Moe zatt lay Pyae

Moe zatt lay Pyae About Japan with MoeZatt

29/08/2026

ဂျပန်မှာ မြန်မာတွေပိုများလာတယ်။

အခုနှစ်ပိုင်းတွေမှာအမှုအခင်းတွေလည်း
ပိုများလာတာကိုသတိထားမိနေတယ်။

ကျနော်တို့တော့ ကိုယ်ပို့ပေးလိုက်တဲ့ကလေးတွေကိုမိမိကိုယ်ကိုကာကွယ်စောင့်ရှောက်ရင်း
မသိလို့ကျုးလွန်မိတဲ့အမှုအခင်းတွေနည်းအောင် Manner Class တွေနဲ့သင်ကြားရေးတွေ ပိုလုပ်ပေးတာမျိုးနဲ့ မလာခင်သိရမှာတွေနဲ့ဖြစ်လေ့ရှိတဲ့ပြဿနာအများစုကိုအမြဲပညာပေးသင်ကြားရေးသာမကအလွယ်တကူဖတ်လို့ရတဲ့ မျှဝေတဲ့ Channel လေးတွေလုပ်ပေးခဲ့ဖတ်မှတ်သင်ကြားပေးခဲ့ပါတယ်။

တခြားနေရာတွေကလည်းအဲ့လိုလုပ်ပေးနေကြမယ်ထင်ပါတယ်။လုပ်ပေးသင့်ကြောင်းလည်းအကြံပြုပါတယ်။

ပြဿနာဖြစ်ရင် တစ်စုံတစ်ယောက်အနေနဲ့
သတင်းတွေထက် မြန်မာလူမျိုးဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတွေဖြစ်တာကြောင့်ပါ။

မရည်ရွယ်ပဲပြစ်မှုဖြစ်သွားတဲ့သူတွေရော
ရည်ရွယ်ချက်ရှိတဲ့ပြစ်မှုဖြစ်ပွါးတာရောအတွက် ဂျပန်ဥပဒေကအရင်ထက်ပိုမိုတင်းကြပ်လာတာဖြစ်လို့ ဂရုတစိုက်နေထိုင်ကြရင်း လိုက်နာလို့ရတဲ့စည်းကမ်းတွေဆိုလိုက်နာနိုင်ဖို့မိမိပတ်ဝန်းကျင်ကသူတွေပါ လက်တွဲခေါ်ယူစေချင်ပါတယ်။

ကျနော်တို့တိုင်းပြည်က တခြားနိုင်ငံနဲ့ယှဉ်ရင်အခြေနေမကောင်းတော့ရောက်နေသူတွေတိုင်းနေရမခက်ခဲစေဖို့ အတူတူ ကြိုးစားလိုက်နာကြရအောင်ဗျာ။

ကျနော်ဒီနေ့ဖတ်လိုက်ရတဲ့
မြန်မာနဲ့ဆိုင်တဲ့ သတင်း၂ ပုဒ်ကတော့

ကလေးဖျက်ချထားတဲ့သတင်း
မုန့် ခိုးလို့ဆိုပြီးဖမ်းသွားတဲ့သတင်း နှစ်ခုပါ။
စိတ်မကောင်းပါဘူး။
အဆင်ပြေကြပါစေ။

❤️အကျင့်❤️ကျနော့်အကြောင်းနည်းနည်းရေးမယ်ပြီးရင် အကျင့်နဲ့ဆိုင်တဲ့ရှာဖတ်ထားတာလေးရေးပါမယ်။မြန်မာပြည်မှာနေတုန်းက အီကြာကွေးနဲ...
29/08/2026

❤️အကျင့်❤️

ကျနော့်အကြောင်းနည်းနည်းရေးမယ်
ပြီးရင် အကျင့်နဲ့ဆိုင်တဲ့ရှာဖတ်ထားတာလေးရေးပါမယ်။

မြန်မာပြည်မှာနေတုန်းက
အီကြာကွေးနဲ့လက်ဖက်ရည်စိမ်စားရတာ
နှစ်တွေအကြာကြီး မနက်တိုင်းမရိုးအီဘူး ကြိုက်ခဲ့တယ်။

ဂျပန်မှာရောက်တော့ ကျောင်းတက်ရင်းမနက်ပိုင်းအလုပ်ပြီးရင်ဝယ်စားနေကြပေါင်မုန့်တစ်မျိုး ၂ နှစ်လောက်နေ့တိုင်း မနက်တိုင်း အဲ့ဒါကိုပဲဝယ်စားခဲ့တယ်။

အခုနောက်ပိုင်းလူလတ်ပိုင်းဘဝမှာကျ
GreenTea 抹茶 တော့အရမ်းကြိုက်ပဲ။
အမြဲ သောက်ရတာရိုးအီတယ်မခံစားရဘူး။

သီချင်းဆိုလည်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကိုပဲ အခါ ၁၀၀ မရ repeat one နဲ့ဖွင့်ထားတတ်တယ်။

အလုပ်ဆိုလည်း ကုမ္မဏီတစ်ခုထဲကို
၁၀ နှစ်လောက်လုပ်ခဲ့ဖူးတယ်။

စာသင်တုန်းကလည်း ၁၀ နှစ်လောက်
စာသင်တာ ဆက်တိုက်လုပ်ခဲ့တယ်။

နောက်ထပ် အခြားသော နှစ်ချို့အောင်
မပြောင်းလဲခဲ့တဲ့အကြောင်းအရာတွေ
ရှိသေးတယ်။

အဲ့လိုအကျင့်ရှိတဲ့သူတွေ ရှာပြီးဖတ်ကြည့်တဲ့အခါ အောက်က အချက်ကိုတွေ့ရတယ်။

❤️အဲ့လိုအကျင့်တူရှိတဲ့သူတွေအတွက်
ကျနော်ရှာဖတ်ထားတဲ့ အချက်လေး ဝေမျှချင်လို့ပါ။❤️

အကြိုက်တစ်ခု သို့မဟုတ် အလုပ်တစ်ခုကို နှစ်ပေါင်းများစွာ မရိုးအီဘဲ စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်တဲ့ အကျင့် (Habitual Consistency) ရှိသူတွေမှာ ထင်ရှားတဲ့ ထူးခြားချက်တွေ ရှိပါတယ်။

၁။ စိတ်ဓာတ် ခိုင်မာပြီး ဇွဲရှိခြင်း (High Consistency & Perseverance)
တိုင်ပင်ရာ၊ အားကိုးရာမှာ အလွန်ခိုင်မာသူတွေ ဖြစ်ပါတယ်။

ပြောင်းလဲမှုတွေကြားမှာ ယိမ်းယိုင်မသွားဘဲ မိမိလုပ်စရာရှိတာကို စိတ်ရှည်လက်ရှည် ပန်းတိုင်ရောက်အောင် စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်စွမ်း မြင့်မားပါတယ်။

၂။ ရောင့်ရဲလွယ်ပြီး စိတ်ချမ်းသာမှုကို လွယ်ကူစွာ ရရှိခြင်း (Appreciation of Simplicity)

အရာရာမှာ ဆန်းသစ်မှုအသစ်တွေကို အမြဲလိုက်ရှာနေစရာ မလိုဘဲ ရိုးရှင်းတဲ့ အရာတစ်ခုဆီကနေ အနှစ်သာရနဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ရယူနိုင်စွမ်း ရှိပါတယ်။

ရိုးရှင်းတဲ့ နေ့စဉ်ဘဝ အလေ့အထတွေကနေပဲ ငြိမ်းချမ်းမှုကို ရှာဖွေတတ်ကြပါတယ်။

၃။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စွမ်း ကောင်းခြင်း (Emotional Stability)

ပုံမှန်အလေ့အထ (Routine) တွေကို စွဲစွဲမြဲမြဲ ပြုလုပ်ခြင်းက ဦးနှောက်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။

သီချင်းတစ်ပုဒ်ထဲကို ထပ်ခါထပ်ခါ နားထောင်ခြင်းက စိတ်ကို ငြိမ်သက်စေပြီး အာရုံစူးစိုက်မှု (Focus) ကို မြှင့်တင်ပေးနိုင်တဲ့ သဘာဝ ရှိပါတယ်။

၄။ သစ္စာရှိခြင်းနှင့် ယုံကြည်စိတ်ချရခြင်း (Loyalty & Reliability)

အလုပ်၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ သစ္စာရှိကြပါတယ်။

ရေရှည်လက်တွဲဖို့ အကောင်းဆုံးသူတွေဖြစ်ပြီး အဖွဲ့အစည်းနဲ့ လုပ်ငန်းခွင်မှာ အားကိုးရဆုံး Pillar (ဒေါက်တိုင်) တွေ ဖြစ်လာလေ့ ရှိပါတယ်။

၅။ ကျွမ်းကျင်မှု ပိုင်နိုင်ခြင်း (Deep Mastery)
အရာတစ်ခုကို နှစ်ပေါင်းများစွာ ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်းကြောင့် ထိုနယ်ပယ် သို့မဟုတ် ထိုအရာမှာ ကျွမ်းကျင်သူ (Expert) အဆင့်ထိ ရောက်ရှိသွားတတ်ပါတယ်။

ဒီလိုအကျင့်မျိုးက လူတိုင်းမှာ ရှိရခက်တဲ့ "စွဲမြဲခြင်း" (Consistency) ဆိုတဲ့ အင်မတန် အားသာတဲ့ ထူးခြားချက်တစ်စုံ ဖြစ်ပါတယ်။

🍀တစ်ခါတစ်လေကျနော်တို့ကိုယ့်ကိုကိုယ်သိဖို့ပြန်လည်ကြိုးစားရတဲ့အခိုက်အတန့်တွေရှိပါတယ်။

ကောင်းတဲ့အကျင့်တွေကိုအမြဲဘဝမှာဆက်ပြီး အသုံးချသွားဖို့လိုတယ်လေနော်❤️

‼️ဘာကြောင့် ပြည်ပကိုထွက်လာခဲ့ကြတာလဲ"ဘာ့ကြောင့်ပြည်ပမှာအပင်ပန်းခံပြီးနေကြတာလဲ‼️မနေချင်ဘူးတို့ ပင်ပန်းတယ်တို့ပြောပြီးတကယ့်...
29/08/2026

‼️ဘာကြောင့် ပြည်ပကိုထွက်လာခဲ့ကြတာလဲ"ဘာ့ကြောင့်ပြည်ပမှာအပင်ပန်းခံပြီးနေကြတာလဲ‼️

မနေချင်ဘူးတို့ ပင်ပန်းတယ်တို့ပြောပြီး
တကယ့်လက်တွေ့မှာတော့
မပြန်နိုင်ကြသေးတာက အမှန်တရားပါ။

နိုင်ငံရပ်ခြားမှာ ခြေချခွင့်ရကြတာချင်း တူရင်တောင်မှ တစ်ယောက်ချင်းစီရဲ့ နောက်ခံအခြေအနေနဲ့ သယ်ဆောင်လာရတဲ့ ဝန်ထုတ်ဝန်ပိုးတွေကတော့ လုံးဝ မတူညီနိုင်ကြပါဘူး။

အောင်မြင်မှု လမ်းကြောင်းနောက်ကွယ်မှာ တချို့သော မိဘတွေရဲ့ ဘဝတစ်ခုလုံးကို ပုံအောပေးဆပ်ထားရတာတွေ၊ မမြင်နိုင်တဲ့ စနစ်တကျ စိစစ်ခြိုးခြံမှုတွေနဲ့ ရင်းနှီးထားရတဲ့
ဘယ်သူမှမသိနိုင်တဲ့ပင်ပန်းမှုနဲ့ချွေတာမှုကရတဲ့ငွေကြေးတွေရင်းနှီးပေးဆပ်အနစ်နာခံ
မြေတောင်မြှောက်ပေးခဲ့တာတွေရှိခဲ့ပါလိမ့်မယ်။

သူများ ၁ ဆ ကြိုးစားရချိန်မှာ ကိုယ်က ၂ ဆ၊ ၃ ဆ ပိုပြီး ရုန်းကန်ရတာမျိုးနဲ့ကိုယ့်ဘဝကိုယ်တိုင်ပုံဖော်နိုင်ဖို့ကြိုးစားခဲ့ရသူလည်း ဘဝအခြေအနေအရရှိနိုင်ပါတယ်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် "ငါ ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့တာလဲ" ဆိုတဲ့ ပထမဆုံး ပန်းတိုင်နဲ့ ရည်ရွယ်ချက်ကိုတော့ ဘယ်တော့မှ မပျောက်ပျက်သွားပါစေနဲ့။

ကျောင်းပြီးဖို့၊ အလုပ်အကိုင် ခိုင်မာဖို့
ဗီဇာခိုင်မာဖို့ဆိုတဲ့ အဓိက ရည်မှန်းချက် မပြီးမြောက်မချင်း စိတ်ကို အစဉ်အမြဲ တင်းထားဖို့ လိုပါတယ်။

အဲ့ဒါတွေချောမွေ့စွာဖြစ်မြောက်ဖို့ဆိုတာကကိုယ်ရောက်နေတဲ့နိုင်ငံရဲ့ဘာသာစကားကလည်း အရေးပါတဲ့အချက်ဆိုတာမမေ့ပစ်ကြပါနဲ့။

နည်းမှန်လမ်းမှန်နဲ့ဘဝအောင်မြင်ရေးအမြဲရစေဖို့အတွက်ဆိုရင်ကိုယ့်ထက် ပိုမိုခက်ခဲတဲ့ ဘဝကနေ ရုန်းထွက်ပြီး အောင်မြင်သွားတဲ့သူတွေကိုကြိုးစားနေသူတွေကိုအားကျစိတ်နဲ့အတူ "သူတောင် လုပ်နိုင်ရင် ငါလည်း မဖြစ်နိုင်စရာ မရှိဘူး" ဆိုတဲ့ သတ္တိနဲ့ ခွန်အားကို မွေးမြူပါ။ အချင်းချင်း အတုယူကောင်းကိုယူရင်း၊ ကိုယ်တိုင်လည်း ဒီထက်မက ပိုမိုကြိုးစားသွားဖို့ သန္နိဋ္ဌာန်ချလိုက်ရအောင်။

‼️ဘဝအတွက် ကြိူးစားနေချိန်မှာ မလုပ်စေချင်တာကတော့….

ပစ္စည်းအသစ်တွေ မလိုအပ်ဘဲ ဝယ်ယူတာ၊ SNSအလွန်အမင်းသုံးစွဲနေပြီးအချိန်ကုန်စေတာ၊ဘဝတိုးတက်ရေးကို အထောက်အကူဖြစ်စေမဲ့လေ့လာသင်ယူမှုကို နည်းနည်းချင်းဖြစ်ပါစေအားထုတ်မှုမရှိတာ၊အလုပ်ပင်ပန်းရုံနဲ့ လွယ်လွယ်နဲ့ လက်လျှော့ထွက်လိုက်ပြီး
စိတ်ကိုအလိုလိုက်တဲ့မှားယွင်းမှုတွေအတွက် ပြုပြင်လိုစိတ်မရှိတာ။

ကြိုးစားမှုတိုင်းက တစ်ချိန်မှာထိုက်တန်တဲ့ ရလဒ်တော့ရှိပါတယ်။
ခံစားခွင့်အချိန်မကျသေးတာပဲရှိတယ်။

မိမိကိုယ်ကိုစိန်ခေါ်ကြည့်ပါ
နောက်နှစ်မှာ….တစ်ခုခုအောင်မြင်မှုရနေဖို့အတွက် ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကိုသတ်မှတ်လိုက်ပါ။

မေ့မသွားအောင် အိမ်နံရံမှာရေးကပ်ထားတာမျိုး သို့မဟုတ် Phone screen မှာရေးထားတာမျိုးအမြဲမြင်ရမဲ့နေရာမှာထားပါ။

ပြီးရင် အခုကစပြီး တစ်နေ့ နည်းနည်းစီပြုပြင်ကြိုးစားပြီးအလေ့အကျင့်ကောင်းလေးပျိုးထောင်ကြည့်ပါနော်။

ကျနော်ကတော့ အဲ့နည်းလေးနဲ့ကိုယ်နိုင်သလောက်ကြိုးစားရင်းရုန်းကန်လှုပ်ရှားလာခဲ့တာ ဂျပန်ရောက်တာ 17 နှစ်ပြည့်ခဲ့ပါပြီ။
ကိုယ့်အတွက်လည်းကြိုးစားနိုင်ခဲ့သလို
အမေ့ကိုလည်းကိုယ့်လုပ်အားကရတဲ့လစာနဲ့ပြန်လည်ကြည့်ရှုပေးခဲ့တာ ၁၅ နှစ်ရှိခဲ့ပြီ။

Aug 27 ရက်နေ့က ကျနော့် အမေလည်းအသက် ၇၄ နှစ်ပြည့်ပါပြီ။

❤️Happy Birthday ပါအမေ ကျနော်
အရမ်းချစ်ပါတယ်။❤️

အမေ့အတွက်ဆိုလိုအပ်တာပံ့ပိုးပေးနိုင်
ဖြစ်ရမယ်ဆိုတဲ့စိတ်လေးက ကျနော့်ဘဝကို
ရှေ့ရောက်ဖို့ပိုမောင်းနှင်ပေးခဲ့တာဆိုလည်းမမှားပါဘူး။ကျေးဇူးဆပ်ခွင့် အခွင့်အရေးပေးလို့ကျေးဇူးတင်ရပါတယ်။

ကိုယ့်ဘဝအတွက်လည်းကြိုးစား
မိဘကိုလည်းကျေးဇူးဆပ်နိုင်တဲ့လူငယ်တွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

🍀ကောင်းသောနေ့လေးပါ🍀Sensei …..ရေသမီး…Level အောင်ပြီ။❤️သား…. Level အောင်ပြီ။❤️ဆိုပြီးကလေးတွေဆီက စာပို့လာကြတယ်။ဆုတောင်းမေတ္...
27/08/2026

🍀ကောင်းသောနေ့လေးပါ🍀

Sensei …..ရေ

သမီး…Level အောင်ပြီ။❤️
သား…. Level အောင်ပြီ။❤️

ဆိုပြီးကလေးတွေဆီက စာပို့လာကြတယ်။

ဆုတောင်းမေတ္တာများပို့သပေးပါတယ်။
အခုထက်ပိုမိုအောင်မြင်တဲ့ဘဝကိုရရှိပြီး
မိဘကျေးဇူးဆပ်နိုင်မိမိဘဝခရီး
ပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ရှင်သန်ပြီး အစစအရာရာ ချောမွေ့အဆင်ပြေကြပါစေ။

🍀ကောင်းသောနေ့လေးတစ်နေ့📕✍️အင်တာဗျုးအောင်ထားတဲ့ကလေးက သူငယ်ချင်းအဆောင်ခဏအကူညီတောင်းတပတ်လောက်နေဖို့ရောက်သွားခဲ့တယ်တဲ့။အလုပ်ရ...
24/08/2026

🍀ကောင်းသောနေ့လေးတစ်နေ့📕✍️

အင်တာဗျုးအောင်ထားတဲ့ကလေးက
သူငယ်ချင်းအဆောင်ခဏအကူညီတောင်း
တပတ်လောက်နေဖို့ရောက်သွားခဲ့တယ်တဲ့။

အလုပ်ရှင်ရောက်လာလို့ပြဿနာဖြစ်
အဲ့လူနဲ့ဖုန်းပြော ပြဿနာဖြေရှင်းကူညီပေး

လက်ထဲပိုက်ဆံမကျန်လို့ဘူတာမှာ
ညအိပ်ရမလိုတွေဖြစ်

ညဘက်တည်းခိုရေးနဲ့အလုပ်သစ်သွားမဲ့နေရာအထိအသုံးစရိတ်အထိအစဉ်ပြေအောင်
ညှိပေးကူညီစီစဉ်ပေးခဲ့ပြီးတော့…

အခုတော့ အလုပ်သစ်ရဲ့သူဌေးဘက်က
သဘောကောင်းအလုပ်သစ်မဝင်ရသေး
အဆောင်နေခွင့်ရပြီး အဆောင်သစ်ရောက်ရှိ

အဆင်ပြေတယ် သူဌေးအသစ်
သဘောကောင်းတယ်။
ညှိပေးတာတွေ ကူပြောပေးတာတွေ
ကျေးဇူးတင်တယ်လို့ကလေးလာပြောလို့

ကျနော်တို့လည်းအခုမှပဲ အမောပြေတယ်

❤️လူတိုင်းကိုမလုပ်ပေးနိုင်ပေမဲ့
လုပ်ပေးနိူင်သလောက် လူသားခြင်း
စာနာကူညီပေးနိုင်ဖို့ကြိုးစားနေပါတယ်။

2026/8/24
အမှတ်တရ
MoeZattLayPyae

23/08/2026

မနှစ်က Vietnum သွားခဲ့တဲ့ဗီဒီယိုလေးပါ။ သူများနိုင်ငံတွေအရမ်းတိုးတက်နေလို့ အားကျပြီးပြန်လာခဲ့ရပါတယ်။

😱ငါမင်းကိုစိတ်ညစ်စေချင်တာမဟုတ်ပါဘူးတဲ့ ပြောတဲ့ပုံစံက သူ့ရည်းစားကျနေတာပဲ😂😂😂😂😂သူကနော်😂😂ပြောချင်တာတစ်ခုရှိလို့ဆိုပြီး စကားလ...
23/08/2026

😱ငါမင်းကိုစိတ်ညစ်စေချင်တာမဟုတ်ပါဘူးတဲ့ ပြောတဲ့ပုံစံက သူ့ရည်းစားကျနေတာပဲ
😂😂😂😂😂

သူကနော်😂😂

ပြောချင်တာတစ်ခုရှိလို့ဆိုပြီး စကားလမ်းကြောင်းရှာတယ်။😝😝

+56ဆိုတော့ ကိုယ်လည်း America ဘက်နေတဲ့ကိုယ့်အစ်မတစ်ယောက်ပဲ ဖုန်းပြောင်းသွားလားပေါ့နော်။ အဲ့ဘက်နေတဲ့သူငယ်ချင်းတွေထင်မိတာပေါ့။

ဒါနဲ့ ဘယ်သူလဲနော်လို့ မေးလိုက်တယ်။

အံမယ်…သူက ဆွယ်တာနော်။
ဘာရမယ်..ညာရမယ်ဆိုပြီး😂😂

ကိုယ်လဲ အမြင်ကပ်ကပ်နဲ့
‼️‼️လစ်တော့်ဆို မောင်းထုတ်တာ

မရဘူးဟယ်…

အာ့နဲ့ပဲ block ပေးလိုက်တယ်။

ဂျပန်စကားပုံလေး
【ただより高いものはない】

အလကားရတာထက်ပိုစျေးကြီးတာမရှိ

အလကားရတာက ပိုစျေးကြီးတယ်ဆိုတဲ့
အဓိပ္ပာယ်လဲဟုတ်သလို

အလကားရမှာကို မက်မောမိရင်
ကိုယ့်ဆီက ကြီးမားတဲ့ပေးဆပ်မှုနဲ့
ဆုံးရှုံးမှုက ပိုကြီးတတ်တယ်။

Scammerပို့စ်လေးဖတ် သတိလဲထား
ဂျပန်စကားပုံလေးလည်းမှတ်ကြ။

ဒါနဲ့ ဒီလိုကာလတွေဆို
ကျောင်း COE ရတဲ့ကာလဆို ငွေလိမ်တာတွေ
အရမ်းများတာမို့ မသိတဲ့သူနဲ့
လုံးဝ လုံးဝ ငွေလဲတာမလုပ်ကြဖို့လည်း
သတိပေးပါရစေ။

လူလိမ်များရန်မှကင်းဝေးပါစေ။
အဆင်ပြေကြပါစေ။

MoeZattLayPyae

စားကြပါဦးအမျိူးတို့ရေ 😍
23/08/2026

စားကြပါဦးအမျိူးတို့ရေ 😍

ယနေ့ ရထားစီးအလုပ်သွားမဲ့သူများ🍀အိမ်က အချိန်နီးမှထွက်ရင်နောက်ကျတာ🍀လမ်းတဝက်မှာရှေ့တိုးမရ နောက်ဆုတ်မရဖြစ်တာတွေအခက်ခဲမဖြစ်ဖိ...
23/08/2026

ယနေ့ ရထားစီးအလုပ်သွားမဲ့သူများ

🍀အိမ်က အချိန်နီးမှထွက်ရင်နောက်ကျတာ

🍀လမ်းတဝက်မှာရှေ့တိုးမရ နောက်ဆုတ်မရဖြစ်တာတွေအခက်ခဲမဖြစ်ဖို့ဝေမျှပေးလိုက်ပါတယ်။

🍀Update အခြေနေနဲ့ ရထားထွက်ခွါမှုအချက်လက်သိသူများလည်း
ကူညီရေးပေးခဲ့ကြပါဦး။

🍀ရောက်တာမကြာသေးတဲ့ကလေးတွေ
ခွင့်မတိုင်တတ်ရင် ပြောချင်တာကို
ဂျပန်လိုရေးတာ ကူစစ်သင်ပေးပါမယ်။
Comment မှာရေးခဲ့ကြပါ။

2026/8/23
Morning

ညသန်းခေါင် မနက် ၂ နာရီ အိပ်ကောင်းနေချိန်ငလျှင်သတင်းအချက်လက်ပါ။ဖုန်းတွေမြည်ပြီးလန့်နိုး😱😱 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ မနက...
22/08/2026

ညသန်းခေါင် မနက် ၂ နာရီ
အိပ်ကောင်းနေချိန်ငလျှင်သတင်းအချက်လက်ပါ။ဖုန်းတွေမြည်ပြီးလန့်နိုး😱😱

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ မနက် ၂:၀၀ နာရီဝန်းကျင်

ငလျင်ဗဟိုချက် -Ibaraki တောင်ပိုင်း (Ibaraki Prefecture South)

အမြင့်ဆုံးစလှုပ်သည့် အတိုင်းအတာ (Shindo) - ၅ လျော့ (5 Lower - 5弱)
အတိုင်းအတာ (Magnitude) - ၅.၉
အနက် - ၇၀ ကီလိုမီတာ

၇ ရက်သားသမီးအန္တရာယ်ကင်း
ဘေးရှင်းကြပါစေ။🙏

住所

Tokyo
Toshima, Tokyo

ウェブサイト

アラート

Moe zatt lay Pyaeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー