02/08/2023
💢 ဘယ်သူမှလာပြီး ပြဿနာမရှာခင်
💢 ကိုယ်ကအရင်စပြီး ပြဿနာရှာပါ
ဟုတ်ပါတယ်...
💁♂️ စီးပွားရေးလုပ်သူတိုင်း Customer Complain တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာ မျှော်လင့်ထားသင့်ပါတယ်။ Customer Complain ဆိုတဲ့ပြဿနာတွေ နည်းသည်ထက်နည်းချင်ရင်တော့ ပြဿနာကို Customer မတွေ့ခင် ကိုယ်ကအရင်တွေ့အောင် ရှာထားဖို့လိုပါတယ်။
ဘယ်လိုပြဿနာတွေကို လိုက်ရှာရမလဲ?
⏩ Customer တွေရဲ့ ပြဿနာတွေကိုရှာပါ။ သူတို့ရဲ့အခက်အခဲက ဘာလဲ? ပြဿနာက ဘာလဲ? ဘယ်အချက်တွေက ဒီပြဿနာကို ဖြေရှင်းပေးနိုင်မလဲ? အဲဒီအချက်တွေပါဝင်တဲ့ ကုန်ပစ္စည်းတစ်ခုကို ဖန်တီးပြီး သူတို့လက်ထဲကိုထည့်နိုင်ရင် သင့်ရဲ့စီးပွားရေးက အောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။
⏩ သင့်ကုန်ပစ္စည်းရဲ့ ပြဿနာကို ရှာပါ။ သင့်ရဲ့ကုန်ပစ္စည်းမှာ တခြားသော ပြိုင်ဘက် brand တွေနဲ့ယှဉ်ရင် ဘာအားနည်းချက်တွေရှိနေလဲ? Customer တွေ မကြိုက်လောက်တဲ့ ပြဿနာက ဘာဖြစ်မလဲ? ဒီအားနည်းချက်တွေ ပြဿနာတွေကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ ကိုယ်တိုင်အရင်ဆုံး ရှာဖွေထားဖို့လိုပါတယ်။
⏩ ဈေးကွက်ရဲ့ပြဿနာကိုရှာပါ။ Customer တွေရဲ့ပြဿနာကိုသိတယ်၊ ဖြေရှင်းပေးနိုင်မယ့် ကုန်ပစ္စည်းကိုလည်းသိတယ်။ သို့ပေမယ့် လက်ရှိမှာ ဈေးကွက်အနေအထားအရ ဒီကုန်ပစ္စည်းကို ဖြန့်ချိရောင်းချဖို့ မသင့်တော်ဘူးဆိုရင်လည်း မစွန့်စားသင့်ပါဘူး။ ဥပမာ-Customer နှစ်သက်တဲ့ကွာလတီမျိုးရဖို့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလွန်းပြီး လူတိုင်းမဝယ်နိုင်လောက်မယ့်အခြေအနေမျိုး၊ ဈေးကွက်မှာ အဓိကကုန်ကြမ်း ရှားပါးနေတဲ့အချိန်ခါမျိုး စတဲ့ပြဿနာတွေကိုလည်း ကြိုတင်တွက်ဆထားဖို့ လိုအပ်ပါတယ်။
❇️ပိုမိုကောင်းမွန်သော Content များကို အစဉ်အမြဲ တင်ပေးမှာဖြစ်လို့ Page ကိုလည်း Like (or) Follow လုပ်ပေးထားပေးပါဦး 🤗
🚀ရောင်းအားနှစ်ဆ တိုးတက်ဖို့ Zipzo နဲ့ လက်တွဲစို့ 🎯