Evergreen အိမ်တွင်းမင်္ဂလာဂမုန်း

  • Home
  • Myanmar
  • Amarapura
  • Evergreen အိမ်တွင်းမင်္ဂလာဂမုန်း

Evergreen အိမ်တွင်းမင်္ဂလာဂမုန်း To know about Orchid.

ဝယ်ရောင်းရဲ့ ပရိတ်သတ်တွေအတွက် ဒီနေ့တော့ ပန်းတွေအများကြီးထဲကမှ အိမ်တွင်းစိုက် ဂမုန်းပင်လေးတစ်မျိုးကို ဗဟုသုတရဖွယ် မျှဝေပေ...
25/01/2023

ဝယ်ရောင်းရဲ့ ပရိတ်သတ်တွေအတွက် ဒီနေ့တော့ ပန်းတွေအများကြီးထဲကမှ အိမ်တွင်းစိုက် ဂမုန်းပင်လေးတစ်မျိုးကို ဗဟုသုတရဖွယ် မျှဝေပေးသွားပါမယ်။

ဒီအပင်လေးကတော့ အားလုံးချစ်ကြတဲ့ အိမ်တော်မင်္ဂလာလို့လည်းခေါ် ပြီး အိမ်တွင်းမင်္ဂလာလို့လည်းခေါ်ကြတဲ့ ပန်းပင်လေးအကြောင်းပါ။ စိုက်သင့်သော ဂမုန်းနှင့် မစိုက်သင့်သော ဂမုန်းအမျိုးစား တွေရှိတဲ့ အထဲကမှ အိမ်တော်မင်္ဂလာဂမုန်းက စိုက်သင့်သော အမျိုးအစားထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။

အိမ်တော်မင်္ဂလာပန်းပင်လေးရဲ့ အင်္ဂလိပ်အမည်လေးက Aglaonema ဖြစ်ပြီး Chinese Evergreen လို့လဲခေါ်ကြပါသေးတယ်။ ဒီအပင်လေးတွေ စတင်ဖြစ်ထွန်းရာ ပွားများရာဒေသကတော့ အာရှတခွင်ဖြစ်တဲ့ ကျွန်မတို့ရဲ့ အရှေ့တိုင်းမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပတ္တမြားရောင်လေးလို အရွက်အနီရဲရဲမျိုးလေးတွေ၊ အရမ်းရှားတဲ့ အရွက်ဝိုင်း အရွက်ခွက်မျိုးလေးတွေ၊ အရွက်အနီလေးတွေမှာ အစိမ်းရောင် အနားကွပ်မျိုးလေးတွေ၊ စိမ်းစိုလှပနေတက်တဲ့ နီညိုဝါစိမ်းအရောင်မျိုးစုံပါတာလေးတွေ၊ Rose Quartz ရောင်လို့ခေါ်တဲ့ ပန်းဖျောလေးတွေရယ်လို့ မျိုးစုံတွေ့ရပါတယ်။ ပတ္တမြားရောင် အနီရဲရဲလေးတွေနဲ့ သူယောင်ကျောက်လို ပန်းဖျောလေးမှာ ကျောက်စိမ်းရောင် ဆေးစက်ခြယ်ထားတဲ့အပင်လေးတွဆို ခေတ်စကားနဲ့ ပြောရရင်တကယ့်အသက်ပါ။ လှပလွန်းလှပါတယ်။ ပုံလေးတွေမှာ မြင်နိုင်ပါတယ်နော်။

ခုချိန်မှာ အခြေအနေတွေအရ တော်တော်များများ အိမ်မှာနေချိန်တွေများလာတာမို့ အိမ်တွင်းအပင်လေးတွေ စိုက်ဖြစ်လာကြပြီး အချင်းချင်း မျှဝေတာလေး တွေပါ တွေ့လာရပါတယ်။ အပင်စိုက်တယ်ဆိုတာကလည်း အိမ်မွေး တိရိစ္ဆာန်လေးတွေ ကျွေးမွေးပြုစုစောင့်ရှောက်ရသလိုပါပဲ။ ပုံမှန်ဂရုစိုက်ပေးရင်တော့ပိုလှပြီး ပိုပွင့် ပိုပွားလာမှာပါ။ ခုခေတ်မှာတော့ မြေနေရာကျယ်ကျယ်မရှိလည်း ပန်းအိုးအသေးလေးတွေနဲ့ အိမ်တွင်းမှာပဲ ဧည့်ခန်းစားပွဲ စာကြည့် စာပွဲလေးတွေပေါ် တင်ထားလို့ရသလို ဝရံတာမှာလည်းပန်းအိုးလေးတွေစီပြီး အလှစိုက်ထားလို့ရတဲ့ အပင်လေးတွေ ရှိလာနေပါပြီ။ နေရောင်ခြည် တိုက်ရိုက်ရစရာမလိုဘဲ အလင်းရောင် ကောင်းကောင်း ရရုံနဲ့ အဆင်ပြေတဲ့ အပင်အမျိုးအစားလေးတွေလည်း ဖြစ်ပါတယ်။ ရေခဏခဏလောင်းစရာလည်းမလိုပဲ မြေခြောက်မှသာ ရေနည်းနည်းချင်း ဖျန်းပက်ရုံလောင်းပေးရင်ကို အဆင်ပြေနေပါပြီ။

အိမ်တော်မင်္ဂလာအပင်လေးတွေကတော့ ဂရုတစိုက် ပြုစုထိန်းသိမ်းနိုင်ရင် အပင်ပွားစည်လာမှာပါ။ အပင်လေးတွေ စည်ကားလာတာနှင့်အမျှ အလုပ်အကိုင် အကြံအစည်တွေလည်း အဆင်ပြေလာကြတယ်လို့ ခဏခဏ ကြားရဖူးပါတယ်။ ကြားဖူးနားဝထဲ ရှမ်းပြည်က ရှမ်းစော်ဘွားတစ်ဦးအကြောင်းပြောပြချင်ပါတယ်။ သူ့အိပ်ခန်းထဲမှာ အိမ်တော် မင်္ဂလာအပင်လေးကို ထားအိပ်လေ့ရှိပါသတဲ့၊ တစ်ရက်မိတ်ဆွေတစ်ဦး အိမ်ကို အလည်လာတဲ့အခါ ပွားစည်လှပနေတဲ့ အပင်လေးကို သဘောကျပြီး ခွဲပေးဖို့တောင်းယူပါသတဲ့၊ အဲ့ဒီအချိန်မှာ စော်ဘွားကြီးပြန်ပြောလိုက်တာက မယားကိုသာယူပါ၊ ပန်းတော့မရပါဘူးတဲ့လေ၊ အဲ့ဒီလောက် တန်ဖိုးထား မြတ်နိုးခံရတဲ့ ပန်းအမျိုးအစားလေးဖြစ်ပါတယ်။

ဒီအပင်လေးတွေက အမည်အတိုင်း မိမိတို့အိမ်ကိုမင်္ဂလာရှိစေပြီး လှပပြီးကျက်သရေရှိသောအဆင်းကို မြင်တွေ့ရခြင်းအပြင် တခြားကောင်းကျိုးများစွာကို လည်းပေးပါသေးတယ်။ အိမ်အတွင်း လေကိုသန့်စင်ပေးနိုင်တယ်။ လူကိုအန္တရာယ်ဖြစ်စေတက်တဲ့ အဆိပ်ငွေ့တွေကို ဖယ်ရှားပေးပြီး ညနေစောင်းတာနဲ့ အောက်စီဂျင်ကို ပြန်ထုတ်ပေးတယ်။ စိတ်ကို ကြည်လင်ပျော်ရွှင်စေတယ်၊ အလုပ်ခန်းထဲမှာ အပင်စိုက်ထားလေ့ရှိတဲ့သူတွေက အာရုံစူးစိုက်မှု ကောင်းစေပြီး အလုပ်လုပ်လို့ ကောင်းတယ်ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်၊ အခန်းတွင်းအစိုဓါတ်ကိုထိမ်းပေးပြီး အသားခြောက်တာတွေ၊ အေးမိနှာဆေးဖြစ်လွယ်တာတွေ ကို ကာကွယ်ပေးနိုင်ပါသေးတယ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသူတွေအတွက်လည်း စိတ်ဖိစီးမှုကိုလျော့ကျသက်သာစေပါတယ်။
ကရိကထလည်းမများ၊ မျက်စိပသာဒလည်းဖြစ်၊ ကျက်သရေမင်္ဂလာနှင့်လည်းပြည့်စုံပြီး စီးပွားလာဒ်လာဘ လည်းတိုးစေတဲ့ အိမ်တော်မင်္ဂလာပန်းပင်လေး တွေအကြောင်းကို တက်အားသ၍ တင်ပြလိုက်ရပါတယ်။ ဝယ်ရောင်း မိသားစုဝင်များ အားလုံးကိုလည်း အိမ်တော်မင်္ဂလာပန်းပင်လေးတွေ စိုက်ဖြစ်အောင် စိုက်ကြပါလို့ အကြံပြုရင်း ကျက် သရေမင်္ဂလာနှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများလည်း တိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

Credit:original uploder

အိမ်မှာ စိုက်သင့်တဲ့ ဂမုန်းစာရင်းမှာ ထိပ်ဆုံးကပါဝင်တဲ့ အိမ်တွင်းမင်္ဂလာ  သို့ ဥစ္စာထိန်း ဂမုန်းအပင်လေးတွေရပါပြီ၁ပင်-၅၀၀၀...
25/01/2023

အိမ်မှာ စိုက်သင့်တဲ့ ဂမုန်းစာရင်းမှာ ထိပ်ဆုံးကပါဝင်တဲ့ အိမ်တွင်းမင်္ဂလာ သို့ ဥစ္စာထိန်း ဂမုန်းအပင်လေးတွေရပါပြီ

၁ပင်-၅၀၀၀

၁၀ပင်ဈေးလည်း သပ်သပ်ရှိလို့ လိုချင်ရင် cb လာမေးလို့ရပါတယ် 🤗

မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေရပါတယ်
ကျန်မြို့များကတော့ ကားဂိတ်ကနေတဆင့် ငွေလွှဲရောက်တာနဲ့ ပို့ပေးမှာပါ

#အိမ်တွင်းမင်္ဂလာ
#အိမ်တော်မင်္ဂလာ

Post မတင်တာကြာပြီမို့ တခြံလုံး ပတ်ရိုက်😂😊😊
12/11/2018

Post မတင်တာကြာပြီမို့ တခြံလုံး ပတ်ရိုက်😂😊😊

Cattleya Orchids Collection 🌸🌼🌺🌻
12/11/2018

Cattleya Orchids Collection 🌸🌼🌺🌻

မြန်မာသစ်ခွ(ကြောင်မြှီးတူ)လေးတွေလည်း ပွင့်🌸🌸🌸
12/11/2018

မြန်မာသစ်ခွ(ကြောင်မြှီးတူ)လေးတွေလည်း ပွင့်🌸🌸🌸

အိမ်တွင်းမင်္ဂလာ အပင်လေးတွေပါသစ်ခွပင်လေးတွေအောက်စိုက်ထားတော့ သစ်ခွဆေးလေးတွေစားပြီး အရမ်းလှနေတယ်😊
12/11/2018

အိမ်တွင်းမင်္ဂလာ အပင်လေးတွေပါ
သစ်ခွပင်လေးတွေအောက်စိုက်ထားတော့ သစ်ခွဆေးလေးတွေစားပြီး အရမ်းလှနေတယ်😊

အက်စကို လိမ္မော်လေးတွေ အရမ်းလှ🧡🧡🧡
12/11/2018

အက်စကို လိမ္မော်လေးတွေ အရမ်းလှ🧡🧡🧡

သစ်ခွနှင့်မဆိုင်ပေမယ့် ယနေ့မေဇင်သိန်းခြံထဲတွင် စံပယ်ပန်းများဖွေးဖွေးလှုပ်ဖူးပွင့်😊😊😉
02/06/2018

သစ်ခွနှင့်မဆိုင်ပေမယ့် ယနေ့မေဇင်သိန်းခြံထဲတွင် စံပယ်ပန်းများဖွေးဖွေးလှုပ်ဖူးပွင့်😊😊😉

မေဇင်သိန်းခြံထဲမှ သစ်ခွပန်းများနှင့် ဆရာမသစ်ခွခြံမှလှူဒါန်းသော သစ်ခွပန်းများဖြင့် တရားပွဲအလှဆင်ထားပုံ🙏🏻🙏🏻🙏🏻
02/06/2018

မေဇင်သိန်းခြံထဲမှ သစ်ခွပန်းများနှင့် ဆရာမသစ်ခွခြံမှလှူဒါန်းသော သစ်ခွပန်းများဖြင့် တရားပွဲအလှဆင်ထားပုံ🙏🏻🙏🏻🙏🏻

ကတ်တလီယာလေးတွေအရမ်းလှ😍😍😘
09/02/2018

ကတ်တလီယာလေးတွေအရမ်းလှ😍😍😘

Address

Sein Chel Street
Amarapura

Telephone

+959973418903

Website

Alerts

Be the first to know and let us send you an email when Evergreen အိမ်တွင်းမင်္ဂလာဂမုန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share