11/07/2024
ဘဏ်ဂယက်တွေတက်တက်လာတိုင်း
ဒီဘက်အာမခံဘက်ကိုလည်း
မြှားဦးလှည့်လှည့်လာတတ်ပါတယ်
အမေးများတာကလည်း မေးခွန်းကတစ်ခုတည်းပါ
အဲဒီတစ်ခုတည်းကိုပဲ လူတွေကမေးကြတာပါ
" အာမခံကြေးသွင်းထားတဲ့ငွေတွေ ပြန်ထုတ်လို့မရရင် ဘယ်လိုလုပ်မလဲ " ဆိုတဲ့မေးခွန်းပါ။
ဒီမေးခွန်းကို
အာမခံထားထားတဲ့သူတွေကမမေးကြပါဘူး ။
ဘာဖြစ်လို့လည်းဆိုတော့
အာမခံလုပ်ငန်းနဲ့ဘဏ်လုပ်ငန်းက
လည်ပတ်ပုံခြင်း လုံးဝ(လုံးဝ) မတူညီကြလို့ပါ
အာမခံစထားကတည်းက
နှစ်စဉ်ဒီလောက်သွင်းရပါမယ်
သွင်းနေတဲ့ကြားကာလမှာ ဒါတွေဖြစ်ရင် ဒီလောက်ခံစားခွင့်ရပါမယ်
အာမခံသက်တမ်းပြည့်တဲ့အထိဘာမှမဖြစ်ခဲ့ရင် အာမခံထားငွေအားလုံးပြန်ရပါမယ်ဆိုပြီး နိုင်ငံတော်အခွန်တံဆိပ်ခေါင်းတွေနဲ့
အာမခံထုတ်ပေးခဲ့တာပါ
နှစ်မပြည့်ဘဲ ပြန်ထုတ်ရင်အပြည့်ပြန်မရဘူးဆိုတာလည်း သေချာရှင်းပြခဲ့ပြီးသားပါ ✅
ဒါ့ကြောင့် အာမခံစာချုပ်လက်ထဲရောက်ထားတဲ့သူတွေက ဒီလိုမေးခွန်းမျိုးမမေးပါဘူး✅
မထားထားတဲ့သူတွေကသာ
ဒီလိုမေးခွန်းမျိုးမေးကြတာပါ ။
ဒါဆို အာမခံလုပ်ငန်းနဲ့ဘဏ်တွေနဲ့ ဆက်စပ်မှုမရှိဘူးလား လို့ ထပ်မေးနိုင်ပါတယ်
ဟုတ်ကဲ့ တချို့နေရာမှာဆက်စပ်မှုရှိပါတယ်
အဲဒါဘာလဲဆိုတော့
ပရီမီယမ်ပေးသွင်းရင် ငွေသားလက်မခံပါဘူး
( နိုင်ငံခြားအာမခံကုမ္ပဏီအားလုံးက
၂၀၂၀ ကာလကတည်းက ငွေသားလက်မခံခဲ့တာပါ)
တနိုင်ငံလုံးကိုရောင်းချတာဖြစ်တဲ့အတွက်
ပရီမီယမ်ပေးချေမှုကို digital platform ကနေပဲ
ရုံးကိုတိုက်ရိုက်ဖြစ်စေ agent မှတဆင့်ဖြစ်စေ
လက်ခံခဲ့တာပါ ။
Digital payment သုံးလိုက်တဲ့အတွက်
ဘဏ်တွေကိုချိတ်ရပါတယ်
ဘဏ်တွေကတဆင့်
Kpay, Wave pay, AYA pay, CB pay, UAB pay စတဲ့
Pay တွေကနေ အာမခံကြေးပေးချေလို့ရပါတယ်
ဒါဟာ transaction အတွက်ပဲသုံးတာဖြစ်ပါတယ်။
ကြားထဲက pay တခုခုခံပြီး အာမခံကုမ္ပဏီဆီကိုပဲရောက်တာဖြစ်ပါတယ် ။
( ဘယ်ဘဏ်ကမှ သိမ်းထားတာမျိုးမရှိပါဘူး )
အာမခံကုမ္ပဏီတွေဟာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲတစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက်ဝန်ဆောင်မှုပေးရတာဖြစ်ပါတယ်။
နောက်တစ်ခုက ငွေကြေးလုပ်ငန်းချင်းတူပေမယ့်
ဘဏ်နဲ့ အာမခံဟာ လည်ပတ်ပုံခြင်းမတူညီတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။
အာမခံထားထားကတည်းကိုက
ငွေပမာဏကြီးမားတဲ့အသက်အာမခံတွေအတွက်
ဘာတွေတင်ပြရမယ်ဆိုတာ စည်းကမ်းချက်တွေထုတ်ပြန်ခဲ့တာ ၂၀၁၉ ကတည်းကပါ။
သာမန်အသက်အာမခံတွေဖြစ်တဲ့
သိန်း၂၀၀/၃၀၀ ပမာဏတွေက
ဘာမှပြစရာမလိုပဲ သတ်မှတ်ချက်နဲ့ကိုက်ညီသူတိုင်းကိုအာမခံထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
စာရှည်သွားမှာစိုးတဲ့အတွက်
နိဂုံးချုပ်ပြောရရင် အသက်အာမခံတွေဟာ
နှစ်ပြည့်မှပြန်ထုတ်ရတာဖြစ်ပြီး
ကြားကာလမှာ တစ်ခုခုဖြစ်ခဲ့ရင်
သတ်မှတ်အကျိုးခံစားခွင့်ရရှိမယ့်လုပ်ငန်းစဉ်ဖြစ်တာကြောင့် ...
လက်ရှိလူတွေပူပန်နေကြတဲ့
ငွေအသွင်း/အထုတ်ပြဿနာဟာ
အာမခံလုပ်ငန်းမှာ မရှိပါကြောင်းးးးးး
Min Yel Kyaw Swar