03/11/2025
2025ခုနှစ် F2-R ထုတ်ပြန်ချက်အသစ် အရှုပ်တော်ပုံတွေကြောင့် E7-4 ဗီဇာကနေ F2-R ဗီဇာပြောင်းတာ အတော်လေး ဂယက်ထခဲ့ရပါတယ်~
အစက E7-4အလုပ်စာချုပ်သက်တမ်း မပြည့်ခင် ၃ လ အလို F2-R လျှောက်လို့ရပြီဆိုလို့ အလုပ်စာချုပ်မပြည့်ခင် ၃ လအလို 2025/3 လပိုင်းလောက်က လ၀ကမှာ F2-R visa လျှောက်တဲ့အဆင့်ထိရောက်ပြီးကာမှ နောက်ထပ် ထုတ်ပြန်ချက်အသစ်ကြောင့် အလုပ်စာချုပ်သက်တမ်းပြည့်ပြီးမှသာ visaလျှောက်လို့ရမှာဆိုပြီး ဖြစ်ပြန်တော့ ကိစ္စအဝဝကို အမျိုးမျိုးအဖုံဖုံ ထပ်ပြီး ပြန်ကြိုးစားခဲ့ရပါတယ်
ဒီအကိုက အမျိုးသမီးလည်း ခေါ်ထားတာမို့ အမျိုးသမီး visa လည်း ဂရုစိုက်ပေးရ၊ ရဲစခန်းထောက်ခံစာ သက်တမ်းကုန်လို့ အသစ်လုပ်ဖို့လည်း မြန်မာဘက် အမျိုးမျိုးသော အပြောင်းအလဲတွေ၊ visa သက်တမ်း အကန့်သတ်ပဲရှိတဲ့ကြားထဲက ရအောင်လုပ်ပေးခဲ့ရပြီး နောက်တခေါက် ရဲစခန်းထောက်ခံစာလျှောက်ပြန်တော့ တန်းစီစနစ်ကိုမှ လူအရမ်းများတာကြောင့် ထောက်ခံစာကလည်း ဗီဇာသက်တမ်းမကုန်ခင် ရမှဖြစ်မှာမို့ သံရုံးကို အသည်းအသန် မေးလ်း ပို့ခဲ့ရပါတယ်~အခက်အခဲမျိုးစုံကြား နောက်ဆုံး ရဲစခန်းထောက်ခံစာရလာပြီး လဝကကို 보완 ပြန်တင်ပေးခဲ့ရပြီးနောက် အခု ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ ဒီဗီဇာလေး နောက်ဆုံးတော့ ဒီနေ့ အောင်မြင်စွာ ရရှိခဲ့ပါပြီ ထပ်တူထပ်မျှ ဝမ်းသာမိပါတယ် congratulations ပါအစ်ကိုရေ 👏👏👏
--------------------------------------------------------------------------
🏡 ရုံးလိပ်စာ > 서울 구로구 디지털로 32길 30, 코오롱디지털타워 914호
🚇 구로디지털단지 ထွက်ပေါက် (2) လမ်းလျှောက် (7)မိနစ်
မြန်မာတာဝန်ခံ 📱
010-9738-5611
ရုံးချိန် ⏰️ မနက်(10) မှ ညနေ(5)အထိ
▪️Global Direct▪️