01/01/2024
ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခု ဧ။် ဖြတ်ကျော်ရမည့် အဆင့်များ သို့မဟုတ် Need Theory of a business
စီးပွားရေး လုပ်ငန်းတစ်ခုကို ပြုလုပ်ကြတဲ့ သူတိုင်း အတွက် မသိမဖြစ်သိထားဖို့လိုတဲ့ လုပ်ငန်း တစ်ခု အတွက် ဖြတ်ကျော်ရမယ့် အဆင့် တွေ ရှိပါတယ်။ ဒီအဆင့် လေးတွေ အတိုင်း တစ်ဆင့်ချင်းအကောင် အထည်ဖော်ခြင်းအား ဖြင့် လုပ်ငန်းကို လဲ တစ်ဆင့် ချင်း စနစ် ကျကျ တိုးတက်စေမှာ ဖြစ်ပါတယ်။
Motivation theory တွေ ထဲမှာ အထင်ရှားဆုံး တွေ ထဲက တစ်ခုကတော့ Maslow ရဲ့ Hierarchy of Need theory ပဲ ဖြစ်ပါတယ်။ ဒီ သီအိုရီ ရဲ့အဓိက ဆိုလိုရင်းကတော့ လူတိုင်းဟာ တစ်ခု မဟုတ်တစ်ခုကို လိုအပ် နေကြတယ်လို့ဆိုပါတယ်။ ဒီလို သက်ဆိုင်ရာ လိုအပ်ချက်တွေကို ပြည့်စေဖို့အတွက် လူတွေ ဟာ အလုပ်တွေ ကို လုပ်နေကြတယ်လို့ဆိုပါတယ်။ လူတစ်ချို့ကတော့ စားဝတ်နေရေး လိုအပ်ချက်အတွက် အလုပ်လုပ်ပေမယ့် တစ်ချို့ကတော့ ဂုဏ် သိက္ခာအတွက် သို့မဟုတ် ငွေကြေး မဟုတ်တဲ့ အခြား အရာ တွေ အတွက် အလုပ်တွေ လုပ်နေကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
Hierarchy of Need theory မှာ အပိုင်း ၅ ပိုင်း ပါဝင် ပါတယ်။ ဒါတွေကတော့
(1) Basic needs or physiological needs
(2) Safety Needs
(3) Social Needs or Belonging Needs
(4) Esteem Needs
(5) Self actualization Needs တို့ပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ ပထမအဆင့်အနေနဲ့အခြေခံ စားဝတ်နေရေး ဆိုင်ရာ Basic Needs တွေကို လိုအပ်ပါတယ်။ အဲဒါတွေ ပြည့်စုံပြီ ဆိုမှ Safety Needs ဆိုတဲ့ လုံခြုံရေး လိုအပ်ချက် ကို လိုလား လာကြပါတယ်။ အလုပ် အိမ်နေရာ စတဲ့ safety တွေ ပြည့်စုံရင်တော့ Social Needs ဆိုတဲ့ အသိုင်းအဝိုင်းထဲဝင်ဆန့် ချင်တဲ့ လိုလားချက် တွေ လိုအပ်လာပါတယ်။ ဒီတစ်ခု လဲ ပြည့်စုံပြီဆိုရင်တော့ အောင်မြင်မှုတွေ တစ်ခုပြီး တစ်ခု ရယူလို တဲ့ Esteem need မိမိကိုယ်ကို ကျေနပ် အားရတဲ့ လိုအပ် ချက်တွေ ဖြစ်လာပါတယ်။ နောက်ဆုံးကတော့ self actualization ဆိုတဲ့ ကိုယ့် ကိုကိုယ် တိုးတက်ဖို့ ကိုယ်လုပ်ချင်တဲ့ ဝါသနာပါတဲ့ အလုပ်တွေ နောက်တစ်ခါ အားလုံး ထက် ထူးခြား တဲ့ စံနှုန်းတွေ ရချင်တယ်ဆိုတဲ့ လိုလားချက်တွေ ဖြစ်လာ ပြန်ပါတယ်။ ဒီလိုအပ်ချက် အဆင့်အလိုက် သူတို့လိုအပ် တာကို ပေးရင် လူတွေ ဟာ စိတ်အား တက်ကြွ မှုတွေကို ခံစား ရလေ့ရှိပါတယ်။
စီးပွားရေး လုပ်ငန်းမှာ ဆိုရင်
Basic Needs
ဒီသီအိုရီ လိုပါပဲ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို စပြီး တည်ထောင် မယ်ဆိုရင်လည်း ပထမဆုံး Basic Needs ကို အရင် ဖြည့်ပေးဖို့လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် Basic Needs ဆိုတာကတော့ အခြေ ခံ အကျဆုံး ဖြစ်တဲ့ လုပ်ငန်း အရှုံးမ ပေါ် ရေးပဲ ဖြစ်ပါတယ်။ လစဉ် လတိုင်းမှာ အမြတ်မထွက် သေးဘူး ဆိုရင် တောင် လုပ်ငန်း လည်ပတ်စရိတ်နဲ့အလုပ်သမား စရိတ်တွေ ကျေ ပြီး အရှုံး မပေါ် စေရေး ကို အရင် ဆံးု စဉ်းစားလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခု အတွက် Basic needs ဖြစ်ပါတယ်။ ဒီ လိုအပ်ချက်ကို မဖြည့် ဆည်းနိုင်တာ နဲ့ လုပ်ငန်းဟာ စောစော စီးစီး သေဆုံး သွားမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင် လုပ်ငန်း တစ်ခုကို စတင်မယ်ဆိုရင် တစ်လ တစ်လ လုပ်ငန်းလည်ပတ် ကုန်ကျ ဘယ်လောက် ရှိနိုင်တယ် အလုပ်သမားစရိတ်က ဘယ်လောက်ကုန် နိုင်တယ်ဆိုတာကို အနီးစပ်ဆုံး ရအောင် သေချာ တွက်ချက်ဖို့လိုပါတယ်။ ဒီလိုတွက်ချက်ပြီးလို့ပမာဏ တစ်ခုရ ပြီဆိုရင်တော့ ကိုယ့်ရဲ့Product တစ်ခုကို ဘယ်လောက် အသားတင်အမြတ် ရအောင် ရောင်းမလဲ ဆိုတဲ့ ဈေးနှုန်း ကိုသတ်မှတ်ရပါတယ်။ ရောင်း ဈေးကို သက်မှတ် ရာမှာ များသွားရင်လည်း ဝယ်လိုအားကို ထိခိုက်မှာ ဖြစ်ပြီး နည်းလွန်း သွားရင် လည်း ဈေးကွက်လိုအပ်သလောက် မထုတ်ပေးနိုင်တာ မျို းထုတ်ဖို့ အရင်းအနှီး မလိုက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Product တစ်ခုကို အသားတင်အမြတ် ဘယ်လောက် ရမလဲဆိုတာကို သိရပြီဆိုရင် အထက်က တွက်ခဲ့တဲ့ တစ်လ ကုန် ကျစရိတ် ကို ကျေ ဖို့အတွက် Product ဘယ်နှစ်ခု ရအောင် လစဉ် ရောင်း ရမလဲဆိုတာ ကို တွက် နိုင်ပြီဖြစ်ပါတယ်။ ဒါကို အရင်းကြေ အမှတ် တွက်တယ်လို့ခေါ်ပါတယ်။ ဒီတော့ လုပ်ငန်း တစ်ခုအတွက် Basic Need ဟာ လစဉ် အရင်းကြေ အမှတ် ကို ထိဖို့ ပဲ ဖြစ်ပါတယ်။ ဒီတော့ အရင် းကြေ အောင် ဘယ်လို နည်းတွေ နဲ့ရောင်းရမလဲ ဆိုတာကို အရင် တွေ းဖို့လိုပါတယ်။
Safety Needs
လုပ်ငန်းတစ်ခုဟာ လစဉ် အရင်းကြေ အမှတ် ကြေ အမှတ်ကို ရနေပြီ ဆိုရင်တော့ လုပ်ငန်းရဲ့လိုအပ် ချက် ဟာ Safety Needs ဆိုတဲ့နောက်တစ်ဆင့်ကို တက်ပါတယ်။ ဒီ အဆင့်မှာတော့ လုပ်ငန်း အတွက် လစဉ် အရင်းကြေတဲ့ ပမာဏ တင်မကပဲ သင့်တော်တဲ့အမြတ် ပမာဏ တစ်ခုကို ရအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီ ရောင်းအား ကို တသမတ် ထဲ ထိန်းထားဖို့ Revenue ကို ကျ မသွားဖို့အတွက် လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လုပ်ငန်းရဲ့revenue ရောင်း အား ကို safety ဖြစ်စေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ အဆင့် မှာ ဈေးကွက် ကြီး ကရော ပျက်သွားနိုင်လား ခဏ တာပဲ အလုပ်ဖြစ်တာလား လုပ်ငန်း ရပ်တည်ဖို့ဒီဈေးကွက်က safety ရှိရဲ့လား ဆိုတာကို လည်း ထည့်သွင်း တွက်ချက်ဖို့လိုသလို ကိုယ့်ရဲ့Product အတွက် ရယူနေရတဲ့ ကုန်ကြမ်းတွေ Resources တွေဟာ လည်း ကိုယ့်အတွက် လိုတဲ့အချိန်တိုင်း safe ဖြစ်ဖြစ် ရနေ အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ တွေကို စတင် စဉ်းစားကာ လုပ်ဆောင်ရတော့ မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီ အဆင့်ကတော့ လုပ်ငန်းအတွက် safety ဖြစ်စေအောင် လုပ်ရတဲ့ အဆင့်ဖြစ်ပါတယ်။
Social Needs
လုပ်ငန်း က ပုံမှန် အေးအေး သက်သာ လည်ပတ်အသားကျကာ safety ဖြစ် ပြီး ရောင်းအားလဲ ပုံမှန် ရှိ နေပြီ ဆိုရင် တော့ social Needs ဆိုတဲ့ နောက် တစ်ဆင့်ကို တက် ဖို့အချိန် ကျ ပြီ လို့ဆိုရမှာ ဖြစ်ပါတယ်။ social needs ဆိုတဲ့ အတိုင်း ဒီအချိန်မှာ လုပ်ငန်းက လိုအပ်တာက relationship တွေ ဖြစ်ပါတယ်။ ဘယ်သူတွေ နဲ့လဲ ဆိုရင် အဓိက ကတော့ customer တွေ နဲ့relatinship တွေ တည်ဆောက်ရတော့ မှာဖြစ်ပါတယ်။ လုပ်ငန်းအတွက် loyal customer တွေ များ ပြားလာအောင် customer အသစ် တွေ ရသထက်ရလာအောင် ရှိပြီး သား customer တွေကို ဆက်လက်ထိန်း သိမ်း ထားနိုင် အောင် CRM ဆိုတဲ့Customer Relationship Management ကို စတင် လုပ်ဆောင် ရမယ့် အချိန် လဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခြား relationship တည်ဆောက်ရမှာ တွေ ကတော့ မိမိ လုပ်ငန်းကို ကုန်ကြမ်းထောက်ပံ့ပေး နေ တဲ့ Supplier တွေ နဲ့လည်း တည်ဆောက် ရမှာ ဖြစ်သလို အခြားသော မိမိ လုပ်ငန်းကို ပိုမို ကြီး ထွား လာစေမယ့် third party အဖွဲ့အစည်းတွေ Business တွေ နဲ့align ပြုလုပ် ရမယ့်အချိန် လဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တော့ မိမိ ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေကို ရှာဖွေ ကာ မဟာမိတ် ဖွဲ့ကာ ပိုမို ကြီး ထွားဖို့ဆောင် ရွက်ရမယ့် အချိန် လဲ ဖြစ်ပါတယ်။
Esteem Needs.
လုပ်ငန်း တစ်ခု အတွက် အောင်မြင် မှု ကိ ုခံစားရမယ့် အချိန်ဖြစ်ပါတယ်။ ဒိအချိန်မှာတော့ လုပ်ငန်းရဲ့အောင်မြင် မှုကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ ရရှိထားတဲ့ နာမည် ဂုဏ် သတင်းကို ကျ မသွား အောင် ဆက်လက်တိုးပွားနေအောင် ဆောင်ရွက် ရတော့ မယ့် အချိန် လဲ ဖြစ်ပါတယ်။ ဒါ့အပြင် customer တွေ ရဲ့ယုံကြည်မှုကို လဲ ဆက်လက် ထိန်း သိမ်း ဆောင် ရွက် နေဖို့လိုအပ်ပါတယ်။
Self actualization Needs
ဒိအဆင့်ရဲ့လုပ်ငန်း လိုအပ်ချက်ကတော့ လုပ်ငန်း ကိ ုထပ်မံ ချဲ့ထွင် ဖို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Diversification လုပ်ရမယ့် အချိန် ဖြစ်ပါတယ်။ အမျိုး အစားမတူနဲ့ နောက်ထပ် စီးပွားရေး လုပ်ငန်း တစ်ခုကို ထပ်မံ ချဲ့ထွင် တာမျိုး လုပ်ငန်းရဲ့Business အင်ပါယာကို ဆက်လက် ချဲ့ထွင်တာ မျိုးတွေကို ဆောင်ရွက်ရတော့မှာြ ဖစ်ပါတယ်။
တစ်ခု သတိပြု ဖို့လိုအပ်တာကတော့ အဆင့်တစ် ဆင့်မြင့်သွားလို့အဲ့ဒိအဆင့်က အရာတွေကိုပဲ လုပ်ရမှာ မဟုတ်ပါဘူး တစ်ဆင့်မြင့်သွားတာနဲ့လက်ရှိ အဆင့် ရော နောက်မှာ ကျန် ခဲ့တဲ့အဆင့် ကို ရောက ဆက်လက် ထိန်းသိမ်း လုပ်ဆောင် နေဖို့လိုအပ်ပါတယ်။
ဘာကြောင့် လဲ ဆိုတော့ ထိပ် ဆုံး ဆိုတဲ့ အဆင့်ကို ရောက်နေရင်တောင် မှ အောက် ဆုံး ဖြစ်တဲ့ Basic Needs မပြည့်စုံ တော့ ဘူးဆို ရင် တစ်နည်း အားဖြင့် အခြေ မခိုင် တော့ ဘူးဆိုရင်တော့ အောက် ဆုံး ကို ပြန် လည် ပြုတ် ကျလာမှာ ကြောင့်ပဲ ဖြစ်ပါတယ်။
မိရိုးဖလာ မိသားစု လုပ်ငန်း လေးတွေ ဟာလည်း ဒီအဆင့်တွေကို ဖြတ် သန်း ကြရလေ့ရှိပါတယ်။ မိသားစု လုပ်ငန်းတွေ ရဲ့အခက်အခဲ ကတော့ ဘယ် အချိန်မှာ ဘယ် အဆင့်မှာ မိမိ လုပ်ငန်းကို စနစ် တကျ ပုံ စံ အဖြစ် system ကျကျ ပြောင်း လဲ ဖို့လိုအပ် လဲ ဆိုတာပဲဖြစ်ပါတယ်။ များသော အားဖြင့် မိသားစု လုပ်ငန်းလေးတွေ ဟာ ပုံမှန် အမြတ် ကလေး ရပြီး တည်မြဲ နေတဲ့ Safety Needs ဆိုတဲ့ အဆင့်မှာ တင် တစ် နေကာ ရှေ့ဆက် မတက် နိုင် ဖြစ် နေလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကနေ နောက် တစ်ဆင့် ကို တက် လှမ်း မယ် လို့ရည် ရွယ်လိုက်တဲ့ အချိန်မှာမိမိ လုပ်ငန်း ကို စနစ် တကျ system ကျကျ စတင် ပြောင်းလဲ ဖို့လို အပ် မှာ ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နောက်တစ်ဆင့်ဖြစ်တဲ့ social needs အဆင့်မှာ customer, supplier, business တွေ နဲ့relation တည်ဆောက် မယ်ဆိုရင် မိမိ လုပ်ငန်း ကလဲ စနစ် တကျ ပုံစံ ကျနေမှာ သာ အဆင်ပြေအောင် မြင် နိုင်မှာကြောင့်ပဲ ဖြစ်ပါတယ်။
ဟုတ်ကဲ့ဗျ..ဒါဆိုရင်တော့ စီးပွားရေး လုပ်ငန်းတစ်ခု အတွက် ဖြတ် သန် းရမယ့် အဆင့်လေးတွေကို Maslow’s Need Theory နဲ့ချိတ် ဆက် တင်ပြခဲ့ တာ ဖြစ် ကြောင်း တင်ပြရင် းဒီနေ့မျှေ၀ မှုကို ရပ်နားလို ပါတယ်ခင်ဗျား
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ် စေနိုင်ပါတယ်။
Kaung Hein Soe - Strategic
Business Consultant