29/06/2026
မြန်မာနိုင်ငံပြည်တွင်းအခွန်များဦးစီးဌာန (IRD) ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရေးသားထားတဲ့ ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်း (Commercial Tax Registration) ဆိုင်ရာ🇲🇲 ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ဖို့ ဘယ်လိုလုပ်ရမလဲ?
(Step-by-Step Guide)လုပ်ငန်းရှင်အသစ်များနဲ့ ကုမ္ပဏီတည်ထောင်ပြီးခါစ မိတ်ဆွေတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အဆင့်ဆင့် အလွယ်ကူဆုံး ရှင်းပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ရဲ့ သတ်မှတ်ချက်အရ လုပ်ငန်းစတင်တည်ထောင်ပြီး ရက်ပေါင်း ၉၀ အတွင်း အခွန်မှတ်ပုံတင်ခြင်းကို မပျက်မကွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(တစ်နှစ်ပတ်လုံး ကုန်စည်ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရရှိငွေ ကျပ်သန်း ၅၀ အထက်ရှိတဲ့ လုပ်ငန်းတွေဟာ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ဖို့ တာဝန်ရှိပါတယ်)။ အခုဆိုရင် လူကိုယ်တိုင်သွားစရာမလိုဘဲ အွန်လိုင်းကနေပဲ အလွယ်တကူ မှတ်ပုံတင်နိုင်ပါပြီ။
အဆင့် (၁) - အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရယူခြင်းကုမ္ပဏီကို DICA မှာ မှတ်ပုံတင်ပြီးတာနဲ့ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number - TIN) ကို ရရှိမှာဖြစ်ပါတယ်။ ဒီ TIN နံပါတ်က အခွန်ကိစ္စရပ်တိုင်းအတွက် အဓိကအသက်သွေးကြောပါပဲ။
အဆင့် (၂) - IRD e-Registration Portal တွင်အကောင့်ဖွင့်ခြင်းပြည်တွင်းအခွန်များဦးစီးဌာနရဲ့ တရားဝင် e-Registration ဝက်ဘ်ဆိုက် (https://eregistration.ird.gov.mm) သို့ ဝင်ပါ။မိမိလုပ်ငန်းအမျိုးအစားအလိုက် ပြင်ဆင်ပြီး "User Registration" ပြုလုပ်ကာ အကောင့်တစ်ခု စတင်လျှောက်ထားပါ။
အဆင့် (၃) - ကုန်သွယ်လုပ်ငန်းခွန်ဖောင် ဖြည့်စွက်ခြင်း (FORM-IR2-1)အကောင့်ထဲဝင်ရောက်ပြီးနောက် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ခြင်းဖောင် (FORM-IR2-1) ကို အွန်လိုင်းစနစ်အတိုင်း တိကျစွာဖြည့်စွက်ရပါမယ်။
လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာကိုလည်း တစ်ပါတည်း တင်ပြရပါမယ်။
📎 လိုအပ်သောစာရွက်စာတမ်းများ (Attachments)အွန်လိုင်းကနေ ဖောင်ဖြည့်တဲ့အခါ အောက်ပါစာရွက်စာတမ်းတွေကို Scan ဖတ်ပြီး ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ
်-DICA ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (Company Registration Certificate)ကုမ္ပဏီဖွဲ့Extract ,ဒါရိုက်တာအဖွဲ့ဝင်၏ မှတ်ပုံတင် နှင့် ပတ်စ်ပို့ (နိုင်ငံခြားသားဖြစ်ပါက)
အဆင့် (၄) - စိစစ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းမိမိတင်ပြလိုက်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (Township Revenue Office) သို့မဟုတ် သက်ဆိုင်ရာ အခွန်ရုံးကြီးများက စိစစ်ပြီးနောက် အတည်ပြုပေးမှာဖြစ်ပြီး၊ မှတ်ပုံတင်လက်မှတ် (Certificate) ကို အွန်လိုင်းကနေပဲ တရားဝင် ဒေါင်းလုဒ်ဆွဲ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်များ သိထားသင့်သည့် အခွန်ဆိုင်ရာတာဝန်များလစဉ်ပေးဆောင်ခြင်း: ကုန်သွယ်လုပ်ငန်းခွန်ကို လစဉ် ကုန်ဆုံးပြီး ၁၀ ရက်အတွင်း ကြိုတင်ပေးဆောင်ရပါမယ
်။သုံးလပတ်ကြေညာလွှာတင်ခြင်း: (၃) လပတ်ကုန်ဆုံးပြီး ၁ လအတွင်း သုံးလပတ်အစီရင်ခံစာ တင်ရပါမယ်။
နှစ်ချုပ်ကြေညာလွှာ: ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကို တင်သွင်းရပါမယ်။
ကိုးကားချက်: မြန်မာနိုင်ငံ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ပြည်တွင်းအခွန်များဦးစီးဌာန (Internal Revenue Department - IRD) ၏ တရားဝင်လုပ်ထုံးလုပ်နည်းများ။
------
Aurora Accounting
09772830021
IRD e-Registration System is a web-based application that provides an interface to all stakeholders associated with IRD administration. It enables viewing the registration status and downloading the Certicate documents.