ဖြူချေ "ကျီတော်ရာမြီ "

ဖြူချေ "ကျီတော်ရာမြီ " ပရဟိတ

နောက်လိုက်ကောင်းတို့ မည်သည်………………………….ဒီနေ့  တော့ နောက်လိုက်တွေ (followership) အကြောင်း  ပြောပြချင်ပါတယ်။ တစ်ခါတစ်လေလဲ u...
30/12/2019

နောက်လိုက်ကောင်းတို့ မည်သည်………………………….

ဒီနေ့  တော့ နောက်လိုက်တွေ (followership) အကြောင်း ပြောပြချင်ပါတယ်။ တစ်ခါတစ်လေလဲ upward management ဆိုပြီး တွေ့ ရတတ်ပါတယ်။ အထက်ကို ပြန်ပြီး စီမံခန့် ခွဲခြင်းပေါ့။ ကျွန်တော်တို့ လူတော်တော်များများက ခေါင်းဆောင်ပဲ ဖြစ်ချင်ကြတာပါ။ နောက်လိုက်လို့ ကြားလိုက်ယင် သိပ်ပြီး စိတ်မပါကြတော့ဘူး….ကိုယ် ခေါင်းဆောင်မလုပ်ရယင် အားစိုက်မှု လျော့သွားတတ်ကြတယ်။ ကျွန်တော် ဆိုယင် ငယ်ငယ်ကတည်း က စာသင်ခန်းထဲ မှာ မော်နီတာပဲလုပ်ချင်တာ။ သူငယ်ချင်းတွေနဲ့ ကစားယင်လဲ ခေါင်သူကြီးပေါ့။ ဖြစ်တဲ့ အခါလည်း ဖြစ်တယ်…မဖြစ်တဲ့အခါလည်း မဖြစ်ဘူး…ဖြစ်တဲ့ အခါဆိုယင်တော့ ပျော်တာပေါ့။ မဖြစ်တဲ့အခါ ဆိုယင်တော့ သိပ်ပြီး ကစားရတာ စိတ်မပါချင်တော့ဘူး။

ဒါပေမယ့် ခေါင်းဆောင်ဆိုတာ နောက်လိုက်မရှိယင် ခေါင်းဆောင် မဖြစ်နိုင်ပါ။ ကိုယ့်ကိုကိုယ် ခေါင်းဆောင်နိုင်မှု (self leadership) ဆိုတာကိုတော့ ခန မေ့ထားကြရအောင်။ ပြီးတော့ နောက်လိုက်ကောင်း မရှိယင်လည်း ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါဘူး။

နောက်တစ်ခုကတော့ ဘယ်သူမှ အလုပ်ခွင်ကို စ၀င်ဝင်ချင်း၊ အဖွဲ့ အစည်း တစ်ခုကို စ၀င်ဝင်ချင်း ခေါင်းဆောင်နေရာ မရနိုင်ပါဘူး (ချွင်းချက်တွေ တော့ ရှိတာပေါ့)။ အားလုံး ဟာ နောက်လိုက် အဆင့်ကနေ ပဲ တဖြည်းဖြည်း တက်လှမ်း ကြရာတာပါ။ အဲ့ဒီ အချိန်မှာ ကိုယ် အနေ နဲ့ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစား နိုင်ခဲ့ယင် ပညာတွေ သင်ယူနိုင်ခဲ့ယင် ကိုယ် တကယ် ဦးဆောင်ရမယ့် အချိန်မှာ တကယ့် ခေါင်းဆောင်ကောင်းနေရာကို ရယူနိုင်မှာပါ။ ပြီးတော့ ကိုယ့်ရဲ့ နောက်လိုက်တွေကိုလည်း နောက်လိုက်ကောင်း တွေ ဖြစ်လာအောင် ကူညီ ပံ့ပိုးနိုင်မယ်။ သင်ပြပေးနိုင်မယ်။ ထောက်ပံ့ပေးနိုင်မှာပါ။

ဒါကြောင့်မို့ လို့ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် ဘယ်လို ကြိုးစားကြမလဲဆိုတာ ကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ leader နဲ့  follower ဆိုတာ တစ်ဦးကို တစ်ဦး အမှီသဟဲ ပြုနေရတာပါ။ ခေါင်းဆောင်ကပဲ အားလုံးကို မစွမ်းဆောင်နိုင်သလို နောက်လိုက်တွေ အနေနဲ့ လဲ ခေါင်းဆောင်ကို ပြစ်ထားပြီး ကိုယ် လုပ်ချင်တာ လုပ်လို့ ပါဘူး။

Followership ရဲ့  အဓိပ္ပါယ်ကို ဖွင့်ဆိုကြည့်ယင်တော့ followership ဆိုတာ အဖွဲ့ တစ်ခု ရဲ့  ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်ဖို့ ရာ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်မှု ရှိပြီး အဖွဲ့ ဝင် ကောင်းတစ်ယောက်အနေနဲ့ အဖွဲ့ ဝင်အားလုံးနဲ့ တစ်ညီတစ်ညွတ်တည်း ပူးပေါင်းဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို ကြည့်လိုက်ခြင်းအားဖြင့် leadership ရဲ့  သဘောတရားနဲ့ ဘာမှ ကွာခြားမှု မရှိပါဘူး။ leadership ဆိုတာလည်း ရည်မှန်းချက်တွေ အောင်မြင်ဖို့ ပါပဲ။

ထိရောက်တဲ့ နောက်လိုက်မှု ဆိုတာ ထူးချွန်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် အခြေခံအုတ်မြစ်ပါပဲ။
အောက်မှာ ဖော်ပြထားတာတွေကတော့ နောက်လိုက်ကောင်းတွေမှာ ရှိသင့် ရှိထိုက်တဲ့ အချက်တွေပါပဲ။

- မိမိ စိတ်နဲ့ မိမိ အလုပ်တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ အခြားသူများ ရဲ့ အလုပ်တာဝန်တွေကို ပြီးမြောက်အောင် ကူညီနိုင်ခြင်း။

- တာဝန်တွေကို ဆောင်ရွက်လိုစိတ် ပြင်းပြခြင်း

- ခေါင်းဆောင်နှင့် အဖွဲ့ အပေါ်တွင် သစ္စာ ရှိခြင်း

- တစ်ခါတစ်ရံမှာ သဘောထား မတိုက်ဆိုင်တာတွေ စဉ်းစားမိတာ၊ ပြောဆိုမိတာ ရှိပါမယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိမိ ခေါင်းဆောင်၊ မိမိ အဖွဲ့ ရဲ့  သဘောထားကို ပဲ အပြည့်အ၀ ထောက်ခံခြင်း။

- ကောင်းသော အကြံဥာဏ်ပေးခြင်း။

- အဖွဲ့ ဝင်ကောင်း တစ်ယောက် အနေနဲ့  ပူးပေါင်းဆောင်ရွက်ခြင်း

သာမန် နောက်လိုက်တစ်ယောက် အနေနဲ့ မိမိခေါင်းဆောင်ရဲ့  လုပ်ဆောင်ချက်တွေ၊ အကြံဥာဏ်တွေ ကို ဝေဖန်ဖို့ ရာ လွယ်ပါတယ်။ ကိုယ့်အနေနဲ့ အဲ့ဒီ နေရာကို မရလိုက်ပဲ တခြားသူ တစ်ယောက်က ရသွားမယ်ဆိုယင် ပိုပြီးတော့ ဝေဖန် ဖို့ ရာလွယ်ပါတယ်။ ဒါပေမယ့် တကယ်ကို နောက်လိုက်ကောင်း ပီသတဲ့သူဆိုယင်တော့ အဲ့ဒီလို ဝေဖန် ဖို့ ဆိုတာ ရှားသွားပါတယ်။

ဒါပေမယ့် ကိုယ့်ခေါင်းဆောင်လုပ်တာ အကုန်ကောင်းနေတယ်ဆိုပြီး ခေါင်းဆောင်ပြောသမျှ အကုန် လက်ခံလို့ တော့ မရပါဘူး။ ခေါင်းဆောင်မှားနေတယ်ဆိုယင်တော့ ကိုယ် အနေနဲ့  constructive suggestion အပြုသဘောဆောင်တဲ့ အကြံပေးမှုမျိုး ပေးသင့်ပါတယ်။

နောက်ဆုံး တစ်ခုအနေနဲ့ ကတော့ သင့်အနေနဲ့ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ယူဆတယ်ဆိုပါစို့ ။ တကယ်နောက်လိုက်ကောင်း ဖြစ်ရဲ့ လားဆိုတာကို ကိုယ့်ကို ကိုယ် အောက်က မေးခွန်းလေးတွေ ပြန်မေးကြည့်ပါ။

- ကိုယ်လုပ်နေတာတွေက တကယ်ကို အဖွဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီးမြောက်ဖို့ အတွက်လုပ်နေတာလား။ ကိုယ့်အကျိုးအတွက် လုပ်နေတာလား။ (မှတ်ချက်။ ။ ၂ ခု စလုံး မျှအောင် လုပ်ဆောင်နိုင်ပါတယ်)

- ဘယ်လို အကြံဥာဏ်တွေ၊ အချက်အလက်တွေကို မိမိရဲ့ ခေါင်းဆောင်၊ အဖွဲ့ သားတွေနဲ့ ဝေမျှ မိပါသလဲ။

- မိမိအနေ့ နဲ့ တစ်ချို့  ကိစ္စ တွေမှာ ဦးဆောင် ဆောင်ရွက်လေ့ ရှိပြီလား။

- မိမိခေါင်းဆောင် ဘာအခက်အခဲတွေ ရင်ဆိုင်နေရလဲ။

- မိမိနဲ့ မိမိ အဖွဲ့ သားတွေက မိမိတို့ ခေါင်းဆောင်ကို ပံ့ပိုး ပေးနိုင်ရဲ့ လား။ အဲ့လို ပံ့ပိုးပေးတဲ့ အတွက် သူ ရဲ့ လုပ်ဆောင်မှု တွေ ပိုမိုကောင်းမွန်လားလား။

- မိမိခေါင်းဆောင်မှာ ဘယ်လို အရည်အချင်းတွေ ရှိလဲ။

-

ဒီအချက်တွေနဲ့ ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်ကြည့်ပါ။ အဲ့ဒီအခါကျယင် မိမိ က နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ပြီလား။ သာမန်နောက်လိုက်ပဲလားဆိုတာ သိလာပါလိမ့်မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုဟိန်း (Prospect Myanmar)

အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကို ကိုယ်သိထားတဲ့ အသိဥာဏ်ပေါ်မှာ အခြေခံပြီးတော့ ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေနဲ့ အကောင...
22/12/2019

အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကို
ကိုယ်သိထားတဲ့ အသိဥာဏ်ပေါ်မှာ အခြေခံပြီးတော့
ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေနဲ့ အကောင်းဆုံး
အသိဥာဏ်တွေကို ထုတ်ပြီးတော့ ကိုယ့်အသိနဲ့ကိုယ်၊
ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကို အားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။

အဲဒီလိုလူဟာ လောကကို အကျိုးပြုတယ်။

ကိုယ့် choiceနဲ့ကိုယ် ကိုယ့်ဘဝကို အကောင်းဆုံးနေသွားနိုင်တဲ့
လူဟာ လောကကြီးကိုလည်း အများဆုံး အကျိုးပြုတဲ့လူ ဖြစ်တယ်။

ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုက
လောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသား ဖြစ်ပါတယ်။

လူ့အသိုင်းအဝိုင်းထဲက ကောင်းကျိုးများများရချင်ရင်
အဲဒီ လူ့အသိုင်းအဝိုင်းကို ကောင်းအောင် ပြုစုရတယ်။

လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ
လောကကို အကျိုးပြုတဲ့လူ မဖြစ်နိုင်ဘူး။

ရိုးသားမှု အပြည့်နဲ့ ကိုယ့်ရဲ့ တကယ့် အရည်အချင်း
တကယ့် စိတ်စေတနာတွေကို ဖေါ်ထုတ်ပြီးတော့ အသုံးချနေတဲ့
သူသာလျှင် လူ့လောကကို တကယ် အကျိုးပြုတဲ့လူ ဖြစ်မယ်။

အဆင့်မြင့်တဲ့ ခံယူချက် ရှိမှ၊ ပြတ်သားတဲ့ မူ ရှိမှ၊ ရိုးသားမှု ရှိမှ၊
အများ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။

ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။

➖➖➖🍄🍄➖➖➖

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )

အညံ့စား ကြိုးစားမူ့နန့်အောင်မြင့်မူ့ရဖို့ ဆိုစာကိုငါလေ့ မမျော်မှန်း ထားပါ...ယကေလေ့သင့်လမင်းကြီး အလင်းရောင်လောက်အသိအမှတ် ...
21/12/2019

အညံ့စား ကြိုးစားမူ့နန့်

အောင်မြင့်မူ့ရဖို့ ဆိုစာကို

ငါလေ့ မမျော်မှန်း ထားပါ...

ယကေလေ့သင့်

လမင်းကြီး အလင်းရောင်လောက်

အသိအမှတ် မပြုခကေလေ့သင့်

ကြယ်ချေတစ်လုံး လောက်တော့မျော်လင်းမိပါယင့်...

ဖြူချေ (ကျီတော်ရာမြီ)

ငါတို့မှာသမိုင်းရှိတယ်....သာသနာရှိတယ်...နိုင်ငံတော်ရှိတယ်....ဘယ်တော့မှ သုံးမကုန်ဖြုန်းမကုန်တဲ့ မြေပေါ်မြေအောက်သယံဇာတတွေနဲ...
18/12/2019

ငါတို့မှာ

သမိုင်းရှိတယ်....

သာသနာရှိတယ်...

နိုင်ငံတော်ရှိတယ်....

ဘယ်တော့မှ သုံးမကုန်

ဖြုန်းမကုန်တဲ့ မြေပေါ်မြေအောက်

သယံဇာတတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် များစွာရှိတယ်...

အချိန်မရွေး ထွန်းတောက်ကျော်ကြားနိုင်တဲ့

မျိုးဆက်သစ် လူ့အရင်းအမြစ်တွေရှိတယ်....

ရှေ့ဆောင်လမ်းပြမယ် မျိုးချစ်ပုဂ္ဂိုလ်တွေလဲရှိတယ်...

အနာဂတ်မှာ အတိတ်လိုမျိုး ရွှေရောင်လွမ်းနိုင်ဖို့

လုံလောက်တဲ့ စစ်သည်အင်အားလဲ ရှိတယ်...

ရှိတယ်.....ရှိတယ်....ရှိတယ်......

ပြီးတော့....

ဖျောက်ဖျက်မရတဲ့ ကျန်စာဆိုးတွေရှိတယ်....

ဖြေသိမ့်မရတဲ့ ဖိနှိပ်ခံရမူ့တွေရှိတယ်...

မေ့ရနိုင်တဲ့ ရင်ထဲက အတိတ်ဆိုးတွေလေ့ များစွာရှိတယ်။

ဖြူချေ (ကျီတော်ရာမြီ)

Freedom can never be had by begging..It has to be got by force..Its price is blood.လွပ်လပ်မူ့ကိုတောင်းရမ်းလို့ ဘယ်တော့မှ...
17/12/2019

Freedom
can never be had by begging..
It has to be got by force..
Its price is blood.

လွပ်လပ်မူ့ကို
တောင်းရမ်းလို့ ဘယ်တော့မှ မရနိုင်ဘူး...။
လွပ်လပ်မူ့ကို
ခွန်အားနဲ့သာ ယူရမယ်...
လွပ်လပ်မူ့ရဲ့ တန်ဖိုးကတော့ သွေးပဲ...။

မြီပြင်ထက်ကအမှိုက်တိစွာရှင်းထုတ်ရ လွယ်ခကေလဲ့သင့်ပြည့်တွင်းက သုံးစားမရအမှိုက်တိကို ရှင်းထုတ်ဖို့က မလွယ်နိုင်...
16/12/2019

မြီပြင်ထက်က
အမှိုက်တိစွာ
ရှင်းထုတ်ရ လွယ်ခကေလဲ့သင့်
ပြည့်တွင်းက သုံးစားမရ
အမှိုက်တိကို ရှင်းထုတ်ဖို့က မလွယ်နိုင်...

Address

Buthidaung

Website

Alerts

Be the first to know and let us send you an email when ဖြူချေ "ကျီတော်ရာမြီ " posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share