14/09/2024
ရေဘေးအတွင်းနဲ့ ရေဘေးကြီး ပြီးသွားတဲ့အခါ....စျေးတွေတင်မရောင်းကြပါနဲ့.....။
ရေပြန်ကျ သွားတဲ့အခါ ပြန်လည်ထူထေါင်ရေးကအရေးကြီးလာပါပြီ.....။
အစားသောက်လိုအပ်မယ်....
ဆေးဝါးတွေလိုအပ်မယ်....
အိမ်ဆောက် ပစ္စည်းတွေကအစ...
အစစအရာရာ လိုအပ်လာတော့မှာပါ....။
တတ်နိုင်တဲ့ လုပ်ငန်းရှင်များ....
ဖြစ်နိုင်ရင် လှူပေးကြပါ...။🙏🙏🙏
အလည်အလတ်လုပ်ငန်းရှင်တွေကတော့...
စျေး ချပြီးရောင်းပေးပါ....🙏🙏🙏
မတတ်နိုင်တဲ့သူများကတော့...
စျေးမချနိုင်ရင်တောင်
စျေးတော့မတင်ရောင်းကြပါနဲ့....🙏🙏🙏
တို့ပြည်သူ...
တို့နိုင်သားအချင်းချင်း....မှမကူညီ မဖေးမရင်...
ဘယ်သူမှ အားကိုးစရာ မရှိပါဘူး 😔😔
ဆုံးရှုံးပျက်စီးသွားတဲ့ သူတွေရဲ့ ဘဝတွေကို...
ပြန်လည် ကူညီရင်းခြင်းဖြင့်....
ကုသိုလ် ယူကြရအောင်ပါ.....🙏🙏🙏
တို့ပြည်သူတွေကပဲ.....
ပြည်သူအချင်းချင်း.....
ပြန်လည်ကူညီကြရအောင်ပါ.....။
Credit -Original post