Dr. Aung Ko Ko

Call Directions Contact the business

Dr. Aung Ko Ko HR and English 4 skills trainer

မျက်နှာက အတွန့်တွေမှာ သမိုင်းကိုယ်စီရှိတယ်
11/10/2026

မျက်နှာက အတွန့်တွေမှာ သမိုင်းကိုယ်စီရှိတယ်

30/09/2026

Student Zero..

ဒီနေ့ပြောပြချင်တာ Student Zero ဆိုတဲ့ concept ပါ။

Patient Zero ဆိုတဲ့ concept ကနေ လာပါတယ်။

အတန်းထဲမှာ ကျောင်းသား ၄ ယောက်ရှိရင်

No.1 student က အဲဒီအတန်းရဲ့ အရေးအကြီးဆုံး ကျောင်းသားပါ။ "ပထမဦးစားပေး" လို့ ပြောကြသလိုပေါ့။

တကယ်သင်ရမှာ ကျောင်းသားအရေအတွက် N+1 ပါ။

အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်မှာ ကလေး ၂ ယောက်ရှိရင် N+1 နဲ့ ၃ ယောက်ရှိတယ်လို့ သဘောထားရသလိုပဲ

ကိုယ့်အတန်းထဲ ကျောင်းသား ၄ ယောက်ရှိရင် တကယ်ရှိတာ ၅ ယောက်ပါ။

အပေါ်က အမျိုးသမီးအတွက် Child Zero ဟာ သူ့ယောကျာ်းပါ။

Student Zero ဟာ ကိုယ်ကိုယ်တိုင်ပါ။

ကိုယ်သင်တာကို အဲ့ကျောင်းသားတတ်သလား ဆိုတာ နံပတ်တစ်ကျောင်းသား တတ်တယ် မတတ်ဘူးဆိုတာထက် ပိုအရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို အရင်ဆုံးတတ်အောင်သင်။

မတတ်သေးရင် မတတ်တတ်အောင် နည်းမျိုးစုံနဲ့သင်။ ဒါမှ ကျန်ဘယ်နှစ်ယောက် သင်ရသင်ရ အဆင်ပြေပါလိမ့်မယ်။

ကိုယ်သင်ပြတာကို အဲဒီ Student Zero မှ မတတ်ရင် တခြားဘယ်ကျောင်းသားမှ မတတ်ပါဘူး။

29/09/2026

Relationship တွေ အဆုံးသတ်ရခြင်းမှာ ၂ မျိုးရှိတယ်ဗျ။

အချစ်မရှိတော့လို့ အဆုံးသတ်သွားတဲ့ relationship ဆိုတာ ရှိတယ်။

အချစ်ရှိနေပြီး ကျန်တဲ့လိုအပ်ချက်တွေ မရှိတော့လို့ အဆုံးသတ်ရတဲ့ relationship ဆိုတာ ရှိတယ်။

ဒုတိယတစ်မျိုးက သင့်ကို လူမှန်းသူမှန်းမသိ ကွဲကြေစေတယ်။

ဘာလို့ဆို RS တစ်ခုကို မချစ်တော့လို့ အဆုံးသတ်ရတာ လွယ်တယ်။

ချစ်တယ် ဒါပေမဲ့ ဘယ်လိုမှ သည်းခံလို့မရတော့တာ ရှင်သန်လို့မရတော့တာကြောင့် အဆုံးသတ်ရတာ ကြေကွဲဖို့ပိုကောင်းတယ်။

August 31 ကနေစ တစ်ပတ် ၂ ရက် almost 24-hour fasting (ဘာလို့ almost ဆိုတော့ ဒီနေ့ နေ့လည်စာကနေ နောက်နေ့ နေ့လည်စာထိ ရေသီးသန့...
27/09/2026

August 31 ကနေစ တစ်ပတ် ၂ ရက်

almost 24-hour fasting (ဘာလို့ almost ဆိုတော့ ဒီနေ့ နေ့လည်စာကနေ နောက်နေ့ နေ့လည်စာထိ ရေသီးသန့်သောက်တာ။ ဒါပေမဲ့ ပထမနေ့ရဲ့ နေ့လည်စာင်္ပြးချိန်က ၁၂:၃၀ လောက်ဖြစ်ပြီး ပြန်စားတဲ့ နေ့လည်စာက ၁၁ နာရီ ဖြစ်နေလို့)

ကျန်တဲ့ရက်တွေလည်း မနက်စာ မစားတာများတယ်။

၁၈၀ ကနေ ၁၇၀ ရောက်။

နှစ်ကုန်လောက်ထိတော့ ဆက်သွားကြည့်ဦးမယ်။

23/09/2026

သီချင်းအကျယ်ကြီးဖွင့်ပြီး ကားမောင်းနေတဲ့ ကျနော့်တူ

ဆူညံသံ သဘောမကျပေမဲ့ သူ့ခေါင်းက သံစဉ်နဲ့ လိုက်လှုပ်ရှားနေတာမြင်ပြီး ဘာမှမပြောဖြစ်။

ခဏအကြာ

"ဦး...သားတို့ လမ်းမှားပြီထင်တယ်"

"မြေပုံကြည့်မောင်းနေတာပဲမလား သားရဲ့"

"ဟုတ်...အာရုံများသွားလို့နေမယ်"

"ခုချိန်မှာ သားအာရုံမှာ အထင်းဆုံးကဘာလဲ"

"သီချင်းသံ"

"ဒါဆို သားဘာလုပ်မလဲ"

"သီချင်းသံ နည်းနည်းလျှော့ရမယ်"

"လျှော့ကြည့်လေ"

အသံတိုးလိုက်ပြီး ခဏအကြာ

"ဟုတ်တယ် ဦး...ဒီလမ်းသား မမြင်လိုက်တာ။ ခု တွေ့ပြီ"
..

ကျနော်တို့နေ့စဉ်ဘဝမှာ

ဆူညံသံတွေ များတယ်။

သီချင်းတစ်ပုဒ်က လမ်းတစ်လမ်းလုံးကို မမြင်အောင် လုပ်ပစ်နိုင်ရင်

ဘဝရဲ့ အခြားသောဆူညံသံမျိုးစုံက

ကျနော်တို့ကို ဘာတွေမမြင်အောင် လုပ်နိုင်မလဲ?
..

ဒါကြောင့်

ကိုယ့်ရဲ့ အတွေးပေါင်းစုံ

ကြော်ငြာပေါင်းစုံ

Screen ပေါင်းစုံက ဆူညံသံပေါင်းစုံကို

လျှော့ချပြီး နေထိုင်ကြည့်ပါ။

ကျနော်တို့ ပိုမြင်လာပါလိမ့်မယ်။

ချစ်ခင်စွာ...

အောင်ကို

Wawawiwa ကို ကျနော်အရမ်းသဘောကျတာ ဒါလေးတွေကြောင့်ပါ။သူက inclusive ဖြစ်တယ်။ကျနော်တို့အားလုံးမှာ သဘာဝမတူတဲ့ မိတ်ဆွေလေးတွေရှ...
30/07/2026

Wawawiwa ကို ကျနော်အရမ်းသဘောကျတာ ဒါလေးတွေကြောင့်ပါ။

သူက inclusive ဖြစ်တယ်။

ကျနော်တို့အားလုံးမှာ သဘာဝမတူတဲ့ မိတ်ဆွေလေးတွေရှိတယ်။

ဒီမိတ်ဆွေတွေရဲ့ သဘာဝကို ထည့်သွင်းစဉ်းစားရင် သူတို့အတွက်လက်ဆောင်ကို ကျနော်တို့အတွက် ဖန်တီးသလို ဖန်တီးလို့မရဘူး။ သူတို့နဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲပေးရတယ်။

တခါတရံ ကျနော်တို့ဟာရင်ကွဲရပေမဲ့ဘဝအတွက်ကောင်းတဲ့ဆုံးဖြတ်ချက်မျိုးတွေ ချရစမြဲပါ။Sometimes,we have to make decisionsthat br...
14/07/2026

တခါတရံ

ကျနော်တို့ဟာ

ရင်ကွဲရပေမဲ့

ဘဝအတွက်ကောင်းတဲ့

ဆုံးဖြတ်ချက်မျိုးတွေ ချရစမြဲပါ။

Sometimes,

we have to make decisions

that break the heart

but heal the soul.

14/07/2026

October မှာ IGCSE English

First language A / B, Second language နဲ့ IELTS ဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေအတွက်

အနီးကပ် Zoom class များ လိုအပ်ရင် စုံစမ်းနိုင်ပါတယ်ဗျ။

Telegram / Viber 095172734

Dr. Aung Ko Ko


မြောင်နေမကောင်းလို့ တိဆြာဝန်သွားပြတာတိဆြာဝန်က မြောင်ဖြစ်နေတယ်
19/06/2026

မြောင်နေမကောင်းလို့ တိဆြာဝန်သွားပြတာ

တိဆြာဝန်က မြောင်ဖြစ်နေတယ်

ရန်ကုန်က ကားဆရာတွေ ဘာလဲဟ 🥺
18/06/2026

ရန်ကုန်က ကားဆရာတွေ ဘာလဲဟ 🥺

Address

Brockfield Road
Yangon

Telephone

+9595172734

Website

Alerts

Be the first to know and let us send you an email when Dr. Aung Ko Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Aung Ko Ko:

Shortcuts

Share