတကာ မှ ပါမောက္ခများမှ မျက်မှောက်ခေတ်
လက်တွေ့ အသုံးချ သီအိုရီများအား သင်ကြားပေးပြီး
🇨🇭 မိမိကိုယ်တိုင် သက်ဆိုင်ရာ ၈ ဘာသာအား
🇨🇭 စာတမ်းငယ် (Assignment) ပြုစု၍ တင်ပြပြီး၊
🇨🇭 နောက်ဆုံး စာတမ်း (Final Thesis) တင်ပြပြီး
🇨🇭 ဥရောပ နှင့် အာဆီယံ အသိအမှတ်ပြု မဟာဘွဲ့ [MBA | (မိမိအထူးပြု)]
🇨🇭 မြန်မာကျောင်းသားများအတွက် မြန်မာ Study-Guideအား သီးသန့်စီစဉ်ပေးပါမည်။
🇨🇭 Switzerland နိုင်ငံ နှင့်
🇰🇭 Cambodia နိုင်ငံ Phnom Penh မြို့တွင်
ဘွဲ့နှင်းသဘင်တတ်ရောက်ယူနိုင်ပါသည်။
𝙄𝙈𝙐 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮
[𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮]
https://imu.university

☘️☘️☘️☘️☘️☘️☘️
အခု ကျွန်တော် စပိန်နိုင်ငံ ဘာစီလိုနာမှာ
နေထိုင်ပြီး Scholarship နဲ့ ပညာသင်ကြားနေပါတယ်။
ဥရောပမှာ ပညာသင်ကြားလိုတဲ့
ကျောင်းသားတွေကို ကူညီဖို့ အဆင်သင့်ပါ။
ကျွန်တော့် Whatsapp ပါ။
(+34 687 445 923)
[email protected]

Disclaimer: it looks younger me of last decade

1. "မြန်မာရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။"(On the occasion of the tradit...
12/04/2026

1. "မြန်မာရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။"
(On the occasion of the traditional Myanmar Thingyan and New Year, May your body and spirit be full of healthiness and prosperity.)

2. ဘေးဥပဒ်အန္တရာယ် ခပ်သိမ်းတို့မှ ကင်းဝေးကြပါစေ။
(May you be free from all dangers and misfortunes.)

3. သင်္ကြန်ရေပက်ဖျန်းမှုနှင့်အတူ အညစ်အကြေးများ ဆေးကြောနိုင်ပါစေ။
(May all impurities be washed away along with the splashing of Thingyan water.)

4. ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေ။ (May you be endowed with physical health and mental peace.)

5. လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းကြပါစေ။
(May all your business endeavors be successful and prosperous.)

6. နှစ်သစ်မှစ၍ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ (Starting from the New Year, may all your wishes be fully fulfilled.)

7. မိသားစုနှင့်အတူ ပျော်ရွှင်စရာကောင်းသော အချိန်များကို ပိုင်ဆိုင်နိုင်ပါစေ။
(May you possess wonderful and happy times together with your family.)

8. တောက်ပသော အနာဂတ်သစ်ကို စိတ်သစ်လူသစ်ဖြင့် လျှောက်လှမ်းနိုင်ပါစေ။
(May you walk toward a bright new future with a renewed spirit.)

9. မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။
(May all Myanmar citizens be healthy and cheerful in both body and mind.)

  #အတွေ့အကြုံချည့်နဲ့နေတဲ့အဘိုးအိုတစ်ဦးဟာ ငှက်ပျောသီးခိုင်  ထမ်းပြီး လမ်းလျှောက်လာတဲ့ လူငယ်လေးတစ်ဦးကို  လှမ်းပြောလိုက်တယ...
22/03/2026


#အတွေ့အကြုံ
ချည့်နဲ့နေတဲ့အဘိုးအိုတစ်ဦးဟာ
ငှက်ပျောသီးခိုင် ထမ်းပြီး
လမ်းလျှောက်လာတဲ့
လူငယ်လေးတစ်ဦးကို
လှမ်းပြောလိုက်တယ်။

☘️ငှက်ပျောသီး
အလကားရနိုင်မလား
ငါတကယ်
ပင်ပန်းပြီး ဗိုက်ဆာနေလို့ပါ"
လူငယ်လေးက
သူ့ရဲ့ ငှက်ပျောသီးခိုင်ကနေ
ငှက်ပျောသီးသုံးလုံးကို
ဆွဲဖြုတ်ပြီး
အဘိုးအိုကို ပေးလိုက်တယ်။

☘️ဒါပေမဲ့အဘိုးအိုက မစင်တွေကို
တွေ့ရတဲ့ပုံနဲ့ မျက်မှောင်ကြုတ်ပြီး
ငြီးတွားတယ်။
အိုး၊ ငှက်ပျောသီးတွေက
မမှည့်ဘူးကွ။
ဒါတွေကို ငါဘယ်လိုစားရမှာလဲ"
အဘိုးအိုရဲ့ သဘောထားကြောင့်
ကောင်လေး အံ့သြသွားပေမယ့်
ကျိုးကျိုးနွံနွံ
နှိမ့်ချစွာ ပြောလိုက်တယ်။
ကျွန်တော် စိတ်မကောင်းပါဘူး
အဘိုး။
ဟိုလေအိမ်မှာ ငှက်ပျောသီး
မှည့်တွေ ရှိတယ်။
ဒီမှာ ခဏစောင့်ပေးလို့ ရမလား"
အဘိုးအိုက
စိတ်မရှည်သလို ပြောတယ်။
ဒါဆို မြန်မြန်လုပ်"

☘️ကောင်လေးက
သူ့ငှက်ပျောသီးခိုင်ကို ထမ်းပြီး
တစ်ဟုန်ထိုးပြေးသွားတယ်။
ခဏအကြာ အကြီးဆုံး
ငှက်ပျောသီးမှည့်သုံးလုံးနဲ့
ပြန်လာခဲ့တယ်။
အဘိုးအိုကို ပြုံးပြပြီး
ငှက်ပျောသီးတွေ ပေးလိုက်တယ်။

☘️ဒါပေမယ့်
ကျေးဇူးမသိတတ်တဲ့အဖိုးအိုက
မျက်နှာပေါ်မှာ မကျေနပ်တဲ့
အကြည့်နဲ့ တွေ့လိုက်ရတယ်။
ကောင်လေးကို
လုံးဝ သဘောကျခြင်း မရှိခဲ့ဘူး။
စိတ်ပျက်ဖို့ကောင်းလိုက်တာ၊
အမှည့်လွန်နေတဲ့ ငှက်ပျောသီးကို
ဘာလို့ ယူလာတာလဲ။ကောင်လေး၊
ငါက
အဘိုးကြီးမှန်း သိထားသင့်တယ်၊
အမှည့်လွန်အသီးတွေစားရင်
ငါ့ဗိုက်နာလိမ့်မယ်
ကောင်လေးက စိတ်တွေရှုပ်ထွေးပြီး
နားပူနားဆာလုပ်တဲ့
အဘိုးအိုအတွက် စိတ်ပူသွားတယ်။

☘️အဘိုး အဆင်မပြေဖြစ်သွားလို့
စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်တော် ဘာလုပ်ပေးရမလဲ အဘိုး"
အဘိုးအိုက
မမှည့်သေးတဲ့ ငှက်ပျောသီးတွေကို
ပြန်ယူလာပါ။
မနက်ဖြန်အထိ သိမ်းထားရမယ်။
မြန်မြန်လုပ်၊
ငါ့ခြေထောက်တွေ နာနေပြီ" လို့
အသံအက်အက်နဲ့အော်ဟစ်လိုက်
ပါတယ်။"
အဘိုးအိုကို ကျေနပ်စေမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ လူငယ်လေးဟာ
အလျင်အမြန် ထွက်ခွာသွားခဲ့တယ်။

☘️မိနစ်အနည်းငယ်အတွင်း
ပထမပေးထားတဲ့
ငှက်ပျောသီးတွေနဲ့ ပြန်လာခဲ့တယ်။
ဒါပေမယ့်
အဘိုးက ဒေါသထွက်သွားတယ်။
မင်းက
တကယ်ကို နှေးကွေးတဲ့ကလေးပဲ၊
စားချင်တဲ့စိတ်တောင် မရှိတော့ဘူး။
ငှက်ပျောသီးလည်း မလိုတော့ဘူး။
မင်းရဲ့
ငှက်ပျောသီးတွေ ပြန်ယူသွားလိုက်။"
ကောင်လေးက တုန်လှုပ်သွားတယ်။
ဒါပေမယ့် အဘိုးအိုရဲ့ အပြုအမူက
သူကို အံ့သြသွားစေတယ်။

☘️သူ့ရဲ့ ရှုံ့နေတဲ့
မျက်နှာက ပြုံးသွားတယ်။
အဘိုးအိုက သူ့ပခုံးကို ပုတ်ပြီး
တည်ငြိမ်စွာ ပြောခဲ့တယ်။
လူလေး၊ ဘဝမှာ တန်ဖိုးအရှိဆုံး
အတုယူဖွယ်တွေဟာ သင်ပေးလို့
မရဘူး အတွေ့အကြုံကသာ
လမ်းပြပေးနိုင်တာ။

☘️လူလေး အဘိုးကို ပေးတဲ့
ငှက်ပျောသီးတွေအားလုံးက
ကောင်းတယ်ဆိုတာ
လူလေးသိထားသင့်တယ်။
ဒါပေမယ့် အဘိုးက
ကျေးဇူးတရားကင်းမဲ့စွာ
ပြုမူခဲ့တဲ့သဘောထားက
လူလေးကိုတန်ဖိုးရှိတဲ့
ဘဝသင်ခန်းစာတခုသင်ပေးဖို့
လုပ်ခဲ့တာပါ။

☘️ဒါတွေက အဘိုးဘဝမှာ နောက်ကျမှ
သင်ယူခဲ့ရတဲ့အရာတွေပေါ့။
ဘဝမှာ လူတွေက ဒီလိုပါပဲ.။
လူလေးကို ကိုယ့်ကိုယ်ကိုယ်
မလုံလောက်ဘူး
အရည်အချင်းမပြည့်ဝဘူးလို့
ခံစားရအောင် လုပ်ကြလိမ့်မယ်။
ကိုယ်ဘယ်လောက်
ကြိုးစားကြိုးစား လူတိုင်းကို
စိတ်ကျေနပ်အောင် မလုပ်နိုင်ဘူး
ဆိုတာ
သိထားဖို့အရေးကြီးတယ်။

☘️မဟုတ်ရင် ကိုယ့်ဘဝရဲ့
အေးချမ်းမှုကို လုယူနိုင်တယ်။
ပန်းတိုင်နဲ့ အိပ်မက်တွေနောက်ကို
လိုက်ရဲတဲ့ သတ္တိကို
လုယူသွားနိုင်တယ်ဆိုတာ
သိထားဖို့ အရေးကြီးပါတယ်။

☘️ရည်မှန်းချက်
အိပ်မက်တွေနောက်ကို လိုက်ရဲတဲ့
သတ္တိ ရှိဖို့ လိုအပ်တယ်။
လူလေးဘဝကို ချနင်းဖို့ လူတွေကို
ခွင့်ပြုရင်တောင်
သူတို့ပါးစပ်က အပြစ်မလွတ်နိုင်ဘူး။
ဒါကြောင့် ဘယ်သူ့ကိုမှ
စိတ်ချမ်းသာအောင်ကျေနပ်အောင်
ဇွတ်မဖန်တီးပါနဲ့။
အတင်း မလုပ်ယူပါနဲ့။

☘️တခြားသူ စိတ်ကျေနပ်အောင်
လိုက်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ်
ပျောက်ဆုံးသွားတဲ့လူ
မဖြစ်ပါစေနဲ့ လူလေး
ပျောက်ဆုံးသွားရင်
နေပျော်တဲ့ဘဝကို မရနိုင်တော့ဘူး

☘️ကိုယ့်ဟာကိုယ်ပဲ မှန်တာကို လုပ်ပါ။
ကိုယ့်ဘာသာကိုယ်နေ၊ ကိုယ်သိတာ
မှန်တာကိုသာ လုပ်ပါ။
🙏 အောင်မြင် ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏

🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️
ဒီစာဖတ်ပြီး မိတ်ရွှေအတွက် တစ်ခုခုရလိုက်တယ်ဆိုရင်
သူငယ်ချင်း မိတ်ရွှေများပါ သိရအောင်
Share ပေးလိုက်ပါဦးခင်ဗျာ။ ကျေးဇူးပါ။
🙏 အောင်မြင်ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏
☘️☘️☘️ ☘️☘️☘️ ☘️☘️☘️
___ ___ ___
🇨🇭 PhD & MBA ကိုအွန်လိုင်း လေ့လာပြီး Switzerland နိုင်ငံတွင်
သင်၏ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ကြပါစို့ 🇨🇭
🇨🇭 အရစ်ကျအစီအစဉ်- ကနဦး $500
[ထို့နောက် လစဉ်$300 ပေးချေခြင်း]
နိုင်ငံတကာ မှ ပါမောက္ခများမှ မျက်မှောက်ခေတ်
လက်တွေ့ အသုံးချ သီအိုရီများအား သင်ကြားပေးပြီး
🇨🇭 မိမိကိုယ်တိုင် သက်ဆိုင်ရာ ၈ ဘာသာအား
🇨🇭 စာတမ်းငယ် (Assignment) ပြုစု၍ တင်ပြပြီး၊
🇨🇭 နောက်ဆုံး စာတမ်း (Final Thesis) တင်ပြပြီး
🇨🇭 ဥရောပ နှင့် အာဆီယံ အသိအမှတ်ပြု မဟာဘွဲ့ [MBA | (မိမိအထူးပြု)]
🇨🇭 မြန်မာကျောင်းသားများအတွက် မြန်မာ Study-Guideအား သီးသန့်စီစဉ်ပေးပါမည်။
🇨🇭 Switzerland နိုင်ငံ နှင့်
🇰🇭 Cambodia နိုင်ငံ Phnom Penh မြို့တွင်
ဘွဲ့နှင်းသဘင်တတ်ရောက်ယူနိုင်ပါသည်။
𝙄𝙈𝙐 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮
[𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮]
https://imu.university
☘️☘️☘️☘️☘️☘️☘️
အခု ကျွန်တော် စပိန်နိုင်ငံ ဘာစီလိုနာမှာ
နေထိုင်ပြီး Scholarship နဲ့ ပညာသင်ကြားနေပါတယ်။
ဥရောပမှာ ပညာသင်ကြားလိုတဲ့
ကျောင်းသားတွေကို ကူညီဖို့ အဆင်သင့်ပါ။
ကျွန်တော့် Whatsapp ပါ။
(+34 687 445 923)
[email protected]



 ☘️ဘာစီလိုနာမြို့ရဲ့ လမ်းမတွေပေါ်မှာညနေခင်း လေအေးလေးကို ခံစားရင်းပုံမှန်အတိုင်း လမ်းလျှောက်ထွက်နေတဲ့ အချိန်ပေါ့။ဖုန်းထဲက...
27/02/2026



☘️ဘာစီလိုနာမြို့ရဲ့ လမ်းမတွေပေါ်မှာ
ညနေခင်း လေအေးလေးကို ခံစားရင်း
ပုံမှန်အတိုင်း လမ်းလျှောက်ထွက်နေတဲ့ အချိန်ပေါ့။
ဖုန်းထဲက LinkedIn Notification လေးက
တုန်ခါပြီး တက်လာပါတယ်။

☘️မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ယောက်ဆီကပါ။
"ဆရာ... ကျွန်တော့် အရောင်းအဖွဲ့တွေ
အလုပ်တွေ အရမ်းပိနေကြတယ်၊
Customer တွေကလည်း စောင့်ရတာကြာလို့
ပြိုင်ဘက်တွေဆီကို ထွက်သွားကုန်ကြပြီ။
ဒီခေတ်မှာ AI နဲ့ ကျွန်တော့်ပြဿနာကို
လက်တွေ့ကျကျ ဖြေရှင်းလို့ ရနိုင်မလား" တဲ့။

☘️ကျွန်တော် ခဏရပ်ပြီး သူ့ကို ပြန်မေးလိုက်ပါတယ်။
"သင့်အဖွဲ့မှာ Quotation တစ်ခု ထုတ်ဖို့အတွက်
ဘယ်နေရာမှာ အချိန်အပုပ်ဆုံးလဲ" လို့။

☘️"ကျွန်တော်တို့ ပစ္စည်းတွေက အမျိုးအစား အရမ်းများတော့
ဈေးနှုန်းနဲ့ Specification တွေ တိုက်စစ်ရတာတင်
နှစ်ရက်လောက် ကြာနေတာပါ ဆရာ။
အဲဒါကြောင့် Customer က စိတ်မရှည်တော့တာ" လို့
သူက ပြန်ဖြေပါတယ်။

☘️ဒါနဲ့ ကျွန်တော်က ဒုတိယမေးခွန်းအနေနဲ့
"အဲဒီ အချက်အလက်တွေက စာအုပ်ထဲမှာလား၊
ဒစ်ဂျစ်တယ် ဖိုင်တွေအနေနဲ့ ရှိပြီးသားလား" လို့
ထပ်မေးဖြစ်ပါတယ်။

☘️"PDF တွေ၊ Excel တွေနဲ့ စနစ်တကျ ရှိပါတယ်၊
ဒါပေမဲ့ ဘယ်ဖိုင်ထဲမှာ ဘာရှိလဲဆိုတာ
ဝန်ထမ်းဟောင်းတွေပဲ သိတာပါ။
ဝန်ထမ်းသစ်ဆိုရင် ရှာရတာနဲ့တင် မိုးချုပ်တယ်" တဲ့။

☘️နောက်ဆုံး မေးခွန်းအနေနဲ့
"ဒါဆိုရင် အဲဒီအချက်အလက်တွေကို
AI က စက္ကန့်ပိုင်းအတွင်း ရှာပေးနိုင်ရင်
သင့်ဝန်ထမ်းတွေက အရောင်းပိတ်ဖို့ပဲ
အာရုံစိုက်နိုင်တော့မှာ မဟုတ်လား" လို့ မေးလိုက်တဲ့အခါ...

☘️"ဒါပေါ့ ဆရာ... အဲဒါဆိုရင်တော့
ကျွန်တော်တို့ အရောင်းတွေ ဒီထက်အများကြီး
ပိုပိတ်နိုင်မှာ သေချာတယ်" လို့ သူက
တက်တက်ကြွကြွ ပြန်ဖြေပါတယ်။

☘️သူ့ရဲ့ အခြေအနေကို နားလည်သွားတော့မှ
ကျွန်တော်က Google NotebookLM ဆိုတဲ့
Tool ကို သုံးဖို့ အကြံပြုလိုက်ပါတယ်။

☘️"ကြီးကြီးမားမားတွေ မစဉ်းစားပါနဲ့ဦး။
သင့်ဆီမှာရှိတဲ့ PDF နဲ့ Excel ဖိုင်တွေကို
NotebookLM ထဲကိုသာ 'Sources' အနေနဲ့ ထည့်လိုက်ပါ။
သူက သင့်လုပ်ငန်းရဲ့ Digital Brain ဖြစ်လာပါလိမ့်မယ်။"

☘️အထူးသဖြင့် သူ့ရဲ့ "Studio" ဆိုတဲ့ feature က
တကယ့်ကို ဂိမ်းအပြောင်းအလဲပါပဲ။
သင့်မှာရှိတဲ့ အချက်အလက်တွေကို -

☘️Audio Overview: အသံဖိုင်အဖြစ် ပြောင်းပေးလို့ လမ်းသွားရင်း နားထောင်လို့ရမယ်။

☘️Slide Deck & Mind Map: ဝန်ထမ်းအသစ်တွေ လေ့လာရလွယ်အောင် ပုံဖော်ပေးမယ်။

☘️Quiz & Flashcards: ဝန်ထမ်းတွေရဲ့ Product Knowledge ကို စမ်းသပ်လေ့ကျင့်ပေးမယ်။

☘️ဒါဟာ နည်းပညာရှင် မဟုတ်လည်း
အလွယ်တကူ လုပ်နိုင်တဲ့ Realistic ဖြစ်တဲ့ အလုပ်ပါ။
နှစ်ရက်ကြာတဲ့အလုပ်ကို မိနစ်ပိုင်းအတွင်း ပြီးစေမယ့်အပြင်၊
သင့်ဝန်ထမ်းတွေကိုပါ ပိုပြီး တော်လာအောင်
(Upskill) လုပ်ပေးနိုင်မှာပါ။

☘️မိနစ်အနည်းငယ်အတွင်းမှာပဲ
အဲဒီလုပ်ငန်းရှင်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ
ရှင်းလင်းတဲ့ လမ်းပြမြေပုံ တစ်ခုဆီကို
ချက်ချင်းပဲ ကူးပြောင်းသွားခဲ့ပါတယ်။

☘️နည်းပညာဆိုတာ ကျွန်တော်တို့ကို
ခြိမ်းခြောက်ဖို့ ပေါ်လာတာ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အလုပ်တွေကို
ပိုမို ကောင်းမွန်အောင်
ကူညီပေးဖို့ ပေါ်လာတာပါ။

☘️လောကကြီးဟာ
နည်းပညာတွေနဲ့အတူ
အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။
ကျွန်တော်တို့အားလုံးဟာ
မှန်ကန်တဲ့ လမ်းစလေးတစ်ခုကို
စတင်လိုက်ဖို့ပဲ လိုနေတာမျိုးလည်း
ဖြစ်နိုင်ပါတယ်။

🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️

ဒီစာဖတ်ပြီး မိတ်ရွှေအတွက် တစ်ခုခုရလိုက်တယ်ဆိုရင်
သူငယ်ချင်း မိတ်ရွှေများပါ သိရအောင်
Share ပေးလိုက်ပါဦးခင်ဗျာ။ ကျေးဇူးပါ။
🙏 အောင်မြင်ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏
☘️☘️☘️ ☘️☘️☘️ ☘️☘️☘️

___ ___ ___
🇨🇭 PhD & MBA ကိုအွန်လိုင်း လေ့လာပြီး Switzerland နိုင်ငံတွင်
သင်၏ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ကြပါစို့ 🇨🇭
🇨🇭 အရစ်ကျအစီအစဉ်- ကနဦး $500
[ထို့နောက် လစဉ်$300 ပေးချေခြင်း]
နိုင်ငံတကာ မှ ပါမောက္ခများမှ မျက်မှောက်ခေတ်
လက်တွေ့ အသုံးချ သီအိုရီများအား သင်ကြားပေးပြီး
🇨🇭 မိမိကိုယ်တိုင် သက်ဆိုင်ရာ ၈ ဘာသာအား
🇨🇭 စာတမ်းငယ် (Assignment) ပြုစု၍ တင်ပြပြီး၊
🇨🇭 နောက်ဆုံး စာတမ်း (Final Thesis) တင်ပြပြီး
🇨🇭 ဥရောပ နှင့် အာဆီယံ အသိအမှတ်ပြု မဟာဘွဲ့ [MBA | (မိမိအထူးပြု)]
🇨🇭 မြန်မာကျောင်းသားများအတွက် မြန်မာ Study-Guideအား သီးသန့်စီစဉ်ပေးပါမည်။
🇨🇭 Switzerland နိုင်ငံ နှင့်
🇰🇭 Cambodia နိုင်ငံ Phnom Penh မြို့တွင်
ဘွဲ့နှင်းသဘင်တတ်ရောက်ယူနိုင်ပါသည်။
𝙄𝙈𝙐 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮
[𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮]
https://imu.university
☘️☘️☘️☘️☘️☘️☘️

အခု ကျွန်တော် စပိန်နိုင်ငံ ဘာစီလိုနာမှာ
နေထိုင်ပြီး Scholarship နဲ့ ပညာသင်ကြားနေပါတယ်။
ဥရောပမှာ ပညာသင်ကြားလိုတဲ့
ကျောင်းသားတွေကို ကူညီဖို့ အဆင်သင့်ပါ။
ကျွန်တော့် Whatsapp ပါ။
(+34 687 445 923)
[email protected]


    ☘️ဂိတ်အမှတ် ၁၂ ရဲ့ လော်စပီကာကနေ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အင်ဂျင်ချို့ယွင်းမှုကြောင့် ချီကာဂိုကိုသွားမယ့် လ...
15/02/2026


☘️ဂိတ်အမှတ် ၁၂ ရဲ့ လော်စပီကာကနေ
ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
အင်ဂျင်ချို့ယွင်းမှုကြောင့် ချီကာဂိုကိုသွားမယ့်
လေယာဉ်အမှတ် ၁၀၉၂ ကို ဖျက်သိမ်းလိုက်
ပါပြီ" တဲ့။

☘️ခဏချင်းမှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့
အခြေအနေက ဆိုးရွားသွားပါတော့တယ်။
ပျင်းရိငြီးငွေ့နေတဲ့
ခရီးသည် နှစ်ရာလောက်ဟာ ဒေါသတကြီးနဲ့
ဂိတ်ဝန်ထမ်းတွေဆီ ဝိုင်းအုံသွားပြီး သူတို့ရဲ့
မကျေနပ်ချက်တွေကို ပေါက်ကွဲကြပါတယ်။
ဒါဟာ လေဆိပ်တွေမှာ ကြုံရလေ့ရှိတဲ့
အဆိုးရွားဆုံး အိပ်မက်ဆိုးတစ်ခုပါပဲ။

☘️ကျွန်တော်ကတော့ ထောင့်တစ်နေရာမှာ
ကုတ်ကုတ်လေး ထိုင်နေမိပါတယ်။
သူငယ်ချင်းဖြစ်သူရဲ့
ဘွဲ့နှင်းသဘင် အခမ်းအနားကို သွားဖို့
အချိန်ကုန်သက်သာအောင် ဝတ်စုံအပြည့်
ဝတ်ထားခဲ့တာပါ။
အခုတော့ အတ္တလန်တာ လေဆိပ်မှာ
ဝတ်စုံအပြည့်နဲ့ သောင်တင်နေရပြီဖြစ်သလို
ဖုန်းဘက်ထရီကလည်း
၂ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်။
အားသွင်းကြိုးကလည်း ပါမလာခဲ့ပါဘူး။

☘️အဲ့ဒီအချိန်မှာ
ကျွန်တော့်ဘေးက အမျိုးသမီးတစ်ယောက်ဟာ
ခုံပေါ်ကို ပစ်ထိုင်ချလိုက်ပြီး ရှိုက်ကြီးတငင်
ငိုပါတော့တယ်။
ဒါဟာ သာမန်စိတ်ပျက်လို့ ငိုတာမျိုး မဟုတ်ဘဲ
ရင်ကွဲမတတ် ခံစားနေရတဲ့ အသံမျိုးပါ။
အဆင်ပြေရဲ့လားခင်ဗျာ" လို့ ကျွန်တော်
မေးလိုက်မိပါတယ်။
မနက်ဖြန်မနက် ချီကာဂိုမှာ သမီးလေးက
အထူးကုဆရာဝန်နဲ့ ပြဖို့ရှိနေတာပါ။
သူက ခုနစ်နှစ်ပဲ ရှိပါသေးတယ်။
ဒီနှစ်ထဲမှာ
ခွဲစိတ်မှု သုံးကြိမ်တောင် လုပ်ထားရတော့
သူ အရမ်းကြောက်နေရှာတာ။
ခွဲစိတ်ခန်းထဲ သွင်းတဲ့အချိန်မှာ သူ့လက်ကို
ကိုင်ထားပေးမယ်လို့
ကျွန်မ ကတိပေးထားခဲ့တာပါ" ဆိုပြီး သူမက
တုန်တုန်ရီရီနဲ့ ပြောပြရှာပါတယ်။

☘️အဲ့ဒီစကားကို ကြားလိုက်ရတဲ့အခါ
ကျွန်တော်သွားမယ့် ဘွဲ့နှင်းသဘင်
အခမ်းအနားဆိုတာ ဘာမှမဟုတ်တော့သလို
ခံစားလိုက်ရပါတယ်။
အနားမှာရှိနေတဲ့ ဝတ်စုံသပ်သပ်ရပ်ရပ်နဲ့
အမျိုးသားတစ်ယောက်ကတော့ ချက်ချင်းပဲ
ထရပ်လိုက်ပြီး သူ့ရဲ့ လေယာဉ်လက်မှတ်ကို
ကမ်းပေးလိုက်ပါတယ်။

☘️ဒီလက်မှတ်ကို ယူလိုက်ပါ ခင်ဗျာ။
ကျွန်တော်က ညနေ ၄ နာရီ ချီကာဂိုသွားမယ့်
First Class လက်မှတ်ပါ။
ကျွန်တော်တို့ အချင်းချင်း လဲလိုက်ရအောင်" လို့
သူက ဆိုပါတယ်။
အမျိုးသမီးက အံ့သြတုန်လှုပ်သွားပြီး
ဒါပေမဲ့... ရှင်သွားရမယ့် ခရီးစဉ်ကကော" လို့
ပြန်မေးပါတယ်။
ဒါက အရောင်းအဝယ် ကိစ္စ အစည်းအဝေးတစ်ခုပါပဲ။
ကျွန်တော် ဗီဒီယိုကနေ တက်လိုက်လို့ ရပါတယ်။

☘️သမီးလေးအတွက်
သူ့အမေက ပိုအရေးကြီးပါတယ်" လို့ သူက
ပေါ့ပေါ့ပါးပါးပဲ တုံ့ပြန်ခဲ့ပါတယ်။
အဲ့ဒီ လူတစ်ယောက်ရဲ့ စေတနာက တစ်ခန်းလုံးမှာ
ရှိတဲ့ လူတွေရဲ့
စိတ်ဓာတ်ကို ချက်ချင်း ပြောင်းလဲသွားစေခဲ့ပါတယ်။
ကိုယ်လွတ်ရုန်းမယ်" ဆိုတဲ့ အတ္တစိတ်တွေဟာ
ချက်ချင်းပဲ ပျောက်ကွယ်သွားပါတော့တယ်။

☘️အနားက လူငယ်လေးတစ်ယောက်က
သူ့ကျောပိုးအိတ်ထဲကနေ Power Bank
ထုတ်ပေးပြီး "ရော့ အစ်ကို...
ဖုန်း အားသွင်းလိုက်ဦး" လို့ ပြောပါတယ်။
သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက်ကလည်း
သူစားဖို့ ထုပ်လာတဲ့ ဆန်းဒဝစ်တွေကို
လိုက်ဝေပါတော့တယ်။
ခရီးသည်အဖြစ် လိုက်ပါလာတဲ့ လေယာဉ်မှူး
တစ်ယောက်ကလည်း
သူ့ရဲ့ Laptop ကို ဖွင့်လိုက်ပြီး မိသားစုတွေ
မြန်မြန်ဆန်ဆန်
ခရီးဆက်နိုင်မယ့် လမ်းကြောင်းတွေကို
လေကြောင်းလိုင်းရဲ့ စနစ်ထဲမှာ ကူညီရှာဖွေပေး
နေခဲ့ပါတယ်။

☘️အရေးပေါ် ချီကာဂိုကို သွားဖို့ လိုတဲ့သူတွေ
ဘယ်သူရှိလဲ" လို့ တစ်ယောက်ယောက်က
အော်မေးလိုက်တော့
လက်အနည်းငယ် တက်လာကြပါတယ်။
သူစိမ်းတွေဟာ လက်မှတ်တွေကို အချင်းချင်း
လဲလှယ်ကြ၊
စောင့်ဆိုင်းစာရင်းတွေကို နှိုင်းယှဉ်ကြည့်ကြနဲ့
ကားငှားဖို့အထိပါ
ဝိုင်းဝန်း စီစဉ်ပေးနေကြတာကို မြင်ရပါတယ်။

☘️စစ်သားလေးတစ်ယောက်ကတော့ ကလေးငယ်
တစ်ယောက်နဲ့ ခရီးဆောင်အိတ် အပုံလိုက်ကို
သယ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို တွေ့သွား
ပါတယ်။ "
ကျွန်တော် မြောက်ဘက်ကို မောင်းဖို့ ဗင်ကားတစ်စီး
ငှားထားတာ ရှိပါတယ်။
တစ်ညလုံး မောင်းရမှာဆိုပေမဲ့ မနက်မိုးလင်းရင်
မြို့ကို ရောက်နိုင်မှာပါ။
ကားထဲမှာလည်း
နေရာအများကြီး ကျန်ပါသေးတယ်" လို့ သူက
ကမ်းလှမ်းလိုက်ပါတယ်။
အမျိုးသမီးက ဘာမှစဉ်းစားမနေတော့ဘဲ
အိတ်တွေကို ဆွဲလိုက်ပြီး "
ဘုရားသခင် ကောင်းချီးပေးပါစေရှင်" လို့
ဝမ်းသာအားရ ပြောလိုက်ပါတယ်။

☘️မိနစ် ၆၀ အတွင်းမှာပဲ
အဲ့ဒီ ဂိတ်ဝဟာ ဒေါသထွက်နေတဲ့ သူစိမ်းတွေ
စုဝေးရာကနေ တစ်ယောက်ကိုတစ်ယောက်
ကူညီနေကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ခုလို
ဖြစ်သွားခဲ့တာပါ။
ကျွန်တော်လည်း နောက်ဆုံးမှာတော့ တခြား
ခရီးသည် နှစ်ယောက်နဲ့ ကားအတူငှားပြီး
ဘွဲ့နှင်းသဘင်ကို အချိန်မီ ရောက်သွားခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီနေ့က အဖြစ်အပျက်ကို
ကျွန်တော် ခဏခဏ ပြန်တွေးမိနေတုန်းပါပဲ။

☘️ဒေါသတွေကနေ
ကြင်နာမှုတွေဆီကို ဘယ်လောက်တောင်
မြန်မြန်ဆန်ဆန် ကူးပြောင်းသွားခဲ့သလဲ
ဆိုတာကိုပေါ့။
လူတစ်ယောက်ရဲ့ ပေးဆပ်မှုက လူပေါင်းနှစ်ရာကို
သူတို့ရဲ့ အကောင်းဆုံး စိတ်ဓာတ်တွေ ထုတ်ပြဖို့
လမ်းဖွင့်ပေးလိုက်သလိုပါပဲ။
လောကကြီးဟာ
သတင်းတွေမှာ ဖော်ပြနေသလောက်ကြီး
ပျက်စီးမနေသေးဘူးလို့ ထင်ရပါတယ်။
ကျွန်တော်တို့အားလုံးဟာ တစ်ယောက်ယောက်က
လမ်းစလေး ဖော်ပေးလိုက်ရင်ပဲ အကောင်းဆုံး
လူသားတွေ ဖြစ်လာဖို့ အဆင်သင့်
စောင့်နေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
⬛ Translated by apovlog

🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️
အားလပ်ချိန်လေးမှာ လေ့လာဖတ်ရှုမိသော
စာပေအနှစ်ချုပ် Essence များကို
ပြန်လည် မျှဝေပေးခြင်းသာ။
ဒီစာဖတ်ပြီး ဘ၀အတွက် တစ်ခုခုရလိုက်တယ်ဆိုရင်
သူငယ်ချင်း မိတ်ရွှေများပါ သိရအောင်
Share ပေးလိုက်ပါဦးခင်ဗျာ။ ကျေးဇူးပါ။
🙏 အောင်မြင်ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏
☘️☘️☘️ ☘️☘️☘️ ☘️☘️☘️
___ ___ ___

🇨🇭 PhD & MBA ကိုအွန်လိုင်း လေ့လာပြီး Switzerland နိုင်ငံတွင်
သင်၏ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ကြပါစို့ 🇨🇭
🇨🇭 အရစ်ကျအစီအစဉ်- ကနဦး $500
[ထို့နောက် လစဉ်$300 ပေးချေခြင်း]
နိုင်ငံတကာ မှ ပါမောက္ခများမှ မျက်မှောက်ခေတ်
လက်တွေ့ အသုံးချ သီအိုရီများအား သင်ကြားပေးပြီး
🇨🇭 မိမိကိုယ်တိုင် သက်ဆိုင်ရာ ၈ ဘာသာအား
🇨🇭 စာတမ်းငယ် (Assignment) ပြုစု၍ တင်ပြပြီး၊
🇨🇭 နောက်ဆုံး စာတမ်း (Final Thesis) တင်ပြပြီး
🇨🇭 ဥရောပ နှင့် အာဆီယံ အသိအမှတ်ပြု မဟာဘွဲ့ [MBA | (မိမိအထူးပြု)]
🇨🇭 မြန်မာကျောင်းသားများအတွက် မြန်မာ Study-Guideအား သီးသန့်စီစဉ်ပေးပါမည်။
🇨🇭 Switzerland နိုင်ငံ နှင့်
🇰🇭 Cambodia နိုင်ငံ Phnom Penh မြို့တွင်
ဘွဲ့နှင်းသဘင်တတ်ရောက်ယူနိုင်ပါသည်။
𝙄𝙈𝙐 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮
[𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮]
https://imu.university
☘️☘️☘️☘️☘️☘️☘️

+855 768383 199
အခု ကျွန်တော် စပိန်နိုင်ငံ ဘာစီလိုနာမှာ
နေထိုင်ပြီး Scholarship နဲ့ ပညာသင်ကြားနေပါတယ်။
ဥရောပမှာ ပညာသင်ကြားလိုတဲ့
ကျောင်းသားတွေကို ကူညီဖို့ အဆင်သင့်ပါ။
ကျွန်တော့် Whatsapp ပါ။
(+34 687 445 923)
[email protected]




At PRBB - Parc de Recerca Biomèdica de Barcelona, Medical Research Centre

  ☘️တစ်ခါက သူဌေးကြီးတစ်ဦးမှာ မိတ်ဆွေ အိမ်ဆောက်သမား တစ်ဦးရှိတယ်။အိမ်ဆောက်သမားက ကံဆိုးပြီးအလုပ်အကိုင်မကောင်းခဲ့ဘူး။☘️ဒါကို...
04/01/2026



☘️တစ်ခါက သူဌေးကြီးတစ်ဦးမှာ
မိတ်ဆွေ အိမ်ဆောက်သမား တစ်ဦးရှိတယ်။
အိမ်ဆောက်သမားက ကံဆိုးပြီး
အလုပ်အကိုင်မကောင်းခဲ့ဘူး။

☘️ဒါကို..သူဌေးကြီးက စိတ်မကောင်းဖြစ်ပြီး
ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။
သူဌေးကြီးက အိမ်ဆောက်သမားကို
ဒေါ်လာ ၂သိန်း ထုတ်ပေးပြီး...
ဒီငွေတွေနဲ့
ငါ့ကို အိမ်အသစ်တစ်လုံးဆောက်ပေး။
အစအဆုံး မင်းပဲ တာဝန်ယူပါ။
ဆောက်ပြီးရင် ငါ့ကို လာပြော။
လုပ်ခ ‌ကောင်းကောင်းပါ ပေးဦးမယ်။
အိမ်ဆောက်သမားက အလုပ်ရသွားလို့
အရမ်းစိတ်လှုပ်ရှားခဲ့တယ်။

☘️သူက တွေးလိုက်တယ်...
ငါ ဖြတ်လမ်းလိုက်ပြီး ဟိုနားဒီနား
ခိုလိုက်ရင်
ဘယ်သူမှ မသိဘဲ အပိုဝင်ငွေ ရမှာပဲ။"
ဒီလိုနဲ့ သူက
ဈေးအပေါဆုံး ကွန်ကရစ်ကိုဝယ်၊
အလုပ်သမားတွေကို ဖုံးကာခိုင်းလိုက်တယ်။
အုတ်မြစ်လုပ်တာနဲ့တင် တော်တော်မြတ်
သွားခဲ့ပါပြီ။
ဈေးအပေါဆုံး သစ်တွေ ဝယ်ခဲ့တယ်။
အိုဟောင်း
စုတ်ပြတ်နေပေမယ့် သူဂရုမစိုက်ပါဘူး။
နံရံတွေ
အနောက်မှာ ဘယ်သူမှမမြင်ဘူးလေ။
ဈေးအပေါဆုံး ပိုက်တွေ၊ လျှပ်စစ်တွေ
တပ်ခဲ့တယ်။
နေရာစုံ ဖြတ်လမ်းလိုက်ပြီး ငွေရှာခဲ့တယ်။

☘️အိမ်ဆောက်ပြီးသွားတော့
သူ့မှာ ဒေါ်လာ ၄ သောင်း စုမိခဲ့လို့
ပျော်ရွှင်ပြီး ပိုင်ရှင်သူဌေးကြီးကို
ခေါ်လိုက်တယ်။
ပိုင်ရှင်က အရမ်းကြိုက်သွားတယ်။
အပြင်ပန်းမှာ အရမ်းလှတယ်လေ။
မဟုတ်တာလုပ်ထားမှန်း မသိရဘူး။
အိမ်ဆောက်သမားက လုပ်အားခရဖို့
မျှော်နေပါတယ်။

☘️ပိုင်ရှင်က အရမ်းရက်ရောတယ်လေ။
ပိုင်ရှင်က
တကယ်တော့ အိမ်အသစ်တစ်လုံး
ငါမလိုပါဘူး။
ငါ့မှာ အိမ်ကောင်းကောင်းရှိပြီးသား။
ငါမင်းကို ကူညီချင်လို့ပါ”
မင်းအိမ်ကို မင်းဆောက်လိုက်တာပဲ” လို့
ပြောပြီး အိမ်သော့ကို ပေးလိုက်တယ်။ ‎‫
အိမ်ဆောက်သမားက သတိမေ့လုနီးပါး
ဖြစ်ပြီး
ဒီလိုမှန်းသိရင် ငါကောင်းကောင်းလေး
ဆောက်ပါတယ်” လို့ တွေးပြီး နောင်တရ
သတဲ့။

☘️ကျွန်တော်တို့လည်း ကိုယ့်အိမ်ကိုယ်
ဆောက်နေကြမှန်း သိချင်မှ သိမှာပါ။
ရေသာခို အချောင် ဖြတ်လမ်းလိုက်ရင်းနဲ့
ဒါတွေဟာ အခြားသူကို မထိခိုက်ပဲ
မိမိကိုယ်ကို ထိခိုက်နေတာပါ။

☘️အပြင်ပန်းမှာ ကြည့်ကောင်းနေပေမယ့်
အရေးကြီးတာက အတွင်းထဲကအရာပါ။
ကျွန်တော်တို့ အုတ်မြစ်တွေ မကောင်းတော့
ဘူးလား
ပေးထားတဲ့ကတိတွေ မတည်တော့ဘူးလား။
ရုံးမှာ အချောင်ခိုနေပြီလား
သင့်အိမ်ကို ဘာတွေနဲ့ ဆောက်နေတာလဲ

☘️ရိုးသားဖြောင့်မတ်သူဖြစ်ဖို့ တောင်းဆိုပါတယ်။
ဘယ်သူမှမမြင်ပေမယ့် မှန်တာကိုလုပ်ပါ။
သေးငယ်တဲ့အရာတွေကြောင့်
ပန်းတိုင်ကြီးနဲ့ မလွဲစေနဲ့။

☘️ဒီစမ်းသပ်မှုကို အောင်မြင်လိုက်ပါ။
ဂုဏ်ရှိသူ၊ ယုံကြည်ခံရသူ၊ ကတိတည်သူ
ဖြစ်ပါစေ။

Let's try our Best!
ကျေးဇူးတင်ပါတယ်။
#ဘူးသီးးး

🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️
အားလပ်ချိန်လေးမှာ လေ့လာဖတ်ရှုမိသော
စာပေအနှစ်ချုပ် Essence များကို
ပြန်လည် မျှဝေပေးခြင်းသာ။
ဒီစာဖတ်ပြီး ဘ၀အတွက် တစ်ခုခုရလိုက်တယ်ဆိုရင်
သူငယ်ချင်း မိတ်ရွှေများပါ သိရအောင်
Share ပေးလိုက်ပါဦးခင်ဗျာ။ ကျေးဇူးပါ။
🙏 အောင်မြင်ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏
☘️☘️☘️ ☘️☘️☘️ ☘️☘️☘️

___ ___ ___
🇨🇭 PhD & MBA ကိုအွန်လိုင်း လေ့လာပြီး Switzerland နိုင်ငံတွင်
သင်၏ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ကြပါစို့ 🇨🇭
🇨🇭 အရစ်ကျအစီအစဉ်- ကနဦး $500
[ထို့နောက် လစဉ်$300 ပေးချေခြင်း]
နိုင်ငံတကာ မှ ပါမောက္ခများမှ မျက်မှောက်ခေတ်
လက်တွေ့ အသုံးချ သီအိုရီများအား သင်ကြားပေးပြီး
🇨🇭 မိမိကိုယ်တိုင် သက်ဆိုင်ရာ ၈ ဘာသာအား
🇨🇭 စာတမ်းငယ် (Assignment) ပြုစု၍ တင်ပြပြီး၊
🇨🇭 နောက်ဆုံး စာတမ်း (Final Thesis) တင်ပြပြီး
🇨🇭 ဥရောပ နှင့် အာဆီယံ အသိအမှတ်ပြု မဟာဘွဲ့ [MBA | (မိမိအထူးပြု)]
🇨🇭 မြန်မာကျောင်းသားများအတွက် မြန်မာ Study-Guideအား သီးသန့်စီစဉ်ပေးပါမည်။
🇨🇭 Switzerland နိုင်ငံ နှင့်
🇰🇭 Cambodia နိုင်ငံ Phnom Penh မြို့တွင်
ဘွဲ့နှင်းသဘင်တတ်ရောက်ယူနိုင်ပါသည်။

𝙄𝙈𝙐 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮
[𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮]
https://imu.university
☘️☘️☘️☘️☘️☘️☘️
+855 768383 199

အခု ကျွန်တော် စပိန်နိုင်ငံ ဘာစီလိုနာမှာ
နေထိုင်ပြီး Scholarship နဲ့ ပညာသင်ကြားနေပါတယ်။
ဥရောပမှာ ပညာသင်ကြားလိုတဲ့
ကျောင်းသားတွေကို ကူညီဖို့ အဆင်သင့်ပါ။
ကျွန်တော့် Whatsapp ပါ။
(+34 687 445 923)
[email protected]




The Outstanding Asia Pacific Franchise & Brand Fast Expansion Strategy Award
(2025) presented by H.E. Mat Sary, Under Secretary of State, Ministry of Industry,
Science, Technology & Innovation.

Dirección

Barcelona
08024

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Dr.Ken - PhD - Social Entrepreneur publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Contacto La Empresa

Enviar un mensaje a Dr.Ken - PhD - Social Entrepreneur:

Compartir

Categoría