Ko Kyaw Swar မီးစက်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Bilin
  • Ko Kyaw Swar မီးစက်ရောင်းဝယ်ရေး

Ko Kyaw Swar မီးစက်ရောင်းဝယ်ရေး မဂ်လာပါ

28/05/2024
28/05/2024

မီတာတိုင်းနည်း ကို အမေးများလို့ ပြန်တင်ပေးလိုက်တာပါဗျာ👈👈👈👈👈
ဘယ်ဆရာ တင်ထားတာ မှန်းမမှတ်မိတော့လို့
မူရင်း ရေးသားသူအား creditပေးပါတယ်ဗျာ🙏🙏🙏

ကျန်တ်ာက စာရေးပျင်းလို့ ဒီတိုင်းပဲ တင်ပေးလိုက်ပါတယ် အဆင်ပြေပါ စေ ဗျာ💪💪💪💪
စက်ပြင်ဆရာတွေ ဖုန်းပြင်ဆရာတွေ မှားနေကြသော မဟာအမှားနှင့် မီတာတိုင်းခြင်း၏ သိထားသင့်သည့်အချက်
အကြီးကြီး ပြောတာတော့မဟုတ်ဘူး
Post ကိုဆုံးအောင် နားလည်အောင် ဖတ်ကြည့်ပါ သင့်ရဲ့စက်ပြင်အတွေးအခေါ်တွေ
တစ်ခုခု တိုးတက်သိမြင်မှု ဖြစ်ပေါ်လာရစေမယ်လို့
အာမခံပါတယ်
သေချာတာက သင်ဟာ ဘယ်လောက်တော်တဲ့
စက်ပြင်ဆရာပဲ ဖြစ်နေပါစေ ကျွန်တော်တို့နဲ့
အသားကျနေပြီးသား Analog ခေတ်က
စက်ဆရာတစ်ယောက်ဖြစ်နေပြီး Digital Electronic နည်းပညာပိုင်းတွေ ဆက်လက်လေ့လာလိုက်စားမှု မပြုထားခဲ့ဘူးဆိုရင် Digital အသိမရှိထားဘူးဆိုရင် ခုပြောမယ့်မဟာအမှားကို
ကျိန်းသေပေါက် သင်ပြုမိမှာ သင်ငြင်းလို့မရနိုင်ပါ
အဲဒီအသိကို မသိထားပဲ ဘယ်လိုမှ မှန်ကန်တဲ့
အယူအဆကို သင်ယူဆနိုင်မှာမဟုတ်လို့ပဲ
ရင့်ကျက်နေကြတဲ့ Electronic ဆားဗစ်ဆရာ
တွေတောင် ဒီအမှားက မလွတ်ကင်းနိုင်ရင်
ခုလက်ရှိ ပေါ်ပင် ဖုန်းဆားဗစ် လောကက ညီငယ်လေးတွေကတော့ ဆိုဖွယ်ရာမရှိပေါ့
ဖုန်းပြင်တဲ့နေရာမှာရော
E ဆားဗစ်သမားတွေရော တိုင်းတာစစ်ဆေးမှု
ပြုနေကြရတဲ့အထဲမှာ အခြေခံအားဖြင့်ခွဲလိုက်ရင်
အုပ်စု ( ၂ ) စုပဲရှိပါတယ်
ဗို့အား အုပ်စုရယ်
Signal အုပ်စုရယ်ပေါ့
ဥပမာ Touch မှန် အသစ်လဲတယ် ဆွဲလို့မရဘူး
LCD အသစ်လဲတယ် ရုပ်မပေါ်ဘူး
Power IC ကောင်းတယ် Firmware ပိုင်းလည်းကောင်းနေတယ် စက်မနိုးလာဘူး
ရောက်နေရမယ့် Supply ဗို့အားတွေလည်း
အကုန်ရောက်နေ ရှိနေရဲ့သားနဲ့ ဆိုရင်.....
ကျွန်တော်တို့ စစ်ဆေးဖို့ကျန်တာ
Signal အုပ်စုပဲ မဟုတ်ဘူးလား ခုန်လှိုင်းတွေပေါ့ဗျာ
Touch အပိုင်းမှာ ဆိုပါစို့
Int ရယ်
SDA SCL I2C BUS ရယ်
RST ဆိုတဲ့ Reset ရယ်
စတာတွေက Signal အုပ်စုပေါ့
အဲအထဲမှာ ပြောချင်တာက Reset ဆိုတဲ့
အကြောင်းအရာလေးပါ
TV ပြင်သမားတွေအတွက်ဆိုလည်း
ခုခေတ်အပြင်ရများတဲ့ တစ်ရုပ်ကဒ်ဆားကစ်
ပြုပြင်ပုံ အယူအဆတွေ အရင် Post တွေမှာ
တင်ခဲ့ဖူးပါတယ်
အဲမှာလည်း CPU 8873 8895 တို့မှာ
Reset ဗို့မရွိလို့
Reset Circuit Error ဖြစ်ပြီး
Reset ဗို့မရောက်လို့ ဖြစ်ခဲ့ကြုံခဲ့ရတဲ့ ပြစ်ချက်လေးတွေ ရှိပါတယ် ရှာဖတ်ကြည့်ပါ
ကဲ ပြောချင်တာက Reset အကြောင်းဗျာ
နိဒါန်းချီနေရတာနဲ့ လိုရင်းမရောက်တော့ဘူး
နည်းနည်းတော့ သည်းခံ ပေးချင်တဲ့ message
ပုံပေါ်ဖို့အတွက် ဖြည်းဖြည်းချင်းသွားမှ ရောက်မှာမို့လို့
အလွန်ရိုးရှင်းသော အခြေခံ Component
၂ ခုဖြစ်တဲ့ resistor နဲ့ capacitor
၂ ခုကို တွဲပြီး သုံးထားသော လှပသည့်အသုံး
Power On Reset သဘောတရားနှင့်
Time Constant
Timer Circuit လို့အလွယ်ခေါ်နေကြတဲ့
ကိုယ်လိုချင်တဲ့ အချိန်ပိုင်းတစ်ခုမှာ အချိန်ကိုက်
လုပ်ဆောင်စေလိုတဲ့နေရာမျိုး
သို့မဟုတ် Delay Time ခေါ် စောင့်ဆိုင်းချိန်
တစ်ခုအဖြစ် လုပ်ဆောင်စေနိုင်ဖို့
RC circuit ကို အသုံးပြုကြပါတယ်
အမြင်ရိုးရှင်းပြီး လွယ်ကူသော ပတ်လမ်းလေးဖြစ်ပေမယ့် စက်ပြင်သမားတွေကို
ပေးချင်တဲ့ အကြောင်းအရာ အသိတရားလေးက
ဒီရိုးရှင်းမှုရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေလို့ပါ
( လွယ်တယ်ဆိုပြီး ပေါ့မသွားပါနဲ့ )
DC ဗို့အားဟာ capacitor ကိုဖြတ်သန်းလို့မရဘူး ဆိုတဲ့ AC Pass
DC Block လုပ်ဆောင်ချက်ကြောင့် capacitor ကို signal လမ်းကြောင်းတွေ
Amplifier လမ်းကြောင်းတွေ isolation
အဖြစ် သီးခြားစီခွဲခြားပိုင်းခြားထားလိုတဲ့နေရာတွေမှာ
ချိတ်တွဲ coupling capacitor အဖြစ်
Signal လမ်းကြောင်းတွေပေါ်မှာ series
တန်းဆက်အနေနဲ့ အသုံးပြုကြပါတယ်
Signal မှာ DC ဗို့အားရောပါလာခဲ့ရင်
Capacitor ကို DC မဖြတ်နိုင်တာကြောင့်
Signal ကိုစစ်ယူတဲ့သဘောပါ
Signal မှာပါလာတဲ့ DC က ရှေ့မှာချိတ်တွဲထားတဲ့ circuit ရဲ့ biasing ကို
မထိခိုက်စေချင်လို့ပါ
အဓိကပြောချင်နေတာက DC သည် capacitor ကို ဖြတ်သန်းခွင့်မရှိဘူးဆိုတဲ့
အမှန်တရားကို ဖောက်ပြန်နေတဲ့ သဘောတရာမျိုး ရှိနေပါတယ်
ဒီပုံကိုကြည့်ပါ
+5V Vcc လမ်းကြောင်းမှာ ချိတ်ဆက်ထားတဲ့
ဒီ capacitor ကို ဖြတ်သန်းပြီး +5V သည်
IC သို့မရောက်နိုင်ပါ သို့ပေမည့် Circuit
ဖန်တီးထားသူက ရောက်တယ်လို့ဆိုထားပါတယ်
တကယ်လည်း သူပြောသလို အလုပ်လုပ်ပါတယ်
ဒါဆို DC သည် capacitor ကို ဖြတ်သန်းလို့မရဘူးဆိုတဲ့ သီအိုရီက မှားသွားမှာပေါ့ အဲလိုလည်းမဟုတ်ပါဘူး
ဒါကြောင့် လှပတဲ့အသုံးလို့ တင်စားထားတာပါ
ဒီနေရာမှာ ပေးချင်တဲ့ message ၄ ခုရှိပါတယ်
၁ မီတာရဲ့ ဗို့အားပြသမှုသဘောတရားနှင့်ယူဆပုံယူဆနည်း
( Voltage difference ခေါ် ဗို့အားခြားနားမှုယူဆချက် )
Capacitor နေရာတွင် ဓာတ်ခဲတစ်လုံးဖြင့်
အစားထိုး နားလည်မှုပြုပါ
၂ Time Constant ဖြင့် ထိခလုတ်ပုံစံ
Micro Switch သဘော သုံးထားမှု
( phone ပါဝါ ခလုတ်ကို ဖိထားပြီးလွှတ်လိုက်သကဲ့သို့ )
၃ Power On Reset သဘောတရားနှင့်
စက်ဆရာများ၏ ယူဆပုံအမှား
( Active Low or High Input )
Reset သည် အထွက် Output ၏အခြေကို
မူလအခြေ ( reset အခြေ )
Low Level ဖြစ်စေတဲ့ ဖြစ်စဉ်ကိုပြောတာပါ
( Flip-Flop တွေကို နားလည်မှ သဘောပေါက်နိုင်ပါမယ် )
ဒီလို Reset ဖြစ်စဉ်ဖြစ်ဖို့အတွက် Reset
ငုတ်ကို ဗို့အားတစ်ရပ်ပေးရပါတယ်
ဒီနေရာမှာ သဘောတရားတစ်ခုရှိနေပါတယ်
Reset ဖြစ်ဖို့အတွက် Reset ငုတ်ကို
အပေါင်းဗို့အားလည်း ပေးရပါတယ်
အနှုတ်ဗို့အားလည်း ပေးရပါတယ်
ဘာဗို့ပဲပေးပေး Reset ဖြစ်တယ်
Resetဖြစ်စဉ်ဖြစ်ပေါ်တယ်လို့ သုံးနှုန်းလိုက်ရင်
အဲဒါ Digital Circuit သို့မဟုတ် မှတ်ဉာဏ်
ဆားကစ်အစပြုနိုင်ဖို့အတွက် သက်ဆိုင်ရာ
Flip-Flop တစ်ခုရဲ့ Output အခြေကို
Low Level ဖြစ်စေတယ်လို့ ပြောလိုက်တာပါပဲ
Reset ငုတ် +V = အထွက် Low Level
Reset ငုတ် -V = အထွက် Low Level
ဒါဆိုရင် အထွက်ကို Low Level ဖြစ်စေဖို့
Reset ငုတ်ကို ဘာဗို့ပေးပေး ရတယ်လို့ပြောရာကြပါတယ် အဲလိုသဘောလည်း မဟုတ်ပါဘူး
များသောအားဖြင့် Flip-Flop Input တွေမှာ
အုပ်စုကွဲ ၂ မျိုးပဲရှိပါတယ်
Input High မှ အလုပ်လုပ်တဲ့အုပ်စု
Active High Input နဲ့
Input Low မှ အလုပ်လုပ်တဲ့
Active Low Input ဆိုပြီးတော့ပေါ့
Active High Input အမျိုးအစားတွေမှာ
Reset ဖြစ်စေဖို့ Reset ငုတ်ကို
+V ပေးရပါမယ်
Reset +V = Output Low Level
ဖြစ်ပြီးတော့
Active Low Input အမျိုးအစားတွေမှာတော့
Reset ငုတ်ကို အနှုတ်ဗို့ပေးမှ ရပါတယ်
Reset -V = Output Low Level
အဓိက အရေးအကြီးဆုံး မှားယွင်းနေတဲ့
သေဘာတရားက
ဗို့သည် Reset ဖြစ်စဉ် အမြဲဖြစ်နေစေဖို့
အမြဲတမ်း ဗို့ပေးထားစရာမလိုပါ
ဥပမာ Active High Input မှာ
အပေါင်းဗို့ပေးမှ အလုပ်လုပ်မယ်ဆိုတော့
Reset ငုတ်ကို အပေါင်းဗို့ပေးရပါတယ်
+V ပေးတာနဲ့ Reset ဖြစ်စဉ်ဖြစ်ပေါ်ပြီး Digital Circuit အလုပ် စလုပ်စေဖို့အတွက်
Reset ကိုပေးထားတဲ့ +V ကို ဖြတ်တောက်ပစ်ရပါမယ်
( အမြဲ +V ပေးထားရင် တစ်ချိန်လုံး Reset
ဖြစ်စဉ်ပဲ အမြဲတမ်းဖြစ်နေတော့မှာဖြစ်ပြီး
Digital Circuit အားလုံး Reset အခြေမှာပဲ
ရပ်နေမှာပါ အလုပ်လုပ်မှာမဟုတ်ပါဘူး )
ဆိုလိုတာက Reset ဗို့သည် တစ်ချက်ပဲ
ပေးရတာပါ အမြဲတမ်းပေးထားစရာမလိုပါဘူး
Reset ငုတ်ကို +V တစ်ချက်ပေးပြီး လွှတ်လိုက်ရပါမယ် ဒါပေမယ့် Circuit သဘော
တရားအရ လွှတ်ထားတဲ့ငုတ်တစ်ခုကို
ဒီအတိုင်းထားလို့မရပါဘူးတဲ့
ဒါကြောင့် အဲငုတ်ကို GND ထားပေးလိုက်ပါတယ်
( Active High Input က GND -V ပေးထားလို့ အလုပ်မလုပ်ဘူးလေ )
ဒါကြောင့်ပြောချင်နေတာက
Reset ငုတ်တွေမှာ ပုံသေပေးထားတဲ့ ဗို့တွေဟာ အလုပ်မလုပ်စေတဲ့ ပြောင်းပြန်ဗို့အား
တွေဖြစ်ပါတယ်
+V ပေးမှ အလုပ်လုပ်မယ့် အဝင်ကို -V ပေး
-V ပေးမှ အလုပ်လုပ်မယ့်အဝင်ကို +V ပေး
ထားခြင်းကိုသာမြင်တွေ့ရမှာဖြစ်ပြီး
Reset ငုတ်မှာ ဒီဗို့ရှိရမယ် ဒီဗို့ပေးမှအလုပ်လုပ်တယ်လို့ ယူဆထားမှုကြီးဟာ
လွန်စွာမှ မှားယွင်းမှုကြီးပါပဲ
၄ ဗို့အားပြောင်းလဲစေမှုဖြင့် signal ဆိုတာကြီး
ဖြစ်ပေါ်လာပုံ
( ဗို့အားပြောင်းလဲမှုသည် signal ကိုဖြစ်စေသည် )
တစ်နည်းအားဖြင့် Signal စတင်ထွက်ပေါ်ရာ
Signal Source
+5V သည် capacitor ကို မဖြတ်သန်းနိုင်သော်လည်း capacitor ကို
မီတာဖြင့် ခွတိုင်းကြည့်ပါ
ဗို့အားပြသမှုမရှိပါဘူး မီတာတံမတက်ပါဘူး
0V ပေါ့ ဒါဆို မီတာမှာပြသောဗို့အားသည်
လက်တံနှစ်ခုထောက်မိသော ဗို့အားနှစ်ခုခြားနားခြင်း နှုတ်ခြင်း တန်ဖိုးဖြစ်သဖြင့် ( voltage difference )
0V = 5V - 5V ဖြစ်မှသာ 0V ဆိုတဲ့
မီတာပြတန်ဖိုးဖြစ်ရမှာကြောင့် capacitor ၏
ဟိုဘက်ရော ဒီဘက်ရော 5V ရှိနေတယ်ဆိုတဲ့
သေဘာတရားပါ
အမြင်တစ်မျိုးနဲ့ကြည့်ရင် +5Vသည် C ကို
ကျော်ပြီး IC သို့ရောက်လာသကဲ့သို့ဖြစ်နေပါသည်
Capacitor မှာ ဗို့အားရှိလာချိန် ခွတိုင်းကြည့်ရင်
( ဘက်ထရီတစ်လုံး အပေါင်းအနှုတ် ဗို့ရှိ မရှိ ခွတိုင်းသကဲ့သို့ )
ဗို့ပြလာပါတယ် အားပြည့်သွားပြီဆိုပါစို့
Capacitor မှာ 5V ပြနေခြင်းသည်
Capacitor ၏ အစွန်းနှစ်ဖက်ဗို့အား နှစ်ခုခြားနားခြင်းတန်ဖိုး 5V = 5V - 0V
ဖြစ်မှသာ capacitor မှာ ဗို့ပြလို့ရမှာပါ
+5V မှ resistor သည် capacitor ၏ charing သွင်းယူမှုဖြစ်စဉ်တွင် အမ်ပီယာစီးဝင်မှု
အတိုင်းအတာကို ကန့်သတ်ထားခြင်းဖြစ်ပြီး
ခုခံမှုတန်ဖိုးကြီးလျှင် အားပြည့်ချိန်ကြာစေပြီး
Capacitor ၏ လျှပ်သိုတန်ဖိုး uf ပေါ်လည်း
မူတည်ပါသေးသည်
Capacitor ၏ မူလအခြေသည်
အားမရှိသော ဘက်ထရီနှင့်တူသည်
အပေါင်းဗို့ အနှုတ်ဗို့ချိတ်ဆက်လိုက်သည်နှင့်
အားသွင်းဖို့ကြိုးစားမည် အားပြည့်ဖို့ကြာချိန်ကို
Formula ဖြင့်တွက်ယူနိုင်သည်
Reset ဆိုတဲ့သဘောတရားလေး ပြောဖို့အတွက် ဒစ်ဂျစ်တယ်ဆစ်ဂနယ်၏ သဘောသဘာတွေ ( CLK )
EEPROM ခေါ် Memory ဆိုတဲ့ မှတ်ဉာဏ်
သဘောတရားတွေရဲ့ လုံးဝအခြေခံဖြစ်တဲ့
Flip-Flop Circuit သဘောသဘာဝတွေ
Digital Circuit တွေရဲ့ အဓိကအသက်သွေး
ကြောဖြစ်တဲ့ Gate တွေရဲ့ သဘောသဘာဝတွေ
အားလုံးသိထားပါမှ ရာနှုန်းပြည့် သဘောပေါက်
နားလည်နိုင်ပါလိမ့်မယ်
CPU သည် Reset pin 0V ဖြစ်တိုင်း program counter သည် memory
address ၏ 0×000000 (0 မှစတင်ကာ )
မှပြန်လည်အစပြုကာ restart ညွှန်ကြားခိုင်းစေထားမှုများ
( instructions code များ ) ကို လိုက်နာ
လုပ်ဆောင်မှု ex*****on ပြုလုပ်ပေးပါသည်
အရေးတကြီး ပြန်လည်အစပြုရန်လိုအပ်လာရင်လည်း
Emergency reboot ပြုလုပ်နိုင်ပါသည်
CPU လုပ်ဆောင်မှု hang သွားသောအခြေအနေမျိုးတွင်လည်း Reset
ပြုလုပ်ပေးရပါသည်
ဖုန်းဟမ်းနေရင် sleep လုပ်ပြီး ပြန်ဖွင့်ကြည့်သကဲ့သို့
စက်တစ်လုံး Power စဖွင့်ကာစမှာ
Circuit လှည့်ပတ်စီးဆင်းမှုပုံမှန်ရှိမရှိ ကျိန်းသေစေဖို့
( normal state ဟုတ်မဟုတ် ) Reset pin ရဲ့ ဗို့အားကို OV မှာ အချိန်အကန့်တစ်ခုအထိကြာအောင် hold
လုပ်ထားပြီး တည်မြဲနေစေရပါတယ်
ဆိုလိုတာက cpu က power supply voltage Vcc ရရှိနေပေမယ့် reset pin
ကို ဗို့မပေးသေးဘဲ ခဏစောင့်နေရတဲ့သဘောမျိုးပါ
ဒီလိုခဏစောင့်နေရတဲ့ အချိန်အတွင်းမှာ
Cpu သို့ရောက်ရှိရမည်ဖြစ်သော voltage များ
Clk ခုန်လှိုင်းများ ပုံမှန်ရှိမရှိနှင့် သူလုပ်ဆောင်ရမည့် ညွှန်ကြားချက်များကို
Initalization ဖတ်ပါတယ်
အောက်စက်ထဲကို အခွေထည့်ပြီး Loading
အချိန်ကို ခဏစောင့်ပြီးမှ Play ရန်အသင့်ဖြစ်ပြီ
ဆိုတဲ့အချိန်ကြမှ ရှေ့ display panel မှာ
Counter တက်လာသလိုမျိုးပါပဲ
အဲလို CPU က လုပ်ဆောင်ရန် အသင့်အနေအထားဖြစ်ပြီဆိုတော့မှ Cpu ကို
0V ပေးထားတဲ့အခြေအနေ တစ်နည်းအားဖြင့်
ဗို့မပေးသေးပဲ ခဏစောင့်နေတဲ့ အခြေအနေ
( reset state ) မှ လွတ်ကင်းစေရပါမယ်
ဗို့ပေးရပါမယ်
ဆိုလိုတာက 0V = reset ဖြစ်စဉ်ပါ
ဒီလို Cpu ကို စောင့်စားနေရတဲ့အချိန်ကိုပဲ
Reset အခြေ သို့မဟုတ် စောင့်ဆိုင်းချိန်
Delay Time လို့ခေါ်ပါတယ်
Cpu အသင့်ဖြစ်တာနဲ့ Reset အခြေမှလွတ်ကင်းအောင် reset ဗို့ 0V
ကို reset pin မှ ဖယ်ထုတ်ပစ်ရပါမယ်
0V မှ လွှတ်လိုက်ပြီး မသုံးဘဲ NC သဘောမျိုး
လွှတ်ထားနိုင်ပါတယ် သို့ပေမယ့် 0V
မပေးထားပေမယ့် NC အဖြစ်လွှတ်ထားခြင်းသည် reset pin ဗို့မရှိ
0V လို့ယူဆပြီး cpu က reset လုပ်ခိုင်းနေတယ်လို့ မှားယွင်းယူဆနိုင်တာကြောင့် NC ငုတ်အဖြစ်
မသုံးဘဲလည်း ထားလို့မရပြန်ပါဘူး
ဒါကြောင့် reset pin ကို invalid voltage
ခေါ် အလုပ်မလုပ်စေရန် ဆန့်ကျင်ဘက်ဗို့အားတစ်ခု ပေးထားတဲ့သဘော
(Diode ကို reverse voltage ပေးထားသကဲ့သို့ ) မျိုးဖြင့် အပေါင်းဗို့အား
5V အဖြစ်ချိတ်ဆက်ပေးသွင်းထားခြင်းဖြစ်ပါသည်
အနှုတ်ဗို့အားပေးထားရင် cpu က reset
အခြေမှာပဲ ရပ်နေပြီး အလုပ်လုပ်ဆောင်လို့မရပါဘူး ဒါကြောင့်
Cpu က Vcc ရနေပေမယ့်
Reset pin ကို ဗို့မပေးသေးဘဲ 0V ဖြင့် ခဏစောင့်နေရပြီး Cpu အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ 5V ပေးလိုက်ခြင်းသည် CPU ကို reset အခြေ
0V မှလွတ်ကင်းလိုက်စေတာလို့ ယူဆရမှာဖြစ်ပြီး reset pin ကို 5V ပေးထားလို့
CPU အလုပ်လုပ်နေတာလို့ ယူဆထားမှုဟာ
လုံးဝကို မှားယွင်းတဲ့ မဟာအမှားကြီးတစ်ခုပါပဲ
တကယ်တော့ ကျွန်တော်တို့တိုင်းလို့ရနေတဲ့
Reset pin ရဲ့ ဗို့အားဟာ Invalid Voltage ကြီးပဲဖြစ်ပါတယ်
အလုပ်မလုပ်အောင် ပေးထားတဲ့ဗို့အားကြီးပါ
အဲဗို့ပေးထားလို့
Cpu ကို reset state မဖြစ်စေတာပါ
အနှုတ်ဗို့ပေးရင် reset ဖြစ်သွားမှာစိုးလို့
အပေါင်းဗို့မပေးချင်ဘဲပေးထားရတာပါ
ဒီလို reset pin ကို ဗို့မပေးဘဲ ခဏစောင့်နေရတဲ့အချိန်ကို resistor နဲ့ capacitor RC အတွဲက လုပ်ဆောင်ပေးပါတယ် ဒီ Delay Time အတွင်းမှာ reset pin ကို 0V မှ Cpu က
Logic Low အဖြစ်သတ်မှတ်ထားတဲ့ ဗို့အား
Level တစ်ခုအတွင်းကနေ ကျော်လွန်ပိုကဲမသွားစေရအောင် RC အတွဲက
ထိန်းပေးထားရတာပါ
Reset pin 5V ရရင်ပြီးရော အလုပ်လုပ်တယ်လို့ ယူဆထားရင် အခြား
Supply တစ်ခုခုမှ 5V တန်းကျွေးခြင်း
Reset pin မွ delay capacitor ( သို့ ) Timing capacitor ကို
အရေးမကြီးဟု ပေါ့တန်စွာသဘောထားမိခြင်း
စတဲ့ စတဲ့ လွန်စွာမှ မှားယွင်းသောလုပ်ရပ်များ
ယူဆမှုများ ဖြစ်ပေါ်လာပါတော့မယ်
ဒါဟာ အသိတစ်ခု လိုအပ်နေတာကြောင့်
လက်တွေ့အမြင်တစ်ခုနဲ့ အမြင်အတွေ့အတိုင်း
ယူဆထားမှု သဘောတရားဖြစ်သွားလို့ပါပဲ
Cpu reset ဖြစ်စေဖို့ reset pin မှာ
Reset voltage အဖြစ် 0V နဲ့ စောင့်စားပေးရသည်ဆိုရာဝယ် အမြဲတမ်းပုံသေတော့ မမှတ်သင့်ပါ
တကယ်တော့ CPU တို့ Memory တို့ရဲ့
အတွင်းမှာ အခြေခံအကျဆုံး မှတ်ဉာဏ်ဆားကစ်
တွေဖြစ်တဲ့ Flip-Flop Circuit မြောက်မြားစွာ
ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဲဒီ Flip-Flop
ဆားကစ်တွေဟာ အခြေခံအားဖြင့်
မျိုးကွဲ ၂ မျိုးပဲရှိတဲ့ အဝင်တွေကို လက်ခံပါတယ်
Active High Input နဲ့ Active Low Input ဆိုပြီးတော့ပါ မြန်မာလို ရှင်းရှင်းပြောရရင်တော့ အဝင်ငုတ်ကို
အပေါင်းဗို့ပေးမှ အလုပ်လုပ်စေတဲ့သဘောနဲ့
အနှုတ်ဗို့ပေးမှ အလုပ်လုပ်စေတဲ့သဘောမျိုးပါ
ဒါကြောင့် CPU ကို စောင့်ဆိုင်းချိန် Delay Time အတွင်း Reset State ဖြစ်စေဖို့
0V မှာထားပြီး ခဏစောင့်ရမှာလား
5V မှာထားပြီး ခဏစောင့်ရမှာလား
ဆိုတာသည် CPU အတွင်းဖွဲ့စည်းထည့်သွင်း
ထားသော Flip-Flop အမျိုးအစား
Program Counter Circuit ပေါ်မူတည်နေပါသည်
ပညာရပ်အပေါ် စိတ်ပါဝင်စားသူများ
လေ့လာဆဲ သူများ ပညာရနိုင်ပါစေဆိုတဲ့ သဘောနဲ့
လမ်းစဖော်ပေးခြင်းဖြစ်ပြီး လိုရာခရီးသို့ ဆက်လက်လေ့လာနိုင်ကြပါစေ
ဒီလိုမျိုး သိမြင်တွေးခေါ်မှုတွေကို သိထားတဲ့သူတွေရှိနေကြပေမယ့် ကျွန်တော်တို့ service လောကသို့ မည်သူမှယူဆောင်မလာကြပါဘူး ဆက်စပ်မပေးကြပါဘူး
Electronic မြန်မာလို စာအုပ်စာပေတွေမှာလည်း
ဒီ RESET အကြောင်းကို နားလည်သဘော
ပေါက်နိုင်လောက်အောင် ရေးသားထားမှုမျိုး
ကျွန်တော့် service သက်တမ်းတစ်လျှောက် မတွေ့ခဲ့ မဖတ်ခဲ့ဘူးလို့ အတော်လေး အသိနောက်ကြခဲ့ရပါတယ်
ဒီ အခက်အခဲကို စက်ဆရာအပေါင်း အလွယ်တကူ
ကျော်လွှားသိမြင်နိုင်စေဖို့ အပင်ပန်းခံပြီး မအားတဲ့ကြားက
ပညာဒါနအဖြစ် လှူဒါန်းလိုက်ရပါတယ်။


29/08/2023

ဟုတ်ကဲ့ မင်္ဂလာပါ...
မနက်ဖြန် 25.9.2022 (Super Sunday) 💙
Smile Electronic ဆိုင်တစ်ရက်ပိတ်ပါတယ်နော်

Midea ဖုန်စုပ်စက်လေးမှာယူမယ်ဆိုရင်တော့
Viber 09262648936 မှာ နာမည် ဖုန်း လိပ်စာလေးပို့ပြီး မှာယူထားနိုင်ပါတယ်။
ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

07/06/2023
07/06/2023

Address

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း
Bilin
12031

Telephone

+959899901233

Website

Alerts

Be the first to know and let us send you an email when Ko Kyaw Swar မီးစက်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Kyaw Swar မီးစက်ရောင်းဝယ်ရေး:

Share