Miso Consulting- 미소

Miso Consulting- 미소 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Miso Consulting- 미소, Consulting Agency, Seoul.

28/07/2021

ယောအီဒိုက ကော်ဖီဆိုင်လေးရဲ့ ဆိုင်ရှင်နှစ်ယောက်အကြောင်း

"ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစနစ်"-------------------------------ကိုရီးယားနိုင်ငံမှာ နေထိုင်စဉ်အတွင်း ဖျားနာတဲ့အခါ ဘယ်...
23/07/2021

"ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစနစ်"
-------------------------------

ကိုရီးယားနိုင်ငံမှာ နေထိုင်စဉ်အတွင်း ဖျားနာတဲ့အခါ ဘယ်လို ဆေးရုံ၊ ဆေးခန်းကို သွားရမယ်မှန်း မသိလို့ အခက်အခဲဖြစ်နေသူများ အတွက်ပါ။ ကိုရီးယားလိုမျိုးလည်း ရေးပေးထားပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ဆေးရုံတွေကို ကျန်းမာရေးအာမခံ ထောက်ပံ့ပေးမှုအပေါ်မူတည်ပြီး 3 မျိုးခွဲထားပါတယ်။

🏥 Level 1 ဆေးခန်း (1차의원)
- အဓိကအားဖြင့် ဖျားနာခြင်း အစရှိတဲ့ ပြင်ပလူနာကုသခြင်းများကို လုပ်ဆောင်
(1,2 ရက်ခန့် ဆေးရုံတက်နိုင်ပါတယ်)
-လူနာကုတင် 30 အောက် ထားရှိ

🏥 Level 2 ဆေးရုံ (2차병원)
- ဆေးရုံတက်ပြီး ကုသဖို့ လိုအပ်တဲ့ လူနာတွေကို အဓိကထားပြီး ကုသပေး
- ဆေးရုံတွင် အထူးကု ဆရာဝန်များ ထားရှိ
- လူနာကုတင် 30~500 အကြားထားရှိ
- အထွေထွေရောဂါကုဆေးရုံ၊ သွားဆေးရုံ၊ ကိုရီးယားတိုင်းရင်းဆေးဆေးရုံ၊ ပြုစုစောင့်ရှောက်ရေးဆေးရုံ တွေကို ခေါ်ဆို

🏥 Level 3 ဆေးရုံ (3차 상급종합병원)
- ပြင်းထန်သော ရောဂါကြီးများ၊ ကုသရေးဆိုင်ရာ ခက်ခဲသော ရောဂါများကို အထူးကုဆရာဝန်များနဲ့ ကြပ်မတ် ကုသပေး
- လူနာကုတင် 500 နဲ့အထက် ထားရှိ
- အဓိကအားဖြင့် ‘တက္ကသိုလ်ဆေးရုံ’များကတော့ level 3 ဆေးရုံများဖြစ်

👩‍⚕️ ကိုရီးယားနိုင်ငံမှာ ဆေးရုံသွားမယ်ဆိုရင် အရင်ဆုံး Level 1 နဲ့ Level 2 ဆေးရုံမှာ ပြသရမှာ ဖြစ်ပါတယ်။ Level 3 ဆေးရုံကိုတော့ Level 1 (သို့) Level 2 ဆရာဝန်ရဲ့ ထောက်ခံစာရှိမှ ပြသလို့ ရမှာဖြစ်ပါတယ်။ Level 1 (သို့) Level 2ဆေးရုံတွေကို မဖြတ်ဘဲ Level 3 ဆေးရုံကို တန်းသွားမယ်ဆိုရင် ဆေးရုံက လက်မခံတာမျိုး၊ လက်ခံခဲ့ရင်တောင် ကုသစရိတ် ဈေးကြီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
(ခြွင်းချက်။ ။အရေးပေါ် အခြေအနေမျိုးမှာတော့ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံကို သွားနိုင်ပါတယ်။)

👩‍⚕️ကိုရီးယားမှာ နေထိုင်စဉ်အတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖျားနာခြင်း၊ ထိခိုက်ခြင်း အစရှိတာတွေ အတွက် ရောဂါအမျိုးအစားပေါ် မူတည်ပြီး အောက်ပါ Level 1 အဆင့်ရှိ ဆေးခန်းတွေမှာ ပြသနိုင်ပါတယ်။

1. အထွေထွေ(အရိုးအထူးကု)ဆေးခန်း (정형외과)
2. အာရုံကြောဆေးခန်း (신경외과)
3. မျက်စိနားနှာခေါင်းဆေးခန်း (이비인후과)
4. အမျိုးသမီးဆေးခန်း (산부인과)
5. ဆီးလမ်းကြောင်းဆိုင်ရာဆေးခန်း (비뇨기과)
6. သွားဆေးခန်း (치과)
7. အသားအရေဆိုင်ရာ ဆေးခန်း (피부과)
8. တိုင်းရင်းဆေးဆိုင်ရာ အပ်စိုက် ကုသခြင်း ( 한의원)
9. ဒေသန္တရ ကျန်းမာရေးဆေးခန်း (보건소)

ကျေးဇူးတင်ပါတယ်။
Miso Consulting

မိတ်ဆွေ၊ ဘာသာစကား အခက်အခဲကြောင့် ကိုရီးယားနိုင်ငံမှာ~ "ဆေးရုံ၊ ဆေးခန်းသွားဖို့ အခက်အခဲ ဖြစ်နေပါလား။"မိတ်ဆွေရဲ့ အခက်အခဲတွ...
22/07/2021

မိတ်ဆွေ၊ ဘာသာစကား အခက်အခဲကြောင့် ကိုရီးယားနိုင်ငံမှာ~

"ဆေးရုံ၊ ဆေးခန်းသွားဖို့ အခက်အခဲ ဖြစ်နေပါလား။"

မိတ်ဆွေရဲ့ အခက်အခဲတွေကို မီဆို(Miso)နဲ့ ဆက်သွယ် ဆွေးနွေးပြီး ဖြေရှင်းနိုင်ပါပြီ။

မီဆိုမှ မိတ်ဆွေတို့ရဲ့ ဘာသာစကား အခက်အခဲကို ဖုန်း(သို့) ဗီဒီယိုဖြင့် ခေါ်ဆိုဝန်ဆောင်မှုပေးခြင်း၊ အတူတကွ လိုက်ပါဝန်ဆောင်မှုပေးခြင်းများ လုပ်ဆောင်ပေးနေပါပြီ။

ဖုန်း၊ ဗီဒီယိုဖြင့် ဘာသာစကား ဝန်ဆောင်မှုနှုန်းထား - 15000 ဝမ် (1hr)

ကြုံတွေ့နေရသော အခက်အခဲများနဲ့ ရယူလိုသော ဝန်ဆောင်မှုအမျိုးအစားကို မက်ဆင်ဂျာကနေ တစ်ဆင့်‌ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မှတ်ချက်။ လက်ရှိတွင် ကိုရိုနာကြောင့် အတူတကွ လိုက်ပါဝန်ဆောင်မှုပေးခြင်းကို ရပ်နားထားပါတယ်။ ဝန်ဆောင်မှု ပြန်လည် စတင်ပါက ထပ်မံ အသိပေးပါမယ်။

ကျေးဇူးတင်ပါတယ်။
မီဆို

Topik Level 6 ပါ။
22/07/2021

Topik Level 6 ပါ။

Address

Seoul

Opening Hours

Monday 10:00 - 20:00
Tuesday 11:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 13:00

Website

Alerts

Be the first to know and let us send you an email when Miso Consulting- 미소 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share