09/03/2026
President’s (🇲🇲 Myanmar Chapter) Message: Local Roots, Global Vision
ဥက္ကဋ္ဌ၏ သဝဏ်လွှာ - ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်ဆီသို့
Warm greetings to the Global Entrepreneurs 1% Club community across borders!
Global Entrepreneurs 1% Club အဖွဲ့ဝင်အားလုံးကို နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
As the President of the G1% Club Myanmar and Founder of IMU University EdTech Cambodia, I am honored to bridge the entrepreneurial spirits of our two nations.
ကျွန်တော် G1% Club Myanmar ၏ ဥက္ကဋ္ဌနှင့် IMU University EdTech Cambodia ၏ တည်ထောင်သူတစ်ဦးအနေဖြင့် ကျွန်ုပ်တို့နိုင်ငံများအကြားရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဓာတ်ခွန်အားများကို ချိတ်ဆက်ပေးခွင့်ရသည့်အတွက် ဂုဏ်ယူမိပါသည်။
Our mission is to cultivate a robust leadership education ecosystem that empowers visionaries to drive meaningful change. ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ထူးချွန်သောခေါင်းဆောင်များမှတစ်ဆင့် အကျိုးရှိသော ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် ခိုင်မာသည့် "ခေါင်းဆောင်မှုပညာရေးဂေဟစနစ်" ကို တည်ဆောက်ရန် ဖြစ်ပါသည်။
While our foundation is strong in Cambodia and Myanmar, the G1% Club is now expanding across ASEAN to the US, EU, and global markets. ကျွန်ုပ်တို့၏ အခြေခံအုတ်မြစ်မှာ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ခိုင်မာစွာ အမြစ်တွယ်နေသော်လည်း ယခုအခါ G1% Club သည် အာဆီယံသာမက အမေရိကန်၊ ဥရောပနှင့် ကမ္ဘာ့စျေးကွက်များအထိ ကျယ်ပြန့်စွာ ချဲ့ထွင်နေပြီ ဖြစ်ပါသည်။
We are providing our members with "Global Add-ons" integrating local expertise with international standards and global strategic partnerships. ကျွန်ုပ်တို့သည် အဖွဲ့ဝင်များအတွက် ဒေသတွင်းကျွမ်းကျင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများ၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်များနှင့် ပေါင်းစပ်ပေးမည့် "Global Add-ons" အခွင့်အလမ်းများကို ဖော်ဆောင်ပေးနေပါသည်။
To our members and fellow entrepreneurs: your dedication to excellence is the foundation of our regional growth.
လုပ်ငန်းရှင်မိတ်ဆွေများခင်ဗျာ... သင်တို့၏ ထူးချွန်ထက်မြက်မှုအပေါ် စိတ်အားထက်သန်မှုသည် ကျွန်ုပ်တို့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ပင် ဖြစ်ပါသည်။
Let us continue to collaborate and innovate as we build businesses that carry a lasting global impact. ကမ္ဘာ့အဆင့်မီ အကျိုးသက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းများကို တည်ဆောက်ရန် ကျွန်ုပ်တို့အားလုံး အတူတကွ ဆက်လက်ပူးပေါင်းပြီး ဆန်းသစ်တီထွင်သွားကြပါစို့။
Together, we are not just building companies we are shaping the future of ASEAN and global leadership.
ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်းပြီး ကုမ္ပဏီများကို တည်ထောင်ရုံသာမက အာဆီယံနှင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကဏ္ဍ၏ အနာဂတ်ကိုပါ ပုံဖော်နေကြခြင်း ဖြစ်ပါသည်။
Dr. Soe Hein
President (Myanmar Chapter 🇲🇲) Global Entrepreneur 1% Club
Founder International Management University - IMU
Co Organizer ASEAN Outstanding Business Leader AWARD
🏆 ASEAN Outstanding Business Leader Award 2026
I warmly invite you to join us on April 4th, 2026, at Morgan Tower, Phnom Penh, to celebrate this journey of excellence.
ကျွန်ုပ်တို့၏ ထူးချွန်ထက်မြက်သော ခရီးစဉ်ကို အတူတကွ ဂုဏ်ပြုရန် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ဖနွမ်းပင်မြို့ရှိ Morgan Tower ၌ ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်ရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။