Ruby Land Japan-Myanamar Trading

Ruby Land Japan-Myanamar Trading ဂျပန်နိုင်ငံတွင်နေထိုင်ပြီးအရည်အေ?

15/11/2025

welcome back

Hilux Surf 2003 ဓာတ်ဆီ ကားသန့်လေးကို သိန်း၃၄၀ ဖြင့်ရောင်းပါမည်။Toyota Hilux Surf (RZN-215)2003 MaySSR-X GradeBlack Color...
03/05/2021

Hilux Surf 2003 ဓာတ်ဆီ ကားသန့်လေးကို သိန်း၃၄၀ ဖြင့်ရောင်းပါမည်။

Toyota Hilux Surf (RZN-215)
2003 May
SSR-X Grade
Black Color (Code - 202)
2700cc (ဓာတ်ဆီ)
4WD
132,000 km
YGN (5K)

Original Japan Navigation TV
Back Camera
Steering ကျွန်း
Alloy Wheel
2 SRS Airbags
Remote Key
Fog Lamp
နောက်မှန်ကြီး အတင်/ အချမော်တာ
မှန်ခေါက်/ မှန်ချိန်မော်တာ

စလစ်ကပ်တင်သွင်းထားသောကား ဖြစ်ပါသည်။ ကားတစ်စီးလုံး Original ဆေးများပြီး ကားအလွန်သန့်ပါသည်။

Price - 340 Lakhs

28/02/2021

စည်းလုံးပါ
ပညာရှိပါ
ကြံ့ခိုင်ပါ
ဇွဲရှိပါ

အရေးတော်ပုံ အောင်ရမည်

❒ ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိရဲ့ တရားသင်တန်းတ...
29/11/2020

❒ ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ

ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိရဲ့ တရားသင်တန်းတစ်ခုမှာ 'ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမ လဲ'ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးခွန်းမေးတာကိုတွေ့ရတော့ 'သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်'ဆိုတဲ့ ပုံပြင်လေးကို အရင်ဆုံးပြေး ပြီး သတိရမိပါတယ်။

ပုံပြင်လေးက ဒီလိုပါ။ သားအဖနှစ်ယောက်ဟာ မြည်းတစ်ကောင်နဲ့အတူ ခရီးတစ်ခုကို ထွက်လာကြပါတယ်။ သားကလေးက မြည်းပေါ်မှာတက်စီးလို့၊ ဖခင်ဖြစ်သူက လမ်းလျှောက်လို့ပေါ့။ အဲဒီမှာ လမ်းမှာတွေ့တဲ့ ခရီးသွားဖော် တွေက ငယ်ရွယ်သန်စွမ်းသူ သားက အဖေ့ကိုမှ မထောက်မညှာ မြည်းကို စီးရသလားဆိုပြီး ဝေဖန်ပြစ်တင်ကြတယ်။

ဒါနဲ့ပဲ သားဖြစ်သူက မြည်းပေါ်ကဆင်း၊ ခြေလျင်လျှောက်လို့ အဖေ ဖြစ်သူကို မြည်းပေါ်တက်စီးစေပြီး ခရီးဆက်ခဲ့ကြပြန်ပါတယ်။ အဲဒီလိုလုပ်ပြန် တော့လည်း မြင်ရသူတွေရဲ့ ဝေဖန်အပြစ်တင်ခံရခြင်းက မလွတ်ပြန်ပါဘူး။ အဖေဖြစ်လျက်သားနဲ့ သားဖြစ်သူဦးစားမပေး၊ တစ်ကိုယ်ကောင်းဆန်ပါဘိလို့ ဆိုကြပြန်ပါတယ်။

အဲဒီလိုဆို နှစ်ယောက်လုံး မြည်းပေါ်တက် ခရီးဆက်ကြစို့ရဲ့ဆိုပြီး မြည်း ကိုနှစ်ယောက်အတူစီးရင်း ခရီးဆက်ခဲ့ပြန်ပါတယ်။ မြည်းကိုနှစ်ယောက်စီးပြန် တော့လည်း မြည်းကလေးခပ်ငယ်ငယ်ကို မညှာမတာနဲ့ နှစ်ယောက်ကြီးစီး လို့ဆိုတဲ့ ဝေဖန်သံတွေကို ကြားရပြန်ပါတယ်။

ဒါနဲ့ပဲ သားအဖနှစ်ယောက်လုံး မြည်းပေါ်မှဆင်းကာ မြည်းကလေးကို ကြိုးနဲ့ဆွဲလို့ ခြေကျင်လျှောက် ခရီးဆက်ရပြန်ပါတယ်။ အပြစ်တင်သံ၊ ဝေဖန်သံ တွေ ကင်းလုပါပြီဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့။ အဲဒီအချိန်မှာပဲ 'မိုက်လိုက်တဲ့ လူတွေ၊ မြည်းတစ်ကောင်လုံးပါလာတာတောင် တစ်ယောက်မှ တက်မစီးဘဲ နေတာဟ။ ပင်ပန်းအောင်ကွာ၊ တကယ်ဆို တစ်ယောက်မဟုတ်တစ်ယောက် မြည်းကို တက်စီးပြီး ခရီးဆက်ပါတော့လား' ...ဆိုတဲ့ ဝေဖန်သံကိုကြားရ ပြန်ပါသတဲ့။

ပုံပြင်ကလေးကတော့ အဲဒီမှာပဲ အဆုံးသတ်သွားပါတယ်။ မဆုံးဘဲကျန်ရစ်ခဲ့တဲ့မေးခွန်းပါတော့ 'မြည်းကို ဘယ်လိုများထားပြီး ခရီးဆက်ရင် ဝေဖန်သံတွေ တိတ်ဆိတ်သွား မယ်ထင်ပါသလဲ' ... ဆိုတဲ့မေးခွန်းပါပဲ။ တစ်ပါးသူကို လွယ်လွယ်အပြစ်တင်တတ်တဲ့ လောကကြီး၊ ဝေဖန်သူတွေများလှတဲ့လောကကြီး .. အဲဒီလိုလောကကြီးထဲမှာ ရုန်းကန်ရှင်သန်နေထိုင်ကြရတဲ့ ကျွန်တော်တို့အတွက်တော့ အဲဒီမေးခွန်းရဲ့အဖြေကို ရှာရခက်တာ အမှန်ပါပဲ။

(၂)
၂ဝ၁၉ ခုနှစ် နိုဝင်ဘာလက နေပြည်တော်မှာရှိတဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းတစ်ခုမှာပြုလုပ်တဲ့ အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်းတစ်ခုမှာ ကျောင်းသူတစ်ဦးက ဆရာတော့်ကိုမေးခွန်းတစ်ခုမေးခဲ့ပါတယ်။
'အရှင်ဘုရား၊ တပည့်တော်မတို့ ကျောင်းသူကျောင်းသားတွေမှာ ရင်ဆိုင် ရဆုံးပြဿနာက ဝေဖန်အပြစ်တင်ပြောဆိုခံရခြင်း၊ လူမုန်းများခံရခြင်းပါဘုရား။ တပည့်တော်မသည်လည်း ထိုပြဿနာကို ရင်ဆိုင်နေရပါတယ်။ နည်းနည်းမျှ စာပင်ဖြစ်စေ တိုးတက်လာပြီဆိုရင် ဝေဖန်ပြောဆိုကြပါတယ်။ ဒီလိုမျိုး အပြောခံ၊ အဝေဖန်ခံရတာတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလေ့ကျင့် ရမယ်ဆိုတာ မိန့်တော်မူပေးပါဘုရား။ လူတွေစိတ်ကို နားလည်အောင်ဘယ် လိုလုပ်ရပါ မလဲဘုရား' ... ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။

၂ဝ၂ဝ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့ ဇဗ္မူသီရိဗိမာန်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ 'တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် စိတ်ဖိစီးမှုကိုင်တွယ်ရေး' ဆိုတဲ့ တရားပွဲမှာလည်းပဲ အလားတူမေးခွန်းတစ်ခုကိုတွေ့ရပြန်ပါတယ်။
'အခြားသူတွေရဲ့ ဝေဖန်ထောက်ပြမှု၊ criticize(အပြစ်ရှာဝေဖန်)ခံရရင် စိတ်မညစ်ဘဲ မည်သို့စိတ်ထားရမှာပါပဲဘုရား' ဆိုပြီး ဖြစ်ပါတယ်။

အဲဒီမေးခွန်းနှစ်ခုကို ဆရာတော်အဖြေပေးထားတဲ့ အချက်တွေကို ထုတ်နုတ် ပြီး ဒီစာစုမှာတင်ပြချင်ပါတယ်။ အဲဒီလိုရေးသားတင်ပြရာမှာ ဆရာတော်ရဲ့ အာဘော်နဲ့လွဲချော်သွားတာရှိရင် သို့တည်းမဟုတ် အမှားအယွင်းတစ်စုံတစ်ရာ ပါခဲ့ရင်တော့ ကျွန်တော့်ရဲ့တာဝန်သာ ဖြစ်ကြောင်းကိုလည်းပဲ ပြောကြားထားပါ ရစေ။

(၃)
အဝေဖန်ခံရတာတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့ ပထမမေးခွန်းကို အောက်စဖို့ဒ်ဆရာတော်က အချက်(၄)ချက်နဲ့ ရှင်းလင်းအဖြေ ပေးတော်မူပါတယ်။

အောက်စဖို့ဒ်ဆရာတော်က ပထမဆုံး မိုင်းဖုန်းဆရာတော်ရဲ့ အဆုံးအမ သြဝါဒတစ်ခုဖြစ်တဲ့ 'ကိုယ့်ကို ရန်ပြုမယ့်ဆင်ရဲက အစွယ်ကြားမှာ သွားနေလိုက် ပါ။ အဲဒီလိုဆိုရင် အဲဒီဆင်က ကိုယ့်ကို ရန်ပြုလို့မရတော့ဘူး' ဆိုတဲ့ အဆုံးအမကို ပြန်လည်မိန့်ကြားရင်းက အဝေဖန်ခံရရင် ဘယ်လိုစိတ်မျိုးထား ရမယ်ဆိုတာကို ရှင်းပြပါတယ်။

(က) ကြိုတင်မျှော်လင့်ထားပါ။
ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ပညာအရပြောမယ် ဆိုရင်တော့ လောကမှာ တစ်ပါးသူကို မစာမနာ ဝေဖန်တဲ့သူတွေရှိတယ်ဆိုတာ ကို ကြိုတင်မျှော်လင့်ထားဖို့ပါပဲ။
အင်္ဂလန်ဝန်ကြီးချုပ် Benjamin Disraeli ပြောခဲ့တဲ့ Hope for the best and prepare for the worst.'အကောင်းဆုံးအတွက် မျှော်လင့်ထားပါ။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ'ဆိုတဲ့စကားလို အဆိုးအတွက်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆရာတော်က ဆိုပါတယ်။
လူအများစုကတော့ အဆိုးအတွက်ပြင်ဆင်ထားလေ့မရှိဘူးလို့လည်း ဆရာ တော်က မိန့်ကြားပါတယ်။

မြတ်စွာဘုရားကလည်း လောကကြီးထဲမှာ ပြဿနာရှိတယ်၊ လောကကြီး ထဲမှာ ဒုက္ခရှိတယ်ဆိုတာကို သင်ကြားပေးခဲ့တယ်။ အဲဒီအကြောင်းအရာကို လည်း သေသေချာချာ နားလည်သဘောပေါက်အောင် တွေးတောဆင်ခြင် ရှုမြင်ခိုင်းတယ်။ လောကကြီးထဲမှာ ပြဿနာရှိတယ်၊ လောကကြီးထဲမှာ ဒုက္ခရှိတယ်ဆိုတာကိုနားလည်ရင် သူများကို ဒုက္ခပေးတဲ့ပုဂ္ဂိုလ်မဖြစ်တော့ဘဲ သူများပြဿနာကို ဝိုင်းပြီးဖြေရှင်းတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်လို့ ရှင်းပြပါတယ်။

(ခ) ကိုယ့်ကိုဝေဖန်တဲ့သူတွေကို သနားပါ
နောက်တစ်ခုကတော့ ကိုယ့်ကိုယ်လာပြီး ဝေဖန်တဲ့သူ၊ မညှာမတာ ပြောတဲ့ သူရှိလာပြီဆိုရင် အဲဒီလူကို သနားပါ။ နောက်ပြီး ကရုဏာပွားပါ။ တစ်ပါး သူကို ဝေဖန်တဲ့သူ၊ အပြစ်တင်တဲ့သူ၊ မညှာမတာပြောတဲ့သူတွေဟာ သူတို့ စိတ်ထဲမှာ ပျော်ရွှင်နေလို့မဟုတ်ဘူး။ သူတို့စိတ်ထဲမှာ ပူလောင်နေလို့သာလျှင် အဲဒီလိုစကားလုံးတွေ၊ ဝေဖန်အပြစ်တင်မှုတွေကို ပြောလို့ထွက်တာဖြစ်တာကြောင့် ကိုယ့်ကိုဝေဖန်တဲ့လူကို သနားပါလို့ ဆရာတော်က မိန့်ဆိုပါတယ်။

(ဂ) ကိုယ့်ကိုယ်ကိုယ်လည်း သနားပါ
ကိုယ့်ကိုယ်ဝေဖန်ပြစ်တင်တဲ့လူနဲ့ ကြုံဆုံရပြီဆိုလာရင် ကိုယ့်ကိုယ်ကိုယ် လည်းသနားဖို့လိုပါတယ်။ ဝေဖန်တတ်၊ အပြစ်ပြောတတ်တဲ့လူနဲ့မှ ကြုံရလေခြင်း ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သနားဖို့ လိုပါတယ်။
သနားကရုဏာစိတ်ထားနိုင်ရင် ကိုယ့်ရဲ့ဦးနှောက်ထဲက ရှေ့ကဦးနှောက်ဖြစ် တဲ့ ဟေပိုကမ်းပတ်စ်က အလုပ်လုပ်ပြီး စိတ်ညစ်တယ်ဆိုရင်တော့ အနောက်က ဦးနှောက် အမစ်ဒလာက အလုပ်လုပ်ပါတယ်။
(ဟစ်ပိုကမ်းပတ်စ်(Hippocampus)ဆိုတဲ့ အရှေ့ကဦးနှောက်ကတော့ လေ့ လာမှုနဲ့ မှတ်သားမှုပိုင်းကို အဓိကတာဝန်ယူလုပ်ဆောင်တယ်။ မှတ်Óဏ် အသစ်တွေကိုဖွဲ့စည်းပြီး ခြိမ်းခြောက်မှုအသစ်တွေကို ရှာဖွေတဲ့အလုပ်တွေကို လုပ်တယ်။
အမိတ်ဒလာ (Amygdala)လို့ခေါ်တဲ့ အနောက်ကဦးနှောက်က (က) ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း .. စတဲ့စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို အဓိက ပြုလုပ်တယ်။ (ခ) မကောင်းတော့ဘူးဆိုတဲ့ စိတ်ခံစားချက်ရဲ့ အချက်ပေး ခေါင်းလောင်းသံ လည်းဖြစ်တယ်။ (ဂ) စိုးရိမ်သောကတွေကို လုပ်မခံဘဲ Fight and Flight လုပ်ဖို့ပဲ ဖိအားပေးတယ်။)

(ဃ) ဝေဖန်ခံရတာဟာ ပုံမှန်ပဲ ဆိုတာနားလည်ပါ
ဝေဖန်တဲ့လူတွေနဲ့တွေ့တဲ့အခါ (ဝါ) ကိုယ့်ကို တစ်ပါးသူတွေက ဝေဖန် လာတဲ့အခါ 'နိတ္ထိလောကေ အနိန္ဒိတော' လောကကြီးထဲမှာ အဝေဖန်မခံရ တဲ့သူ မရှိဘူး။ ဗုဒ္ဓမြတ်စွာဘုရားသော်မှပဲ အဝေဖန်ခံရတယ်။ ဘုရားရဟန္တာ တွေတောင်မှပဲ မလွန်ဆန်နိုင်ဘူးလို့ ဆင်ခြင်နှလုံးသွင်းတတ်ရမယ်။
ဝေဖန်ခံရတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပဲ၊ ကိုယ်က ပုံမှန်ဖြစ်နေလို့ ဝေဖန်ခံရတာပဲလို့ သဘောထားလိုက်ပါလို့ ဆရာတော်က ဆုံးမသင်ကြား ပေးတော်မူပါတယ်။

(၄)
ဒုတိယမေးခွန်းဖြစ်တဲ့ 'အဝေဖန်ခံရရင် စိတ်မညစ်အောင် ဘယ်လိုလုပ်ရ မလဲ'ဆိုတာကိုလည်း ဆရာတော်က အချက်(၃)နဲ့ ဖြေကြားပေးတော်မူတာကို တွေ့ရပါတယ်။
(က) ဝေဖန်သူတွေကို ကျေးဇူးတင်ပါ
ဘုရားရှင် ရွှေလက်ထက်တော်အခါက ဗုဒ္ဓမြတ်စွာဘုရားပြီးရင် ပညာအရာ မှာ အသာဆုံး၊ အမြတ်ဆုံး၊ အကြီးဆုံး ဖြစ်တဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ကို ကိုရင်လေးတစ်ပါးက 'ဆရာတော့် သင်္ကန်းဝတ်ပုံ မညီပါဘုရား'လို့ ထောက်ပြဝေဖန်ပြောဆိုဖူးပါတယ်။ ရှင်သာရိပုတ္တရာမထေရ်ကြီးဟာ အဲဒီလို ပြောတဲ့ကိုရင်လေးကို သိပ်ကို ကျေးဇူးတင်သတဲ့။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင်လုပ်နေတဲ့သူတွေဟာ ကိုယ့်ကိုယ်ဝေဖန်ဆုံးမပြောဆိုလာသူ တိုင်းကို ကျေးဇူးတင်တတ်ကြပါတယ်။

ကိုယ့်ကိုယ် ဝေဖန်ထောက်ပြပြောဆိုမယ့်သူတွေ ပင်လယ်ကြမ်းပြင်က သဲတွေ လောက်ရှိရင်ကောင်းမှာပဲ ဆိုတဲ့စိတ်ထားကိုလည်း မွေမြူထားသင့်တယ်လို့ ဆရာတော်က ဆုံးမပါတယ်။ အဲဒီလိုစိတ်ထားမျိုး မွေးမြူထားနိုင်ရင် ကိုယ့်ကို ဝေဖန်ထောက်ပြတဲ့ကိစ္စတွေက ဟုတ်တယ်ဆိုရင် ကျေးဇူးတင်ပြီး ကိုယ့်ကို ဝေဖန်ထောက်ပြတဲ့ကိစ္စတွေက မဟုတ်ခဲ့ရင်လည်းပဲ ကိုယ့်ကိုယ်နားမလည်လို့ ပြောတာပဲဆိုပြီး ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

တစ်ယောက်ယောက်က ဝေဖန်ထောက်ပြတဲ့အခါ စိတ်ထဲမှာ ဘာကြောင့် သိပ်တုန်လှုပ်သွားတာလဲဆိုတာကိုလည်း အောက်စဖို့ဒ်ဆရာတော်က ဆက်ပြီး ရှင်းပြပါတယ်။ ဝေဖန်မှုနဲ့ကြုံတိုင်း ဘာကြောင့်တုန်လှုပ်သွားသလဲဆိုရင် ငါဟာပြည့်စုံတယ်၊ အပြစ်ကင်းတယ်၊ စံထားလောက်တယ်လို့ ကိုယ့်ကိုယ် ကိုယ် မြင်ထားလို့ဖြစ်ပြီး အဲဒီသဘောထားအမြင်ကြောင့် သူများပြောတာကို မခံနိုင်တာလို့ ဆိုပါတယ်။

တစ်ယောက်ယောက်က ကိုယ့်ကိုဝေဖန်အပြစ်တင်ပြောဆိုတဲ့နေရာမှာ မကောင်းတဲ့စိတ်ထားနဲ့ပြောနေရင် ဒါမှမဟုတ် နှိမ့်ချချင်တဲ့စိတ်ထားနဲ့ ပြောရင် အဲဒီလိုပြောနေတဲ့သူရဲ့ မလုံမခြုံဖြစ်နေတဲ့ စိတ်ခံစားချက်နားလည် သဘော ပေါက်ပြီး သနားကရုဏာထားပါ။ အဲဒီလို ကရုဏာထားနိုင်ရင် အပြစ်တင် ဝေဖန်လေသူရဲ့ ဝေဖန်မှုတွေ ကိုယ့်ဆီကိုမရောက်နိုင်တော့ဘူးလို့လည်း ဆရာ တော်က ဆုံးမလမ်းညွှန်တော်မူပါတယ်။

(ခ) လောကမှာ အဝေဖန်မခံရတဲ့သူမရှိ
ဒုတိယအချက်အနေနဲ့ကတော့ 'နိတ္ထိလောကေ အနိန္ဒိတော' လောကကြီး ထဲမှာ အဝေဖန်မခံရတဲ့သူ မရှိဘူး။ ဘုရားရဟန္တာတွေတောင်မှပဲ မလွန်ဆန်နိုင် ဘူးလို့ ဆင်ခြင်နှလုံးသွင်း တတ်ရမယ်လို့ဆရာတော်က ဆုံးမပါတယ်။

(ဂ) ဝေဖန်မှုတွေကို စိတ်ဝင်စားပါ
တတိယမြောက်အချက်အနေနဲ့ကတော့ ဝေဖန်မှုတွေကို စိတ်ဝင်စားဖို့ပါပဲ။ လောကကြီးထဲမှာနေရင် ဝေဖန်သူတွေအမြဲတမ်းရှိနေမှာမို့ ဝေဖန်မှုတွေကို စိတ်ဝင်စားရမှာပဲဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာ ဝေဖန်သူနဲ့ ကိုယ့်နောက်ကွယ်မှာ ဝေဖန်သူ ဒီလိုပဲ ကွာလိမ့်မယ်၊ ဝေဖန်သူတွေကတော့ ရှိနေမှာပဲဖြစ်ပါတယ်။ အဲဒီအတွက် ဝေဖန်မှုတွေကြုံရတိုင်း ဝေဖန်ချက်တွေကို ဘာကြောင့် ဘယ်လို ဆိုတာကို စိတ်ဝင်တစားနဲ့ မေးကြည့်ရမှာပဲဖြစ်ပါတယ်။ ကိုယ့်အပေါ်ဝေဖန် မှုကို စိတ်ဝင်တစားနဲ့ ပြန်ပြီးမေးခွန်းထုတ်ရဲတဲ့သတ္တိရှိလာတာနဲ့အမျှ စိတ်ဓာတ် လည်း ခိုင်မာလာစေနိုင်တယ်လို့ ဆိုပါတယ်။

ဝေဖန်မှုတွေကို အလေးဂရုမပြုဘဲ ဆင်ခြင်ဆင်လက်တွေချည်းပေးဖို့ကြိုးစား နေတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပကတိပြည့်စုံကောင်းမွန်တယ်လို့ ထင်တဲ့ မလုံမလဲစိတ်ကြောင့်ပဲလို့လည်း ဆရာတော်က ဆုံးမပါတယ်။

တစ်ယောက်ယောက်က ကိုယ့်ကိုယ်အပြစ်တင်ဝေဖန်မှုလုပ်တဲ့အခါ အဲဒီ အပြစ်တင်ဝေဖန်မှုကြောင့် နှိမ့်ကျသွားနိုင်တယ်၊ အောက်ကျသွားနိုင်တယ်လို့ ယူဆတဲ့အခါမျိုးမှာ စိတ်ညစ်တတ်ပြီး အဲဒီလိုအယူအဆမရှိရင် စိတ်မညစ်နိုင် ဘူးလို့ ဆရာတော်က ရှင်းလင်းအဖြေပေးတော်မူပါတယ်။

(၅)
ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အောက်စဖို့ဒ်ဆရာတော်က ရှင်းလင်းအဖြေပေးခဲ့တာတွေကို ပြန်ပြီးအနှစ်ချုပ် ဖော်ပြရရင် အခုလိုမျိုး တွေ့ရပါတယ်။

အဝေဖန်ခံရတာတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလေ့ကျင့် ရမလဲဆိုရင်
(က) ဝေဖန်မှုတွေရှိနိုင်ကြောင်းကြိုတင်မျှော်လင့်ထားရပါ့မယ်။ (ခ) ကိုယ့်ကို ဝေဖန်တဲ့သူတွေကို သနားပြီး ကရုဏာထားရမယ်။ (ဂ) အဝေဖန်ခံရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီးသနားရမယ် (ဃ) ဝေဖန်ခံရတာဟာ ပုံမှန်ပဲ ဆိုတာကို နားလည်ရမယ် ဆိုတဲ့အချက်တွေကို တွေ့ရပါတယ်။

အဝေဖန်ခံရရင် စိတ်မညစ်အောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ (က) ဝေဖန်သူတွေကို ကျေးဇူးတင်ရမယ် (ခ) လောကမှာ အဝေဖန်မခံရတဲ့သူမရှိဆို တာကို သိရှိနားလည်ရမယ် (ဂ) ဝေဖန်မှုတွေကို စိတ်ဝင်တစားနဲ့ ကိုယ့်ဘက်က လိုအပ်နေတာတွေရှိခဲ့ရင် ဖြည့်ဆည်းဖြေရှင်းနိုင်အောင် ကြိုးစားရမယ် ဆိုတဲ့ အချက်တွေကို တွေ့ကြရမှာဖြစ်ပါတယ်။

ဒီအချက်တွေကိုသိပြီဆိုရင်တော့ မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက် ပုံပြင်ကပေးတဲ့ 'မြည်းကို ဘယ်လိုများထားပြီး ခရီးဆက်ရင် ဝေဖန်သံတွေ တိတ်ဆိတ်သွား မယ်ထင်ပါသလဲ'ဆိုတဲ့မေးခွန်းအတွက် တစ်စုံတစ်ခုသော အဖြေကို ရနိုင်လိမ့်မယ်ထင်ပါတယ်။

အောက်စဖို့ဒ်ဆရာတော် ရှင်လင်းသင်ကြားပေးတဲ့ အချက်တွေကို ဆင်ခြင် နှလုံးသွင်းနေထိုင်ရင်း ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဝေဖန်မှုတွေကို ကျော်လွှား လွန်မြောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#ငြိမ်းချမ်းသာ #သုဝဏ္ဏသျှမ် #အောက်စဖို့ဒ်ဆရာတော်
#ဝေဖန်_မှုတွေကို_ဘယ်လို_ကျော်ဖြတ်မလဲ
စာပြီးရက်စွဲ/- ၆-၁ဝ-၂ဝ၂ဝ

ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော်ဟောကြားတော်မူသည့်
၁။ အများအတွက်ပါတဲ့ပညာရေးတရားတော် (၂၉-၁၁-၂ဝ၁၉)
၂။ တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက်
စိတ်ဖိစီးမှုကိုင်တွယ်ရေးတရားတော် (၂၂-၁-၂ဝ၂ဝ)

🚗TOYOTA TUNDRA ( For Sale )MODEL: 2007Engine: V8 (IFORCE 5.7 Liter)Trim: V8 2WD Regular CabBody Style: TruckFuel: Unlead...
22/11/2020

🚗TOYOTA TUNDRA ( For Sale )

MODEL: 2007
Engine: V8 (IFORCE 5.7 Liter)
Trim: V8 2WD Regular Cab
Body Style: Truck
Fuel: Unleaded Regular
Automatic: w/Overdrive
Class : Full-Size Pickup LD
Standard MPG: 15/19
Drivetrain: 2WD
Seating: 2/3
Cylinder Configuration: Vee
Transmission Type: Automatic
Ground Clearance: 10.20
Fuel Capacity: 26.40 GL
Tonnage: 1/2 Ton
Engine Type: Petrol
Transmission Speeds: 6

INTERIOR 👇
Front head room 40 "
Front shoulder room 67 "
Front hip room 63 "
Front leg room 42.5 "
Standard seating 3

EXTERIOR👇
Length : 209.8 "
Body width 79.9 "
Body height 76.2 "
Wheelbase 126.8 "
Ground clearance 10.8 "
Curb 5,175 Lbs.
Gross weight 6,800 Lbs.

PERFORMANCE👇
Base engine size 5.7 Liters
Base engine type V-8
Horsepower 381 Hp
Horsepower rpm 5,600
Torque 401 Lb-Ft.
Torque rpm 3,600
Payload 1,625 Lbs.
Maximum towing capacity 10,100 Lbs.

EXCHANGE OK✌️(Exchange Will be Change Price )

PRICE : 270 lark (NEGO) 🙏

Yaw Minn Gyi Street , PyiGyiTagon Township , Mandalay.

Depression ( စိတ်ဓာတ်ကျခြင်း သို့ စိတ်ကျရောဂါ ) ‼️အရင်အပတ်ကဖော်ပြခဲ့တဲ့ အိပ်မရခြင်း( insomnia ) နဲ့ ဆက်စပ်ပြီးတော့ ဒီ စိ...
10/09/2020

Depression ( စိတ်ဓာတ်ကျခြင်း သို့ စိတ်ကျရောဂါ ) ‼️

အရင်အပတ်ကဖော်ပြခဲ့တဲ့ အိပ်မရခြင်း( insomnia ) နဲ့ ဆက်စပ်ပြီးတော့ ဒီ စိတ်ကျရောဂါ ( Depression ) အကြောင်းကိုဖော်ပြလိုက်ရပါတယ်။ Depression ဆိုတဲ့ စကားလုံးဟာလည်း ခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေနဲ့ တော်တော်လေးကို ရင်းနှီးလာတဲ့စကားလုံးတစ်လုံးပါ။

Depression ဆိုတာဘာလဲ❓

ပထမဦးဆုံးအနေနဲ့ ပုံမှန်ဝမ်းနည်းတာနဲ့ စိတ်ဓာတ်ကျတာ မတူဘူးဆိုတာကိုတော့ ခွဲခြားသိဖို့လိုပါတယ်။
စိတ်ဓာတ်ကျတာက စိတ်ရောဂါတစ်မျိုးပါ။ သာမာန်ရောဂါတွေလိုမဟုတ်ပဲစိတ်ဓာတ်ကျတာ (Depression) က သေဆုံးတဲ့အထိကိုဖြစ်စေနိုင်ပါတယ်။စစ်တမ်းတွေအရ ပျမ်းမျှအရွယ်ရောက်ပြီးလူငယ် ၁၅ ယောက်မှာ ၁ ယောက် နှုန်း၊ ပျမ်းမျှလူကြီး ၆ ယောက်မှာ ၁ ယောက်နှုန်း နဲ့စိတ်ကျရောဂါ ( depression ) ကိုခံစားနေကြရပါတယ်။
( မြန်မာနိုင်ငံမှာလည်း နောက်ဆုံး သုံးလ အတွင်း Depression ကြောင့် သေကြောင်းကြံစည်သူ ၄၇၀ ဦးအထိရှိခဲ့ပါတယ်။ )
အရေအတွက်အရကြည့်ရင်တော်တော်လေးများတဲ့ပမာဏပါ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း
depression က တဖြည်းဖြည်းနဲ့စိုးရိမ်စရာအသွင်ဆောင်လာနေပါပြီ။

Depression ဆိုတာဘာလဲ သေချာသိပြီးပီဆိုရင်တော့ မိမိမှာ Depression ရှိမရှိသိဖို့လိုအပ်လာပါပြီ။ဒါဆိုရင်တော့ လေ့လာဆန်းစစ်ဖို့အောက်မှာဖော်ပြထားတဲ့အချက်ငါးချက်က သင့်အတွက်အကူညီဖြစ်စေမှာပါ။ 🙋‍♂️🙋‍♂️

🔸၁)လူ​တွေနဲ့အထိအ​​တွေ့နည်းလာမယ်။

စိတ်ဓါတ်ကျ​နေတဲ့လူတစ်ယောက်က အရာအားလုံးဟာသူကြောင့်ပဲလို့​​တွေးလာပါတယ်။ဒါ​ကြောင့်ပတ်ဝန်းကျင်နဲ့အထိအ​တွေ့မရှိဘဲတစ်​ယောက်ထဲ​နေချင်လာမယ်။သူငယ်ချင်း​တွေမိသားစုဝင်​တွေနဲ့လည်းစကား​ပြောနည်းလာမယ်။တဖြည်းဖြည်းနဲ့ လူ​တွေနဲ့ဆက်ဆံစကား​ပြောရမှာကိုဝန်ထုတ်ဝန်ပိုးတစ်ခုလိုမျိုးမြင်လာတတ်ကြပါတယ်။

🔸၂)စိတ်တိုလွယ်လာမယ်။

လူတစ်​ယောက်ရဲ့ဘဝမှာအစစအရာရာအဆင်​ပြေ​နေမယ်ဆိုရင် စိတ်ဖိစီးစရာလည်းမရှိသလိုစိတ်ဓာတ်ကျစရာလည်းမရှိနိုင်ပါဘူး။ဒါ​ပေမယ့်လူတစ်​ယောက်ဟာပြဿနာ​အချို့ကိုမ​ဖြေရှင်းမ​ကျော်လွှားနိုင်တဲ့အခါ​ အရှုံး​ပေးချင်လာပြီး အဲ့ဒီ့စိတ်က နေ့စဉ်ဘဝထဲမှာပါ ကပ်တွယ်လာတတ်ပါတယ်။ကိစ္စ​သေး​သေး​လေး​တွေကိုကအစစိတ်အ​နှောက်အယှက်ဖြစ်တာ​တွေစိတ်တိုတာ​တွေဖြစ်လာတတ်ပါတယ်။ဒါ့အပြင် ဘဝမှာစိတ်ဒဏ်ရာ​တွေရှိခဲ့တာကလည်းစိတ်တိုလွယ်လာစေခြင်းရဲ့အကြောင်းရင်းတစ်ခုပါပဲ။

🔸၃)စိတ်ပါဝင်စားမှု​လျော့ပါးလာမယ်။

စိတ်ဓာတ်ကျဆင်းနေသူအများစုဟာ အရင်က​​ပျော်​နေကျအရာ​တွေကို​တောင်မ​ပျော်နိုင်ကြ​တော့ပါဘူး။အရင်ကအရမ်းစိတ်ဝင်စားတဲ့အရာ​တွေကိုလည်းစိတ်ဝင်စားမှု​လျော့ပါးလာတတ်ပြီး ဖိအား​တွေကိုလည်းမခံစားတတ်တော့ပါဘူး။သူတို့​တွေဟာအိပ်ရာထဲကထပြီးပုံမှန်လုပ်​နေကျအလုပ်​တွေလုပ်ဖို့​တောင်ခက်ခဲလာကြပါတယ်။လုပ်ချင်ကိုင်ချင်စိတ်​တွေ​ပျောက်ဆုံးလာပြီး လူ​တွေနဲ့ဆက်ဆံရတာကိုလည်းစိတ်မပါ​​တော့ပါဘူး။

🔸၄)အိပ်ချိန်မမှန်ခြင်း။

လူတစ်​ယောက်ဟာစိတ်ပိုင်းဆိုင်ရာထိခိုက်​နေတာမျိုး စိတ်ကျ​ရောဂါဖြစ်​နေတာမျိုးဆိုရင် အိပ်ချိန်​တွေကလည်း က​​​မောက်ကမ ဖြစ်လာတတ်ပါတယ်။အဓိကအားဖြင့် အိပ်ချိန်​တွေအရမ်းများ​နေတာ နဲ့ အိပ်ချိန်​အရမ်းနည်း​နေတာမျိုးပါ။အိပ်ချိန်မမှန်တာနဲ့အမျှ ဇီဝကမ္မဖြစ်​စဥ်​တွေဟာထိခိုက်လာပြီး စိတ်ဖိစီးတာ စိတ်ကျ​ရောဂါ​တွေဖြစ်လာခြင်းဖြစ်ပါတယ်။တစ်​နေ့လုံးအိပ်ယာထဲကမထွက်ချင်တာတစ်ညလုံးအိပ်မပျော်တာမျိုးတွေပါဖြစ်တတ်ပါတယ်။ဒါ​ကြောင့်အိပ်ချိန်မမှန်ခြင်းကလည်း ကမ္ဘာ​ပေါ်က စိတ်ကျ​ရောဂါ​ဝေဒနာရှင်​တော်​တော်များများအ​ပေါ်သက်​ရောက်မှုရှိ​​နေတာကို​တွေ့ရပါတယ်။

🔸၅)အစား​အ​​သောက်ပျက်ခြင်း /အစားလွန်စားခြင်း။

ကျွန်​တော်တို့ခန္ဓာကိုယ်မှာ ​​ဟော်မုန်း​တွေနဲ့အာရုံခံဆဲလ်​တွေရှိပြီး ဗိုက်ဆာလာတဲ့အခါမှာ သက်ဆိုင်ရာ ​ဟော်မုန်း​တွေနဲ့အာရုံခံဆဲလ်​တွေကိုထုတ်လွှတ်​ပေး​လေ့ရှိပါတယ်။ဒါ​ပေမယ့် ​ခန္ဓာကိုယ်တွင်း ​ဟော်မုန်းမညီမျှမှု​တွေဖြစ်လာတဲ့အခါမှာ ​အစားအ​သောက်ပျက်တာ ဒါမဟုတ် အလွန်အကျူးစား​သောက်တာမျိုး​တွေဖြစ်လာတတ်ပါတယ်။ဒါ​ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစား​နေရတဲ့လူ​တော်​တော်များဟာအစားအ​​​သောက်ပျက်ခြင်း​ကြောင့် ကိုယ်အ​လေးချိန်​ကျဆင်းတတ်ပြီး တချို့က စိတ်ဖိစီးမှုကို​ဖြေ​ဖျောက်ဖို့အလွန်အကျူးစား​​​သောက်ကြတဲ့အတွက် အဝလွန်တာမျိုး​တွေဖြစ်တတ်ကြပါတယ်။

ဒီလက္ခဏာတွေ ကို သင် ဒါမှမဟုတ် သင့်သူငယ်ချင်းမိတ်ဆွေတစ်ဦးဦးခံစားနေရပြီဆိုရင်တော့ မပေါ့ဆသင့်ပဲ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူသင့်ပါတယ်။ ✅

ဟုတ်ကဲ့
ဒီနေ့မှာ ဖော်ပြပေးသွားတာတွေကလည်း မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်။
နောက်အပတ်မှာတော့
Depression (စိတ်ကျရောဂါ) ကိုကာကွယ်နိုင်တဲ့ နည်းလမ်းတွေကိုလည်းဖော်ပြပေးဦးမှာမလို့ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်။ 🙋🙋

🙆‍♀️


🧡

 #တန်ဖိုးနဲ့နေရာဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောပါတယ်။  သမီးကျောင်းပြီးသွားလို...
17/08/2020

#တန်ဖိုးနဲ့နေရာ

ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောပါတယ်။ သမီးကျောင်းပြီးသွားလို့ ဂုဏ်ပြုလက်ဆောက်အဖြစ် ဒီကားကို ​ပေးမယ်။ သမီးမမွေးခင်ကတည်းက သမီးအတွက်ဆိုပြီး ဝယ်ထားခဲ့တာ။ တခါမှမသုံးပဲ သိမ်းပေးထါးတယ်လို့ ဆိုပါတယ်

ဖခင်က သမီးရေ ကားကို အပိုင်မပေးခင် ဒီကားဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြကြည့်ပါ။ သူ့သမီးက တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က ဒေါ်လာ တစ်ထောင်ပေးမယ် လို့ပြောကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်းနေလို့တဲ့။

ဒါနဲ့သူ့အဖေက သမီးရေ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။ သမီးက အပေါင်ဆိုင်ကိုသွားပြခဲ့ပြီး အဖေရေ သူတို့က ဒေါ်လာတစ်ရာပေးမယ်လို့ပြောကြတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ကားကအိုနေလို့တဲ့။

ဖခင်က သမီးရေ ဒီတစ်ခါတော့ ကားပြပွဲ အသင်းများဆီကို ယူသွားကြည့်ပါလို့ ဆိုပြန်ပါတယ်။ ကားပြပွဲအသင်းဆီကို ကားကိုပြပြီး သမီးက စိတ်လှုပ်ရှားစွာ ပြန်လာတယ်။ အဖေ အဖေ သူတို့က ကားကို ဒေါ်လာ တစ်သိန်းပေးမယ်ဆိုကြတယ်။ ဘာလို့လဲဆိုတော့ ဒီကားက Nissan Skyline R34 ရောင်းရအကောင်းဆုံးနဲ့ ခုဆိုရှားပါးကားဖြစ်တယ် လို့ ဆိုကြတယ်တဲ့။

ဖခင်က ''သမီးရေ မှန်ကန်တဲ့နေရာမှာသာ မှန်ကန်တဲ့ တန်ဖိုးထားမှုခံရတယ်။ မိမိအား တန်ဖိုးမထားကြရင် ဝမ်းမနည်းပါနဲ့ စိတ်မဆိုးပါနဲ့။ ဘာလို့လဲ ဆိုတော့ အဲ့ဒီနေရာက ကိုယ့်အတွက် နေရာမှန်မဟုတ်လို့ပါ။ သင့်ကိုတန်ဖိုးထားတဲ့ နေရာသည် သင်၏တန်ဖိုးကိုအသိအမှတ်ပြုတဲ့နေရာဖြစ်သည်။ သင်၏တန်ဖိုးကို မသိနားမလည်တဲ့ နေရာမှာကြာကြာ မနေပါနဲ့''.. . ဟု ဆိုပါတယ်။

Ref: Chicken Soup for the Christian Souls
Crd Khamh BawiLian

သံကို ကောက်နေရင် ဆက်မရိုက်တော့ဘူး ဖြောင့်နေမှ ရိုက်ကြတာ... ဖြောင့်နေမှ ဆက်ရိုက်လို့ရတာကို 😀အဲ့လိုပဲ လိမ္မာတဲ့သူကိုပဲ ဖြဲ...
15/08/2020

သံကို ကောက်နေရင် ဆက်မရိုက်တော့ဘူး ဖြောင့်နေမှ ရိုက်ကြတာ... ဖြောင့်နေမှ ဆက်ရိုက်လို့ရတာကို 😀

အဲ့လိုပဲ လိမ္မာတဲ့သူကိုပဲ ဖြဲခြောက်ကြတာ
ဆိုးတဲ့သူဆို လွှတ်ထားလိုက်ကြတယ်

သည်းခံအလျော့ပေးတဲ့သူကိုပဲ အနိုင်ကျင့်ချင်ကြတယ်...

အားနာတတ်တဲ့ သူကိုပဲ
အကူအညီပိုတောင်းကြတယ်...

အားလုံးခြုံပြောရရင် လုပ်လို့ရတဲ့သူကိုပဲ လုပ်တာ
လုပ်လို့မရတဲ့သူဆို မထိရဲဘူး 😂

👀crd

တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေအချို့ထည့်ပြီး မတ်တပ်ရပ်လိုက်တယ် ။သူက ကျောင်းသားအားလုံးမြင်...
12/07/2020

တစ်ခါတုန်းက စာသင်ခန်းထဲမှာ
ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ
ရေအချို့ထည့်ပြီး မတ်တပ်ရပ်လိုက်တယ် ။

သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို
ကိုင်မြှောက်ပြလို့ ကျောင်းသားတွေကို
မေးလိုက်တယ် ။

''ဒီဖန်ခွက်အလေးချိန်က
ဘယ်လောက်ရှိတယ်လို့ မင်းတို့ထင်လဲ '' တဲ့ ။

ကျောင်းသားတွေက...

''၅၀ ဂရမ် ''
"၁၀၀ ဂရမ် ”
"၁၂၅ ဂရမ် ” လို့ ပြန်ဖြေကြတယ် ။

ဖရော်ဖက်ဆာကလည်း ဆက်ပြောတယ်...

" ဒီဖန်ခွက်ကို ချိန်မကြည့်ဘဲနဲ့
ဆရာလဲ တိတိကျကျ မသိနိုင်ဘူး ”

" ဒါပေမယ့်...
ဆရာမေးချင်တာက ဒီဖန်ခွက်ကို
ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင်
ဘာဖြစ်နိုင်သလဲ ”

ကျောင်းသားတွေက...
"ဘာမှမဖြစ်နိုင်ပါဘူး ဆရာ ” လို့ ပြန်ဖြေတယ် ။

" ကောင်းပြီ...
ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း
ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” လို့
ပရော်ဖက်ဆာက ထပ်မေးတယ် ။

ကျောင်းသာတွေထဲက တစ်ယောက်က...
"ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ”လို့ ဖြေတယ် ။

"မင်းမှန်တယ်...
ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”

ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီး...

" ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ
နာလာမယ် တောင့်တောင့်ကြီးဖြစ်သွားမယ်...
ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပါပဲ ” လို့
ပြောတယ် ။

တခြားကျောင်းသားတွေက ဝိုင်းရယ်ကြတယ် ။

"အရမ်းကောင်းတယ်...
ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ
ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ” လို့
ပရော်ဖက်ဆာက ဆက်မေးတယ် ။

ကျောင်းသားအားလုံးက...
" မပြောင်းလဲနိုင်ပါဘူး ” လို့ ဝိုင်းဖြေကြတယ် ။

" ဒါဆို ဘာလို့ လက်တွေနာပြီးကြွက်သားတွေ
ထုံကျင်တာတွေဖြစ်လာရတာလဲ ”

ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ
အကြံအိုက်သွားကြတယ် ။

ပရော်ဖက်ဆာက...
" ဒါဆို အခုလို နာကျင်တာတွေက သက်သာအောင်
ဘယ်လိုလုပ်သင့်သလဲ ” လို့ ထပ်မေးတယ်။

" ဖန်ခွက်ကို လွှတ်ချလိုက်ရုံပါ ဆရာ ” လို့ ကျောင်းသားတစ်ယောက်ကဖြေတယ် ။

" အမှန်ကန်ဆုံးပဲ ”
ပရော်ဖက်ဆာက ဆက်ပြောတယ် ။

" ဘဝရဲ့ ပြဿနာတွေဆိုတာ
အခုသင်ခန်းစာနဲ့အတူတူပဲ...
ဦးခေါင်းထဲကို ပြဿနာတွေ
မိနစ်အနည်းငယ်လောက်ထည့်ထားရင်
ဘာမှမဖြစ်ဘူး..အိုကေတယ်...
အဲဒီ ပြဿနာတွေကို
အကြာကြီးခေါင်ထဲမှာထည့်လို့
တွေးနေရင်တော့
စတင်ပြီးခေါင်းကိုက်လာလိမ့်မယ် ။ ”

" ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို
ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်...

ဒါပေမယ့်...

အဲဒါထက်အရေးကြီးတာကတော့ - -

==========================
သင်အိပ်ရာမဝင်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့
ပြဿနာတွေကို လွှတ်ချလိုက်ဖို့ပါပဲ...။
==========================

စိတ်ဖိစီးမှုမရှိဘဲ နိုးထလာတဲ့မနက်ခင်းဟာ
လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် " လို့...

ပရော်ဖက်ဆာကပြောပြီး..
ကျောင်းသားတွေကို ဥပမာလေးနဲ့
သင်္ခန်းစာပေးခဲ့ပါတယ်...။

ဒီလိုပါပဲ....

ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်တာထက်
စိတ်ပင်ပန်းနွမ်းနယ်တာက ပိုပြီးဆိုးဆိုးဝါးဝါး
ဖြစ်နိုင်ခြေ အများဆုံးပါပဲပါ...။

လောကမှာ ဆိုရိုးစကားတစ်ခုကို
သင်လဲ သိမှာပေါ့...

" စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နု " ဆိုတာလေ..

ဒီတော့...

သင့်ခေါင်းထဲမှာ
စိတ်ကိုထောင်းနေတဲ့ အတွေးတွေကို
တစ်နေ့တာ
လန်းဆန်းပြီးကြံ့ခိုင်သန်စွမ်းနိုင်ဖို့..

ပရော်ဖက်ဆာ ပြောသလို...

" ဒီကနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ " ။

သင်္ခန်းစာလေးကို ကြိုက်လွန်း၍
ပြန်လည်ပုံဖော် ဝေမျှမိပါသည်...

#ဘဝအားဆေး
Credit:.photo.

မြင်သူတကာကြွေ လူတကာမေးပြီးလည်ပြန်ငေးရမယ့် ကားအလန်းလေး တစ်စီး အရောင်းတင်ပါရစေ.** Delivery Van မဟုတ်ပါ လူစီးယာဥ် **SUZUKI ...
09/07/2020

မြင်သူတကာကြွေ လူတကာမေးပြီး
လည်ပြန်ငေးရမယ့် ကားအလန်းလေး တစ်စီး အရောင်းတင်ပါရစေ.
** Delivery Van မဟုတ်ပါ လူစီးယာဥ် **

SUZUKI EVERY WAGON
( Suzuki Sport Grade )
2010 Model.
Metallic Super Black Colour
660 Cc With Turbo
ရှေ့မီး ၃ထပ် (HID Head Light)
နောက်မီး အကြည် , ပျားအုံရှဲ
ဘယ် Slide Motor 1 ချပ်
5.1 Sound System
ရှေ့/နောက် လက်တင်
2019 Alloy နဲ့ Tyre ထည့်ထား
ကားရှယ်လေး ရောင်းမည်။

Price - 165 သိန်း

住所

Shinjuku
Shinjuku-ku, Tokyo

ウェブサイト

アラート

Ruby Land Japan-Myanamar Tradingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー