Myo Maung Maung

Myo Maung Maung Good Choice for Your Life and Your Family

" အပြုံးတွေက ပိုလှပါတယ် "⚛⚛⚛⚛⚛⚛⚛⚛◾ လူတစ်ချို့❗◾ ကိုယ့်ကို စွန့်ပစ်သွားတဲ့အခါ◾ လူတစ်ချို့နဲ့ ❗◾ သူစိမ်းတွေ ဖြစ်သွားကြတဲ့အ...
15/01/2022

" အပြုံးတွေက ပိုလှပါတယ် "
⚛⚛⚛⚛⚛⚛⚛⚛

◾ လူတစ်ချို့❗
◾ ကိုယ့်ကို စွန့်ပစ်သွားတဲ့အခါ

◾ လူတစ်ချို့နဲ့ ❗
◾ သူစိမ်းတွေ ဖြစ်သွားကြတဲ့အခါ

◾ လူတစ်ချို့နဲ့❗
◾ အဆင်မပြေတဲ့ အခါတိုင်းမှာ

◾ ကိုယ့်ကိုယ်ကို ဖြစ်ရလေခြင်းဆိုပြီး
◾ အရမ်းဝမ်းနည်း နေပါလား ။

◾ တစ်ခါတလေ ကျတော့
◾ ကိုယ့်အတွက် မလိုအပ်တဲ့သူတွေကို
◾ လောကကြီးက သူ့နည်းသူ့ဟန်နဲ့
◾ ရှင်းထုတ်ပေးသွားတာတွေလဲ ရှိတယ် ။

◾ ဆံပင်က ခေါင်းပေါ်မှာ တန်ဖိုးရှိတယ် ။
◾ ထမင်းက အသက်ရှင်ဖို့ မရှိမဖြစ်လိုတယ် ။

◾ ဒါပေမယ့် သူတို့ နှစ်ခုပေါင်းလို့ မရဘူး ။

◾ လူတိုင်းနဲ့ ပေါင်းလို့မရတာ
◾ ကိုယ်က အသုံးမဝင်လို့ မဟုတ်ဘူး ။

◾ အမြဲတမ်း အသုံးဝင်တယ် ။
◾ နေရာချင်း မတူတာ ။

◾ ဘဝမှာ လွယ်လွယ်နဲ့ ပစ်သွားကြတဲ့ သူတွေကပဲ
◾ ဘယ်တော့မှ ဆိုတဲ့ စကားကိုသုံးပြီး

◾ ထားမသွားပါနဲ့နော် ဆိုတဲ့သူတွေကပဲ❗
◾ အရင်ဦးအောင် စွန့်သွားကြတာ ။

◾ မကြာပါဘူးဆိုတဲ့ သူတွေဆီက❗
◾ ဘယ်အချိန် ပြန်ရမလဲ မသိနိုင်သလို

◾ မင်း အားနာတတ်မှန်း❗
◾ သိထားကြတဲ့ သူတွေကပဲ
◾ (sorry) ပါနော်လို့ ခဏခဏ ပြောလိမ့်မယ် ။

◾ တခါတေလ
◾ မင်းထပြီး ပေါက်ကွဲတာက
◾ မင်းအမှား မဟုတ်ပဲ
◾ စေတနာနဲ့ မတန်တဲ့သူတွေကို
◾ နောက်ထပ် မပတ်သက်ဖို့အတွက်
◾ အတွေ့အကြုံက သင်ပြနေတာ ။

◾ မင်းသာ တန်ဖိုးရှိအောင် နေပါ
◾ တန်ဖိုးမသိတဲ့သူတွေ ထွက်သွားပြီး
◾ မင်းတန်ဖိုး နားလည်တဲ့သူတွေပဲ
◾ မင်းဘဝထဲမှာ ကျန်ခဲ့လိမ့်မယ် ။

◾ ဒါဆို ပျော်ဖို့မကောင်းဘူးလား ။

◾ လှပပြီး မတော်တဲ့ ဖိနပ်တွေထက်
◾ ခြေထောက်နဲ့တော်တဲ့ ဖိနပ်ကိုစီးလျှောက်မှ
◾ မင်းလိုရာခရီး ရောက်မှာ မဟုတ်လား ။

◾ ခွဲခွာခြင်းဟာ
◾ အချိန်တခုအထိ နာကျင်ရတာမှန်ပေမယ့်
◾ နွေးထွေးမှု မပေးနိုင်တဲ့သူ့အနားမှာ
◾ နေရတာထက် စာရင်တော့
◾ မင်းအတွက် ပိုအေးချမ်းမှာပါ ။

◾ လူတွေအကြောင်း သိဖို့ထက်
◾ ကိုယ့်အကြောင်း ကိုယ်သိနေမှ
◾ မလိုအပ်တာတွေကို စွန့်လွှတ်ပြီး
◾ တကယ်လိုနေတာတွေကို မင်းလုပ်နိုင်မှာ ။

◾ သူမကောင်းတာ သူ့အကြောင်း
◾ ကိုယ်ကောင်းဖို့က ကိုယ့်အကြောင်းပဲမို့
◾ ကိုယ်သာကောင်းအောင် နေလိုက်ပါ ။

◾ ကြားဖူးတယ် မဟုတ်လား
◾ နှလုံးသားမှာ အမုန်းထားရင်
◾ အရှုံးသမားပဲ ဖြစ်လိမ့်မယ်ဆိုတာ ။

◾ အဲ့ဒီတော့
◾ အားလုံးကို ကျောခိုင်းပစ်ချင်တယ်ဆိုရင်တောင်
◾ အရှုံးသမား မဖြစ်ဖို့အတွက်
◾ အမုန်းတရားတွေ မပါစေနဲ့ပေါ့ ။

◾ အမုန်းတွေထက်စာရင်
◾ အပြုံးတွေက ပိုလှပါတယ် ။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

(မိန်းခလေးတိုင်း ဖတ်ဖို့ ……)🍁🍁🍁🍁🍁🍁🍁(1) မိန်းကလေးဆိုတာ အချိန်တိုင်းမှာ အမြဲတမ်း မသန်မာနိုင်ဘူး…။တစ်ခါတစ်လေကျရင် အခန်းထောင...
15/01/2022

(မိန်းခလေးတိုင်း ဖတ်ဖို့ ……)
🍁🍁🍁🍁🍁🍁🍁

(1) မိန်းကလေးဆိုတာ အချိန်တိုင်းမှာ အမြဲတမ်း မသန်မာနိုင်ဘူး…။တစ်ခါတစ်လေကျရင် အခန်းထောင့်လေး တစ်နေရာ မှာ ငိုခွင့်ရှိတယ်။

(2) ''ခေါင်းကိုမတ်ထား ရင်ကိုကော့ထား'' စိတ်ဓာတ်ကို မြင့်မြင့်ထားပြီး သတ္တိရှိရှိသန်မာပြလိုက်စမ်း။ မင်းဟာ မင်းကမ္ဘာရဲ့ ရေမြေ့အရှင်သခင်ဖြစ်တယ်…။ဘယ် ဘဝမုန်တိုင်းမှ မင်းကမ္ဘာကို မရိုက်ခတ်စေနဲ့…မဖျက်ဆီးစေနဲ့။

(3) ပြောင်းလဲမှုဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မကြောက်နဲ့ တစ်ခါတစ်လေ ဆံပင်အရှည်လေးထက်စာရင် ဆံပင်အတိုလေးနဲ့က ပိုလိုက်ဖက် နေတတ်တယ်။

(4) စာဖတ်ပါ… စာကို ရာသီဥတုကြောင့် ဆိုပြီး မဖတ်ပါနဲ့…။နေရာဒေသ အချိန်မရွေးဖတ်ပါ…။စာဖတ်တဲ့ မိန်ကလေးတွေဟာ သူများထက် ပိုပြီး ထက်မြက်တယ်…။ရင့်ကျက်လွယ်တယ်။

(5) make-up ထူထူလိမ်း brandတွေဝတ်မှ လှတယ်ဆိုတာ ခဏတာပါ။ စိတ်နေစိတ်ထားကို တန်ဆာဆင်ပြီး လှပစေတာက တစ်သက်တာပါ…။စိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေးရဲ
အလှဟာ ပို၍ကြာရှည် ခံတဲ့အရာပါ။

(6) မပြောင်းလဲချင်သူကို သွားပြီး မပြောင်းလဲချင်နဲ့…။
ခွင့်လွှတ်မှုကို အလွဲသုံးစား လုပ်သူကို အခွင့်ရေး ထပ်မပေးနဲ့။

(7) အချစ်ရေးမှာ စိတ်မပျော့ပါနဲ့…။ကိုယ့်နှလုံးသားမနေချင်တဲ့ အရပ်ကို နောက်ပြန် ကျောခိုင်းလိုက်ပါ…။အဝေးဆုံးကို ထွက်ခွာလိုက်ပါ… ။ကိုယ့်နှလုံးသားကို အယုံသွင်းတဲ့ စကားလုံးတွေနဲ့ ထပ်ခါ ထပ်ခါ မနာကျင်စေပါနဲ့။

(8) ကိုယ့်ကိုယ်ကိုယ် လိမ်လည် မလှည့်စားပါနဲ့…။အမှားကို သတ္တိရှိစ္စာ ဝန်ခံပါ…။ ရင်ဆိုင်ပါ…။စကားလုံးတွေသုံးပြီး အကြောင်းပြချက်မပေးပါနဲ့။

(9) အတိတ်ဆိုတာ ပြီးဆုံးခြင်းဆိုတာကို လက်ခံပါ…။သွားပြန်လှန်မကြည့်ပါနဲ့…။ပြန်၍ ပိုင်းခြား စိတ်မဖြာပါနဲ့… ။ပူဆွေးနောင်တမရပါစေနဲ့ ပြီးဆုံးခြင်းတွေဟာ နာကျင်စေတာပဲ အဖတ်တင်နိုင်လို့ပါ။

(10) လုံးဝမရနိုင်တဲ့ အရာကို လိုချင်တယ်ဆိုရင်.… လုံဝ မလုပ်ဖူးတဲ့ အရာကို လုပ်ရလေ့မယ်…။အမြင့်ရောက်ချင်လျှင် အကျတော့ခံနိုင်ရမယ်… မိန်းကလေးဆိုပြီး ပျော့ညံ့နေလို့ မရဘူး။

(11) ကိုယ့်ကိုယ် လုပ်နိုင်တယ်ဆိုပြီး အားပေးပါ…။ဘယ်လောက်ခက်ပြီး ဘယ်လောက်ကြမ်တမ်းပါစေ…ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ဖို့ပဲ လိုတယ်။

(12) လဲကျတယ် ရှုံးနိမ့်တယ်ဆိုတာ မတော်တဆဖြစ်တယ်…။ ဒါပေမဲ့ အရှုံးနွံထဲကနေ ရုန်ထွက်ခြင်း မထွက်ခြင်းကတော့ မိမိရွေးချယ်မှု ဖြစ်တယ်။

(13) ဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ဒီလမ်းက ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးဆိုရင် ယောင်လို့တောင် ပြန်လှည့်မကြည့်ပါနဲ့။

(14) သန်မာသော မိန်းကလေးဆိုတာ သူမစိတ်ကို ခံစားစေအောင်လုပ်တဲ့ အရာတွေကို သူ့ဘာသာပဲ အလိုလိုရပ်ဖို့ကြိုးစားတယ်။ သူမဟာ အဲ့လိုခံစားချက်တွေကိုကိုယ့်စိတ်ခန္ဒာကိုယ်မှာရောနှောပြီး ထမ်းပိုးမနေစေဘူး။ သူမက အဲ့ဒီအရာတွေကို ကိုယ့်ဆီက အဝေးဆုံးကိုပဲ ထွက်သွားအောင်ပဲ လုပ်စေတယ်။

(15) သင် အရမ်းမချော အရမ်းမလှလည်း ရတယ်…ဒါပေမဲ့ ကိုယ့်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တယ်တဲ့ အလှပရှိရင် ကျေနပ်ဖို့လိုတယ်။

(16) ကိုယ်ရဲ့ချောမောလှပမှုအောက်မှာ အသိညဏ်ဆိုတာ ပေါင်းထပ်ထားရမယ်…။ဒါမှ သိပ်လှတဲ့ မိန်းကလေးဖြစ်မယ်။

(17) မိန်းကလေးဆိုပြီး ပျော့ညံမနေရဘူး မိန်းကလေးတစ်ယောက်လို မဟုတ်ပဲ လူတစ်ယောက်လို ရှင်သန်ရမယ်…။ရဲရင့်ရမယ် သန်မာရမယ်။

(18) မိမိမှာ ဦးနှောက်ရှိတာနဲ့ညဏ်ရည် မြင့်တာကို ကောင်းကောင်းကြီး ခွဲခြားတတ်ရမယ်…။ဒါမှသာ ဘဝဆိုတဲ့ သက်တမ်းတိုတစ်ခုမှာ ကြုံလာတဲ့ လောကဓံတွေကို အကောင်းဆုံး ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်မယ်။

(19) တန်ဖိုးကြီးတဲ့ အသုံးအဆောင်တွေသုံး…ဘယ်လောက်ပဲ လှအောင်ပြင်ပြင်…ဒါတွေက ခဏတာပဲဖြစ်တယ်။ စိတ်ရင်း စိတ်နေကောင်းပြီး စိတ်သဘောထားပြည့်ဝမှုကသာ ကြာရှည်ခံတဲ့ တစ်ကယ့်အလှ ဖြစ်တယ်။

(20) တစ်ခါတစ်လေမှ ဘာမှသိချင်ယောင်ဆောင်ပါ…။ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ဘာမှမသလို တုံးတိတုံးအ နေတတ်ကြတယ်။

(21) စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဝမ်းနည်းရင်ပဲဖြစ်ဖြစ် မျက်နှာကြီးကို ရှုံ့မဲ့မထားနဲ့… ။သင့်အပြုံးဆိုတာ သိပ်လှတဲ့ ဘာသာစကားပါ။

(22) သူ့ပုံစံကို ကိုယ် ကြည့်မရသလို ကိုယ့်အသွင်ပြင်ကိုလည်း သူက နှစ်သက်ချင်မှ နှစ်သက်လေ့မယ်။ ဘယ်တော့မှ ပုံသေ မတွက်ထားနဲ့ လူတိုင်းက သင့်ကို မနှစ်သက်နိုင်ဘူး။

(23) ကိုယ့်အားကိုယ်ကိုးဖို့ အမြဲတမ်းကြိုးစားပါ…ငွေရေးကြေးရေးမှာပဲဖြစ်ဖြစ် အခက်ခဲတွေ ကြုံတွေ့တာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပါစေ။

(24) သင် သိထားရမယ် မိန်းကလေးတွေ အမြဲတမ်း လုပ်တဲ့အမှားက " သူပြောင်းလဲသွားပါမှာ "ဆိုပြီး စဉ်းစားပေးခြင်းဖြစ်တယ်။

(25) အားလပ်ချိန်မှာ စာဖတ်ပါ…။
စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရင့်ကျက်သန်မာစေပါ။

(26) မိဘနေရာရောက်မှ မိဘကျေးဇူးသိသူ မဖြစ်ပါစေနဲ့…။
အနားမှာ ရှိတုန်းမှာ ဂရုစိုက်ပါ…ကျေးဇူးသိပါ။

(27) နှလုံးသားကို ကြီးကြီးထားပါ။ ရင်ခွင်ကို ကျယ်ကျယ်ထားပါ။
မနာလိုဝန်သိုမှုလျော့ပါ။ ရည်မွန်အောင် ကြိုးစားပါ။ ရှင်သန်ခြင်းကို ချစ်ပါ။

(28) ကိုယ့်ကိုယ် မချစ်ခင် မနှစ်သက်လို့ ထွက်သွားတာ သူ့ကိစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွင်အောင် နေရမှာက ကိုယ့်ကိစ္စဖြစ်တယ်။

(29) ကိုယ်ရဲ့ ထက်မြက်မှုအောက်မှာ မာနကို ချိုးနှိမ်တတ်ဖို့လိုသလို စိတ်ထားဖြူစင်တတ်မှု အောက်မှာလည်း သဘောထားကြီးမားတတ်ဖို့လိုတယ်…။

ဒါမှတစ်ကယ်တော်ပြီး ထက်မြက်တဲ့ မိန်းကလေး ဖြစ်မယ်။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

" လိပ်ပြာသန့်စွာ ပြုံးပြလိုက်ပါ "🙂🙂🙂🙂🙂🙂🙂🙂◾ လူတချို့ကို အရမ်းသနားတယ်………◾ ကိုယ့်ရှေ့မှာ ရိုးသားချင်ယောင်ဆောင်နေကြလို့လေ …။...
15/01/2022

" လိပ်ပြာသန့်စွာ ပြုံးပြလိုက်ပါ "
🙂🙂🙂🙂🙂🙂🙂🙂

◾ လူတချို့ကို အရမ်းသနားတယ်………
◾ ကိုယ့်ရှေ့မှာ ရိုးသားချင်ယောင်ဆောင်နေကြလို့လေ …။

◾ လူတချို့ကို ရယ်ချင်တယ်……
◾ ကိုယ့်အပေါ် ကောင်းချင်ယောင်ဆောင်နေကြလို့လေ …။

◾ လူတချို့ကို သိပ်သနားတယ်……
◾ ကိုယ့်ကိုအကြောင်းမဲ့ မုန်းတီးနေကြလို့လေ …။

◾ လူတချို့ကို ဟားတိုက်ပစ်လိုက်ချင်တယ်……
◾ ကိုယ့်ကိုအကြောင်းမဲ့ တိုက်ခိုက်နေကြလို့လေ …။

◾ လူတချို့ကို ဂရုဏာသက်မိတယ်………
◾ ကိုယ့်အပေါ် စာနာသလို လာဆက်ဆံနေကြလို့လေ …။

◾ ဘဝမှာ လူဆိုးလူညစ်တွေနဲ့လည်း ဆက်ဆံဖူးခဲ့ပြီးပြီ……
◾ လူကောင်းတွေနဲ့လည်း ရင်းနှီးပတ်သက်ခဲ့ပြီးပြီ ……
◾ အဆိုးအကောင်း ခွဲခြားတတ်ပါပြီ ။

◾ ကိုယ့်အပေါ် မကောင်းသူတွေကိုလည်း ခွင့်လွှတ်တယ် ။
◾ ကိုယ့်အားချက်ကို တက်နင်းနေလည်း ဂရုမစိုက်ဘူး ။

◾ ကိုယ့်မကောင်းကြောင်းပြောနေသူတွေကိုလည်း စိတ်မဆိုးဘူး
◾ ကိုယ့်အပေါ် မုန်းနေသူတွေကိုလည်း နားလည်ပေးတယ် ။

◾ လူအများစုက ပြောကြပါတယ် ………
◾ " ကိုယ့်ထမင်းကိုယ်စားတာ " ဆိုတဲ့စကားလေ……❗
◾ ဒါပေမယ့် လူအများစုက ကိုယ့်ထမင်း ကိုယ်စားနေတာ
◾ ပြောပေမယ့် သူများ မကောင်းကြောင်းပြောပြီး……
◾ အကုသိုလ်ယူနေကြတာပဲ ။

◾ ကိုယ့်သမိုင်း ကိုယ်ရေးတယ်သာ ပြောပြီး……
◾ သူများသမိုင်းကို ဝင်စွတ်ဖက်ပြီးရေးချင်တာ……
◾ သဘာဝေလ ။

◾ ကိုယ်ကတော့ ရှင်းတယ် ……❗
◾ ဘယ်သူတွေ ဘယ်လို ဝေဖန်တိုက်ခိုက်နေပါစေ……
◾ လိုက်ဖြေရှင်းဖို့လည်း စိတ်မဝင်စားဘူး ။

◾ သူများမကောင်းကြံနေတာကို
◾ ပြန်တိုက်ခိုက်ဖို့လည်း အာရုံမလာဘူး ။

◾ ငါရှိမှ ငါကောင်းကောင်းနေရမှာ ………
◾ ငါရှိမှ ငါကြိုက်တာ စားရမှာ ……❗
◾ ငါပိုင်ဆိုင်မှ ငါပျော်ပျော်နေရမှာ ……
◾ ငါဝယ်နိုင်မှ ငါလှလှပပဝတ်စားနိုင်မှာ ဆိုတဲ့ ခံစားမှုကို
◾ ဒုက္ခများစွာရင်းနှီးပေးဆပ်ခဲ့ရလို့ သိပြီးတဲ့နောက်……
◾ ငါမဟုတ်တဲ့ ဘယ်သူ့သမိုင်းမှ စိတ်မဝင်စားတော့သလို
◾ ကိုယ့်သမိုင်းစာမျက်နှာကိုသာ အကောင်းဆုံးရေးဖို့……
◾ ကြိုးစားနေထိုင်လိုက်ပါတယ် ။

◾ " အမှန်တိုင်းဝန်ခံရရင် ကိုယ့်နောက်ကျောကို………
◾ ဓါးနဲ့ထိုးနေတာတောင်
◾ လိပ်ပြာသန့်စွာပဲ { 🙂 } ပြုံးပြလိုက်ပါတယ် "
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

" အနိုင်မယူလိုသူရဲ့ အပြုံး "☯☯☯☯☯☯☯◾ အလဲထိုးချင်တဲ့ လူတွေရှေ့မှာ◾ သမာသမတ်ကျကျဖြင့် ငါနေပြလိုက်တယ် ။◾ မနာလိုစိတ်တွေနှင့် ...
15/01/2022

" အနိုင်မယူလိုသူရဲ့ အပြုံး "
☯☯☯☯☯☯☯

◾ အလဲထိုးချင်တဲ့ လူတွေရှေ့မှာ
◾ သမာသမတ်ကျကျဖြင့် ငါနေပြလိုက်တယ် ။

◾ မနာလိုစိတ်တွေနှင့် ပြည့်နေတဲ့သူရှေ့မှာ
◾ ဥပက္ခာတရားထားပြီး ငါ့လမ်းငါ လျှောက်ပြလိုက်တယ် ။

◾ အတို့အထောင်လုပ်တတ်တဲ့ သူရှေ့မှာ
◾ ငါ့ ရိုးသားခြင်းကို ချပြလိုက်တယ် ။

◾ မုန်းနေတဲ့ သူတွေရှေ့မှာ
◾ မေတ္တာတရားကိုထားပြီး ငါပြုံးနေလိုက်တယ် ။

◾ နောက်ကျောက ဓါးနဲ့ထိုးချင်နေသူအတွက်
◾ င့ါရင်ကိုမော့ပြီး အမှန်တရားကို ကြွေးကြော်လိုက်တယ် ။

◾ တိုက်ခိုက်ချင်နေတဲ့ လူတွေရှေ့မှာ
◾ လှိုက်လှိုက်လှဲလှဲဖြင့် ငါပြုံးပြလိုက်တယ် ။

◾ ငါ့မေတ္တာ စော်ကားသူတွေကို
◾ ဥပက္ခာပြုရင်း ငါလစ်လျူရှူလိုက်တယ် ။

◾ မစ္စရိယများပြီး ငါ့ကိုထိုးနှက်ချင်သူတွေရှေ့မှာ
◾ ငါ့ကိုယ်ငါ ယုံကြည်စိတ်အပြည့်အဝဖြင့် နေပြလိုက်တယ် ။

◾ ငါ့ဘဝရဲ့ ပျက်ဆီးရာပျက်ဆီးကြောင်း ဖန်တီးလိုသူတွေရှေ့မှာ
◾ ငါသိက္ခာရှိရှိနေပြလိုက်ပြီး အနိုင်ယူလိုက်တယ် ။

◾ ငါအခက်တွေ့စေဖို့ စွန့်ခွာထွက်သွားသူ အချို့ကို
◾ ငါ အပြုံးမပျက်ပဲ လောကထဲမှာ အေးဆေးနေနိုင်ကြောင်း
◾ သက်သေပြလိုက်တယ် ။

◾ ငါမရှိလို့ မဖြစ်ဟု တွေးထင်နေတဲ့ လူတွေရှေ့မှာ
◾ ငါမရှိလည်း လောကကြီးဟာ
◾ အလိုလိုလည်ပတ်နိုင်ကြောင်း သက်သေပြလိုက်တယ် ။

◾ ဒီလိုနည်းဖြင့် ကျေးဇူးမသိ မေတ္တာစော်ကား
◾ မနာလို အမုန်းပွား အနိုင်ယူ အခက်တွေ့စေချင်သူနှင့်
◾ မုဒိတာ မထားနိုင်သူတွေအတွက်
◾ ငါ အပြုံးလေးကို မွေးဖွားပြီး
◾ အဆင့်အတန်းရှိရှိ အနိုင်ယူပြလိုက်တယ် ။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

" မင်းသိလာလိမ့်မယ် "🔳🔳🔳🔳🔳🔳📖 မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့ 📖 သူငယ်ချင်းတွေ အများကြီးထဲမှာ ……📖 ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန်တ...
15/01/2022

" မင်းသိလာလိမ့်မယ် "
🔳🔳🔳🔳🔳🔳

📖 မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့
📖 သူငယ်ချင်းတွေ အများကြီးထဲမှာ ……
📖 ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန်တွေလဲဆိုတာ
📖 မင်းဒုက္ခရောက်တဲ့အချိန်မှာ သိလာလိမ့်မယ်။

📖 မင်းဒုက္ခရောက်နေတဲ့အချိန်မှာ မင်းအောင်မြင်တုန်းက
📖 ဆွဲပြီးနှုတ်ဆက်ခဲ့တဲ့ လက်တွေဟာ ……
📖 မသိမသာ နောက်ဆုတ်သွားကြလိမ့်မယ်။
📖 စစ်မှန်တဲ့ သူငယ်ချင်းတွေကသာ ……
📖 မင်းကို လက်တွဲပြီး ကူညီကြလိမ့်မယ်။

📖 အောင်မြင်တဲ့အချိန်မှာ ……
📖 ဆွဲပြီးနှုတ်ဆက်တဲ့ လက်တွေထက်
📖 ကျရှုံးချိန်မှာ တွဲထူပေးတဲ့ ……
📖 လက်တွေကသာ ပိုပြီးတန်ဖိုးရှိပါတယ်။

📖 မင်းအဆင်မပြေဖြစ်တဲ့ အချိန်မှာ
📖 လက်အတု ပိုင်ဆိုင်ထားတဲ့
📖 သူငယ်ချင်းတွေက ……
📖 မင်းအနားက ထွက်ခွာသွားကြလိမ့်မယ်။

📖 စစ်မှန်တဲ့ လက်ပိုင်ရှင်တွေကသာ ……
📖 မင်းအနားမှာ ကူညီဖို့ စောင့်ဆိုင်းနေကြမှာပါ။
📖 လောကမှာ လက်ပါတဲ့လူတိုင်း
📖 မကူညီတတ်ကြပါဘူး။

📖 တစ်ချို့လက်တွေဟာ ကူညီဖို့အတွက်ဆို
📖ပျောက်ဆုံးနေကြပြီး ရယူဖို့ကျမှ ……
📖 ပေါ်ပေါက်လာတတ်ကြပါတယ်။

📖 မင်းကူညီခဲ့တဲ့ သူတိုင်း ……
📖 မင်းကိုပြန်ပြီး မကူညီကြဘူးဆိုတာ ……
📖 မင်းလိုအပ်တဲ့အချိန် သိလာလိမ့်မယ်။

📖 တစ်ချို့တွေက သူတို့လိုအပ်ချက်အတွက်
📖 တစ်ခဏတာ လာရောက်ပေါင်းသင်းတဲ့ ……
📖 မိတ်ဆွေတု၊မိတ်ဆွေယုတ်တွေပါ။

📖 မင်းအောင်မြင်ပြီး အဆင်ပြေနေတဲ့အချိန် ……
📖 မင်း အကြိုက်လိုက်ပြီး ပေါင်းလို့သင်းလို့ကောင်းတဲ့ ……
📖 သူငယ်ချင်းတွေ မင်းအရောင်အဝါ ကင်းမဲ့လာချိန်မှာ
📖 ပေါင်းရသင်းရ ကြပ်လာလိမ့်မယ်။

📖 တစ်ချို့အရာတွေက အမြင့်က တက်ကြည့်မှ
📖 အရာအားလုံးကို မြင်တွေ့ရတာပါ။

📖 လူမှုပေါင်းသင်း ……
📖 ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။

📖 ကိုယ်အဆင်ပြေနေချိန်မှာ ဘယ်သူက မိတ်ဆွေစစ်၊
📖 ဘယ်သူက မိတ်ဆွေတုဆိုတာ ခွဲခြားရခက်ပါတယ်။

📖 ကိုယ်အဆင်မပြေဖြစ်မှသာ ……
📖 ခွဲခွဲခြားခြား သိနိုင်တာမျိုးပါ။

📖 အပေါင်းအသင်းတိုင်းကို
📖 ကိုယ့်လိုထင်ပြီး ……
📖 မျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့။

📖 ကိုယ်ကျိုးအတွက်
📖 တစ်ကိုယ်ကောင်းဆန်တဲ့
📖 အတ္တသမားတွေလည်း ရှိနေပါတယ်။

📖 လိမ္မာပါးနပ်စွာနဲ့
📖 လူတစ်ယောက်ရဲ့အပြုအမူ၊
📖 အပြောအဆိုနဲ့ သူအကြောင်းကို
📖 ထဲထဲဝင်ဝင် လေ့လာပြီးမှသာ
📖 သူငယ်ချင်းအဖြစ် လက်ခံသင့်ပါတယ်။

📖 တစ်နေ့ကြရင် ဒါတွေကို မင်းသိလာမှာပါ။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

သင်မငယ်တော့ဘူး******************ဟိုလူဝတ် ဒီလူဝတ်တာကြည့်ပြီးလိုက်ဝတ်မနေနဲ့တော့။ ဒီပစ္စည်းဟာသင်နဲ့ တစ်ကယ်လိုက်ဖက်ညီမှသာဝတ်...
15/01/2022

သင်မငယ်တော့ဘူး
******************

ဟိုလူဝတ် ဒီလူဝတ်တာကြည့်ပြီး
လိုက်ဝတ်မနေနဲ့တော့။ ဒီပစ္စည်းဟာ
သင်နဲ့ တစ်ကယ်လိုက်ဖက်ညီမှသာ
ဝတ်ဆင် သုံးဆောင်ပါ။ ဒီပစ္စည်းကို
ရက်လွန်ရက်စွဲ မရောက်ခင် ဝတ်ဆင်
သုံးဆောင်ပါ။ဝယ်ပြီး မသိမ်းထားပါနဲ့။
သင့်ခန္ဓာကိုယ်ဟာ အချိန်မရွေး
ပုံစံပြောင်းလဲနိုင်တယ်ဆိုတာကိုသိပါ။

သင်မငယ်တော့ဘူး

မည်သူကို အားနာလို့ကြောင့်ဆိုပြီး
သင်မကြိုက်မနှစ်သက်တဲ့ အရာကို
မလုပ်မိစေနဲ့တော့။ဒီလုပ်ရပ်ဟာ
သင့်အတွက်မပျော်ရွှင်ခြင်းနှင့်
နောင်တရခြင်းများစွာကို
ယူဆောင်နိုင်တယ်။ ဒါ့အပြင်
စိတ်ရော လူရောကိုပါ မကြာခဏ
နှိပ်စက်ဒုက္ခပေးနိုင်တယ်ဆိုတာကိုသိပါ။

သင်မငယ်တော့ဘူး

တစ်စုံတစ်ယောက်ရဲ့
နှစ်သက်ခြင်းခံရအောင်ဆိုပြီး
သင့်ရှင်သန်ခြင်းမှာ make-up များများ
မဖို့မိစေနဲ့တော့။ သင့်မူရင်းပုံစံအတိုင်းသာ
နေပြီး ရှင်သန်ပါ။ သင့်နဂိုပုံစံ
မကြိုက်သူတွေကို ဘဝထဲက
ထွက်ခွာခွင့်ပေးပါ။
စိတ်ပေါ့ပါး လန်းဆန်းမှုနဲ့ရှင်သန်ပါ။
ဟိုလူကြိုက်ဒီလူကြိုက်အောင်
ရှင်သန်ခြင်းဟာ ရေရှည်ကျရင်
သင့်ကိုစိတ်သောက အကြီးကျယ်
ပေးစေနိုင်တယ်ဆိုတာကို သိပါ။

သင်မငယ်တာ့ဘူး

ဘဝမှာ တစ်ချို့အချစ်တွေက
တစ်ခဏတာဆိုတာသိစေတော့။
ဒီလိုအချစ်နဲ့ တွေ့တဲ့အခါ
သင့်နာကျင်မှုဟာလည်း
တစ်ခဏတာဖြစ်စေပါ။သင့်နှလုံးသားကို
ဒီနာကျင်မှုကြောင့် တံခါးပိတ်မထားပါနဲ့။
ဒီအချစ်က သင့်အတွက် ရင့်ကျက်စေဖို့
ကြီးပြင်စေဖို့အတွက် ယူဆောင်လာတယ်
ဆိုပြီးမှတ်ယူပါ။ နှလုံးသားတံခါးကို
ကျယ်ကျယ်ကြီးဖွင့်ထားပါ။ထိုလူကြောင့်
နောက်လူအပေါ် ချစ်ခြင်းကို ကန့်သတ်
ထားတယ်ဆိုတာ မှားယွင်းခြင်းဖြစ်တယ်
ဆိုတာကိုသိပါ။

သင်မငယ်တော့ဘူး

နာကျင်အာင်လုပ်သူကို ပြန်ပြီး
နာကျင်အောင်မလုပ်မိစေနဲ့။
သူကြောင့်ကိုယ်ဟာနာကျင်ခဲ့လည်း
ပြုံးပြုံးလေး ခွင့်လွှတ်တတ်ပါစေ။
ကိုယ်ကြောင့် သူဟာ နာကျင်ခဲ့လည်း
စိတ်ရင်းအမှန်နဲ့ တောင်းပန်မှုပေးပါ။
ဒီဘဝမှာ သင်ရော သူရောဟာ
ရန်သူတွေမဟုတ်ဘူးဆိုတာကို သိပါ။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

အမျိုးသားများအတွက်ရေးတဲ့စာ•••••••••••••••••••••••ထင့်ကနဲရှိ ခွက်ဆွဲလိုက်ရမှ(တောင်းစားတာ မဟုတ်ဘူးနော်။အရက်ခွက်ကို ပြောတာ။...
15/01/2022

အမျိုးသားများအတွက်ရေးတဲ့စာ
•••••••••••••••••••••••

ထင့်ကနဲရှိ ခွက်ဆွဲလိုက်ရမှ
(တောင်းစားတာ မဟုတ်ဘူးနော်။
အရက်ခွက်ကို ပြောတာ။)၊

ပြသနာလေး နည်းနည်းရှိတာနဲ့
ပုလင်းထောင်လိုက်ရမှ၊
အခက်အခဲ အနည်းငယ်ကြုံရတာနဲ့ သောက်လိုက်ရမှဆိုတဲ့
ပျော့ညံတဲ့ယောကျာ်းတွေ ရှိတယ်။

"မိန်းမနဲ့ယောကျာ်း ဘယ်သူက ပိုပြီးစိတ်ဓာတ်ခိုင်မာသလဲ"မေးရင်
မိန်းမတွေကပိုပြီးစိတ်ဓာတ်ခိုင်မာတယ်လို့ ပြောချင်တယ်။

စိတ်ညစ်စရာကြုံတိုင်း
ယောကျာ်းတွေပဲ
အရက်သောက်ကြပြီး မိန်းမတွေ အရက်မသောက်ကြဘူး။

မိန်းမတွေက ပြသနာတစ်ခုကို
အဖြေရှာနေချိန်
ယောကျာ်းတွေက ပြသနာအတွက် အရက်သောက်နေကြတယ်။

မိသားစုတစ်ခုမှာ အဖေနဲ့အမေ
ရှိတယ်။
မိသားစု ပြသနာတစ်ခုခုတက်လို့ပဲ
ဖြစ်ဖြစ်
ဒုက္ခရောက်စရာတစ်ခုခုကြုံလို့ပဲ
ဖြစ်ဖြစ်
စိတ်ဆင်းရဲစရာ ဖြစ်လာတဲ့အခါ
အဖေတွေကတော့
စိတ်ညစ်တယ်ဆိုပြီး အရက်ဆိုင်
ရောက်သွားကြတယ်။
အမေတွေကတော့ ပြသနာတွေကို
အဆုံးသတ်ဖို့ နည်းလမ်းရှာနေကြတယ်။

အရက်သမားသား ,
အရက်သမားသမီး ,
အရက်သမားမိန်းမ"
စိတ်ဓာတ်ပျော့ညံတဲ့
ဖခင်တစ်ယောက်ကြောင့်
မိန်းမရော သားသမီးတွေပါ
မဆီမဆိုင် နာမည်ဆိုး အတပ်ခံရတယ်။

ပြောကြတယ် .....
ယောကျာ်းတွေက ပိုသန်မာတယ်တဲ့။

ပြသနာတစ်ခုကို ..
ယောကျာ်းနဲ့ မိန်းမရှေ့
ပြိုင်တူပစ်ချပေးကြည့်လိုက်ပါ။
ဘယ်သူက
အကောင်းဆုံး ရင်ဆိုင်နိုင်သလဲလို့။

လူငယ်တွေလည်း ဒီလိုပါပဲ
အသည်းကွဲလည်းသောက်
ဝမ်းနည်းလည်းသောက်
စိတ်ဓာတ်ကျလည်း သောက်တာပဲ။

ဒါ့ကြောင့် .....
စကားတစ်ခွန်းဟာသိပ်မှန်နေတာပေါ့။

မိန်းကလေးတွေ
အသည်းကွဲရင် ပိုချောလာကြပြီး
ယောကျာ်းလေးတွေ အသည်းကွဲရင်
ပိုဖောလာတယ်,တဲ့။

ဘယ်သူက ခံနိုင်ရည်ရှိသလည်း
သိပ်သိသာပါတယ်။

သောက်တတ်မှ
ယောကျာ်းပီသတယ်ဆိုတဲ့
အမှားကြီးတစ်ခုအောက်မှာ
စဉ်းစားဆင်ခြင်ဥာဏ်မရှိတဲ့
ယောကျာ်းတွေ
သံသရာလည်နေကြတယ်။

အရက်သောက်ပြီး
ထွက်ကျလာတဲ့ စကားလုံးတွေနဲ့
အကြံဥာဏ်တွေဟာ ဘယ်တော့မှ
ကောင်းမွန်မနေဘူး။

မိသားစုပြသနာအများစုကို
အရက်သောက်တဲ့
ဖခင်တွေကပဲ ဖန်တီးတာများတယ်။

အရက်သောက်တဲ့ဖခင်ဟာ
ဖခင်ကောင်းမပီသနိုင်ဘူး။

သားသမီးတွေရဲ့ရှေ့ဆောင်လမ်းပြလည်း မဖြစ်နိုင်ဘူး။

တကယ်ဆို .....
အိမ်ထောင်ဦးစီးဆိုတာ
မိန်းမနဲ့ သားသမီးတွေရဲ့
အားကိုးမှီခိုရာ ဖြစ်တယ်။

သို့သော်လည်း ...
စိတ်ဓာတ်မခိုင်မာတဲ့
ဖခင်တစ်ယောက်ရဲ့ အရိပ်အောက်မှာ
မိသားစုဆိုတဲ့အသိုက်အဝန်းတစ်ခုဟာ မအေးချမ်းနိုင်ဘူး။

အသည်းကွဲလို့ပဲဖြစ်ဖြစ်
စိတ်ညစ်လို့ပဲဖြစ်ဖြစ်
အရက်သောက်တော့မယ်လို့
စဉ်းစားလိုက်ရင်
သင်ဟာ စိတ်ဓာတ်ပျော့ညံ့တဲ့
ယောကျာ်းတစ်ယောက် ဖြစ်သွားပြီ။

ပြသနာတွေ၊အခက်အခဲတွေကို
မဖြေရှင်းနိုင်လို့ ရှောင်ပြေးချင်နေတာ။

စိတ်ဓာတ်ခိုင်မာတဲ့...
ယောကျာ်းတွေဟာ
ပြသနာတစ်ခုကို ဘယ်တော့မှ
အရက်သောက်ပြီး မဖြေရှင်းဘူး။
ဘယ်တော့မှ
အရက်ရဲ့ကျေးကျွန် အဖြစ်မခံဘူး။
ယောကျာ်းပီပီ ရဲရဲရင့်ရင့်ရင်ဆိုင်ဖြေရှင်းတယ်။

ယောကျာ်းကောင်းတစ်ယောက်က
အရက်ရဲ့မိတ်ဆွေမဟုတ်သလို အရက်ကလည်းယောကျာ်းမြတ်တို့ရဲ့ အပေါင်းအသင်း မဟုတ်ဘူး။

အဖေ အရက်သောက်နေသရွေ့
သားသမီးတွေက
အမေကို ပိုချစ်နေကြမှာဖြစ်သလို ပျော့ညံ့တဲ့ယောကျာ်းတွေရှိနေသရွေ့
စိတ်ဓာတ်ခိုင်မာပြီးထက်မြတ်တဲ့မိန်းမတွေ နေရာရလာကြအုံးမှာပါ၊

#အနော်
Credit ; အလင်းသစ်(သဲကုန်း)
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

သေတဲ့ အထိ နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်စေတဲ့ဖခင်ရဲ့ ဆုံးမစကားများ။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°...
15/01/2022

သေတဲ့ အထိ နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်စေတဲ့
ဖခင်ရဲ့ ဆုံးမစကားများ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လူလေးမှတ်ထားကွ…………

ဟောဒီ လူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ "ပေါက်ပန်း"လို လူမဖြစ်စေနဲ့။
ပေါက်ပန်းဆိုတာ………
အဆင်းသာရှိပြီး အချင်းမရှိဘူး။
သူ့မှာ အလှတရားရှိတယ်။
သူ့မှာ အမွေးရနံ့မရှိဘူး။
ဘုရားမတင်ဘူး။ လူတွေမြတ်နိုးတန်ဖိုးထားတဲ့ ပန်းမျိုးထဲမှာမပါဘူး။
ဒါကြောင့်" လူ့ပေါက်ပန်း "မဖြစ်စေနဲ့။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ "ကိုယ့်အတွက်နဲ့ တဖက်လူကိုအကြောင်းမဲ့မထိခိုက်"မိပါစေနဲ့။
ကိုယ့်ကြောင့် လူတွေ စိတ်မဆင်းရဲစေနဲ့။
စိတ်မညစ်စေနဲ့။ ဒုက္ခမရောက်စေနဲ့။
ပြဿနာမတတ်စေနဲ့။
ကိုယ့်ကြောင့် အရာရာ ပျော်ရွှင်ငြိမ်းချမ်းအောင် အမြဲပြုလုပ်ပေးပါ။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ" ဘယ်တော့မှ ကျွန်စိတ်မမွေးနဲ့ သခင်စိတ်မွေးပါ။"
ကျွန်စိတ်ဆိုတာ ခိုင်းရင်လုပ်ရတယ်။
ပေးမှစားရတယ်။ ကျွေးမှစားရတယ်။
အမြဲတမ်းဘဝမှာ အောက်တန်းနောက်တန်းကြတတ်တယ်။
ဒါကြောင့် ………
ခိုင်းရတဲ့ သခင်
ပေးနိုင်တဲ့ သခင်
ကျွေးနိုင်တဲ့သခင်စိတ်အမြဲမွေးထားပါ။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ "ခေါင်းဆောင်စိတ်" အမြဲမွေးပါ။
ခေါင်းဆောင်ဆိုတာ……
တိုင်းပြည်အုပ်ချုပ် မင်းလုပ်မှ ခေါင်းဆောင်မဟုတ်ဘူး။
အိမ်မှာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။
ကျောင်းမှာလည်းခေါင်းဆောင် ဖြစ်နိုင်တယ်။
ရွာမှာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။
မြို့မှာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။
စာဖတ်ပါ ဒီနေ့စာဖတ်တဲ့သူဟာ
မနက်ဖြန် ခေါင်းဆောင်ဖြစ်နိုင်တယ်။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ "လူလားမြောက်လို့ အိမ်ထောင်ရပ်သားပြုတော့မယ်ဆိုရင်"……
လူလေးရဲ့ ချစ်သူ ကောင်မလေးကို ဘယ်တော့မှ
ခိုးမပြေးပါနဲ့ အဖေကိုပြောပါ။
အဖေကိုယ်တိုင် လိုက်တောင်းပေးပါမယ်။
ယောကျာ်းကောင်းတို့မည်သည်
မိန်းမတစ်ယောက်ကို ဘယ်တော့မှ ခိုးမပြေးဘူးကွ။
ကိုယ်မှာ ယောက်ျားတစ်ယောက်ရဲ့ အရည်ချင်း
ပြည့်အောင် အမြဲလုပ်ထားပါ။
ယောကျာ်းကောင်းတို့မည်သည် ဘယ်တော့မှ
အိမ်ထောင်ရေး မဖောက်ပြားဘူး၊ ဇနီးမယားအပေါ်
သစ္စာရှိစွာ ပေါင်းသင်းဆက်ဆံပြီး သက်ဆုံးတိုင်
လုပ်ကျွေးပြုစုကြတယ်။

လူလေးမှတ်ထားကွ………

ညရေးညတာတွေမှာ
သားပျို သမီးပျိုရှိတဲ့ အိမ်တွေ၊မယားရှိပြီး လင်သားမရှိတဲ့အိမ်တွေမှာအချိန်အခါမဟုတ်ပဲ အကြောင်းမရှိပဲ အိမ်လည်မသွားပါနဲ့။
တချိန်မှာ ပြဿနာတတ်နိုင်တယ်။
ဒုက္ခရောက်နိုင်တယ်။

လူလေးမှတ်ထားကွ…………

ပစ္စည်တစ်ခု အိမ်မှာတွေ့ရင် သိမ်းဖို့ အကျင့်တစ်ခုလုပ်ထားပါ။
ဥပမာ-
- သံမှို တစ်ချောင်း။
- နတ်တစ်လုံး။
- အပ်တစ်ချောင်း။
ကအစ သိမ်းထားပါ။
တချိန်မှာ အသုံးဝင်လာလိမ့်မယ်။

လူလေးမှတ်ထားကွ………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင်
့်ရချိန်လေးမှာ………
- ဘာသာတရားကို အလေးထားပါ။
- မိဘရဲ့ ကျေးဇူးတရားတွေကို နားလည်ပါ။
- လူတွေအပေါ်မှာ အကောင်းမြင်ပါ။
- လူတွေအပေါ် မလိမ်ပါနဲ့ မလည့်စားနဲ့။
- အကြောင်းရာတစ်ခုအပေါ်မှာ ကျေးဇူးတင်စကား
ပြောဖို့မမေ့ပါနဲ။
- စာပေ များများ ဖတ်ပါ မှတ်ပါ လိုက်စားပါ။
နောက်ဆုံးပြောသည့် စကားမှာ-

လူလေးတဲ့_လူဖြစ်ရတဲ့ရည်ရွယ်ချက်ဟာ-

၁) မိမိဘဝကိုယ် မိမိမြှင့်တင်ရမယ်။

၂) မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကို မြှင့်တင်ရမယ်။

၃)လောကနဲ့ အများကောင်းကျိုးကို သယ်ပိုးနိုင်ခြင်းဟာ-
လူဖြစ်ရတဲ့ရည်ရွယ်ချက်ပဲသား။

ဒါဟာ လူသားတိုင်း သိရမဲ့အရာ၊
လူသားတိုင်းကျင့်ကြံရမဲ့ အရာဆိုတာ လူလေးမမေ့ပါနဲ့………။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

ဥပေက္ခာနဲ့ ထိုက်တန်တဲ့သူ ♣♣♣♣♣♣♣🔳 ဆေးလိပ်သောက်တတ်တဲ့လူကို🔳 ဆေးလိပ်ရဲ့ဆိုးကျိုးတွေ သွားရှင်းပြလည်း……🔳 ကိုယ့်ရှေ့ခေါင်းလေး...
15/01/2022

ဥပေက္ခာနဲ့ ထိုက်တန်တဲ့သူ
♣♣♣♣♣♣♣

🔳 ဆေးလိပ်သောက်တတ်တဲ့လူကို
🔳 ဆေးလိပ်ရဲ့ဆိုးကျိုးတွေ သွားရှင်းပြလည်း……
🔳 ကိုယ့်ရှေ့ခေါင်းလေးညှိတ်လို့ နားလည်ပါတယ် ……
🔳 ပြောရုံကလွဲ ဆေးလိပ်ကြောင့် ……
🔳 သူ့ကျန်းမာရေး ဆိုးရွားတဲ့ အချိန်ကျမှ ဖြတ်တယ် ။

🔳 အရက်ကြိုက်တတ်တဲ့လူရှေ့ ……
🔳 အရက်ရဲ့ဆိုးကျိုးတွေသွားရှင်းပြလည်း
🔳 ဟုတ်တယ် အရက်သောက်တာမကောင်းဘူး ။
🔳 သူနားလည်ပါတယ် ပြောရုံကလွဲ………
🔳 တကယ်တမ်း အရက်ကြောင့် သူ့အသည်းတွေခြောက်ပြီး
🔳 ကိုယ်တိုင် ကျန်းမာရေးဆိုးရွားတဲ့အခါကျမှ အရက်ဖြတ်တယ်။

🔳 ဒီလိုပါပဲ……………
🔳 ဖောက်ပြန်ခြင်းအမှုကို အရသာ
🔳 တွေ့နေတဲ့လူရှေ့လည်း ဖောက်ပြန်ခြင်းဟာ
🔳 စာရိတ္တ ညံ့ဖျင်းတဲ့ လူတွေလုပ်တာ………

🔳 ဖောက်ပြန်ခြင်းကြောင့် တန်ပြန်ခံစားရမယ့်
🔳 ဝဋ် ငရဲတွေကို သွားရှင်းပြလည်း………
🔳 သူကိုယ်တိုင် ဖောက်ပြန်ခြင်းကြောင့်
🔳 ဝဋ်ပြန်လည်တဲ့အချိန်ကျမှ နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့
🔳 သေချင်လောက်အောင်ခံစားရမယ် ။

🔳 တစ်ချို့ အရာတွေက…………
🔳 သူတို့ကိုယ်တိုင်ခံစားရမှ သဘောပေါက်……
🔳 နားလည်သလို သူတို့ကိုယ်တိုင် ဝဋ်လည်တော့မှ……
🔳 ကိုယ်ချင်းစာတတ်တယ် ။

🔳 ကိုယ့်အရှေ့မှာ အကြိမ်ကြိမ်ဖောက်ပြန်တတ်တဲ့လူကို
🔳 စိတ်အပင်ပန်းခံပြီး ဆွဲမထားပါနဲ့ လွှတ်ပေးလိုက်ပါ ။

🔳 တစ်ခါတစ်လေ " လွတ် "သွားရင် ……
🔳 နာကျင်မှာပဲလို့ တွေးထားပေးမယ့် ……
🔳 တကယ်တမ်း "လွှတ်" လိုက်တဲ့အခါမှ စိတ်ချမ်းသာတာမျိုးပါ။

🔳 တစ်ချို့ လူတွေက တိမ်မဲတွေလိုပဲ………
🔳 သူတို့မရှိတော့မှ နေရောင်ကို ကောင်းကောင်းမြင်ရသလို
🔳 ကြည်လင်တဲ့ ကောင်းကင်ကြီးကိုလည်း မြင်တွေ့ခွင့်ရတယ်။

🔳 ကိုယ်နဲ့ဆန့်ကျင်ဘက်လူကို ဥပေက္ခာမထားတတ်ရင်
🔳 ကိုယ့်နှလုံးသား အကြိမ်ကြိမ်သေဖို့ ဖြစ်နိုင်ချေများတယ် ။

🔳 ကိုယ့်နှလုံးသားအနာကို ……
🔳 ကိုယ်တိုင်မကုစားတတ်ရင် ……
🔳 ရှင်လျှက်သေနေသလို လူဖြစ်ရှုံးပါတယ် ။

🔳 အကြိမ်ကြိမ် အလှည့်စားခံနေမယ့်အစား
🔳 ရုန်းထွက်လိုက်စမ်းပါ စိတ်ချမ်းသာပါတယ်……။
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

" အရာရာဟာ ဧည့်သည်ပါ "●တစ်ယောက်ယောက်က ထားခဲ့ရင်ဝမ်းမနည်းပါနဲ့သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို့လည်း ဖြစ်နိုင်သလိုသူသွ...
08/01/2022

" အရာရာဟာ ဧည့်သည်ပါ "

●တစ်ယောက်ယောက်က ထားခဲ့ရင်
ဝမ်းမနည်းပါနဲ့
သင်လျှောက်မယ့်လမ်းကို
သူမလိုက်ချင်လို့လည်း ဖြစ်နိုင်သလို
သူသွားမယ့်လမ်းမှာ
သင့်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်

●ဘယ်ခရီးကိုမှ
အစအဆုံးတူတူသွားရမယ်လို့
ဘယ်သူကမှ သတ်မှတ်မထားသလို....
ဘယ်သူလိုက်လိုက် မလိုက်လိုက်
သင်ကတော့သွားနေရဦးမှာ ဖြစ်ပါတယ်

သင်ပါပါ မပါပါ
သူလည်းဆက်လျှောက်နေမှာ ဖြစ်ပါတယ်

●ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ်
အဖေနဲ့အမြဲနေမယ်
အမေနဲ့ပဲတူတူနေမယ်
ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှမခွဲဘူး
ငါ့ချစ်သူနဲ့ငါ တသက်လုံးတူတူနေမှာ...
စတဲ့ အတွေးတွေ တွေးခဲ့ဖူးတယ်...

●တကယ်တော့
ကျွန်တော်တို့က
ကံဆုံလို့ သံသရာရထားပေါ်မှာ
ခဏလာတွေ့တာကို
ဘဝတစ်ခုလုံးစာလို့ ထင်ခဲ့ကြတာပါ

●ကိုယ်အရင်ဆင်းရတဲ့အခါ
သူတို့ကိုပါဆင်းခဲ့ဖို့ ခေါ်ပေမယ့်လည်း
သူတို့မလိုက်နိုင်ကြသလို....
သူတို့အရင်ဆင်းသွားတဲ့အလှည့်မှာလည်း
ကိုယ်လိုက်မသွားနိုင်ခဲ့ဘူး

●သေချာတာကတော့
သူတို့လည်း မသေမချင်း သူတို့ရွေးထားတဲ့လမ်းကို လျှောက်နေရတာဖြစ်ပြီး
ကိုယ်ကလည်း
ကိုယ့်လမ်းကိုယ်လျှောက်ရင်း
သူတို့နဲ့လမ်းမှာ မသေခင်ခဏတွေ့တာဖြစ်ပါတယ်

●တွေ့တဲ့အချိန် ခဏလေးမှာ
ချစ်ကြ သံယောဇဉ်တွေတွယ်ကြ
မုန်းကြ ဆဲကြ ဆိုကြနဲ့
အချိန်စေ့ရင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ရမှာ
ဖြစ်ပါတယ်

●ခဏခဏ လူသစ်တွေနဲ့ ထပ်တွေ့ရပြီး
ခဏခဏ ခွဲရပြန်တယ်
ခဏခဏပျော်ရွှင်ရပြီး
နောက်တော့ ခဏခဏ ငိုရင်းခွဲရပြန်တယ်
ခဏခဏ လွမ်းမိကြသလို
တခါတလေလည်း နာကျည်းတက်ကြပြန်တယ်

●ဒါ့ကြောင့်
သင့်ဘဝထဲကို လူသစ်တွေဝင်လာရင်
သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပါ
ကြိုတွေးထားပါ

ကိုယ်ထားခဲ့ရမယ့်အချိန်ကို ပြင်ဆင်ထားပြီး
သူတို့ထားခဲ့ရင်လည်း
ကိုယ်ဘယ်လိုရှင်သန်ပြီး
ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ

သူတို့လာနေတုန်းကို
ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင်ကြိုးစားပါ

သူတို့မရှိရင်လည်း သင်နေတက်အောင် ပြင်ဆင်ထားပါ

အပြုံးတွေတောင် ခဏပဲခံရင်
အမုန်းတွေကို အကြာကြီးမွေးမထားပါနဲ့
အလွမ်းတွေကို အရသာမခံချင်ပါနဲ့
အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့

တွေ့တွေ့ချင်းတောင် ဝမ်းသာအားရနှုတ်ဆက်ကြရင်
ပြန်ချိန်ရောက်ရင်လည်း
ဖက်တွယ်မထားပဲ
လမ်းခွဲတက်အောင်ကြိုးစားပါ

●ဟုတ်ကဲ့
ကျွန်တော်တို့ဘဝနဲ့
ကျွန်တော်တို့နှလုံးသားတွေထဲမှာ.....

အကြာကြီးရှိမနေမှာသေချာတဲ့သူတွေနဲ့

အကြာကြီးဖြစ်နေမှာ မဟုတ်တဲ့
ကိစ္စတွေကိုထည့်ပြီး သော့ခပ်မထားပါနဲ့

ခဏလာပြီး ခဏနေပြန်ထွက်သွားမယ့်
ဘယ်သူ့ကိုမဆို
အတင်းအကြပ် ဆုပ်ကိုင်မထားပါနဲ့
မသွားပါနဲ့လို့ မတားပါနဲ့...

ဝင်လာပါစေ...

ပြန်သွားချင်သွားပါစေ....

လာနေတုန်းလေးမှာ ပြုံးနေပြီး
ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ပြုံးထားပါ

မိတ်ဆွေ
သင့်ခံစားမှုတွေကို
သော့ခပ်မထားပါနဲ့...

နှလုံးသားတံခါးကို
အသာလေးသာစေ့ထားလိုက်ပါ...

Min Yel Kyaw Swar

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"---------------------"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲရှိတာပေါ့ ရှိပေမယ့်လည်း...ဒီဒေါသကို ထုတ်မပြနိ...
08/01/2022

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

Address

Incheon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myo Maung Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Maung Maung:

Share