Yee Yee Myat Accounting,Auditing,Taxation& Financial Consultancy Services

Yee Yee Myat Accounting,Auditing,Taxation& Financial Consultancy Services Accounting, Auditing ,Taxation & Financial Consultancy Services

စာရင်းလုပ်ငန်းများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်ထားသည့် ၂၆-၃-၂၀၂၆ ရက်နေ့တွင် SC/1...
20/04/2026

စာရင်းလုပ်ငန်းများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်ထားသည့် ၂၆-၃-၂၀၂၆ ရက်နေ့တွင် SC/16323 နှင့် SC/16324 ၊ ၃၀-၃-၂၀၂၆ ရက်နေ့တွင် SC/16325 တို့ဖြင့် ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များအပေါ် အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းနှင့် အညီ လိုက်နာဆောင်ရွက်ရန်

🙏🙏🙏🌸 ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မင်္ဂလာဆုတောင်းလွှာ 🌸*"နှစ်သစ်မဂ်လာဆုတောင်းမေတ္တာစာ"*၁၃၈၈ ခုနှစ် နှစ်သစ်မှစ၍ -...
17/04/2026

🙏🙏🙏
🌸 ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မင်္ဂလာဆုတောင်းလွှာ 🌸

*"နှစ်သစ်မဂ်လာဆုတောင်းမေတ္တာစာ"*
၁၃၈၈ ခုနှစ် နှစ်သစ်မှစ၍ -
* **အေးချမ်းကြပါစေ:** မြန်မာပြည်သူ ပြည်သားအားလုံး ဘေးရန်ခပင်း ဝေးကွာကင်းလျက် ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ...

* **အောင်မြင်ကြပါစေ:** ဆောင်ရွက်သမျှ စီးပွားရေး၊ လူမှုရေးလုပ်ငန်းအဝဝတို့တွင် အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုအပေါင်းနှင့် ပြည့်စုံကြပါစေ။

* **သာသနာပြုနိုင်ကြပါစေ:** အမျိုးဘာသာ သာသနာတော်အတွက် ကောင်းမြတ်သော ကုသိုလ်အလုပ်များကို ယခုထက်မက ပိုမိုတိုးတက် ဆောင်ရွက်နိုင်ကြပါစေ။

**"နှစ်ဟောင်းက အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ပြီး၊ နှစ်သစ်မှာ မင်္ဂလာအသစ်များဖြင့် စတင်နိုင်ကြပါစေ။"**

နှစ်သစ်ကစ တောင့်တမှုမှန်သမျှကြောင့်ကြမှုမရှိဘဲ ရရှိနိုင်ကြပါစေ။ လုပ်ကိုင်စီးပွါး ဒီရေအလား တိုးပွါးကြပါစေ။ အခက်အခဲများကင်းရှင်း အောင်မြင်ခြင်းများစွာ ရရှိနိုင်ကြပါစေ။ အနာရောဂါကင်းစင် ကျန်းမာပျော်ရွှင်ကြပါစေ။

သုနက္ခတ္တံ ၊ သုမင်္ဂလံ ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ၊ သုခဏော သုမုဟုတ္တောစ ၊ သုယိဋ္ဌံဗြဟ္မစာရိသု ။

04/04/2026
👉 "" ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ ကုန်ဆုံးရန် ရက်ပိုင်းသာ လိုအပ်ပါကြောင်း ကြိုတင် အသိပေးပါတယ်ရှင့် "" 📢📢📢 လူကြီးမင်းတို့၏ Comp...
24/03/2026

👉 "" ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ ကုန်ဆုံးရန် ရက်ပိုင်းသာ လိုအပ်ပါကြောင်း ကြိုတင် အသိပေးပါတယ်ရှင့် ""

📢📢📢 လူကြီးမင်းတို့၏ Company များ စတင် တည်ထောင်ပြီး နှစ်စဉ် လုပ်ငန်းမှ ဝင်ငွေ ရှိသည်/မရှိသည် ဖြစ်စေ အခွန်နှစ်ချုပ်စာရင်း Audit Report ကို နှစ်စဥ် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး သက်ဆိုင်ရာ အခွန်ရုံးသို့ တင်ပြရပါမယ် 😊

👉ကုမ္ပဏီ စတင် တည်ထောင်ပြီးကတည်းက အခွန်နှစ်ချုပ်စာရင်း လုံးဝ အခွန် မရှင်းရသေး
သည့် နှစ်များကို စုပေါင်းပြီး အစအဆုံး ပြန်လည် စာရင်းရေးဆွဲပြီး အခွန်ရုံးသို့ တင်ပေးပြီး အခွန်စာရင်း အပြီးအစီး ရှင်းလင်းသည့် One Stop Service (SAS-1, Wanga-8 ထွက်သည်အထိ) ဝန်ဆောင်မှုများ ပေးနေပါပြီရှင့်😊👌

👉 ကုမ္ပဏီအသစ်များနဲ့ ကုမ္ပဏီတည်ထောင်ပြီး အခွန်မရှင်းဖူးသေးသည့် လုပ်ငန်းများ Tin Registration no/Certificate လျှောက်ပြီး Share Capital Tax ဆောင်ထားကြပါရန် အသိပေးအပ်ပါတယ်, အခွန်စာရင်းတင်လျှင် အမှန်တကယ် လိုအပ်ပါတယ် 🙋‍♀️

👉ဝန်ဆောင်မှု အမျိုးအစားများမှာ 👇

✅️1. Internal / External / Statutory Audit
✅️2. Audit Report (Simple package)
✅️3. Audit Report (One Stop Service > SAS & OAS )
✅️4. Apply Tin Registration/Certificate/Apply Efiling Register
✅️5. Efiling Quarterly/ Annual return
(CT, IT)
✅️6. Share Capital Tax (Downtown)
✅️7. Apply Kathakha-2
✅️8. Calculation of PIT(payroll)
✅️9. Preparation of Financial Report for Bank Loan (Company loan, SME loan, Business Loan, Auto Loan, Home loan), Study Abroad,Tender, Apply Other Project,
Associations
✅️10. Management Report (Monthly,Quarterly,Yearly)
✅️11.Accounting System Set up Services
✅️12. DICA Services (All)
✅️13.Consultancy Services
✅️14.Trade Mark

👉ဝန်ဆောင်မှုများ လိုအပ်ပါက ယုံကြည် စိတ်ချ မြန်ဆန်စွာဖြင့် စုံစမ်း ဆက်သွယ်နိုင်ပါတယ်
လုပ်ငန်းအတွက် အဆင်ပြေစေရန် စေတနာ အ
ပြည့်ဖြင့် ရှင်းလင်းစွာ ပြောပြ ပေးပါတယ်ရှင့်👇

📲: 09771019393 > Viber
🏠 Pansodan, Kyauktada TS, Yangon,
Myanmar.

Union Tax Law 2026  ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ 01.04.2026 မှစတင်၍ အကျိုးသက်ရောက်စေရမည်။
17/03/2026

Union Tax Law 2026
ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ 01.04.2026 မှစတင်၍ အကျိုးသက်ရောက်စေ
ရမည်။

"" လိုအပ်သော Company များအတွက် sharing လေးလုပ်ပေးပါရစေ Accounting system set up, Financial Management Report, Fixed Asse...
03/12/2025

"" လိုအပ်သော Company များအတွက် sharing လေးလုပ်ပေးပါရစေ Accounting system set up, Financial Management Report, Fixed Assets Valuation, Budget Control Statement, Cash Fraud Services, အခွန်နှစ်ချုပ်စာရင်းအတွက် နှစ်များစွာ စုပေါင်းပြီး အခွန်ရှင်းရခြင်း အချက်တွေဖြစ်ကြပါတယ်""

ကုမ္ပဏီတွေ စတင်တည်ထောင်ချိန်မှာ လုပ်ငန်းသေးလို့ စာရင်းထိန်းသိမ်းရမှာ နည်းလို့ မသိသာပေမယ့် နှစ်ကြာလာလို့ လုပ်ငန်းကြီးလာချိန်၊အောင်မြင်လာချိန်မှာတော့ လုပ်ငန်းကို စနစ်တကျ ထိန်းသိမ်းလို့ မရတော့ပါဘူး၊ အောက်ပါလိုအပ်
သည့် System Control နှင့် သက်ဆိုင်သည့် အချက်များ မရှိသောကြောင့် ဖြစ်ပါတယ်။

1.Organization Chat
2.Cash Management
3.Budget Control Statement
4.Fixed Assets
5.Stock Control
6.Management Report

အောက်ပါ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာခြင်းများကို လိုအပ်သလောက် ဖော်ပြထားပါသည်

1.ငွေကြေးလိမ်လည် အလွဲသုံးစားမှု ပြဿနာများ ဖြစ်ပေါ်လာခြင်း များသည် စာရင်းကိုင်နှင့် ငွေကိုင်တစ်ဦးတည်း လုပ်ကိုင်ခိုင်းခြင်း၊ Physical Cash Balance စာရင်းများကို ၁၅ရက်/၁လ တစ်ကြိမ် တိုက်ဆိုင်စစ်ဆေး မရှိခြင်း ကြောင့်ဖြစ်ပါတယ်

2.Fixed Assets များ အရေအတွက်၊တန်ဖိုးများ စနစ်တကျထိန်းသိမ်းမှု မရှိ၍ Valuation များပြန်လည်တန်ဖိုး သတ်မှတ်ရခြင်း

3. Budget စနစ်မရှိသောကြောင့် မလိုလားအပ်သည့် စရိတ်များပြားလာခြင်း

4. အဝယ်နှင့်အရောင်းစာရင်း Transaction များ သေချာစွာ စာရင်းမသွင်း သောကြောင့် အဝယ်နှင့် အရောင်း Report များ မမှန်ကန်ခြင်း

5.Stock များ စနစ်တကျ မထိန်းချုပ်သောကြောင့် လျော့ခြင်း၊ပျက်စီးခြင်းများဖြစ်ပြီး လက်ကျန်စာရင်းများ မကိုက်ညီခြင်း

6. Cash basis အခြေခံသုံးပြီး Accrual basis မသုံးခြင်းကြောင့် စာရင်းများမပြည့်စုံခြင်း

7. လစဥ် ရရန်ရှိစာရင်း၊ပေးရန်ရှိစာရင်းများ ကိုက်ညီမှု မရှိ၍ မမှန်ကန်ခြင်း

8. Share Capital ထည့်ဝင်ထားသော်လည်း Director ထံမှ ချေးငွေ၊ပြန်သုံးငွေများ ရှုပ်ထွေးခြင်းများဖြစ်ခြင်း

9. လစဥ် Management Report စာရင်းများ မရေးဆွဲခြင်းကြောင့် အရှုံး/အမြတ် သေချာမသိရှိရခြင်း

10. လုပ်ငန်းအရွယ်အစားအလိုက် ကျွမ်းကျင်သည့် စာရင်းကိုင် မခန့်ထားသောကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာပြီး External Auditor များကို ခေါ်ယူ၍ စနစ်မကျသည့် အချက်များ စာရင်းစစ်၊စာရင်းပြင်ဆင်ရေးဆွဲခြင်းများ လုပ်ကိုင်ရသောကြောင့် ငွေကြေးအကုန်အကျများခြင်း

11. DICA နှင့်ပက်သက်သည့် AR နှစ်စဥ်မတင်ခြင်းကြောင့် Suspensed,Struck Off အဆင့်ထိဖြစ်ရသောကြောင့် ငွေကြေးကုန်ကျမှုများပြီး အချိန်များကြန့်ကြာမှုဖြစ်ပြီး ပြန်လုပ်ဆောင်ရခြင်း

12. အခွန်စာရင်းနှင့်ပက်သက်သည့်အချက်များ စနစ်တကျ သေချာစွာ အချိန်မှီအောင် မလုပ်ထားခြင်းကြောင့် အခွန်နှစ်ချုပ်စာရင်းများ စုပေါင်းရေးဆွဲပြီး အခွန်ရှင်းရခြင်း၊ဒဏ်ကြေးများစွာပေးဆောင်ရခြင်း များဖြစ်ကြပါတယ်

တကယ်လိုအပ်ချက်များ ရေးရမယ်ဆိုရင်တော့ အများကြီးပါပဲ ဒါပေမယ့် ကျွန်မ အကျဥ်းချုံးပြီး ရေးသားဖော်ပြလိုက်ပါတယ်ရှင့်

YEE YEE MYAT AUDIT FIRM
YEE YEE MYAT
CEO & FOUNDER

# #

2025 Union Tax Law❗ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
18/11/2025

2025 Union Tax Law❗
ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ

“" တည်ဆဲ အခွန်ဆိုင်ရာ ဥပဒေများအရ အခွန်ထမ်းများ ရရှိနိုင်သည့် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအကြောင်း သိကောင်းစရာမ...
18/11/2025

“" တည်ဆဲ အခွန်ဆိုင်ရာ ဥပဒေများအရ အခွန်
ထမ်းများ ရရှိနိုင်သည့် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအကြောင်း သိကောင်းစရာများ”"

#

စာရင်းပညာရှင်များနှင့် စာရင်းကျွမ်းကျင်သူများ၏ အဆင့်သတ်မှတ်ချက်များ #
15/11/2025

စာရင်းပညာရှင်များနှင့် စာရင်းကျွမ်းကျင်သူများ၏ အဆင့်သတ်မှတ်ချက်များ

#

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းနှင့် ခုနှိမ်ခြင်းများအတွက်=======================
10/11/2025

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းနှင့်
ခုနှိမ်ခြင်းများအတွက်
=======================

Address

Pansodan, Kyauktada Township
Botataung

Telephone

+43121059

Website

Alerts

Be the first to know and let us send you an email when Yee Yee Myat Accounting,Auditing,Taxation& Financial Consultancy Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yee Yee Myat Accounting,Auditing,Taxation& Financial Consultancy Services:

Share