07/02/2026
🕊🕊🕊
အမြင့်ဆုံး ပြန်သန်းလိုက်ပါ
မြင့်မြင့်ပျံသန်းလေလေ
လေတိုက်ခံရလေပါပဲ
ဒါပေမယ့်
အမြင့်ဆုံးပျံသန်းလိုက်ပါ
တိုက်ခတ်လာတဲ့လေတွေကို
လေဟုန်စီးလို့ရတယ်ဆိုတာ
တစ်နေ့
မင်းသိလာလိမ့်မယ့်....။
ရုံးကန်လှုပ်ရှားနေရတဲ့အချိန်
အတောင်မစုံပဲပျံသန်းဖို့
ကြိုးစားနေတဲ့အချိန်တွေက
ခက်ခဲမယ်ကြမ်းတမ်းမယ်
ပင်ပန်းမယ် ဒါပေမယ့်...
အတောင်စုံလို့ပျံသန်းလို့တဲ့တစ်နေ့
မင်းလိုရာပန်းတိုင်းကို
အရောက်သွားနိုင်လိမ့်မယ်....။
ဘယ်သူမှမရှိလည်းနေ
မင်းအတွက်မင်းရှိနေပြီပဲ
မင်းအားငယ်တဲ့အခါ
မင်းကိုမင်းအားပေးနိုင်အောင်ကြိုးစား
လောကမှာ အပေါ်ယံတွေက
စွန့်ခွာသွားတဲ့အခါ
မားမားမတ်မတ်နဲ့တစ်ယောက်တည်းရပ်တည်နိုင်ကြောင်းပြသနိုင်ရမယ်....။
သူမှသူဖြစ်ဖြစ်ခဲ့တဲ့
နေ့တွေရှိခဲ့သလို
မင်းမှမင်းဖြစ်နေတဲ့လူလဲရှိလာနိုင်တာပဲ
ဘယ်အရာကိုမှတွေကပ်မနေပါနဲ့
ခက်ခဲသောအချိန်ဆိုတာ
အတိုင်းတာတစ်ခုပဲ
နောက်ဆုံးတော့ပြီးသွားတာပါပဲ...။
ပြောချင်တာက
အမြင့်ဆုံးပျံသန်း......
အားလုံးကိုမြင်နိုင်တယ်....။
#မေတ္တာဖြင့် Htun-စာပေ