SHWE HTET MOVIE STORE

SHWE HTET MOVIE STORE MOVIE STORE

01/11/2022
ဘယ်သူပိုကြမ်းမယ်ထင်လဲ?
31/10/2022

ဘယ်သူပိုကြမ်းမယ်ထင်လဲ?

31/10/2022

San Andreas(2015)

SHWE HTET MOVIE STOREဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။နိုင်ငံခြားရုပ်ရှင်(မြန...
23/09/2019

SHWE HTET MOVIE STORE
ဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။
နိုင်ငံခြားရုပ်ရှင်(မြန်မာစာတမ်းထိုး)အကြည်များကို လူကြီးမင်းတို့၏ ဖုန်း၊ တက်ဘလက်၊ Memory Stick များဖြင့် ၀ယ်ယူနိုင်ပါသည်။

Zawgyi*******အားလုံးစောင့်မျှော်နေတဲ့ Yangonမှာလာရိုက်တဲ့အခန်းတွေပါပီးမြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker2အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ

Unicode*******အားလုံးစောင့်မျှော်နေတဲ့ Yangonမှာလာရိုက်တဲ့အခန်းတွေပါပီးမြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker2အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ2019 aug7ရက်မှ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာUS $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကိုဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာစပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်…လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကိုဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီးရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာစပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ….လုံခြုံးရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ…ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ..အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား…ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ်
Credit: CM

SHWE HTET MOVIE STOREဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။နိုင်ငံခြားရုပ်ရှင်(မြန...
18/09/2019

SHWE HTET MOVIE STORE
ဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။
နိုင်ငံခြားရုပ်ရှင်(မြန်မာစာတမ်းထိုး)အကြည်များကို လူကြီးမင်းတို့၏ ဖုန်း၊ တက်ဘလက်၊ Memory Stick များဖြင့် ၀ယ်ယူနိုင်ပါသည်။

အန့်ဒ်ဂိမ်းအပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့်လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……
Credit: Channal Myanmar

SHWE HTET MOVIE STOREဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။နိုင်ငံခြားရုပ်ရှင်(မြန...
18/09/2019

SHWE HTET MOVIE STORE
ဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။
နိုင်ငံခြားရုပ်ရှင်(မြန်မာစာတမ်းထိုး)အကြည်များကို လူကြီးမင်းတို့၏ ဖုန်း၊ တက်ဘလက်၊ Memory Stick များဖြင့် ၀ယ်ယူနိုင်ပါသည်။

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ
ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။
ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး
ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်
ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။
ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ
မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ
နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။
အရုပ်တွေအတွက်သူတို့ရဲ့ ပိုင်ရှင်
ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။
ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။
သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ
အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်
အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။
ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို
ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။
ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ
ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ
ပေးပစ်လိုက်တာကနေ စတင်ပါတယ်။
ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်
သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့
အရုပ်လေးတွေ ရှိတတ်ပါတယ်။
အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်
ဝုဒီလည်း ပါနေတာပေါ့။
ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့
သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို
ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။
ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ
အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။
ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့
ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ
ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့
အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်….
တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ
မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့
ကလေးတွေရဲ့ သံယောဇဉ်တွေကို
လှလှပပ ပုံဖော်ထားတာပဲမို့
ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။

SHWE HTET MOVIE STOREဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။နိုင်ငံခြားရုပ်ရှင်(မြန...
18/09/2019

SHWE HTET MOVIE STORE
ဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။
နိုင်ငံခြားရုပ်ရှင်(မြန်မာစာတမ်းထိုး)အကြည်များကို လူကြီးမင်းတို့၏ ဖုန်း၊ တက်ဘလက်၊ Memory Stick များဖြင့် ၀ယ်ယူနိုင်ပါသည်။

ဒီကားလေးကတော့ IMDb 6.9 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ
အသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့ဦးနှောက်ကို
ဦးနှောက်သေနေတဲ့လူရဲ့ခန္တာကိုယ်ထဲကိုထည့်လိုက်ရင်
အဲဒီဦးနှောက်ပိုင်ရှင်ကထာဝရအသက်ရှင်နေနိုင်မယ်ဆိုတဲ့စမ်းသပ်ချက်ကို
သိပ္ပံစမ်းသပ်မှုတွေလုပ်တဲ့ကုမ္ပဏီတစ်ခုကရှာဖွေတွေ့ရှိသွားတယ်
ဒါပေမယ့်ဒီလုပ်ဆောင်ချက်ကိုဆက်လုပ်ဖို့အစိုးရဘက်ကနေခွင့်ပြုချက်မပေးတာကြောင့်
ကုမ္ပဏီသူဌေးဖြစ်သူကအဲဒီစမ်းသက်ချက်ကိုရပ်ဆိုင်းလိုက်ပေမယ့်
ဒါရိုက်တာအဖွဲ့ဝင်တွေကဆက်လုပ်ဖို့ဖိအားပေးလာတဲ့အခါမှာ
(စမ်းသပ်မှုကိုလုပ်ဖို့သူဌေးကြီးတွေကတန်းစီပြီးစောင့်နေပြီလေ)
သူဌေးကလည်းလုံးဝကိုသမာသမတ်ကျတဲ့မိန်းမတစ်ယောက်ဖြစ်နေတာကြောင့်
သူတို့လိုချင်တာကိုမရရအောင်ကြိုးစားရင်းနဲ့
သူဌေးမိသားစုကိုနောက်ဆုံးပြန်ပေးဆွဲတဲ့အထိတွေဖြစ်လာပါတော့တယ်
ကံကောင်းချင်တော့သမီးဖြစ်သူလွတ်မြောက်သွားပြီး
အိမ်ခြေမဲ့စစ်သားဟောင်းတစ်ယောက်နဲ့ဆုံမိတဲ့အခါ
သူတို့တွေကောင်မလေးမိဘတွေကိုဘယ်လိုကယ်တင်မလဲ
စမ်းသပ်မှုကြီးကိုရောတားဆီးနိုင်မလားဆိုတာတွေကို
စိတ်ဝင်တစားနဲ့ကြည့်ရမယ့်ကားကောင်းလေးပါ

SHWE HTET MOVIE STOREဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။နိုင်ငံခြားရုပ်ရှင်(မြန...
18/09/2019

SHWE HTET MOVIE STORE
ဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအ နောက်ဘက်မုခ်အနီး၊ ပဲခူးမြို့။
နိုင်ငံခြားရုပ်ရှင်(မြန်မာစာတမ်းထိုး)အကြည်များကို လူကြီးမင်းတို့၏ ဖုန်း၊ တက်ဘလက်၊ Memory Stick များဖြင့် ၀ယ်ယူနိုင်ပါသည်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက အိပ်မက်ဆိုးမက်လောက်အောင် ကြောက်ရတဲ့ ရုပ်ရှင်စာရင်းထဲမှာ ချက်ကီဟာ အမြဲပါပါတယ်။
ဒီတစ်ခါ ချက်ကီကတော့ ခေတ်မီတယ်လို့ ပြောရမှာပါပဲ။
ချက်ကီအရုပ်ကို ကက်စ်လန် ကုမ္ပဏီက အိမ်တွင်း လျှပ်စစ်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး အိမ်ကိစ္စတွေ ကူညီဖို့ရယ် ကလေးတွေကို အဖော်ပြုပေးဖို့ရယ် တီထွင်လိုက်တာပါ။
ပြီးတော့ ချက်ကီအရုပ်တွေက အလိုအလျောက် ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိအောင် တီထွင်ထားတာမို့ ရိုင်းစိုင်းတဲ့စကားလုံးတွေ အပြုအမှုတွေကို အတုမခိုးအောင် ပရိုဂရမ်နဲ့ ပိတ်ပ်ငထားပါတယ်။
ချက်ကီတစ်ကောင်ကတော့ အဲဒီ အကြမ်းပတမ်းပရိုဂရမ်တွေကို ပိတ်ဆို့မခံရဘဲ မိသားစု တစ်စုလက်ထဲကို ရောက်သွားချိန်မှာ အိပ်မက်ဆိုး အသစ်တွေ ဖြစ်လာပါတော့တယ်။
အရင်လကပဲ ရုံတင်သွားတဲ့ ရုပ်ရှင်အသစ်ပါပဲ။
ဟော်ရာကြိုက်သူတွေ ကြည့်နိုင်ပါပြီ။

Address

ဆိုင်အမှတ်(၉)၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်မီးပွိုင့်အနီး၊ ပဲခူးမြို့။
Bago

Website

Alerts

Be the first to know and let us send you an email when SHWE HTET MOVIE STORE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share