hello mobile bagan

hello mobile bagan ထမင်းရှင်များအားလုံးကိုယ်စိတ်ချမ်းသာပါစေ အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ hello mobile မှကြိုဆိုပါတယ်ဗျ

16/08/2026
ရောင်းလိုလို ဝယ်လိုလို ဘာပဲလိုလို Hello Mobile ရှိပါတယ် ဖုန်းလေးဆက်ရုံပဲနော် 🙏မင်္ဂလာပါခင်ဗျာ မိတ်ဆွေတို့ဆီမှာ အကြောင်းအ...
16/08/2026

ရောင်းလိုလို ဝယ်လိုလို ဘာပဲလိုလို Hello Mobile ရှိပါတယ် ဖုန်းလေးဆက်ရုံပဲနော်
🙏မင်္ဂလာပါခင်ဗျာ မိတ်ဆွေတို့ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောင်းချလိုတဲ့ ဖုန်းနှင့်လက်တော့များရှိပါက ဈေးညှိပြီးဝယ်ပေးပါတယ် ပုဂံကိုလာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တော်များလည်း ဖုန်းလေးဆက်လိုက်ရုံနဲ့ တည်းခိုတဲ့နေရာအထိလာဝယ်ပေးပါတယ် hello mobile bagan လမ်းမတော် ပုဂံမြို့ ☎️0612465332 📱09789426199 09799299456 09945365599

🚨 အသစ်လား အဟောင်းလား ခွဲမရလောက်အောင် သန့်လွန်းလို့ မှန်အဖြစ်ပါ သုံးလို့ရတဲ့ Redmi Note 15 Pro Plus လာပါပြီ! 🚨​ကိုယ့်ရုပ်...
01/08/2026

🚨 အသစ်လား အဟောင်းလား ခွဲမရလောက်အောင် သန့်လွန်းလို့ မှန်အဖြစ်ပါ သုံးလို့ရတဲ့ Redmi Note 15 Pro Plus လာပါပြီ! 🚨
​ကိုယ့်ရုပ်လေး ကိုယ်မှန်ပြန်ကြည့်ပြီး လန့်သွားတတ်သူများအတွက်တော့ သတိထားကိုင်ဖို့ ကြိုပြောပါရစေ။ 😂 ဗူးထဲကနေ အပြင်ကို လေညှင်းလေးခံရုံပဲ ထွက်ဖူးတဲ့ "ဗူးပစ္စည်းစုံ အလုံးသန့်လေး" ပါခင်ဗျာ။
​ဖုန်းရဲ့ အကြမ်းစား Specs လေးတွေကတော့...
​RAM 12GB: ဂိမ်းဆော့မလား၊ ရုပ်ရှင်ကြည့်မလား၊ ရည်းစားဟောင်းတွေရဲ့ Profile တွေပဲ လိုက်ချောင်းမလား... လုံးဝ (လုံးဝ) မထစ်ပါဘူး။ အေးဆေးပဲ။
​Storage 256GB: ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ နောက်ပြီး ကိုယ့်ကို အကြွေးတောင်းမယ့်သူတွေရဲ့ ဖုန်းနံပါတ်တွေပါ အကုန်ဆန့်ပါတယ်။ (Save သာထားလိုက်ပါ၊ ဖုန်းလာရင် မကိုင်နဲ့ပေါ့ 😜)
​Condition (အလုံးသန့်မှု): အစင်းရာ၊ အပွန်းအပဲ့ဆိုလို့ ဆိုင်ရှင်ရဲ့ နှလုံးသားထဲက အစင်းရာပဲ ရှိပါတယ်။ ဖုန်းမှာကတော့ အပ်ပေါက်ရာလေးတောင် မရှိအောင် သန့်ပါတယ်။ ပစ္စည်းစုံ၊ ဗူးစုံ အကုန်အပြည့်အစုံပါပဲ။
​ဒီလို အလုံးသန့်သန့်၊ Specs ကြမ်းကြမ်းလေးကိုမှ လက်လွှတ်ခံလိုက်မယ်ဆိုရင်တော့ နောက်မှ နောင်တရလို့ ငိုရင်တောင် ချော့မယ့်သူမရှိဘူးနော်။ သူများဦးမသွားခင် မြန်မြန်လေးသာ လာဆွဲလိုက်တော့ဗျို့! 🏃‍♂️💨
​📍 ဆိုင်လိပ်စာ - Hello Mobile Bagan (လမ်းမတော်၊ ပုဂံမြို့သစ်)
☎️ ဆက်သွယ်ရန် - 09799299456

28/07/2026

29.7.2026 (ဝါဆိုလပြည့်နေ့)
Hellomobile bagan ဆိုင်တစ်ရက်ပိတ်ပါတယ်ရှင့်🙏🙏🙏

⛔Sold Out  #ဝယ်ယူအားပေးတဲ့ထမင်းရှင်တိုင်းအားကျေးဇူးအထူးတင်လျက်🙏16 Pro Max512gbကိုမှ  %  #နဲ့ပါကင်ဖေါက်ပီးဖုန်းပြောရုံပဲသ...
24/07/2026

⛔Sold Out
#ဝယ်ယူအားပေးတဲ့ထမင်းရှင်တိုင်းအားကျေးဇူးအထူးတင်လျက်🙏
16 Pro Max512gbကိုမှ % #နဲ့ပါကင်ဖေါက်ပီးဖုန်းပြောရုံပဲသုံးထားတဲ့အလုံး ်လိုက်လို့ပိုနေလို့ပြန်ရောင်းတဲ့အသစ်လိုအသန့်ကြီး 🙇‍♂️🙇‍♂️🙇‍♂️ ဝယ်တဲ့ဘောစိကသူ့မျက်နှာပါမှာစိုးလို့တဲ့

24/07/2026

ကျနော် သားကို...
ပြိုင်ဖို့ သိပ်မသင်ပေးဖြစ်ဘူး။
အဲ့ဒီအစား ကွဲပြားအောင်ပဲ သင်ပေးဖြစ်တယ်။

တကယ်တော့...
ကျောင်းမှာ...
စာမေးပွဲမှာ...
အလုပ်ထဲမှာ...
လူတော်တော်များများက...
တစ်ယောက်နဲ့တစ်ယောက်...
ပြိုင်နေကြတယ်။

အမှတ်ပြိုင်တယ်။
ရာထူးပြိုင်တယ်။
လစာပြိုင်တယ်။
ဒါတွေက...
မမှားဘူး။

ဒါပေမယ့်...
တစ်ခုရှိတယ်။
ပြိုင်နေတဲ့သူ များလေလေ...
တူလာလေလေပဲ။

လူတိုင်း...
တူတဲ့ Skill...
တူတဲ့ Certificate...
တူတဲ့ CV...
တူတဲ့ အဖြေတွေကို...
လိုက်လုပ်နေကြတယ်။

ဒါပေမယ့်...
တန်ဖိုးအများဆုံးရတဲ့သူတွေကို ကြည့်လိုက်ရင်...

သူတို့က...
အနိုင်ရလို့ မဟုတ်ဘူး။
ကွဲပြားလို့။

သူတို့မှာ...
တခြားလူ မပေးနိုင်တဲ့ Value တစ်ခု ရှိတယ်။
တခြားလူ မတွေးတဲ့ အတွေးတစ်ခု ရှိတယ်။
တခြားလူ မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုကို...
သူတို့ ဖြေရှင်းနိုင်တယ်။

ဒါကြောင့်...
ကျနော် သားကို...
အမြဲပြောဖြစ်တာ တစ်ခုရှိတယ်။
"တခြားသူထက်...
ပိုကောင်းအောင် ကြိုးစားတာထက်...
တခြားသူ မပေးနိုင်တဲ့ Value ကို...
သား ဘာပေးနိုင်မလဲ...
အဲ့ဒါကို အရင်ရှာ...

ဒီအတွေးမျိုး
ငယ်ငယ်ကတည်းက ရှိတဲ့ ကလေးတစ်ယောက်ဟာ
လူတစ်ယောက်ကို အနိုင်ယူဖို့...
မကြိုးစားတော့ဘူး။

ကိုယ့်ကိုယ်ကို...
နေ့တိုင်း တိုးတက်အောင်ပဲ...
ကြိုးစားတော့တယ်။

ကျနော့်အတွက်တော့...
အောင်မြင်မှုဆိုတာ...
ပြိုင်ပွဲတစ်ခု မဟုတ်ဘူး။
ကိုယ့်တန်ဖိုးကို...
နေ့တိုင်း တည်ဆောက်နေတဲ့...
ခရီးတစ်ခုပဲ။

🌱ကျနော့်ကို ကလေးတွေအတွက်
သင်တန်း ဖွင့်ထားတာရှိလား၊ ဖွင့်ဖို့ရှိလား
အပ်ချင်လို့ ပါဆိုပြီး မေးနေကြတဲ့

ကျနော့်လုပ်ငန်းရှင် မိဘတွေအတွက်… ⁉️
💴 🌱
အခု လာမယ့် August လဆန်းမှာ
Kids Finance (အသက် ၁၂–၁၄)နဲ့
Youth Finance (အသက် ၁၅–၁၈) အတန်း စ ဖွင့်ပါမယ် ။

ကျနော်ကိုယ်တိုင် ကျနော့် သားကို
train ပေးထားတဲ့ အတွေ့အကြုံရယ်
နိုင်ငံတကာက Kids သင်ရိုးတွေ အပေါ်အခြေခံပြီး
ကလေးတွေနဲ့ Teenager တွေ...အတွက်
Activity တွေ၊ Discussion တွေကနေ...
တစ်ဆင့်ချင်း Train ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ အတန်း ပြီးရင် ....

✔️"ငွေရှာရတာ ခက်တယ်" ဆိုတဲ့ Mindset ကနေ...
"တန်ဖိုးဖန်တီးရင် ဝင်ငွေရှာလို့ရတယ်"ဆိုတဲ့
Mindset ဖြစ်လာမယ်။

✔️ရသမျှ အကုန်သုံးတဲ့ အလေ့အကျင့်ထက်

ရလာတဲ့ငွေကို

ဘယ်လိုစုမလဲ...

ဘယ်လိုသုံးမလဲ...

ဆိုတာ စဉ်းစားတတ်လာမယ်။

✔️"လိုချင်တာ" နဲ့ "လိုအပ်တာ"** ကို

ခွဲခြားဆုံးဖြတ်တတ်လာမယ်။

✔️Asset နဲ့ Liability ကို နားလည်လာပြီး...

ပိုက်ဆံအတွက် အလုပ်လုပ်တာထက်...

ပိုက်ဆံကို ကိုယ့်အတွက် အလုပ်လုပ်ခိုင်းရမယ် ဆိုတဲ့ အတွေးကို စတင်နားလည်လာမယ်။

✔️ငွေဆိုတာ...

စုထားဖို့ပဲ မဟုတ်ဘူး...

ရင်းနှီးဖို့၊ ပွားဖို့လည်း လိုတယ်ဆိုတာ နားလည်လာမယ်။

✔️ကိုယ့်ရဲ့ အားသာချက်တွေ ကျွမ်းကျင်မှုတွေက တစ်ဆင့် ငွေရှာနိုင်တဲ့ Skill တွေ ရရှိသွားမှာ ဖြစ်တယ် ။

လူဦးရေ အနည်းငယ်သာ လက်ခံမှာဖြစ်လို့
စိတ်ဝင်စားတယ် ဆိုရင် ကိုယ့်ကလေးရဲ့
အသက်အရွယ်ပေါ်မူတည်ပြီး
" KF" သို့မဟုတ် "YF" လို့ msg ချန်ထားခဲ့နိုင်ပါတယ် ။

ကျနော့် team က အတန်းအကြောင်းအသေးစိတ်
ပြောပြပါလိမ့်မယ် ဗျာ ။

ဉာဏ်လင်းအောင်
Unlock Your Future

မနေ့က ကိုယ်တိုင်သွားရောက်ဝန်ဆောင်မှုပေးခဲ့တဲ့ ထန်းတဲ့မိသားစုနှစ်ခုရဲ့ဝယ်ယူအားပေးမှုလေး ဘာပဲလိုလိုဝယ်ယူအားပေးကြတဲ့တစ်ဦးတစ...
24/07/2026

မနေ့က ကိုယ်တိုင်သွားရောက်ဝန်ဆောင်မှုပေးခဲ့တဲ့ ထန်းတဲ့မိသားစုနှစ်ခုရဲ့ဝယ်ယူအားပေးမှုလေး ဘာပဲလိုလိုဝယ်ယူအားပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအားကျေးဇူးအထူးတင်လျှက်🙏🙏🙏 hello mobile bagan

ယနေ့ပြုလုပ်ဖြစ်သော ကုသိုလ်ပါ🙏🙏🙏ရွှေဆံတော် ဘုန်းကြီးကျောင်း ဇရပ်မှာ ဥပုသ်သတင်းသီလယူရင်း တရားသံတွေနဲ့ အများသူငါ တရားဘာဝနာပ...
21/07/2026

ယနေ့ပြုလုပ်ဖြစ်သော ကုသိုလ်ပါ🙏🙏🙏

ရွှေဆံတော် ဘုန်းကြီးကျောင်း ဇရပ်မှာ ဥပုသ်သတင်း
သီလယူရင်း တရားသံတွေနဲ့ အများသူငါ တရားဘာဝ
နာပွါးများ ခွင့်ရအောင် အလှုခံပေးပါသော ဦးဇော်ဝင်း
မြင်းကပါ ရွာအား Hellomobile bagan မိသားစုတို့က အထူးကျေးဇူးတင်ပါတယ်ရှင့်🙏🙏
အမှတ်မထင် လိုအပ်တဲ့နေရာမှာ အနည်းအများမဟုတ်ပဲ ကုသိုလ်ပြုလိုက်တဲ့အတွက် သာဓုခေါ်ဆိုနိုင်ပါစေရှင့်🙏🙏🙏🙏🙏

Aမိုက်စား "Buy 1 Get 1" ပရိုမိုးရှင်း! 🤩💥Slim & Sleek ဖြစ်တဲ့ ဒီဇိုင်းနဲ့အတူ Premium Experience ကို အပြည့်အဝပေးမယ့် Gala...
24/06/2026

Aမိုက်စား "Buy 1 Get 1" ပရိုမိုးရှင်း! 🤩💥

Slim & Sleek ဖြစ်တဲ့ ဒီဇိုင်းနဲ့အတူ Premium Experience ကို အပြည့်အဝပေးမယ့် Galaxy A Series ရဲ့ အမြင့်ဆုံး Galaxy A57 5G ဖုန်းကို ဝယ်ယူရုံနဲ့...

၂ သိန်း ကျော်တန်ဖိုးရှိ Galaxy Fit3 (သို့မဟုတ်) Galaxy Buds Core ကိုပါ လက်ဆောင်ရရှိနိုင်မယ့် Awesome အခွင့်အရေး 🎁⌚

📍Galaxy Fit3 ကို ဦးသူယူစနစ်ဖြင့် Stock ရှိသလောက်သာ ရနိုင်မှာဖြစ်ပြီး Stock ကုန်ပါက Galaxy Buds Core ကို လက်ဆောင်အဖြစ် ဆက်လက်ရရှိမှာဖြစ်လို့ အမြန်ဆုံးဝယ်ယူထားဖို့တော့လိုမယ်နော်!

⏰ ပရိုမိုးရှင်းကာလ - ဇူလိုင်လ ၇ ရက်နေ့အထိသာ။

📌 Galaxy A57 5G (12/256GB) – 2,718,000 MMK

iOS 27 ရဲ့ပိစိပိစိ အသုံးဝင်တဲ့ ပြောင်းလဲမှု ၂၇ ခု (Tidbits) အကြောင်း ဖြစ်ပါတယ်။📱 ဖုန်းစနစ်၊ အသံနှင့် ကင်မရာပိုင်း (Syste...
21/06/2026

iOS 27 ရဲ့ပိစိပိစိ အသုံးဝင်တဲ့ ပြောင်းလဲမှု ၂၇ ခု (Tidbits) အကြောင်း ဖြစ်ပါတယ်။

📱 ဖုန်းစနစ်၊ အသံနှင့် ကင်မရာပိုင်း (System & Media)

📱 🤝 📱 Dual Phone Numbers:** ဖုန်းနံပါတ်တစ်ခုတည်းကို iPhone နှစ်လုံးမှာ မျှသုံးနိုင်ခြင်း။

⏰ 🎵 Independent Alarm Volume:** နှိုးစက်သံ (Alarm) ကို ဖုန်းမြည်သံနဲ့ မတူဘဲ သီးသန့် အတိုးအကျယ် လုပ်နိုင်ခြင်း။

📸 👥 Two FaceTime Cameras:** FaceTime ပြောရင် ရှေ့ကင်မရာရော နောက်ကင်မရာပါ တစ်ပြိုင်နက် သုံးနိုင်ခြင်း။

🔓 🕊️ Smoother Unlocking:** FaceID နဲ့ ဖုန်း Lock ဖွင့်ရတာ ပိုမိုချောမွေ့မြန်ဆန်လာခြင်း။

🎵 🎛️ Apple Music AutoMix:** သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် အကူးအပြောင်းမှာ ပိုမိုညင်သာစေမယ့် Transition အသစ်များ ပါဝင်လာခြင်း။

💤 ⏰ Sleep Time Zone:** အိပ်စက်မှုစနစ် (Sleep Mode) ထဲမှာ Time Zone အပြောင်းအလဲတွေကို ထောက်ပံ့ပေးလာခြင်း။

📶 🔋 Hotspot Efficiency:** N1 Chip ပါတဲ့ စက်တွေမှာ Personal Hotspot ဖွင့်ရင် ဘက်ထရီစား ပိုသက်သာလာခြင်း။

🔵 🔋 Bluetooth Power:** Bluetooth ရဲ့ ပါဝါစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထားခြင်း။

🚀 ပိုမိုမြန်ဆန်သွက်လက်လာသည့် ချိတ်ဆက်မှုများ (Performance & Speed)

💨 📺 Faster AirPlay:** HomePod နဲ့ Apple TV ဆီ AirPlay လုပ်ရတာ ပိုမိုမြန်ဆန်လာခြင်း။

🚀 📱 Faster AirDrop:** AirDrop ပို့ရတာ ပိုမြန်လာပြီး အနီးနားကလူကို ရှာရတာ ပိုသွက်လာခြင်း။

📧 ⚡ Faster Mail Loading:** Mail App ထဲမှာ အီးမေးလ်အသစ်တွေ တက်လာတာ ပိုမြန်လာခြင်း။

📧 🎯 Accurate Mail Badges:** မဖတ်ရသေးတဲ့ အီးမေးလ်အရေအတွက်ပြ အဝိုင်းလေး (Badge) ပိုမိုတိကျလာခြင်း။

🌐 ⚡ Faster Safari:** Safari ဖွင့်ဖွင့်ချင်း ပထမဆုံး စာမျက်နှာ (Start Page) တက်လာတာ ပိုမြန်လာခြင်း။

🏡 ⚡ Faster HomeKit:** အိမ်သုံး Smart ပစ္စည်းတွေ (HomeKit Accessories) ကို အမြန်ချိတ်ဆက်နိုင်ခြင်း။

🔋 Battery နှင့် ကာကွယ်ရေးပိုင်း (Efficiency)

🌐 🔋 Safari Power Efficiency:** Safari Browser သုံးစွဲတဲ့အခါ ဘက်ထရီစား သက်သာအောင် အဆင့်မြှင့်ထားခြင်း။

🔋 📊 Improved Battery Insights:** မိမိဖုန်းရဲ့ ဘက်ထရီအခြေအနေကို ပိုမိုအသေးစိတ် မြင်တွေ့နိုင်ခြင်း။

🎨 Interface နှင့် Apple Apps များ ပြောင်းလဲမှု

🖼️ 🔥 Extra Large Widgets:** Home Screen ပေါ်မှာ တစ်မျက်နှာလုံးစာ နေရာယူမယ့် ဝစ်ဂျက်အကြီးကြီးတွေ သုံးနိုင်ခြင်း။

✍️ 💬 Messages Drawing App:** Messages ထဲမှာတင် Notes ထဲကလို Tools တွေနဲ့ ပုံဆွဲ၊ လက်ရေးစာရေးပြီး ပို့နိုင်ခြင်း။

🔄 📲 Improved Messages Sync:** စက်ပစ္စည်းအချင်းချင်းကြား Messages အချက်အလက်တွေ Sync ဖြစ်တာ ပိုကောင်းလာခြင်း။

🔄 ❌ Auto Resend Messages:** စာပို့လို့ မထွက်ရင် စနစ်က အလိုအလျောက် (Auto) ပြန်ပို့ပေးခြင်း။

📆 📸 Shared Album Expirations:** ဓာတ်ပုံ Shared Album တွေကို ရက်ပြည့်ရင် အလိုအလျောက် ပျက်သွားအောင် လုပ်နိုင်ခြင်း။

📸 🎞️ Save a Video Frame:** ဗီဒီယိုကြည့်နေရင်း ကြိုက်တဲ့ အခန်းကို ဓာတ်ပုံအဖြစ် တိုက်ရိုက် Save နိုင်ခြင်း။

📝 🔗 Markdown in Notes:** Notes App ထဲမှာ Markdown စာသားတွေကို Format မပျက် Copy-Paste လုပ်နိုင်ခြင်း။

🌤️ 🌀 Weather Highlights:** ရာသီဥတု App မှာ လေတိုက်နှုန်းနဲ့ မိုးရွာသွန်းမှုကို ပိုမိုအသေးစိတ်ပြတဲ့ "Highlights" view ပါလာခြင်း။

🗂️ 📜 Smoother App Library:** App Library ထဲမှာ စာမျက်နှာ ဆွဲရတာ ပိုမိုချောမွေ့လာခြင်း။

🗺️ 📍 Accurate Maps:** Maps ထဲမှာ ကိုယ်သွားခဲ့ဖူးတဲ့နေရာ (Visited Places) တွေကို ပိုမိုတိကျစွာ မှတ်မိနေခြင်း။

Address

Kha Yay Street
Bagan
78

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Thursday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 20:30
Sunday 08:00 - 20:30

Telephone

+959444674448

Website

Alerts

Be the first to know and let us send you an email when hello mobile bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share