18/05/2020
ယနေ့မနက်အတွက် နောက်ဆုံးရသတင်းတိုများ
****************************************
ဂျူဗင်တပ်စ်အသင်းဟာ ဝုဗ်ဗာဟမ်တန် အသင်းရဲ့တိုက်စစ်မှူး ရာအူး ဂျီမီနက်ကို မန်ယူအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားသွားမယ့် အကြောင်း The Sunday Times သတင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။မက်ဆီကိုသားတိုက်စစ်မှူးကတော့ ၂၀၁၈ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ဝုဗ်အသင်းအတွက် ပရီးမီးယားလိဂ် ၆၇ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၂၆ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် ကစားသမားတွေရဲ့ တန်ကြေးတွေ ဈေးကွက်ထဲမှာကျဆင်းနေတဲ့အချိန်မှာတော့ မန်ယူအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း ဝုဗ်အသင်းဆီကနေ ဂျီမီနက်ကို ရာသီကုန်မှာ ပြောင်းရွေ့ကြေးနည်းနည်းနဲ့ အရ ခေါ်ယူသွားနိုင်တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဘယ်ဂျီယံကလပ် ကလပ် ဘရုဂျ်အသင်းကနေ ထွက်ခွာသွားဖို့ရှိနေတဲ့ တိုက်စစ်မှူး အီမန်နူရယ် ဒန်းနစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတစ်ချို့က ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။အသက် ၂၂နှစ်အရွယ် ဒန်းနစ်ကိုတော့ ဥရောပကလပ်တော်တော်များများကလည်း မျက်စိကျနေကြတာဖြစ်ပြီး ဘရုဂျ်အသင်းရဲ့ နည်းပြ ဖီလစ်ပီ ကလီးမန့်ကလည်း ၎င်းရဲ့ ကစားသမား အသင်းကထွက်ခွာသွားနိုင်ချေများနေတယ်လို့ ဝန်ခံပြောကြားထားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ မိုနာကို အသင်းတို့ဟာ ရီးရဲ ဆိုစီဒက် နောက်ခံလူ ဒီယေဂို လော်ရန်တီကို မျက်စိကျနေကြတဲ့အကြောင်း La Razon သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။အသက် ၂၆နှစ်အရွယ် လော်ရန်တီကတော့ ရာသီကုန်မှာ အသင်းကထွက်ခွာသွားဖို့ အဆင်သင့်ဖြစ်နေပြီး အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံထားရတာ ဖြစ်ပါတယ်။လော်ရန်တီကို ခေါ်ယူဖု့ိအတွက်တော့ ပြောင်းရွေ့ကြေးနည်းနည်းနဲ့ ရနိုင်မှာမဟုတ်ပဲ ဆိုစီဒက်အသင်းကလည်း နောက်ခံလူအတွက် ယူရို ၄၅သန်း တောင်းဆိုသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဘရက်စီယာအသင်းရဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနယ်လီဟာ ဂျူဗင်တပ်စ်အသင်းထက် အင်တာမီလန်အသင်းကို ပြောင်းရွေ့ဖို့ ပိုပြီးရေပန်းစားနေတယ်လို့ FC Inter 1908 ကဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀အရွယ် တိုနယ်လီကိုတော့ အီတလီဘောလုံးလောကရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့်တစ်ပွင့်လို့ သတ်မှတ်ထားကြပြီး နည်းပြ ကွန်တီတို့ အသင်းအနေနဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် နှာတစ်ဖျားသာနေတာ ဖြစ်ပါတယ်။
ခရစ်တယ်ပဲလေ့စ် အသင်းဟာ ဘန်လေ နည်းပြ ရှောင် ဒိုက် နဲ့ အတူ ဘန်လေကစားသမားတွေဖြစ်တဲ့ ဒွိုက် မက်နေးလ် နဲ့ ဂျိမ်းစ် တာကောစကီး တို့ကိုပါ ခေါ်ယူချင်နေတဲ့ အကြောင်း Mirror သတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။နည်းပြ ရှောင် ဒိုက်ကိုတော့ ပဲလေ့စ် အသင်းက နောက်ရာသီအတွက် အဓိကထားပြီး ခေါ်ယူချင်တာဖြစ်ပြီး တောင်ပံကစားသမား မက်နေးလ်ကိုတော့ ဇာဟာ ရဲ့နေရာမှာ အစားထိုးသွားဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။ ဇာဟာကိုတော့ နယူးကာဆယ်အသင်းက ခေါ်ယူဖို့အတွက် လတ်တလော ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
🇲🇲 Credit
⚽ Online မှာ ဘောလုံးပွဲဆော့ဖို့
🗞️ Online မှာ ဖဲဆော့ဖို့ ယုံကြည်စိတ်ချ ရတဲ့ အေးဂျင့် ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့SUN SHINE DAY Online Account Services🇲🇲
မှာ ဆော့ဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ
ibet789 (1)ယူနစ်=(1000) Ks
ရှမ်း (1)ယူနစ်=(2)Ks ဖြင့် ဆော့ကစားနိုင်ပါပီ။
ကနဦး(10000) Ks ဖြင့် အကောင့်သစ်ဖွင့်လှစ်ပြီး ဆော့ကစားနိုင်ပါသည် ခင်ဗျာ။ကျေးဇူးတင်ပါတယ်။
Ph &
viber .09420516006
သို့ ဆက်သွယ်ပြီးယုံကြည်စိတ်ချစွာကစားနိုင်ပါပြီ