𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠

  • Home
  • Myanmar
  • Botataung
  • 𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠

𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠, Business consultant, Nawaday, Botataung.

ဇနက္ကမင်းသား သင်္ဘောပျက်တော့ပင်လယ်ထဲ ၇ ရက် လက်ပစ်ကူးနေရဲ့ အဲဒီမှာ မဏိမေခလာ နတ်သမီးပေါ်လာတယ် ... ပေါ်လာရုံပဲရှိသေးတာကယ်တဲ...
30/04/2023

ဇနက္ကမင်းသား သင်္ဘောပျက်တော့
ပင်လယ်ထဲ ၇ ရက် လက်ပစ်ကူးနေရဲ့
အဲဒီမှာ မဏိမေခလာ နတ်သမီး
ပေါ်လာတယ် ... ပေါ်လာရုံပဲရှိသေးတာ
ကယ်တဲ့အဆင့် မရောက်သေးဘူးနော် ..
ဘာဖြစ်လို့လဲဆိုတော့ ...
ကယ်ချင်တိုင်း ကယ်မရလို့ ...

မေခလာနတ်သမီး ဆိုတာ
ပင်လယ်ကို အစိုးရ သူ ...
Greek Mythologyမှာဆို Poseidon လိုမျိုး
ပင်လယ်ပိုင်တဲ့ နတ်ဘုရား ပေါ့
ပင်လယ်မှာ ဒုက္ခနဲ့ ရင်ဆိုင်နေရသူတိုင်းကို
မေခလာနတ်သမီးက ကယ်ခွင့်မရှိဘူး ..
ကယ်ရလောက်တဲ့ သီလ သမာဓိ နဲ့ ပြည့်မှ
ကယ်လို့ ရတာ ... ဒါက တစ်ပိုင်း

ဇနက္ကမင်းသား သင်္ဘောပျက်ပြီး
ပင်လယ်ထဲ စ ရောက်တဲ့ အချိန်က
မေခလာ နတ်သမီး ချက်ခြင်းပေါ်မလာဘူး
၇ ရက်ကြာ ပြီးမှ ပေါ်လာတယ် ...
ဘာကြောင့်လဲဆိုတော့ သမုဒ္ဒရာကို
စစ်ဆေးဖို့ မေ့နေလို့ တဲ့ ...
အဲဒီမှာ ဝူရှူးဝါးတွေ ဖြစ်ကုန်တော့တာပဲ

တကယ်မေ့တာလား ဆိုတော့
အဋ္ဌကထာ က နှစ်မျိုး ဆိုပြတယ် ...
- နတ်စည်းစိမ် နဲ့ ယစ်မူးပြီး မေ့နေတာ
- နတ်သဘင် meeting ထိုင်နေတာ တဲ့

ဘာပဲဖြစ်ဖြစ် သင်္ဘောပျက်တော့
ကယ်ပါ ယူပါနဲ့ ပိုင်ရာဆိုင်ရာတွေကိုပင့်ပြီး
ဆုတောင်းခဲ့ကြတဲ့
သင်္ဘောသား ၇၀၀ ကတော့
စမုံတုံးသွားကြလေရဲ့ ...

အဲဒါပဲ..
ကိုယ့် သောက်ပြဿနာတက်မှ
ရှိသမျှနတ် ကို အားတိုင်းပင့်ပြီး
ဆုတောင်းနေမယ်ဆို အဋ္ဌကထာ လာ
မေခလာကို နမူနာ ယူထားကြပေါ့

သူတို့လည်း သူ့တို့ စည်းစိမ်နဲ့သူတို့
ကောင်း နေကြတာရယ် ..
ကိုယ့်ကို သောက်ဖက်လုပ်ဖို့ မသေချာဘူး
မလုပ်လို့လဲ ဟိုကနဲ ၇၀၀ လစ်သွားတာ ...

နောက်တစ်ချက် က Meeting ဆိုတဲ့ ကိစ္စ
သူတို့ Meeting လောက်ကို
နင်တို့က အရေးမကြီးဘူး .. ဟုတ်ပြီလား
တွက်ပြမယ် ...
လူ့သက်တမ်း နှစ် ၁၀၀ ကို
နတ်ပြည်မှာ ၁ ရက် ပဲ ကြာတယ် ဆိုတယ်
ရက်နဲ့ဆို ၃၆၅၀၀ ရက် ကို (၂၄ ) နာရီပေါ့
သင်္ဘောသားတွေသေပြီး ၇ ရက်အကြာမှ
မေခလာနတ်သမီးက ပေါက်ချလာတာ
ဆိုတော့ .. အချိုးချလိုက်ရင်
၃၆၅၀၀၀ ရက် ကို ... ၂၄ နာရီ
၇ ရက် .... ကို ... ၁၆.၅ စက္ကန့်
ကြည့် ... ၁၆.၅ စက္ကန့်လောက်တောင်
ဘောင်မဝင် တဲ့ ကိုယ်တွေအနေထား ...
အဲဒါကို ဂေါင်းကြီးတို့က
ဘာတွေ မျှော်လင့်နေကြတာလဲ ...

ဒီလိုနဲ့ မီတင်ပြီးတော့ အလုပ်ဖက်ကို
စိတ်ပြန်လည်လာတဲ့အခါ
မေခလာနတ်သမီးက Ocean Inspection
ဝင်ကြည့်တယ်ပေါ့ .. အဲဒီမှာ
ဇနက္ကမင်းသားကို သွားတွေ့လေရဲ့ ... တွေ့တာနဲ့ ချက်ခြင်းလာခဲ့ဆိုပြီး
ဂုတ်ဆွဲ မ မသွားဘူး.. ကောင်းကင်မှာ
ရပ်နေရင်း ဇနက္ကမင်းသားကို
Questions Shoot တယ် .. ကယ်ဖို့ သင့် မသင့် Test လုပ်တယ် ဆိုပါတော့ ...

M : ကမ်းမမြင်လမ်းမမြင်ကြီးထဲ
အသက်ရှင်မယ်လို့ ထင်ပြီး
ဇွတ် ကူးခတ်နေတယ်လား ...

Z : ကြိုးစားတယ်ဆိုတာ လူယဉ်ကျေး
တို့ရဲ့ဝတ္တရားပဲ ကမ်းမမြင်လည်းကူးရမှာပဲ

M : ကမ်းမရောက်ခင် ဂိ သွားရင်ရော

Z : အေးတာပဲပေါ့

M : ဒါနဲ့များ အပိုလုပ်ပြီး ကူးနေသေးတယ်

Z : အပိုမဟုတ်ဘူး ဟ ...
စိတ်ကို အစိုးရပြီး လောကဓံကို
ရင်ဆိုင်ရဲတာ လို့ ခေါ်တယ် ...
ငါ့ကျမှ ဖြစ်ရလား ဆိုပြီး ဘူ မနေပဲ
ဖြစ်လာတဲ့ အခြေနေပေါ်မှာ ရလဒ်ကို
ကိုယ်တိုင်ဖန်တီးနေရတာ ..
ဖန်တီးဆဲ အဆင့်ဟာ အောင်မြင်နိုင်သလို
ကျဆုံးနိုင်တာလည်းရှိတယ် ... ဘာနေနေ
ရင်ဆိုင်ရမှာတော့ အသေချာပဲ ..

ဟိုကနဲတွေကိုပဲ ကြည့်လေ ...
ဘာမှ မလုပ်ရသေးဘူး
နတ်တွေချည်း လှိမ့် ကယ်ခိုင်းနေတာ ..
ခုတော့ ... အကုန်လုံး စမုံတုံး သွားတယ်

ကျုပ်ကတော့ ရှင်းတယ် ...
ကိုယ့်ကိုယ်ကို ကယ်တယ် ...
အနည်ဆုံး သူတို့ထက် ၇ ရက်တော့
ပိုပြီး အသက်ရှည်နေသေးတယ်
ပြီးတော့ ...
ခင်ဗျား ရှိမှန်းလည်း ကျုပ်မသိဘူး ..
တောင့်တဖို့လည်း အာရုံမလာဘူး ...
ဒါပေမယ့် ...
ကျုပ်ရဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိရှေ့မှာ
ခု ခင်ဗျား လာရပ်ပြနေရပြီ ... ဟုတ်လား

ဆွံ့အ ...
ကြွေကျ ...
မေခလာ တခါတည်း ဆယ် မ ...

ပြောချင်တာ ... အဲဒါပဲ ...
ဘာနေနေ ... စိတ်ကို အစိုးရပြီး
ရင်ဆိုင်ဖို့ သတ္တိသာရှိ ..
ဘယ်နတ်မှ ပင့်စရာမလိုဘူး ...
သူ့စရိတ်နဲ့သူ ပေါက်ချလာလိမ့်မယ် ... စိတ်သာချ ...


ပုံကတော့ မေခလာလဲ ပူလို့ ထင်ပါတယ် 😂

မြန်မာပြည်မှာဂျပန်တစ်ယောက်ပြောတဲ့မြန်မာပြည်မှာ သွင်းးကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုလာဖွင့်ထားတဲ့ ဂျပန်တစ်ယောက်နဲ့တွေ့တယ်... သ...
21/04/2023

မြန်မာပြည်မှာဂျပန်တစ်ယောက်ပြောတဲ့
မြန်မာပြည်မှာ သွင်းးကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုလာဖွင့်ထားတဲ့ ဂျပန်တစ်ယောက်နဲ့တွေ့တယ်...
သူ့ဆီက သတင်းနဲ့မြန်မာပြည်၊ မြန်မာ နိုင်ငံမြန်မာလူမျိုးအပေါ် အမြင်လေးနဲ့မြန်မာပြည်ဘာကြောင့် မချမ်းသာရလဲမေးခဲ့ပါတယ်...
သူပြောတဲ့အချက်ထဲက မြန်မာလူမျိုး ချမ်းသာချင်ရင် ရှေ့ရိုးစွဲတွေပြင်ရမယ်လို့ပြောသွားတယ်...
ကိုယ်ကမသိလို့ထပ်မေးကြည်တယ် ဘာတွေများဖြစ်နေမလဲပေါ့ မေးတော့
သူအတွေ့အကြုံ တစ်ခုပြောတယ် ကျောင်းတစ်ကျောင်းကိုအလှူတစ်ခုသွားလုပ်တယ်...
အလှူတစ်ခုလုပ်ရင်ကျောင်းသား တွေကိုမေးကြည်တယ်....
မင်းတို့ ချမ်းသာချင်ကြလာမေးတယ်...
မင်းတို့ချမ်းသာချင်ရင် ပညာအထုပ် နဲ့ ငွေသားအထုပ် ချထားရင် မင်းတို့ဘယ်ဟာကို ယူမလဲမေးတယ်.... ကျောင်းသားတွေက ပညာထုပ်ပဲရွေးကြတယ် အဲ့ဒါကိုကမြန်မာတွေ မှားနေတဲ့အချက်ပါ...
ကျောင်းသားတစ်ယောက်မေးကြည်တယ် ဘာလို့ပညာထုပ်ကိုယူရတာလဲ ပညာရွှေအိုး
လူခိုးလို့မရဘူးလို့ ကျောင်သားကဖြေတယ်....
ငွေသားကြ မင်းတို့မလိုချင်ကြဘူးလားမေးတော့ ငွေကပညာတက်ရင် အချိန်မရွေးရှာလို့ရတယ်လို့ဖြေတယ် ဆရာသာဆိုရင်ငွေပဲ ယူမှာလို့ကျောင်သားတွေကိုပြောလိုက်တယ်
ကျောင်းသားတစ်ယောက်ကဘာလို့ငွေကိုရွေးတာလဲဆရာလို့ပြန်မေးတယ်...
မင်းတို့ချမ်းသာချင်ရင် ငွေကိုရွေးရမယ်၊ ငွေအရင်းနှီးရမယ်ဆိုရင် စီးပွားရေး မလုပ်တတ်ဘူး ဆိုရင်
ဘဏ်မှာ အတိုးပေးထားမယ် ဒါမှမဟုတ်ရင် ယုံကြည်ရတဲ့ ကုမ္ပဏီ တစ်ခုခုမှာရှယ်ယာ ဝင်ထားမယ်..
ဒါမှမဟုတ်ရင်၊ တိုက်ခန်းတွေဆောက်ထားငှားစားလို့ရမယ်....
အဲ့လိုဆိုရင် ဘာမှလုပ်စရာမလို ထိုင်စားနေလို့ရတယ်မဟုတ်လား...
ခုဆရာဆိုရင်
အသက် ၂၀ နှစ်မှာ အရင်းနှီးတစ်ခုကိုဘဏ်ကနေအတိုးနဲ့ချေးယူခဲ့တယ် စီးပွားရေးလုပ်လို့ကောင်းမဲ့နိုင်ငံတစ်ခုရွေးလိုက်တယ်..
မြန်မာနိုင်ငံကိုလာခဲ့တယ် ခုမြန်မာပြည်မှာ ကုမ္ပဏီတစ်ခု တည်ထောင်ထားတယ်...
အသက် ၂၅နှစ် ရှိသွားတော့ ချေးထားတဲ့ငွေလဲပြန်အပ်အပြီးကို
ယခုမြန်မာနိုင်ငံမှာ ရင်းနှီးထားတဲ့ကုမ္ပဏီတွေ ရယ် ဂျပန် မှာပြန်ပြီး ကုမ္ပဏီ တစ်ခုပါပြန်ဖွင့်နိုင်ခဲ့ပြီဖြစ်တယ်...

ပညာသာရွေးခဲ့မယ်ဆိုရင် အတန်းတွေတက်မယ်
ဟိုအတန်းတွေတက် ဒီအတန်းတွေတက်မယ် နိုင်ငံခြားမှာသွားပြီးပညာတွေသင်မယ် ဒီလိုနဲ့အသက်သာကြီးသွားတယ် ဘွဲ့တွေကတော့ မရေမတွက်နိုင်အောင်ရနေပေမဲ့ စီးပွားရေးကဘာလုပ်ရမယ်မသိသေးဘူးပေါ့...
မြန်မာပြည်မှာပညာသာတက်ပြီး အသက်သာကြီးသွားတယ် ကုမ္ပဏီ တစ်ခုမပိုင်ဆိုင်တဲ့လူတွေအများကြီးမဟုတ်လား....
အဓိကက စီးပွားရေး မျက်စိရှိမှ ချမ်းသာတာပါ ပညာတက်လဲ စီးပွားရေး မျက်စိမရှိရင်မချမ်းသာနိုင်ပါဘူး..
ဆရာရဲ့ကုမ္ပဏီမှာ မြန်မာနိုင်ငံ ပညာတက်တွေအများကြီးလာလုပ်ကြပါတယ်သူတို့ရဲ့အလုပ်ဖောင်မှာကြည်မယ်ဆိုရင် သူတို့ရထားတဲ့ ဘွဲ့တွေဆိုဖြေလို့ထားတာစီလို့ပါပဲ...
ပညာတတ်လဲ ပိုက်ဆံရှိသူကို အောက်ကျို့ရတာပါပဲ ပိုက်ဆံရှိအောင်ကြိုးစားပါ စီးပွားရေးမျက်စိရှိပါ...
ပညာရှိတိုင် မချမ်းသာနိုင်ပါဘူး...
အတွေးအခေါ် မြင့်ပါ အမြင်မကျဥ္းပါစေနှင့်
crd

19/04/2023

ပိတ်ရက်တွေမှာ တချို့ကမိဘတွေဆီကို ပြန်တယ် ၊

တချို့က ကောင်းကောင်း အနားယူကြတယ်။

ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်လေးဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အရင်က အတိုင်းဘဲ စျေးနှုန်းအတက်အကျတွေနဲ့ တခြားသော ဗဟုသုတ အကြောင်းအရာတွေကို အမြဲ ပြန်လည် ရေးသားပေးပါ့မယ်။

ပိတ်ရက်တွေမှာ ဖုန်းဆက်ပြီး၊ စာပို့ပြီး မေးမြန်းထားတဲ့ လုပ်ငန်း စိတ်၀င်စားသူများကိုလဲ ပြန်လည်ဆက်သွယ်ပေးနေပါပြီ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အတူမြင်ပင်မယ့် အမြင်မတူတဲ့ အခါ အဓိပ္ပါယ်ဟာ လွဲမှားနေအုံးမှာပါ။=================================_ ကျရှုံးချိန်မှာ   ခေါင်...
26/03/2023

အတူမြင်ပင်မယ့် အမြင်မတူတဲ့ အခါ အဓိပ္ပါယ်ဟာ လွဲမှားနေအုံးမှာပါ။
=================================

_ ကျရှုံးချိန်မှာ ခေါင်းမော့ပါ
_ကြိုးစားချိန်မှာ နှုတ်လုံပါ
_အောင်မြင်ချိန်မှာ မာန်ချပါ
_ပြည့်ဝချိန်မှာ မျှဝေပါ

_ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

_ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။
_အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

_ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။
_အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။
_လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

_ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ
ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

_ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်
_ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ
ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

_အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာတွေက
ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်
တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

_မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။
_ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။
_လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။
_ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

_မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့
ရုန်းထွက်နိုင်အောင်ကြိုးစားပါ။
_စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ
သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

_ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့။
_ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

_လူကိုမကြည့်နဲ့. မူကိုကြည့်။
_ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။
_အပြောမကြည့်နဲ့. မနောကိုကြည့်။

_အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။

CRD

23/03/2023

ယနေ့ 23 March 2023
ကမ္ဘာ့ရွှေစျေးကွက် သုံးသပ်ချက်
ဌေးကြွယ်
Ph:09-756192971

22/03/2023

ယနေ့ 22 March 2023
ကမ္ဘာ့ရွှေ သုံးသပ်ချက်

ဌေးကြွယ်
PH:09-756192971

ယနေ့ 21 March 2023 (Tue)ကမ္ဘာ့ရွှေ သုံးသပ်ချက်အခြေအနေအရပ်ရပ်ကြောင့် အထက်သို့ ဦးတည်နေတဲ့ ကမ္ဘာ့ရွှေစျေးဟာ ဆက်လက်မြင့်တက်...
21/03/2023

ယနေ့
21 March 2023 (Tue)
ကမ္ဘာ့ရွှေ သုံးသပ်ချက်

အခြေအနေအရပ်ရပ်ကြောင့် အထက်သို့ ဦးတည်နေတဲ့ ကမ္ဘာ့ရွှေစျေးဟာ ဆက်လက်မြင့်တက်ရန် ၀ယ်လိုအားများကို စောင့်ဆိုင်းနေပုံပါပဲ။ 1955-66 စျေးတန်းတွေလောက်ထိ ခနတာ ပြန်ဆင်းမယ်လို့ ယူဆရပါတယ်။ ဒီနေ့အတွက်ကတော့ 1989-87 စျေးတန်းတွေမှာ အရောင်းကြိုက်ပါတယ်။

✩ 𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠
𝐏𝐡:𝟎𝟗-𝟕𝟓𝟔𝟏𝟗𝟐𝟗𝟕𝟏 ✩

စတော့ရှယ်ယာ၊ ကမ္ဘာ့ရွှေနှင့်ရေနံ၊ နိုင်ငံတကာငွေကြေး ရောင်း/၀ယ် သင်တန်းအတွက် ထိုင်းနိုင်ငံက ညီအစ်ကိုတစ်ယောက်ရဲ့ ယုံကြည်မှ...
20/03/2023

စတော့ရှယ်ယာ၊ ကမ္ဘာ့ရွှေနှင့်ရေနံ၊ နိုင်ငံတကာငွေကြေး ရောင်း/၀ယ် သင်တန်းအတွက် ထိုင်းနိုင်ငံက ညီအစ်ကိုတစ်ယောက်ရဲ့ ယုံကြည်မှု့လေးပါ။
By One Online Class
လူကြီးမင်းတို့အနေနဲ့ လူတွေ့သင်တန်းတက်ရောက်၍ဖြစ်စေ ၊ နိုင်ငံရပ်ခြားရောက်နေသည့်တိုင်အောင် ဒီလိုစျေးကွက်မျိုးတွေကို လေ့လာနိုင်ပါတယ်။

✩ 𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠
𝐏𝐡:𝟎𝟗-𝟕𝟓𝟔𝟏𝟗𝟐𝟗𝟕𝟏 ✩

20/03/2023

အားလုံး အတွက် အကျိုးရိှစေမဲ့ အကြောင်းအရာလေးပါ 🤑

20/03/2023

ကမ္ဘာ့ရွှေဟာ 2022 ခုနှစ် မတ်လ နောက်ပိုင်း အမြင့်ဆုံးစျေးတန်းတစ်ခုဖြစ်တဲ့ $ 2009 ကို ရောက်ရိှလာခဲ့ပါပြီ။
လက်ရိှစျေး 1998 $

ယနေ့ 20 March 2023 (Mon)ကမ္ဘာ့ရွှေ သုံးသပ်ချက်အခြေအနေအရပ်ရပ်ကြောင့် အထက်သို့ ဦးတည်နေတဲ့ ကမ္ဘာ့ရွှေစျေးဟာ $ 2000 စျေးတန်...
20/03/2023

ယနေ့
20 March 2023 (Mon)
ကမ္ဘာ့ရွှေ သုံးသပ်ချက်

အခြေအနေအရပ်ရပ်ကြောင့် အထက်သို့ ဦးတည်နေတဲ့ ကမ္ဘာ့ရွှေစျေးဟာ $ 2000 စျေးတန်းသို့ ရောက်ရိှရန် ၀ယ်လိုအားများကို စောင့်ဆိုင်းနေပုံပါပဲ။ ထွေထွေထူးထူးတော့ ပြောစရာ မရိှပင်မဲ့ 1955-66 စျေးတန်းတွေလောက်ထိ ခနတာ ပြန်ဆင်းမယ်လို့ ယူဆရပါတယ်။ 1960-66 စျေးတန်းကတော့ ကျွန်တော့်အတွက် အ၀ယ်၀င်ဖို့ အကောင်းဆုံးအချိန်ပါ။

Htay Kywal Aung
Ph:09-756192971

Address

Nawaday
Botataung

Telephone

+959756192971

Website

Alerts

Be the first to know and let us send you an email when 𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐇𝐭𝐚𝐲 𝐊𝐲𝐰𝐚𝐥 𝐀𝐮𝐧𝐠:

Share