Yin Kyi Digital Business

Yin Kyi Digital Business Helping people to start Digital Business.

17/02/2026

စည်းထားပါ🙋🙋🙋🙋
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..
✍✍✍
လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..
✍✍✍
အဲဒါကြောင့်…
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ
✍✍✍
သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို
✍✍✍
သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..
✍✍✍
ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..
✍✍✍
မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့…
မသိချင်ယောင် ဆောင်လိုက်ဝာလည်း
ရှိတယ်..
✍✍✍
နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
✍✍✍
ဘာမှတော့ ပြန်မပြောဘူး

ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..
✍✍✍
ပြောချင်တာက…

ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?
✍✍✍
ဘာကြောင့်…
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?
✍✍✍
ဘာကြောင့်…
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?
✍✍✍
ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ..


#တော်ဝင်ရတနာ✍✍✍

ကျွန်မကတော့နေ့တိုင်းvalentine day ပါဘဲရှင့်၁၄ရက်နေ့မှာကတော့သမီးကကျွေးတဲ့ချောကလက်၁၅ရက်နေ့ကသမီးတို့ဆရာမ ဆရာမဇာနည်ဆီက၁၆ရက်န...
17/02/2026

ကျွန်မကတော့နေ့တိုင်းvalentine day ပါဘဲရှင့်၁၄ရက်နေ့မှာကတော့သမီးကကျွေးတဲ့ချောကလက်၁၅ရက်နေ့ကသမီးတို့ဆရာမ ဆရာမဇာနည်ဆီက၁၆ရက်နေ့မှာတော့ သမီးဟန်နီနဲ့ဒေါ်ချိုဆီကချောကလက်၊အလုပ်ကလည်း လူကြုံပါးလိုက်ပါသေးတယ်။ သမီးဒေါ်ချိုနဲ့သမီးဟန်နီရေ အချစ်တွေ အများကြီးပိုင်ဆိုင်နိုင်အောင်မနက်ဖန်ဆွမ်းတော်ကပ်ပါမယ်ရှင့် ။ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🙏🙏

ဒီနေ့ကတော့မစားရတာ၁၀နှစ် ပြည့်သွားပြီဖြစ်တဲ့ ခရမ်းကန်ဆော့သီးဟင်းလေးချက်စားဖြစ်ပါတယ်။ မနေ့ကသူငယ်ချင်းဝယ်လာပေးလို့စားရတာပါ။...
17/02/2026

ဒီနေ့ကတော့မစားရတာ၁၀နှစ် ပြည့်သွားပြီဖြစ်တဲ့ ခရမ်းကန်ဆော့သီးဟင်းလေးချက်စားဖြစ်ပါတယ်။
မနေ့ကသူငယ်ချင်းဝယ်လာပေးလို့စားရတာပါ။ ရွာကအစ်မကြီးကမှိုခြောက်ပို့ပေးထားလို့အတော်ဘဲဖြစ်သွားတယ် မှိုခြောက်လေးလဲထည့်ချက်ဖြစ်တယ်။ မစားရတာကြာတော့ ခရမ်းကန်ဆော့သီးရဲ့အရသာကိုအရင်မြည်းကြည့်တယ် အစိမ်းလေးတစ်လုံးအရင်ဝါးစားလိုက်တယ် ။ အနံနဲ့အရသာက ငယ်ငယ်ကနေ့လည်ဆို ဘာဟင်းမှမရှိလို့ ထမင်းနဲ့ဆီဆမ်းပြီး ခရမ်းကန်ဆော့သီးလေးတွေကိုတို့စားရတဲ့အနံ့လေးနဲ့အရသာလေး ရွာမှာပျော်ရွှင်စွာနေထိုင်ခဲ့ရတဲ့ကလေးဘဝကိုပြန်ရောက်သွားသလိုခံစားရပါတယ်။ လွမ်းတယ်ကွယ် ကျွန်မရွာလေးနဲ့

ကျွန်မကိုမချစ်တဲ့အစ်မနဲ့ ကျွန်မကိုချစ်တဲ့အစ်မကြီး ကိုလွမ်းလှပါဘိ🥰🥰။

မနေ့ကသတိတရနဲ့လာကြတဲ့သူငယ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🙏🙏🙇‍♀️🙇‍♀️🙇‍♀️

Bold truth: your 9-to-5 isn’t the only way to earn. 💡Curious why thousands are switching to online business in 2026?The ...
23/01/2026

Bold truth: your 9-to-5 isn’t the only way to earn. 💡
Curious why thousands are switching to online business in 2026?
The reality is clear — full-time work often steals your time and freedom, leaving you drained. That struggle is real, and you’re not alone.
Here’s the hopeful shift:
Online business can give you more flexibility, mobility, and control over your day — without the constant trade-offs. Small, intentional steps open new possibilities.
💛 Share this with someone who needs to see that freedom and balance are possible.
📩 Want guidance on starting an online business? DM me — I’ll walk you through the first steps.
www.yinkyi.com

住所

Itabashi-ku, Tokyo

電話番号

+818092753899

ウェブサイト

アラート

Yin Kyi Digital Businessがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Yin Kyi Digital Businessにメッセージを送信:

ショートカット

共有する