Saw Bwar Lay

Saw Bwar Lay စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက?

15/11/2022
ဇလုံတောင်ခြေ ပါမနီတောင်ခြေစခန်း အကွက်လေးပါ အမြန်ရောင်းမည်ပေ မျက်နှာဖွင့် 1200ဈေးချိုချိုနဲ့ ရောင်းပေးမယ်အကွက်က ကျွန်တော့...
24/01/2022

ဇလုံတောင်ခြေ
ပါမနီတောင်ခြေစခန်း အကွက်လေးပါ အမြန်ရောင်းမည်
ပေ မျက်နှာဖွင့် 1200
ဈေးချိုချိုနဲ့ ရောင်းပေးမယ်
အကွက်က ကျွန်တော့် အမည်ပေါက်လေးနော်
(ဝယ်ယူသူ အမည်ပေါက် ) ဝန်ဆောင်မူ့ပေးမည်
စာချုပ်စာတမ်းအပြည်အစုံနဲ့
ဝယ်ယူသူ စိတ်ချမ်းသာအောင် သက်ဆိုင်ရာ ပညာရှင်တွေ အသိသက်သေတွေ နဲ့ စာချုပ်ချုပ်ဆိုပေးပါမည်

🤙ဆက်သွယ်ရန်

📱092212059
📱0943031810
📱09457000700
📱09767000200

◾ခမိုးကားကွင်း ဘေး မြေကွက် နှစ်ကွက်တွဲ လေးSOLD OUT ပါဗျဝယ်ယူသွားတဲ့ သူဌေး အဆင်ပြေပါစေဗျာ🥰◾ဗန်းမောက်မြို့ မှာ မြေကွက် ကျယ...
17/01/2022

◾ခမိုးကားကွင်း ဘေး မြေကွက် နှစ်ကွက်တွဲ လေး
SOLD OUT ပါဗျ
ဝယ်ယူသွားတဲ့ သူဌေး အဆင်ပြေပါစေဗျာ🥰

◾ဗန်းမောက်မြို့ မှာ မြေကွက် ကျယ်ကျယ်ဝန်းဝန်း ဈေးချိုချိုနဲ့ လိုချင်တဲ့ လူကြီးမင်းများ အတွက်..........

ဟိုတယ်/မိုတယ်/စားသောက်ဆိုင် လုပ်ငန်းရှင်များအတွက်လဲ ဗန်းမောက် မြို့ဝင် မြို့ထွက် နဲ့ ဇလုံတောင်လမ်းတစ်လျှောက် အကွက်များ လဲ ဈေးချိုချိုနဲ့ ရပါမယ်...........

◾ဗန်းမောက်မှာ မြေကွက် ဝယ်မယ်ဆိုရင်

✔️ဈေးချို ရမယ်
✔️အရူပ်အရှင်း ကင်းရမယ်
✔️စာချုပ်စာတမ်း အပြည့်အစုံ နဲ့ ခိုင်မာနေရမယ်
ဆိုတဲ့ လူကြီးမင်းများ ဆက်သွယ် ဝယ်ယူ နိုင်ပါတယ်

📱092212059
📱0943031810
📱09457000700
📱09767000200

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း============================မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှ...
16/09/2021

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
============================
မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧကတွက်နိုင်ပါသည်။ကိုဝေယံဦး(စိုက်ပျိုးရေး)

လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
======================
၂၀၈.၇၁' × ၂၀၈.၇၁' ÷ ၄၃၅၅၉.၈၆ = ၁ ဧက

ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက

နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက
===================
(လ x န)' ÷ ၄၃၅၆၀ = ... ဧက

ဥပမာ:
(၄၀'×၆၀') ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၁၀၀') ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက

နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
========================
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ... ဧက

ဥပမာ:
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

တြိဂံပုံစံဖြစ်ပါက
===========
၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက

ဥပမာ:
၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

ထောင့်မှန် တြိဂံပုံစံဖြစ်ပါက
===================
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀

ဥပမာ: ၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

စက်ဝိုင်းပုံစံဖြစ်ပါက
==============
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = .... ဧက

အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ... ဧက ( ပုံသေမြှောက်ကိန်း .၇၈၅၄ )

(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ )

ဥပမာ:
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား (၁ ဧက = ၄၃၅၆၀ စတုရန်းပေ) ကိုဝေယံဦး(စိုက်ပျိုးရေး)

_________×_____________×___________×________
တစ်ဧကတွင် စိုက်ပျိုးနိုင်သောအပင်ပြဇယား
အကွာအဝေး အပင်ပေါင်း (ပင်ကြားxတန်းကြား)

1 x 2 ပေ = 21780 ပင်
1 x 3 ပေ = 14520 ပင်
1 x 4 ပေ = 10890 ပင်
1.5 x 2 ပေ = 14520 ပင်
1.5 x 3 ပေ = 9680 ပင်
2 x 3 ပေ = 7260 ပင်
2 x 4 ပေ = 5445 ပင်
3 x 4 ပေ = 3630 ပင်
3 x 5 ပေ = 2904 ပင်
4 x 4 ပေ = 2722 ပင်
4 x 6 ပေ = 1815 ပင်
6 x 6 ပေ = 1210 ပင်
6 x 8 ပေ = 907 ပင်
8 x 8 ပေ = 680 ပင်
10 x 10 ပေ = 436 ပင်
10 x 12 ပေ = 363 ပင်
12 x 12 ပေ = 302 ပင်
15 x 15 ပေ =194 ပင်
16 x 16 ပေ = 170 ပင်
18 x 18 ပေ = 134 ပင်
20 x 20 ပေ =109 ပင်
25 x 25 ပေ =70 ပင်
30 x 30 ပေ = 48 ပင်
40 x 40 ပေ =27 ပင်

#ကိုဝေယံဦး(နှစ်ရှည်)သစ်မာမျိုးစေ့.ပျိုးပင်
ဖြန့်ဖြူးရေးနှင့်
နှစ်ရှည်ပင်📌 စိုက်ပျိုးရေး🌳

လယ်ယာမြေမှာ အိမ်ဆောက် ဆိုင်ဆောက် စသည်ဖြင့် အခြားနည်းသုံးလို့ရအောင် လျောက်ထားခြင်း (သို့) လယ ၃၀ လျောက်ထားခြင်းနှင့် လက်တွ...
29/01/2021

လယ်ယာမြေမှာ အိမ်ဆောက် ဆိုင်ဆောက် စသည်ဖြင့် အခြားနည်းသုံးလို့ရအောင် လျောက်ထားခြင်း (သို့) လယ ၃၀ လျောက်ထားခြင်းနှင့် လက်တွေ့အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပုံအဆင့်ဆင့်

လယ်ယာမြေမှာ စိုက်ပျိုးခြင်းမှအပ တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးချင်ရင် အခြားနည်းသုံးစွဲခွင့် လျောက်ထားရပါတယ်။ လယ ၃၀ ခွင့်ပြုချက် (အရင်က လ/န ၃၉) လျောက်တယ် ခေါ်ပါတယ်။ ခွင့်ပြုချက်ရရင် ခွင့်ပြုချက်မှာပါတဲ့ သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ။ လယ်မြေအမျိုးအစားကို ဗဟိုထိတင်ပြ ခွင့်ပြုချက်ရမှ အသုံးပြုနိုင်မှာဖြစ်ပြီး လယ်မြေမဟုတ်တဲ့ ကျန်လယ်ယာမြေ (ဥယျဥ်၊ ယာစသည်) တွေကိုတော့ ပြည်နယ်တိုင်းအဆင့်က ခွင့်ပြုချက်ရရင် အသုံးပြုနိုင်ပါတယ်။

မြို့နယ် မြေစာရင်းဦးစီးဌာနကတဆင့် လျှောက်ထားရပါတယ်။ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ လယ်စီအဖွဲ့ အဆင်ဆင့်တို့က အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပုံ အဆင့်ဆင့်ကို သိရှိလေ့လာနိုင်အောင် ပူးတွဲတင်ပြလိုက်ပါတယ်။ ပြည်နယ်တိုင်းအလိုက် အမှုတွဲမှာပါဝင်မှု အနည်းငယ်ကွဲပြားနိုင်ပေမဲ့ အ​ခြေခံအားဖြင့် အားလုံးတူညီကြပါတယ်။

ပူးတွဲ... အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပုံအဆင့်ဆင့်

crd

လယ်ယာမြေမှာ အိမ်ဆောက် ဆိုင်ဆောက်လေးလုပ်ချင်တာ တရားဝင်ဆောက်လို့ရအောင် ဘယ်လို လုပ်ရမလဲတဲ့ .. ။။။။။။။။။။။။။။။။။။။။။။။။။။။။။...
28/01/2021

လယ်ယာမြေမှာ အိမ်ဆောက် ဆိုင်ဆောက်လေးလုပ်ချင်တာ
တရားဝင်ဆောက်လို့ရအောင် ဘယ်လို လုပ်ရမလဲတဲ့ ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မျိုးမင်းထွန်း

မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ အရေးပါပုံ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။မျိုးမင်းထွန်းမြေနဲ့ပတ...
28/01/2021

မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ အရေးပါပုံ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မျိုးမင်းထွန်း

မြေနဲ့ပတ်သက်လို့ ရောင်းဝယ် လွှဲပြောင်း ပေးကမ်း ပြုလုပ်ကြရာမှာ စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၁ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ်/ ပေးကမ်း/ စွန့်လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆို လျှင် "မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ်။

"မြေပုံ မြေရာဇဝင်"ဆိုတာက အများ သိတဲ့ ပုံစံ ၁၀၅၊ ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ "ပြောင်းလဲ အတည်ပြုရေးဆွဲ နေရတဲ့ "မြေစာရင်း/ မြို့တော်စည်ပင်/ အိုး အိမ်"ဌာနတို့ရဲ့ ဌာနရှိမှတ်တမ်း စားရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ/မရှိဆိုတာကို ဒီဌာန တွေကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးနိုင် ပါတယ်။ ဒါကြောင့် ပုံစံ ၁၀၅၊ ၁၀၆ ဟာ စစ်မှန်မှုအတွက် အရေးပါလာရပါတယ်။

ဌာနက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ သည်မြေပုံ / ပုံစံ ၁၀၆ သည်မြေရာဇဝင်၊ ဒီနှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင်လို့ ခေါ်ပါတယ်။ မြို့နယ် မြေစာရင်း/မြို့တော်စည်/အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅၊ မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ခေါ်ပြီး ၂ ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင် ဖြစ်သွားပါတယ်။

ပုံစံ ၁၀၅၊ ၁၀၆ ကို အရောင်းဝယ်စာချုပ် မှတ်ပုံတင်ပြုလုပ်ရာမှာ အသုံးပြုရုံတင် မဟုတ်ပါဘူး၊ အိမ် အသစ် ဆောက််ရင်/ အကြီးစားပြင်ရင်/ အဝီစိတွင်းတူးရင်/ မြေကွက်ခွဲရင်/ ခြံစည်းရိုးခတ်ချင်ရင်/ မှတ်တမ်းအဖြစ် သိမ်းထားချင်ရင်/ လယ် ယာမြေ လုပ်ပိုင်ခွင့်လျောက်ရင်/ ရောင်းချရင်/ အခြားသော မြေယာ ကိစ္စရပ်တွေမှာ အသုံးပြုရပါတယ်။ ပုံစံ ၁၀၅၊ ၁၀၆ ရှိနေရုံနဲ့ မြေပိုင်တာတော့ မဟုတ်ပါဘူး။ မြေနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် အသုံးပြုတာပါ။

ပုံစံ ၁၀၅၊ ၁၀၆ လိုချင်ရင် မြို့နယ် မြေစာရင်း/ မြို့တော်စည်ပင်/ အိုးအိမ် ဌာနများမှာ လျှောက်ထား ရယူနိုင် ပါတယ်။ ဌာန သုံးခုဖြစ်နေရတာက မြေနေရာအပေါ်မူတည်ပြီး စီမံတဲ့ ဌာန ကွဲသွားလို့ ဖြစ်ပါတယ်။ မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ နေရင် "မြို့တော်စည်ပင်"၊ အိုးအိမ်ဌာန စီမံခန့်ခွဲတဲ့ မြေမှာဆိုရင် "အိုးအိမ်ဌာန"၊ ကျန်မြို့များမှာဆိုရင် "မြေစာရင်း/လယ်စီအင်း" ဌာနများမှာ ပုံစံ ၁၀၅၊ ၁၀၆ ကို လျှောက် ထားရယူနိုင်ပါတယ်။

မျိုးမင်းထွန်း

လယ်မြေ၊လယ်ယာ‌ေမြကို အခြားနည်းသုံးစွဲခွင့် ဘယ်လိုပြောင်းလဲသလဲ⚖️ လန(၃၉) မှ ပြောင်းလဲလာသော လယ ၃၀(ခ)၃၀(က) သည် “လယ်မြေ” ကို အ...
25/01/2021

လယ်မြေ၊လယ်ယာ‌ေမြကို အခြားနည်းသုံးစွဲခွင့် ဘယ်လိုပြောင်းလဲသလဲ

⚖️ လန(၃၉) မှ ပြောင်းလဲလာသော လယ ၃၀(ခ)

၃၀(က) သည် “လယ်မြေ” ကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားခြင်းဖြစ်ပြီး “ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့” ၏ ခွင့်ပြုချက် ယူရပါတယ်။

၃၀(ခ) သည် “လယ်ယာမြေ” (ဥယျဥ်ခြံ၊ ယာ၊ ကိုင်း၊ မြေနုကျွန်း စသည်)ကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းဖြစ်ပြီး “တိုင်းဒေသကြီး (သို့) ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့” ရဲ့ ထောက်ခံချက်နဲ့ ပြည်နယ် တိုင်း အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ယူရပါတယ်။

၂၀၁၂ လယ်ယာမြေဥပဒေမှာ အရင် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပါ လန(၃၉) ကို အခု [ လယ ၃၀(က)၊ လယ ၃၀(ခ) ] နဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။

လယ ၃၀(က)က လယ်မြေအတွက်ဖြစ်ပြီး၊ လယ ၃၀(ခ)က လယ်ယာမြေ (ဥယျဥ်ခြံမြေ၊ ယာမြေ ) အတွက် ဖြစ်ပါတယ်။ တနည်းအားဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ ၃၀(က) နဲ့ ပုဒ်မ ၃၀(ခ)ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

အရင် လန(၃၉) မှာ လယ်မြေနဲ့ လယ်ယာမြေလို့ ခွဲခြားမထားပါဘူး။ အခုဥပဒေမှာက လယ်မြေ / လယ်ယာမြေဆိုပြီး ခွဲထားပါတယ်။

လယ်ယာမြေကို စိုက်ပျိုးခြင်းမှအပ အခြားနည်းသုံးရန် ခွင့်ပြုချက် လျောက်ထားခြင်းကို -
လယ ၃၀ လျောက်တယ်၊
ခွင့်ပြုရင် လယ ၃၀ ခွင့်ပြုတယ်၊
လယ ၃၀ ကျတယ်လို့ ပြောကြပါတယ်။
အရင်က လန(၃၉) ​လို့ပြောကြတာနဲ့ သဘောတရားတူညီပါတယ်။

လယ်ယာမြေတွေကို စိုက်ပျိုးရေးမလုပ်တော့ဘဲ အိမ်ဆောက်၊ ဆိုင်ဆောက် စသည်ဖြင့် စိုက်ပျိုးခြင်းမဟုတ်တဲ့ အခြားနည်းသုံးစွဲတာကို ခေါ်ဆိုခြင်းဖြစ်တယ်။

မူရင်းရေးသားသူအား crdပေးပါသည်။

🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲

#မြေစာရင်းပုံစံနဲ့လယ၃၀ခဆိုသည်မှာ

မြေစာရင်းပုံစံ
ပုံစံ၁၀၅။ပုံစံ ၁၀၆ဆိုတာ မြေပုံနဲ့ မြေရာဇဝင်
မြေတကွက်ရဲ့....မြေပုံညွှန်းသက်သက်ပါဘဲ။
မြေမျိုးအတန်းအစား ခိုင်မာမှုကိုပြတဲ့
စာရွက်စာတမ်းတွေ မဟုတ်ပါ။
ဒါလေးတော့ အခြေခံသိထားဘို့ရာ
အရေးကြီးပါတယ်။ လူလိမ်မခံရဘို့အတွက်ပါ။

ဒါပေမဲ့ ၁၀၅ မှာ မြေအမျိုးအစား၊ ပိုင်ရှင်အမည်
ပါတဲ့အတွက်နောင် ပြဿနာ တက်လာနိုင်တဲ့
သစ်တောမြေဟုတ်မဟုတ် ကော်ဖီမြေဟုတ်မဟုတ်
ကို (လုံးဝလုံးဝ)သိရှိနိုင်ပါတယ်။
သို့ပေမဲ့ ပုံစံ ၁၀၅/၁၀၆သက်တမ်းသည်
ထုတ်ပေးခဲ့သည့်နေ့စွဲမှ
(၁)နှစ်ထိသာ အကျုံးဝင် သက်တမ်းရှိပါတယ်။

နောက်ထပ်ဆက်လက်၍
လယ ၃၀/ခ ကို အကျဉ်းရှင်းပြပါရစေ ။
လယ်/ယာမြေကို အခြားနည်းအသုံးပြုခွင့်ကို
လယ ၃၀/ခ လို့ခေါ်ပြီး မည်သူမဆို
လျောက်ထားလို့ရပါတယ်။

အခြားနည်းခွင့်ပြုချက်ကလည်း
ခေါင်းစဉ်အမျိုးမျုိးနဲ့ရှိပါတယ်။
အဲ့သည်ထဲကမှ...လူနေထိုင်ခွင့်ဖြင့် ရရှိတဲ့
အခြားနည်းအသုံးပြုခွင့်ကတော့အကောင်းဆုံးပါ။

လျောက်နည်းအဆင့်ဆင့် အကြမ်းဖျင်
းရေးပြပေးပါမယ်။
လုံးဝမသိတာထက်စာရင် လုပ်ပုံလုပ်နည်း
Process အဆင့်လေးတွေ သိထားတော့
မကောင်းပေဘူးလား?

လျောက်ရင် ပထမ ဦးစွာ
ရပ်ကျေး လယ်/စီ မှတဆင့်တင်ရပါတယ်။
(၅) ဦးကော်မတီနှင့် ဖွဲ့စည်းထားပြီး ခွင့်ပြုရင်
မြို့နယ်ကိုရောက်ပါပြီ။

မြို့နယ်က (၅) ဦးကော်မတီ ထပ်မံဖွဲ့စည်းပြီး
ကွင်းဆင်းစစ်ဆေးပါတယ်။
ခွင့်ပြုရင်ခရိုင်ကို ဆက်တက်ပါတယ်။

ခရိုင်ကလဲ (၅) ဦးကော်မတီနဲ့ကွင်းဆင်းစစ်ဆေးပြီး
ခွင့်ပြုရင်သက်ဆိုင်ရာ တိုင်း/ ပြည်နယ်
ဆက် တက်ပါတယ်။
သူကခွင့်ပြုရင်တော့ ဒဏ်ကြေးဆောင်ခိုင်းပြီး
ခွင့်ပြုလိုက်ပါတယ်။
ဒါက ယာ မြေအတွက်ပါ။
ယာမြေနော် မှတ်ထားအုံးဗျာ ။

လယ် မြေအတွက်ဆိုရင်တော့ နောက်တဆင့်
ဗဟို နေပြည်တော်ထိဆက်တက်ရပါ့မယ်။
လယ်မြေဆိုရင်တော့ မဝယ်တာကောင်းပါတယ်
ဗဟိုထိတက်ရလို့ပါ။
ဘာကြောင့်ဗဟိုထိတက်ရသလည်းဆိုတော့ ...
စပါးစိုက်နိုင်တဲ့လယ်မြေတွေကို နိုင်ငံတော်အနေဖြင့်
စိုက်ဧရိယာမလျော့စေခြင်တဲ့အချက်က
အဓိကကျပါတယ်။
ဒါကို အသေအချာစိစစ်တာမို့ပါ။

လယ ၃၀
အခြားနည်း သုံးစွဲခွင့်ဆိုတာ အမျိုးမျိုးရှိပါတယ်။

မွေးမြူရေးအတွက် အသုံးချရန်

စက်ရုံဆောက်ရန်

ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန်

လူနေထိုင်ရန်

စသဖြင့်..... ။
ကိုယ်လျှောက်ထားတဲ့ နည်းလမ်းအတိုင်း ၆လအတွင်း အကောင်အထည် ဖော်ရပါတယ်။

အကောင်အထည်မဖော်နိုင်ရင် ဒဏ်ကြေးဆောင်
သက်တမ်းထပ်တိုးရပါတယ်။

သက်တမ်းတိုးကာလ ကုန်တဲ့အထိ အကောင်အထည်မပေါ်ရင် အစိုးရက အခြားနည်းသုံးစွဲခွင့်ကို ပြန်လည်ရုပ်သိမ်းပါတယ်။ မူလ စိုက်ပျိုးမြေအဖြစ် ပြန်လည်အဆင့်လျှောသွားတဲ့ သဘောပါ။ မြေကို သိမ်းလို့မရပါဘူး။
အပေါ်က ပြောခဲ့တဲ့ အခြားနည်းသုံးစွဲခွင့် အမျိုးမျိုးထဲက

လူနေထိုင်ခွင့်အတွက် လျှောက်ထားတာ ကျခဲ့ရင်
ခွဲစိတ်ရောင်းချလို့ ရပါတယ်။

ခွဲစိတ်ရောင်းချတဲ့ အကျယ်အဝန်း ပမာဏအတိုင်း ကျသင့်တဲ့ အခွန်အခ ပေးဆောင်လိုက်ရင် ဝယ်ယူသူ ကိုယ်ပိုင်နာမည်ပေါက် ရရှိပါတယ်။

ဂရံလဲ ဆက်လျှောက်လို့ရပါတယ်
လယ ၃၀ခ ကျပြီးရင်တော့ ဂရမ်ဆက်လျှောက်ရန်
တဆင့်ဘဲကျန်ပါတယ် ။
လယ ၃၀ခ ကျပြီးတဲ့အဆင့်မြေမျိုးဆိုရင်
လုံးဝ.ခိုင်မာတဲ့မြေမျိုး
အတန်းအစားဖြစ်နေပါပြီ ဆိုတဲ့အကြောင်း
ပြောပါရစေ ။

ပူးတွဲပါ ပုံကတော့
ပုံစံ၁၀၅မှာဖော်ပြတတ်တဲ့
မြေမျိုးနဲ့အတန်းအစားသင်္ကေတကိုဖတ်တတ်ရန်
သင်္ကေတ ဘာသာပြန် ရှင်းလင်းချက် များကို
တင်ပြပေးလိုက်ပါတယ်ခင်ဗျ
(ပုံကို လက်နဲ့ပုတ်ပြီးကြည့်ပါရန်။)

ခုရေးသားတင်ပြခဲ့တာတွေကတော့
လယ ၃၀/ခ ဆိုတာဘာလည်းနဲ့
လျောက်ပုံလျောက်နည်း လိုတိုရှင်းထိမိအောင်
အကျဉ်းချုံးပြီး ကိုအောင် ရှင်းပြတာပါ။

လေ့လာသိရှိထားသမျှမှ knowledge sharing
မသိသူများသိရှိစေရန်ဝေမျှပေးလိုက်ပါတယ် ဗျ။

ဆုတောင်း.....🙏
#လူအခြင်းခြင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ
#ဆင်းရဲလိုခြင်းအခြင်းခြင်းကင်းရှင်းကြပါစေ
#အထင်သေးခြင်းအခြင်းခြင်းကင်းရှင်းကြပါစေ
#ရန်ပြုလိုခြင်းအခြင်းခြင်းကင်းရှင်းကြပါစေ
ကိုအောင် ( မေမြို့။)၁၉/၁/၂၀၂၁

မြေဧကတွက်နည်း(၂) လူတွေအမေးများတဲ့ မြေအကြောင်းများ၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   ...
20/01/2021

မြေဧကတွက်နည်း(၂) လူတွေအမေးများတဲ့ မြေအကြောင်းများ
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits ဆရာ MyoMinHtun

"မြေဧက ဖွဲ့နည်း - တွက်နည်းများ" (SV)* တစ် ဧက = ၄၃၅၆၀ စတုရန်းပေတစ် ဟက်တာ = ၂.၄၇ ဧကတစ် စတုရန်းမိုင် = ၆၄၀ ဧက* လေးနားညီ စတု...
20/01/2021

"မြေဧက ဖွဲ့နည်း - တွက်နည်းများ" (SV)

* တစ် ဧက = ၄၃၅၆၀ စတုရန်းပေ
တစ် ဟက်တာ = ၂.၄၇ ဧက
တစ် စတုရန်းမိုင် = ၆၄၀ ဧက

* လေးနားညီ စတုရန်း=
အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။

* နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560

* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

* တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560

* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

* စက်ဝိုင်း -
အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
(သို့)
စက်ဝိုင်း -
အချင်းxအချင်းx .၇၈၅၄ ÷ 43560

* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷
ပင်ခြား ကွာဝေးမြှောက်ကိန်း

မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

* ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်

စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀

ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)

Credit To >>> Original Writer

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေ...
17/01/2021

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပြီး -
''ပါမစ်မြေကို အရောင်းအဝယ်လုပ်ရင် အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။ မြေအမည်ပြောင်းလို့ရပါသလားဟု မေးမြန်းဆွေးနွေးပါသည်။
''ပါမစ်မြေက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုး မြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်''
''စလစ်မြေဆိုတာက ရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ''
''စလစ်မြေဆိုတာကလည်း အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါပဲ''
''မြို့သစ်ဆောက်တဲ့ သဘောပေါ့''

''ဒီလိုလဲပြောလို့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ် လှိုင် သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''

''မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်ဆိုပါတော့''

စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''

''စာရွက်စာတမ်းအတုတွေဖြစ်နိုင်လို့လား''

''ဟုတ်ပါတယ်။ အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါ မယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''

''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''

''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ ဈေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်''

''ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ''

''ရှင်းရမယ်ဆိုရင်တော့ ပထမဆုံး စလစ်မြေဆိုတာကို စတင်ပြီး ဆွေးနွေးရမယ်ထင်တယ်''

''ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအဖြစ် ပြောပြပါဦး''

#စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်''

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

''နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်''

#ပါမစ်မြေ

''ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်'

#ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်''

''အချို့က ဝယ်ခွန်ဆောင်ရမှာစိုးလို့ မြေအမည်ပေါက်သူထံက ကိုယ် စားလှယ်လွှဲစာယူထားတာမျိုးရှိတယ်လို့ သိရတယ် ဆရာ''

''မှန်ပါတယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်တယ်။ ကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ ဝယ်ရောင်းသမားကလွဲပြီး အမှန် တကယ်နေထိုင်မည့် သူဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကာ မြေအမည်ပေါက်ပြောင်း လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်''

''ကျွန်တော်ဝယ်ဖို့ကြည့်ထားတဲ့ မြေကွက်က စလစ်စာရွက်ပဲရှိလို့ ဝယ်သင့်မဝယ်သင့် စဉ်းစားနေတာပါ ဆရာ''

''စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ''လို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

ထီယု(ဥပဒေအတိုင်ပင်ခံ)

Address

Banmauk

Alerts

Be the first to know and let us send you an email when Saw Bwar Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share