Easy Goods

Easy Goods Trading

08/05/2025

ပြည်ပမှခွင့်ပြန် အမျိုးသားလုပ်သားများ အသက်ကန့်သက်ချက်အကျုံးဝင်သည်ဆိုကာ ပြည်ပပြန်ထွက်ခွင့်မရ

မေ ၆၊ ၂၀၂၅

ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ အမျိုးသား လုပ်သားတွေ ကို အလုပ်သမားဝန်ကြီးဌာနက ကန့်သက်ထားတဲ့ အသက် ၁၈ မှ ၃၅ နှစ် အသက် ကန့်သက်ချက်နဲ့ အကျုံးဝင်တယ်ဆိုကာ ပြည်ပကို ပြန်လည်ထွက်ခွင့်မပြုဘူးလို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ခွင့်ပြန်နဲ့ကျွမ်းကျင်လုပ်သားတွေ မှ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ OWIC ကတ် ပြုလုပ်ခွင့် လျှောက်ထား ရာ စာရွက်စာတမ်းမပြည့် သူတွေနဲ့ အသက်ကန့်သက်ချက်နဲ့အကျုံးဝင်နေတဲ့ အမျိုးသားလုပ်သားတွေရဲ့ စာရင်း ကို အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်မှာ မေလ ၅ရက် ကထုတ်ပြန်ခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသား လုပ်သားတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်မပြုဘူး” လို့၂၀၂၅ခုနှစ် ဇန်နဝါရီ လကုန်ပိုင်း မှာ လိုင်စင်ရအေဂျင်စီ တွေ ထံ အသိပေးခဲ့သော်လည်း ပြည်ပကနေ ခွင့်ဖြင့် ပြန်လာ တဲ့ အသက်၁၈မှ ၃၅နှစ် အတွင်းရှိ အမျိုးသားလုပ်သားတွေ ပါရှိတယ်လို့ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

""အရင် ခွင့်ပြန် အမျိုးသားတွေလဲ ပါတယ်လို့ သတင်းသာကြားတာ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် တာမျိုး မလုပ်တော့ တင်လို့ရမယ် ထင်ပြီး OWIC ကတ်လုပ်ဖို့ လျှောက်လိုက်တာ အခု ၁၈-၃၅ နှစ် အမျိုးသားတွေ ကို ပေးမထွက်တော့ဘူးဆိုတာသေချာသွားတာပေါ့။ တကယ်ဆို ဌာန ဘက် က ပွင့်ပွင့်လင်းလင်းနဲ့ ကြိုပြီး ထုတ်ပြန်သင့်တယ် အခုတော့ အထဲ ရောက် မှ ချောင်ပိတ်ပြီး လုပ်သလို ဖြစ်နေတယ်""လို့ ခွင့်ပြန် အသက်ကန့်သက်ချက်ဖြင့်အကျုံးဝင်နေတဲ့ လုပ်သားတစ်ဦးကပြောပါတယ်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် အသက်ကန့်သက်ချက် ထပ်တိုးပြင်ဆင် ချက် ကြောင့် ခွင့်ပြန် လုပ်သားတွေ အပြင် EC စာချုပ်ချုပ်ထားပြီး အေဂျင်စီကတစ်ဆင့် တရားဝင် သွားရောက် အလုပ်လုပ်မယ့် လုပ်သား တွေ မှာလည်း ထွက်ခွာ ခွင့်ရမရ ကို မရေရာ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က လိုင်စင်ရအေဂျင်စီ တွေ စုပေါင်း ပြီး ECစာချုပ် ချုပ်ဆိုထားသူတွေ ကို စေလွှတ်ခွင့်ပြုပေးဖို့ အလုပ်သမားဝန်ကြီးဌာန ကို တင်ပြ တောင်းဆိုထားတယ်လို့ သိရပါတယ်။

""အခု ခွင့်ပြန် အမျိုးသား တွေ ကို အသက်ကန့်သက်ချက် အကျုံးဝင်တယ်ဆိုပြီး OWIC ကတ် ပြုလုပ်မပေးဘူး ဆိုတော့ စာချုပ် ထားတဲ့ သူတွေ အတွက် ပါ မျှော်လင့်ချက် နည်းလာတယ် အေဂျင်စီ တွေ ကိုတော့ အကြောင်းကြားတာ မရှိသေးဘူး တကယ်သာ အသက်ကန့်သက်ချက်နဲ့ညိ လို့ ထွက်ခွင့်မပေးဘူးဆိုရင် သွားမယ့် အလုပ်သမားကော အေဂျင်စီကော ဆုံးရှုံးနစ်နာတာတွေ ပြသာနာတွေ ဖြစ်ကုန်မှာ""လို့ လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိတွင် ပြည်ပထွက်ခွာ အလုပ်လုပ်ဖို့ ECစာချုပ် ချုပ်ဆိုပြီး OWICကတ်ပြုလုပ်ခွင့်ရရန် စောင့်ဆိုင်းနေတဲ့ အမျိုးသား၊ အမျိုးသမီး လုပ်သား ၁၀၀၀၀ ခန့်ရှိတယ်လို့ လိုင်စင်ရအေဂျင်စီတွေထံ မှ သိရပါတယ်။

Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း နဲ့ ဒေသတွင်း သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


08/05/2025
မင်္ဂလာနံနက်ခင်းပါစိတ်​၏ချမ်းသာခြင်း | ကိုယ်​၏ကျန်းမာခြင်းနှင့်ပြည်စုံကြပါစေ ကျွန်တော်များ Brilliant CMS Co.,Ltd’s မှ ဆု...
13/01/2022

မင်္ဂလာနံနက်ခင်းပါ
စိတ်​၏ချမ်းသာခြင်း | ကိုယ်​၏ကျန်းမာခြင်းနှင့်ပြည်စုံကြပါစေ ကျွန်တော်များ Brilliant CMS Co.,Ltd’s မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်.

တို့လူမျိုးတွေမညံအောင်ကြိုးစားရမယ် စည်းကမ်းရှိရမယ်
13/01/2022

တို့လူမျိုးတွေမညံအောင်ကြိုးစားရမယ် စည်းကမ်းရှိရမယ်

Address

Botataung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

+9595036492

Website

Alerts

Be the first to know and let us send you an email when Easy Goods posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Easy Goods:

Share