26/08/2022
ဥရောပမှာ ဘဏ်အချင်းချင်း ငွေလွှဲတဲ့အခါ အမြန်လွှဲနည်းက နာရီပိုင်းအတွင်းရောက်ပါတယ်။ ကိုယ့်ရဲ့ဘဏ်ကို အမြန်လွှဲတဲ့စနစ် ဖွင့်ထားပေးရန် ကြိုပြောထားဖို့ လိုပါမယ်။ အနှေးလွှဲနည်းက ၄၈နာရီအတွင်းရောက်နိုင်သလို၊ တခါတလေ ၃ ရက်လောက်ကြာပါတယ်။ သောကြာနေ့မှာလွှဲရင် weekend ခံပြီး တနင်္လာနေ့မှဘဏ်တွေဖွင့်တဲ့အတွက် ပိုပြီးကြာတတ်ပါတယ်။ သောကြာနေ့နဲ့ weekend မှာ အနှေးလွှဲနည်းကို ရှောင်ကြပါ။
အကယ်၍ ၁ ပတ်အတွင်းမှ လွှဲတဲ့ဘက်ကို ငွေမဝင်သေးရင် ပထမဆုံးလုပ်ရမှာက ကိုယ်လွှဲခဲ့တဲ့ ဘဏ်အကောင့်နံပါတ် မှန်မမှန် ပြန်စစ်ကြည့်ပါ။ နံပါတ်မှန်တယ်ဆိုရင် ကိုယ့်ရဲ့ဘဏ်ကို ငွေထွက်သွားပြီးလားဆိုတာ အရင်မေးရမှာပါ။ အကောင့်မှာ အနှုတ်လက္ခဏာပေါ်တိုင်း တဖက်ဘဏ်ကို ငွေချက်ချင်းမရောက်ပါ။
တဖက်မှာလဲ ငွေလွှဲလက်ခံသူက သူရဲ့ဘဏ်ကို ငွေလွှဲသူရဲ့ အမည်၊ နေတဲ့နိုင်ငံ၊ လွှဲတဲ့ငွေပမာဏအတိအကျနဲ့ ဝင်လာမလာ မေးရပါတယ်။
တခါတလေ ဘဏ်တွေရဲ့ နိုင်ငံခြားငွေလွှဲဌာနက မလွှဲပေးပဲ (hold) ကိုင်ထားတတ်ပါတယ်။ ပထမဆုံး ဘဏ်အကောင့်အသစ်တခုကိုလွှဲခြင်း၊ ငွေပမာဏများခြင်း၊ တပတ်အတွင်း လွှဲနိုင်တဲ့ ငွေပမာဏထက် ကျော်သွားခြင်း၊ အကောင့်ထဲမှာ ငွေအလုံအလောက်မရှိခြင်း၊ သင်္ကာမကင်းဖြစ်ခြင်းတို့ကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အဲဒီအချိန်မှာ စိတ်ငြိမ်စွာထားပြီး နှစ်ဘက်လုံးက ဘဏ်ကို (သို့) ကိုယ့်ရဲ့ ဘဏ်ကအကြံပေးကို အကျိုးကြောင်းရှင်းပြရပါတယ်။
ဘာကြောင့် ငွေလွှဲရတယ်၊ ဘယ်လိုပတ်သတ်တယ်ဆိုတာကို ရှင်းပြရပါတယ်။ တခါတလေ ID (သို့) passeport တောင်းပါတယ်။
အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အရင်ဆုံး ပူးပေါင်းဖြေရှင်းရမှာပါ။ တဖက်နဲ့တဖက် ဘဏ်တွေကအကြောင်းပြန်တဲ့စာတွေကို ဖလှယ်ရပါတယ်။ ဒါမှ ဘဏ်တွေက မှန်မမှန် စစ်ပေးလို့ရမှာပါ။ ယူရိုငွေ ၁သောင်း အောက်ကတော့ အထက်ကအချက်အလက်တွေနဲ့ ဘဏ်ကို ဖုန်းနဲ့သေချာရှင်းပြရင်လဲပဲ အစဉ်ပြေပါတယ်။
ဒါကြောင့် ဥရောပမှာ ငွေလွှဲမယ်ဆိုရင် ဘာကြောင့်လွှဲတယ်၊ ငွေလက်ခံသူနဲ့ ဘယ်လိုပတ်သတ်တယ်ဆိုတာကို လိုအပ်ရင် ဘဏ်ကိုပြောဖို့ ကြိုတင်ပြင်ဆင်ထားရင် ပိုကောင်းပါတယ်။ ဥရောပ ဘဏ်အချင်းချင်း လွှဲတာဖြစ်တဲ့အတွက် မြန်မာပြည်မှ ငွေလက်ခံမယ့်သူ (သို့) ငွေပို့တဲ့သူအကြောင်း ထည့်ပြောစရာမလိုပါ။ မြန်မာပြည်အကြောင်း ထည့်မပြောရင် ပိုလို့အစဉ်ပြေပါတယ်။
ကျွန်တော်တို့ရဲ့ ဒီ page ကနေ ငွေလွှဲတဲ့သူတွေကိုတော့ ငွေလွှဲတဲ့အခါ ထည့်ရေးရမယ့် လိုအပ်တဲ့အကြောင်းပြချက်ကို ကြိုပြောပေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ လွှဲတာဆိုပေမယ့် ဥရောပဘဏ်စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်မှ ငွေဆုံးရှူံးမှု မရှိခဲ့ပါ။
ယခင်ကပြောခဲ့သလို ကျွန်တော်တို့ team အဖွဲ့က ခေတ်ပညာတတ်၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့ လူငယ်တွေနဲ့ လုပ်ကိုင်တာဖြစ်လို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်လက်တွေကို စပ်စုခြင်း၊ ဖြန့်ဝေခြင်းများလဲ မလုပ်ပါ။ ဒါကြောင့် ယုံကြည်စိတ်ချ လွတ်လပ် ပွင့်လင်းစွာ ပြောဆို ဆက်ဆံနိုင်ပါတယ်။
Western Union၊ MoneyGram၊ Google ပေါက်ဈေးထက် ပိုပေးခြင်း၊ ဝန်ဆောင်ခ လျော့ချပေခြင်းတို့ဖြင့် ဖိတ်ချင်းဖိတ် ကိုယ့်မြန်မာလူမျိုးအိတ်ထဲပဲ ဖိတ်စေချင်တဲ့အတွက် ဒီဝန်ဆောင်မှုကို အတတ်နိုင်ဆုံး မြန်ဆန်ချောမွေ့အစဉ်ပြေအောင် လုပ်ဆောင်ပေးနေပါတယ်။
ပြည်ပရောက် မြန်မာအချင်းချင်း ရိုးသားယဉ်ကျေးစွာဆက်ဆံခြင်း၊ တဦးနဲ့တဦး ဖေးမကူညီကြပါလို့ မေတ္တာစကားဖြင့် အဆုံးသတ်ကာ၊ ဥရောပ၌ ငွေလွှဲခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို မျှဝေပေးလိုက်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
ဥရောပ-မြန်မာငွေလွှဲ ဝန်ဆောင်မှု ( team )