Rain Flower Fire Extinguisher - မီးသတ်ဆေးဘူး

  • Home
  • Myanmar
  • Ahlone
  • Rain Flower Fire Extinguisher - မီးသတ်ဆေးဘူး

Rain Flower Fire Extinguisher - မီးသတ်ဆေးဘူး "နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯" 𝗦𝗶𝗻𝗰𝗲 𝟮𝟬𝟬𝟭

မီးသတ်ဆေးဘူးကို မီးနဲ့ ဘယ်လောက်အကွာကနေ ဖျန်းရမလဲ? အိမ်မှာ မီးသတ်ဆေးဘူး ဆောင်ထားတာ တော်တော်လေး အမြော်အမြင်ရှိပြီး ချီးကျူ...
20/09/2026

မီးသတ်ဆေးဘူးကို မီးနဲ့ ဘယ်လောက်အကွာကနေ ဖျန်းရမလဲ?

အိမ်မှာ မီးသတ်ဆေးဘူး ဆောင်ထားတာ တော်တော်လေး အမြော်အမြင်ရှိပြီး ချီးကျူးဖို့ကောင်းပါတယ်‌နော်။

ဒါပေမဲ့ တကယ်အရေးကြုံလာရင် ဘယ်လောက်အကွာကနေ ဖျန်းရမလဲဆိုတာ သိထားဖို့ကလည်း အသက်တမျှ အရေးကြီးပါတယ်။

အန္တရာယ်ကင်းကင်းနဲ့ အထိရောက်ဆုံး မီးငြိမ်းသတ်နိုင်ဖို့ဆိုရင် "မနီးလွန်း မဝေးလွန်း" မီးတောက်နဲ့ (၄) ပေ (၅) ပေ အကွာ ကနေ စတင်ဖျန်းရပါမယ်။

သတိပြုရန် - မီးနဲ့ အရမ်းနီးသွားရင် မီးဟုန်းခနဲ ပြန်တောက်လာနိုင်သလို၊ အရမ်းဝေးရင်လည်း ဆေးမှုန့်တွေက မီးဆီမရောက်ဘဲ လွင့်စင်သွားတတ်ပါတယ်။

မီးငြိမ်းသွားတာနဲ့အမျှ မီးအနီးနားကို ဖြည်းဖြည်းချင်း တိုးသွားပြီး လုံးဝငြိမ်းသွားတဲ့အထိ ဖျန်းပေးရပါမယ်။

မိသားစု ဘေးကင်းဖို့အတွက် ဒီအချက်လေးကို မှတ်ထားကြရအောင်နော်။

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

#မီးသတ်ဆေးဘူး

ဝန်ထမ်းတိုင်း မီးသတ်ဆေးဘူးသုံးတတ်ဖို့ သင်တန်းပေးထားရဲ့လား? "မီးဆိုတာ အသေးအဖွဲလေးကနေ စတာပါ" လို့ ပြောရင် အားလုံးလက်ခံကြမှ...
15/09/2026

ဝန်ထမ်းတိုင်း မီးသတ်ဆေးဘူးသုံးတတ်ဖို့ သင်တန်းပေးထားရဲ့လား?

"မီးဆိုတာ အသေးအဖွဲလေးကနေ စတာပါ" လို့ ပြောရင် အားလုံးလက်ခံကြမှာပါ။

ဒါပေမဲ့ ရုံးခန်း ဆိုင်ခန်းတွေထဲမှာ ရုတ်တရက် မီးလန့်လာရင် ကိုယ့်ဝန်ထမ်းတွေ စိတ်အေးအေးထားပြီး မီးသတ်ဆေးဘူးကို တကယ်ပဲ အမှန်ကန်ဆုံး သုံးတတ်ကြရဲ့လား?

မီးသတ်ဆေးဘူး အများအပြား ဝယ်ထားရုံနဲ့တင် မလုံလောက်ပါဘူး။

အရေးကြုံရင် ဝန်ထမ်းတိုင်း လျင်လျင်မြန်မြန်နဲ့ ရဲရဲဝံ့ဝံ့ အသုံးပြုနိုင်ဖို့က ပိုအရေးကြီးပါတယ်နော်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ဆီမှာ မီးသတ်ဆေးဘူး ဝယ်ယူတဲ့ လုပ်ငန်းခွင်တွေအတွက် ဝန်ထမ်းတွေကိုယ်တိုင် လက်တွေ့ကိုင်တွယ်ပြီး မီးငြှိမ်းသတ်ရဲအောင် Demo (လက်တွေ့သရုပ်ပြ) Service ကို လာရောက်ပြသပေးနေပြီ။

လုပ်ငန်းခွင်မီးဘေးကင်းဖို့နဲ့ စိတ်အေးရအောင် ကျွန်တော်တို့ရဲ့ Demo Service နဲ့အတူ အရည်သွေးပြည့်၀ပြီး အာမခံချက်ရှိတဲ့ မီးသတ်ဆေးဘူးတွေကို အခုပဲ အမြန်ဆုံးမှာယူလိုက်ပါနော်။

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

#မီးသတ်ဆေးဘူး

အသေးအဖွဲ မီးဘေးကနေ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်စေဖို့ အိမ်တိုင်း၊ ဆိုင်တိုင်းမှာ DCP မီးသတ်ဆေးဘူးတစ်ဘ...
14/09/2026

အသေးအဖွဲ မီးဘေးကနေ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်စေဖို့ အိမ်တိုင်း၊ ဆိုင်တိုင်းမှာ DCP မီးသတ်ဆေးဘူးတစ်ဘူး ဆောင်ထားဖို့ လိုပါတယ်ရှင့်။

ရုတ်တရက် မီးလန့်တာ၊ မီးဘေးနဲ့ ကြုံလာရရင်လည်း ဘာမှ ထိတ်လန့်သွားစရာ မလိုပါဘူးနော်။

မီးသတ်ဆေးဘူး ဆောင်ထားပြီး....အသုံးပြုပုံ (PASS စနစ်) ကို သေချာ နားလည်ထားရုံနဲ့တင် အရေးပေါ်အခြေအနေတွေမှာ မြန်မြန်ဆန်ဆန်နဲ့ စိတ်အေးလက်အေး မီးငြိမ်းသတ်နိုင်မှာပါ။

မိသားစုရဲ့ လုံခြုံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ စိတ်အေးရဖို့အတွက် အရည်အသွေးပြည့်ဝပြီး အာမခံချက်ရှိတဲ့ DCP မီးသတ်ဆေးဘူးကို ဒီနေ့ပဲ ဆောင်ထားလိုက်ပါနော်။

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

#မီးသတ်ဆေးဘူး

အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် မတော်တဆ မီးဘေးဆိုတာ ကြိုတင်မှန်းဆလို့မှ မရတာနော်။ဒါကြောင့် မိသားစုနဲ့ ပိုင်ဆိုင်မှု...
10/09/2026

အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် မတော်တဆ မီးဘေးဆိုတာ ကြိုတင်မှန်းဆလို့မှ မရတာနော်။

ဒါကြောင့် မိသားစုနဲ့ ပိုင်ဆိုင်မှုတွေကို စိတ်ချလက်ချ ကာကွယ်ထားနိုင်ဖို့ အရည်သွေးပြည့်၀ပြီး အာမခံချက်ရှိတဲ့ Rain Flower ရဲ့ Dry Chemical Powder မီးသတ်ဆေးဘူးလေး ဆောင်ထားဖို့ လိုပါမယ်ရှင့်။

၅ နှစ်အာမခံ (5 Years Warranty) အပြည့်ပါလို့ ရေရှည်အတွက် စိတ်အေးရတဲ့အပြင် အသုံးပြုရတာလည်း အရမ်းလွယ်ကူတာမို့ အိမ်တိုင်း၊ ရုံးတိုင်းမှာ ဆောင်ထားသင့်ပါတယ်။

ကြိုတင်ပြင်ဆင်မှုကပေးတဲ့ စိတ်အေးချမ်းမှုကို Rain Flower နဲ့အတူ ရယူလိုက်ပါ။
"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

အိမ်၊ ရုံးနဲ့ လုပ်ငန်းတိုင်းအတွက် စိတ်အေးချမ်းသာစွာနဲ့ လုံခြုံမှုအပြည့်ပေးနိုင်မယ့် Rain Flower အစိမ်းရောင် မီးသတ်ဆေးဘူး...
09/09/2026

အိမ်၊ ရုံးနဲ့ လုပ်ငန်းတိုင်းအတွက် စိတ်အေးချမ်းသာစွာနဲ့ လုံခြုံမှုအပြည့်ပေးနိုင်မယ့် Rain Flower အစိမ်းရောင် မီးသတ်ဆေးဘူးများ ရရှိနိုင်ပါပြီ 💚🧯

မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Rain Flower အစိမ်းရောင် မီးသတ်ဆေးဘူးတွေမှာ 90% Dry Chemical Powder ပါဝင်တာကြောင့် မီးဘေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်နော် ✨🛡️

✨ Green for Safety ✨

Rain Flower ကို ဘာကြောင့် ရွေးချယ်သင့်သလဲ? 🤔💡

အာမခံချက် အပြည့် - ၆ နှစ် (6 Years Warranty) အာမခံ ပါဝင်တာကြောင့် ရေရှည်အတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ် 💯✅

လိုအပ်သလို ရွေးချယ်နိုင်ခြင်း - မိမိတို့ရဲ့ နေရာလိုအပ်ချက်အလိုက် 5 LBS၊ 10 LBS နဲ့ 15 LBS ဆိုပြီး အရွယ်အစားအမျိုးမျိုး စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ် 📦✨

အိမ်တိုင်း၊ ရုံးတိုင်းမှာ အရည်အသွေးပြည့်ဝပြီး အာမခံချက်ရှိတဲ့ မီးသတ်ဆေးဘူးလေး ဆောင်ထားပြီး ဘေးအန္တရာယ်ကင်းဝေးတဲ့ ပတ်ဝန်းကျင်လေးကို အတူတူ ဖန်တီးလိုက်ရအောင် 🏡🏢✨

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

#မီးသတ်ဆေးဘူး

တန်ဖိုးရှိတဲ့အရာတွေကို ကာကွယ်ဖို့ Premium Brand ရဲ့ အရည်အသွေးကိုပဲ ရွေးချယ်ပါလူအများစုက Premium Brand တွေကို ယုံကြည်စိတ်...
06/09/2026

တန်ဖိုးရှိတဲ့အရာတွေကို ကာကွယ်ဖို့ Premium Brand ရဲ့ အရည်အသွေးကိုပဲ ရွေးချယ်ပါ

လူအများစုက Premium Brand တွေကို ယုံကြည်စိတ်ချစွာ ဝယ်ယူကြတဲ့ အဓိကအကြောင်းအရင်းကတော့... ပစ္စည်းရဲ့ စံချိန်စံညွှန်းတင်မကဘဲ မိသားစုနဲ့ လုပ်ငန်းခွင်အတွက် အပြည့်အဝပေးစွမ်းနိုင်တဲ့ "စိတ်အေးချမ်းမှု (Peace of Mind)" ကြောင့် ဖြစ်ပါတယ်။

အရည်အသွေး မသေချာတဲ့ ပစ္စည်းတွေကြောင့် စိုးရိမ်စိတ်နဲ့ နေထိုင်ရမယ့်အစား အရည်အသွေးပြည့်၀ပြီး အာမခံချက်ရှိတဲ့ High Quality Fire Protection အစိမ်းရောင် မီးသတ်ဆေးဘူးလေးကို ရွေးချယ်လိုက်ပါ။

မီးငြှိမ်းသတ်နိုင်စွမ်း အမြင့်မားဆုံး ဖြစ်ပြီး သင့်ရဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေကို ရေရှည် စိတ်ချလက်ချ ကာကွယ်ဖို့အတွက် အကောင်းဆုံးနဲ့ အတန်ဆုံး ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

မီးသတ်ဆေးဘူး ဆောင်ထားရုံနဲ့ စိတ်ချရပြီလားအရေးကြုံရင် အဆင်သင့်ဖြစ်နေစေဖို့ အနည်းဆုံး "တစ်လတစ်ကြိမ်" တော့ မီးသတ်ဆေးဘူးရဲ့ ...
02/09/2026

မီးသတ်ဆေးဘူး ဆောင်ထားရုံနဲ့ စိတ်ချရပြီလား

အရေးကြုံရင် အဆင်သင့်ဖြစ်နေစေဖို့ အနည်းဆုံး "တစ်လတစ်ကြိမ်" တော့ မီးသတ်ဆေးဘူးရဲ့ ဒိုင်ခွက်ကို စစ်ဆေးဖို့ လိုအပ်ပါတယ်နော်။

ဒိုင်ခွက်လက်တံလေးက အစိမ်းရောင်နေရာမှာ ရှိနေမှ စိတ်ချရမှာဖြစ်ပြီး အနီရောင် ရောက်နေရင်တော့ ဆေးပြန်ဖြည့်ဖို့ လိုအပ်နေပါပြီနော်။

ဒီနေ့လုပ်တဲ့ အလေ့အကျင့်အသေးလေးက မနက်ဖြန်ရဲ့ မီးဘေးကို ကာကွယ်ပေးနိုင်ပါတယ်ရှင့်။

Rain Flower မှာ သက်တမ်းကုန်ဆေးဘူးများကို စစ်ဆေးပြီး ဈေးနူန်းချိုသာစွာဖြင့် အသစ်ပြန်လည် ဖြည့်သွင်းပေးနေပါပြီ။

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….

💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

01/09/2026

မီးသတ်ဆေးဘူးကို နည်းနည်းပဲသုံးထားရင်တောင် ပြန်သိမ်းမထားသင့်တဲ့ အကြောင်းအရင်း 🧯🔥
​ #မီးသတ်ဆေးဘူး

မီးသတ်ဆေးဘူးကို ဘာကြောင့် ခဏ ခဏ နေရာမရွှေ့သင့်တာလဲ အရေးကြုံရင် အသက်ကယ်ပေးမယ့် "မီးသတ်ဆေးဘူး" ကို ဟိုနားရွှေ့၊ ဒီနားရွှေ့...
30/08/2026

မီးသတ်ဆေးဘူးကို ဘာကြောင့် ခဏ ခဏ နေရာမရွှေ့သင့်တာလဲ

အရေးကြုံရင် အသက်ကယ်ပေးမယ့် "မီးသတ်ဆေးဘူး" ကို ဟိုနားရွှေ့၊ ဒီနားရွှေ့ ခဏခဏလုပ်မိနေသလား

ဒါဟာ မလုပ်သင့်တဲ့ အချက်ပါ။ ဘာလို့လဲဆိုတော့...

✅အရေးပေါ်အချိန်မှာ ရှာမတွေ့နိုင်လို့ပါပဲ - မီးဆိုတာ စက္ကန့်ပိုင်းအတွင်း ကူးစက်မြန်တာမို့ အရေးကြုံလာရင် အရင်ထားနေကျနေရာမှာ မရှိတော့ဘဲ လိုက်ရှာနေရရင် အချိန်နှောင့်နှေးပြီး အန္တရာယ်ကြီးသွားနိုင်ပါတယ်။

✅လူတိုင်းအလွယ်တကူ မသိနိုင်တော့လို့ပါ - အိမ်သူအိမ်သားတွေ ဒါမှမဟုတ် ရုံးကလူတွေက မီးသတ်ဆေးဘူး ရှိတဲ့နေရာကို တစ်နေရာတည်း စွဲမြဲမှတ်သားထားတာ ဖြစ်လို့ နေရာခဏခဏရွှေ့ရင် ဘယ်နားရောက်သွားမှန်း မသိဘဲ ဖြစ်တတ်ပါတယ်။

ဒါကြောင့် မီးသတ်ဆေးဘူးကို လူတိုင်းမြင်သာပြီး အလွယ်တကူ ယူရလွယ်တဲ့ "ပုံသေနေရာတစ်ခု" မှာပဲ အမြဲ ဆောင်ထားကြရအောင်နော်။ တကယ့်အရေးပေါ်အချိန်မှာ ဒီအကျင့်လေးက အသက်နဲ့ အိုးအိမ်ကို ကာကွယ်ပေးနိုင်လို့ပါရှင့်။

"နေရာတိုင်းဆောင်ထား 𝗥𝗮𝗶𝗻 𝗙𝗹𝗼𝘄𝗲𝗿 🧯"

……………………………………….
💬 သိချင်တာလေးတွေရှိရင် Chat Box မှာဖြစ်ဖြစ်၊ ဖုန်းလေးဆက်ပြီးဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။ ☎️ 09 777048100 ~ 105

27/08/2026

သင့်မှာ EV Car ရှိပြီး အိမ်မှာ Solar System တပ်ဆင်ထားပါသလား...

အရည်သွေးပြည့်ဝပြီး အာမခံချက်ရှိတဲ့ Lithium-Ion မီးသတ်ဆေးဘူး ဆောင်ထားဖို့ မမေ့နဲ့နော်! 🚗🔋

#နေရာတိုင်းဆောင်ထားRainFlower #မီးသတ်ဆေးဘူး

Address

Lower Kyee Myint Daing
Ahlone
11121

Alerts

Be the first to know and let us send you an email when Rain Flower Fire Extinguisher - မီးသတ်ဆေးဘူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rain Flower Fire Extinguisher - မီးသတ်ဆေးဘူး:

Shortcuts

Share