15/08/2026
ပညာရေးဆိုတာ…
ပညာရေးဆိုတာ ဘွဲ့ရဖို့ပဲလား
ဒါမှမဟုတ် ကိုယ့်ဘဝနဲ့ ကိုယ့်လုပ်ငန်းမှာ ရလဒ်ဖန်တီးနိုင်ဖို့လား
ကျနော်ကတော့ Education ကို အကြမ်းဖျင်းအားဖြင့် Academic Education, Vocational Education နဲ့ Executive Education ဆိုပြီး ရည်ရွယ်ချက်အလိုက် မြင်တယ်
🎓 Academic Education က Knowledge, Theory နဲ့ Research ကို နက်နက်ရှိုင်းရှိုင်း လေ့လာဖို့
🛠️ Vocational Education က အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ Skill ကို လက်တွေ့တတ်မြောက်ဖို့
💼 Executive Education ကတော့ ရှိပြီးသား Knowledge နဲ့ Experience ကို Leadership, Strategy, Decision-Making နဲ့ Business Results အဖြစ် ပြောင်းလဲအသုံးချဖို့
ဘယ်ဟာပိုကောင်းလဲဆိုတာထက် ကိုယ်ဘာလိုအပ်နေတာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာက ပိုအရေးကြီးတယ်
ကျနော်ကိုယ်တိုင် BA ကို ရန်ကုန်တက္ကသိုလ်မှာတက်ခဲ့တယ်၊ MBA ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ သင်ယူခဲ့တယ်၊ PhD ကို Distance Learning နဲ့ ဆက်ခဲ့တယ်၊ နိုင်ငံခြားကျောင်းသွားတတ်ရအောင်လဲ အချိန်ငွေ limited ဖြစ်တယ်၊ တခြားလိုအပ်တဲ့ ပညာရပ်တွေကိုလည်း နိုင်ငံစုံမှာ ဆက်လက်လေ့လာခဲ့တယ်
ဒါပေမယ့် ကျနော့်ဝါသနာက Professor တစ်ယောက်ဖြစ်ဖို့ထက် Business Researcher နဲ့ Results-Based Facilitator ဖြစ်ဖို့ပါ
INSEAD ရဲ့ Executive Education Model တွေကို လေ့လာရင်း၊ Phnom Penh မှာ သူတို့ရဲ့ Conference တွေကို တက်ရင်း ကျနော်ပိုအားစိုက်လာတာက
𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 → 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐲 → 𝐀𝐜𝐭𝐢𝐨𝐧 → 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 → 𝐑𝐞𝐬𝐮𝐥𝐭𝐬
INSEAD, Harvard Business School နဲ့ Wharton လို ကမ္ဘာ့ထိပ်တန်း Business Schools တွေမှာလည်း CEO, Business Owner, Senior Executive နဲ့ Leaders တွေအတွက် Executive Education ကို အလေးထားပြီး ဆက်လက်ဖွံ့ဖြိုးနေကြတာတွေ့ရတယ်
ဒါကြောင့် Executive Education ဆိုတာ ဘွဲ့မရလို့ သွားတဲ့လမ်းမဟုတ်ဘဲ တာဝန်ပိုကြီးလာတဲ့အခါ ပညာကို ဆက်လက်အသုံးချပြီး တိုးတက်အောင်လုပ်တဲ့လမ်း လို့ ကျနော်မြင်တယ်
Theory ကို သိထားတာထက် အဲဒီ Theory ကို Business နဲ့ ချိတ်ဆက်ပြီး System ဖြစ်အောင်၊ Result ဖြစ်အောင် အသုံးချနိုင်တာကို ကျနော်ပိုတန်ဖိုးထားတယ်
လူတိုင်းမှာ Time, Money နဲ့ Responsibility ဆိုတဲ့ Limitation တွေရှိတယ် ဒါကြောင့် ပညာရေးမှာလည်း ရှိသမျှအကုန် ပုံအောဖို့ထက် ကိုယ့်လိုအပ်ချက်နဲ့ ကိုယ့်ဘဝကိုက်ညီတဲ့ Education Model ကို ရွေးချယ်ဖို့ လိုတယ်
ကျနော်ကတော့ Executive Education ကို အလေးထားပြီး Academic Knowledge နဲ့ Real Business World ကြားမှာ Bridge တစ်ခုတည်ဆောက်ချင်တယ်
နောက်ဆုံးတော့ “ဘယ်ဘွဲ့ရထားလဲ” ဆိုတာက အတိတ်ကိုပြောတာပဲ “ဘာရလဒ်ဖန်တီးနိုင်လဲ” ဆိုတာကတော့ အနာဂတ်ကိုပြောတာပဲ
ဘွဲ့တွေက အခွင့်အလမ်းတစ်ခုကိုဖွင့်ပေးနိုင်ပေမယ့် ရလဒ်တွေကသာ လူတစ်ယောက်ရဲ့ တန်ဖိုးကို သက်သေပြတယ်
ပညာရေးရဲ့ အဆုံးသတ်မေးခွန်းကတော့ တစ်ခုပဲရှိတယ် “သင်ယူခဲ့တာတွေက သင့်ဘဝနဲ့ တခြားသူတွေရဲ့ဘဝကို တကယ်ပြောင်းလဲနိုင်ပြီလား?”
ပညာရှင်များလည်း ကိုယ့်အမြင်နဲ့ ဆွေးနွေးပေးပါဗျာ