13/08/2026
Topik ဆိုတာ ? 🇰🇷
Topik ဆိုတာ ဘာလဲ Korea မှာ ကျောင်းတက်မယ် ရေရှည်နေထိုင်မယ်လို့ ဆုံးဖြတ်လိုက်ရင် TOPIK က ဘာကြောင့် အရေးပါတာလဲဆိုတာ စက္ကန့်ပိုင်းလေးအတွင်း လေ့လာကြည့်ရအောင်နော်
TOPIK ဆိုတာ Test of Proficiency in Korean
ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုကို တရားဝင်တိုင်းတာတဲ့ စာမေးပွဲပါ
TOPIK ကို အဓိက ၂ မျိုးခွဲထားပါတယ်
TOPIK I ကတော့ Level 1 ~ 2 (Beginner)ဖြစ်ပြီး
TOPIK IIကတော့ Level 3 ~ 6 ( Intermediate to Advanced) ပါ
ဒီလိုဆိုတော့ Level 3နဲ့ အထက်လိုချင်ရင် TOPIK II ဖြေကိုဖြေကြရပါတယ်
TOPIK I နဲ့ TOPIK II ဘာကွာလဲဆိုရင်
TOPIK Iမှာ
듣기 (မေးခွန်းအပုဒ် ၃၀)
읽기 (မေးခွန်းအပုဒ် ၃၀)
စုစုပေါင်း အမှတ်၂၀၀ဖိုး
စာမေးပွဲချိန်က ၁၀၀မိနစ်ပါ
TOPIK IIမှာ
듣기 (မေးခွန်းအပုဒ် ၅၀)
쓰기 (မေးခွန်း ၄ပုဒ်)
읽기 (မေးခွန်းအပုဒ် ၅၀)
စုစုပေါင်း အမှတ်၃၀၀ဖိုး
စာမေးပွဲချိန်က ၁၈၀မိနစ်ပါ
Topik IIဖြေမယ့်သူတွေက listening နဲ့ reading အပြင် writing skillကိုပါ လေ့ကျင့်ကြရမှာပါ
TOPIK မှာ
PBT = Paper-Based Test နဲ့
ကွန်ပျူတာနဲ့ ဖြေရတဲ့ IBT = Internet-Based Test ဆိုပြီး ၂မျိုး ရှိပါတယ်။
အရေးကြီးတာတစ်ခုက
PBT နဲ့ IBT မှာ မေးခွန်းအရေအတွက်နဲ့ စာမေးပွဲချိန် မတူပါဘူး။
ဥပမာ TOPIK II PBT မှာ
듣기 50 + 쓰기 4 + 읽기 50 ဖြစ်ပြီး
စုစုပေါင်း 180 မိနစ် ဖြစ်ပါတယ်။
TOPIK II IBT မှာတော့
듣기 40 + 쓰기 3 + 읽기 40 ဖြစ်ပြီး
စုစုပေါင်း 150 မိနစ် ဖြစ်ပါတယ်။
TOPIK က ဘာကြောင့် အရေးကြီးတာလဲလို့ပြောရင်
ပထမတစ်ချက်ကတော့ ကိုရီးယားတက္ကသိုလ်ဝင်ခွင့်ရဖို့အတွက်ပါပဲ
နိုင်ငံခြားသားကျောင်းသားတွေအတွက် TOPIK က တက္ကသိုလ်ဝင်ခွင့်မှာ အသုံးများတဲ့ ကိုရီးယားစကားတက်မြောက်မှု သက်သေလက်မှတ်ဖြစ်နေပါတယ်။ဒါပေမယ့် တက္ကသိုလ်အားလုံး TOPIK မဖြစ်မနေ လိုတယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။
တက္ကသိုလ်၊ မေဂျာ၊ ကိုရီးယားဘာသာစကားသင်ယူခဲ့တဲ့ ကျောင်းရဲ့ လက်မှတ်တွေ နဲ့ ဝင်ခွင့်စည်းမျဉ်းပေါ်မူတည်ပြီး 2급၊ 3급၊ 4급နဲ့ အထက်ကိုတောင်းနိုင်ပါတယ်။
ဒါကြောင့် ကိုယ်လျှောက်မယ့် university ရဲ့ admission guideline ကို အမြဲစစ်ဖို့ မမေ့ပါနဲ့နော်
ဒုတိယ တစ်ချက်ကတော့ Scholarship ရနိုင်ဖို့အတွက် အလွန် အရေးပါလို့ပါ။
ကိုယ့်ရဲ့ Topik level အပေါ်မူတည်ပြီး 30%ကနေ 100%အထိ scholarshipတွေ ရနိုင်ပြီး ကျောင်းလခ သက်သာနိုင်ပါတယ်။
အရေးပါရတဲ့ တတိယတစ်ချက်ကတော့ ကျောင်းတက် ဘွဲ့ရလို့ အလုပ်ရှာကြတဲ့အခါ TOPIK က ကိုယ့်ရဲ့ ကိုရီးယားဘာသာ တက်မြောက်မှုစွမ်းရည်ကို အလုပ်ရှင်ဘက်က နားလည်နိုင်အောင် ပြသပေးနိုင်တဲ့ official certificate တစ်ခုဖြစ်လာလို့ပါပဲ။
အလုပ်လျှောက်တဲ့အခါ တခြားလိုအပ်ချက်တွေကလည်း အရေးကြီးပေမဲ့ Topik level မြင့်ထားမယ်ဆိုရင် တဖက်လူတွေထက် ကိုယ်က အမြဲ တပန်းသာနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ နေထိုင်ခွင့်visaတွေ ပြောင်းလျှောက်တဲ့အခါ လည်း Topik လိုအပ်ပါတယ်။
Visa အမျိုးအစားအလိုက် TOPIK level သတ်မှတ်ချက်က ကွာခြားမှာပါ။
ကျောင်းတက်ရင်း အလုပ်လုပ်ကြတဲ့ သူတွေအတွက် Topik levelအလိုက် အလုပ်လုပ်နိုင်တဲ့အချိန်ကန့်သတ်ချက်တွေရှိပါတယ်။
ပညာတော်သင်ကျောင်းသားတွေက ကျောင်းတက်နေစဉ်မှာ Topik level 2ဆိုရင် ကြားရက်မှာ နာရီ၂၀နဲ့ weekendနဲ့ ကျောင်းပိတ်ရက်တွေမှာ ၂၅နာရီအထိပဲ အလုပ်လုပ်ခွင့်ရှိပါတယ်
Level 3နဲ့ အထက်ကတော့ ကြားရက် ၂၅နာရီ weekendနဲ့ ကျောင်းပိတ်ရက်တွေမှာ အချိန်အကန့်အသတ်မရှိ အလုပ်လုပ်နိုင်ပါတယ်
Level 5.6ဆိုရင် ကြားရက်မှာ နာရီ၃၀အထိ လုပ်ခွင့်ရနိုင်ပါတယ်။
Topik မဟုတ်လဲ 사회통합프로그램 (KIIP) ဒါမှမဟုတ် 세종학당 ရဲ့ သတ်မှတ်ထားတဲ့ Korean proficiency ကိုလည်း အသုံးပြုနိုင်ပါတယ်။
2026 Korea domestic registration fee ကတော့
TOPIK I PBT → ₩40,000
TOPIK II PBT → ₩55,000
TOPIK I IBT → ₩70,000
TOPIK II IBT → ₩95,000
TOPIK Speaking → ₩80,000 ဖြစ်ပါတယ်
အခုဆိုရင် Topik ကို ဘာလို့ဖြေရလဲ ဘာလို့ အရေးကြီးလဲဆိုတာကို နားလည်သွားကြလောက်ပြီလို့ ထင်ပါတယ်
အခုလာမယ့် Topik 108ကြိမ်နဲ့ ၁၀၉ကြိမ် ဖြေကြမယ့် သူတွေလည်း ကိုယ်လိုချင်တဲ့ အမှတ်တွေရကြပြီး အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေနော်
Topik နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း comment မှာ ချန်သွားပေးကြပါဦးနော်