Ko Ba Thein & Sons Stainless Steel & Metal Scrap Trading

Ko Ba Thein & Sons Stainless Steel & Metal Scrap Trading Stainless Steel in one place.

⚙️Paper machine roller(စက္ကူစက်သုံး ရိုလာ)ရောင်းမည်။လုံးပတ်(၃၀လက်မ),အရှည်(၈၈လက်မ)📱09-958731423,09-773953776,09-5021541
12/07/2023

⚙️Paper machine roller(စက္ကူစက်သုံး ရိုလာ)ရောင်းမည်။လုံးပတ်(၃၀လက်မ),အရှည်(၈၈လက်မ)
📱09-958731423,09-773953776,09-5021541

☑️Periodic Table ထဲမပါ၀င်ပေမယ့် Table ထဲက Elements တေပေါင်းစပ်ပြီး ဖြစ်ပေါ်လာတယ့် လူသားတေရဲ့နေ့စဉ်ဘ၀မှာ အကျိုးပြုနေတယ့် ...
06/06/2023

☑️Periodic Table ထဲမပါ၀င်ပေမယ့်
Table ထဲက Elements တေပေါင်းစပ်ပြီး ဖြစ်ပေါ်လာတယ့် လူသားတေရဲ့နေ့စဉ်ဘ၀မှာ အကျိုးပြုနေတယ့် Stainless Steelအကြောင်း တစေ့တစောင်း။

Periodic Table ဆိုတာက‌ေတာ့တွေ့ရှိထားသမျှသော ဓာတုဗေဒဒြပ်စင်များကို အတန်းများ(Period)နှင့် Column(Group အုပ်စု)များကို ဇယားကွက် တွင် row and column များဖြင့် စီစဉ်ဖော်ပြထားခြင်းကိုခေါ်သည်။ထိုဇယားကွက်တွင် ဒြပ်စင်(Elements) များ၏ သူတို့နှင့်သက်ဆိုင်သော သေ‌ေင်္ကတ(Symbol)များနှင့် ဂဏန်း(Number)များနှင့်တကွ အစီအစဉ်တကျ ဖော်ပြထားသည်။
၎င်းဇယားကွက် ကို ဓါတုဗေဒ(Chemistry)နယ်ပယ်နှင့် ရူပဗေဒ(Physics)နယ်ပယ်များတွင် အသုံးပြုသည်။
၎င်း ဇယားကွက်ကို ဒြပ်စင်များပေါ်လိုက်၍ ဇယားကွက်(block)4 ခုခွဲ၍ဖော်ပြပါသည်။Periodic Table နဲ့ပက်သက်ပီးအတိုချုံးဖော်ပြပေးတာ‌ပါ။နောက် Periodic table နဲ့ပက်သက်ပြီး သီးသန့်တင်ပေးပါမယ်ဗျ။


⚙️Stainless Steel ဆိုတာသံချေးတက်ခြင်း၊နှင့် အမျိုးမျိုးသောတိုက်စားခြင်းတို့ကိုခံနိုင်ရည်ရှိသော သံသတ္တုစပ်အလွိုင် (Alloy)တစ်မျိုးပဲဖစ်ပါတယ်။Stainless Steel ပြုလုပ်ရာမှာ အနည်းဆုံး 11%chromium(ခရိုမီယမ်), Carbon(ကာဗွန်),Alloyတစ်မျိုးမျိုး နှင့် အခြားသော metalမဟုတ်သော(non metal) ပစ္စည်းများကို အခြားသောအလိုရှိရာပစ္စည်းများကို ရရှိဖို့ ပါ၀င်ရပါတယ်။ရိုးရိုးSteel(Galvanized Iron)နှင့်stainless steel ကိုအဓိကကွဲပြား‌သွားစေတယ့်အရာကတော့ Chromium ပါ၀င်မူပဲဖစ်ပါတယါ။
Stainless Steel မာ Chromium ပါ၀င်မူ့ရလဒ်အနေနဲ့ကတော့ stainless steel ဟာ သံချေးတက်ခြင်းနှင့် အမျိုးမျိုးသော တိုက်စားမူ့တို့ကို ခံနိုင်ရည်ရှိသွားခြင်းပဲဖစ်ပါတယ်။
Stainless Steel တွင် သူ၏ဂုဏ်သတတ္တိများဖစ်သော ခိုင်ခံမူ၊သံချေးနှင့်အမျိုးမျိုးသော တိုက်စားခြင်းများကို ခံနိုင်ရည်ရှိရန်အတွက် ထပ်လောင်းပေါင်းထည့်ထား‌‌ေသာဒြပ်စင်များစွာရှိသည်။သံ(Iron), ကာဗွန်(Carbon),မဂ္ဂနီစ်(Manganese),ဖော်စ်ဖောရပ်စ်(Phosphorus),ဆာလ်ဖာ(Sulphur),ဆီလီကွန်(Silicon),နီကယ်(Nickel),တိုက်တေနီယမ်(Titanium),မိုလီဘဒင်နမ်(Molybdenum),ကဲ့သို့ဒြပ်စင်များလဲပါ၀င်ပါသည်။
Stainless Steel နှင့်ပက်သက်ပြီး စိတ်၀င်စားစရာ အချက်တစ်ခုရှိသည်။
ထိုအချက်မှာ Stainless Steel ဟာ မှန်ကန်စွာ Stainless(အစွန်းခံ)ဆိုတယ့် ဂုဏ်သတ္တိရရှိဖို့ Oxygen လိုအပ်ခြင်းပဲဖစ်ပါတယ်။အဘယ်ကြောင့်ဆိုသော အလူမီနီယံ(Aluminum)ကဲ့သို့ပါပဲ Stainless Steel ဟာတိုက်စားခြင်းအမျိုးမျိုးကို ခံနိုင်ရည်ရှိသော မမြင်ရသော မျက်နှာပြင်အလွှာ ဖြစ်ပေါ်ခြင်းကြောင့် ပဲဖြစ်ပါတယ်။
Alloy(သတ္တုစပ်)၏ဂုဏ်သတ္တိများဖြစ်သည့် တောက်ပြောင်မူ့၊သံချေးမတက်ခြင်းနှင့် အမျိုးမျိုးသောတိုက်စားမူ့များကိုခံနိုင်ရည် ရှိခြင်းကြောင့် Stainless Steel ကို လုပ်ငန်းအမျိုးမျိုးတို့တွင့် တွင်ကျယ်စွာ အသုံးပြုနေကြသည်။
Stainless Steel အား ပိုက်များ၊စတီးပြား၊solidချောင်း၊အလိပ်ပြား၊အစရှိသဖြင့် များစွာသော ထုတ်ကုန်များစွာဖြင့် တွေ့ရပါသည်။
ထိုများစွာသော Stainless Steel ထုတ်ကုန်တို့အား စားသောက်ကုန်ထုတ်လုပ်ရောင်းချသော ဆိုင်များ၊စက်ရုံလုပ်ငန်းများ၊ အစရှိသဖြင့်စားသောက်ကုန်လုပ်ငန်းများ၊ ဓာတုဗေဒလုပ်ငန်း(Chemical Industry)လုပ်ငန်းများ၊ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ၊ခွဲစိတ်ခန်းပစ္စည်းများ၊စက်ယဉ်ယန္တရားများ၊
ဆောက်လုပ်ရေးလုပ်ငန်းများ၊အစရှိသောလုပ်ငန်းကြီးများတွင်လဲ တွင်တွင်ကျယ်အသုံးပြုသလို မီးဖိုချောင်းသုံးပစ္စည်းများ၊အိမ် အတွင်းအပြင် အလှဆင်ပစ္စည်းများ အဖြစ်လဲအသုံးပြုနေကြသည်။
ထို့အပြင် Stainless Steel၏ ဇီ၀ဗေဒဆိုင်ရာသန့်စင်မူ့(Biological Cleanability)သည် အလူမီနီယံ(Aluminum),ကြေးနီး(Copper)တို့ထက်သာလွန်ပြီး ဖန်(glass)နှင့်နိူင်းယှဉ်နိုင်သည်။ဈေးနူန်း(price)အရလဲ
အလူမီနီယံနှင့် ကြေးတို့ထက်များစွာသက်သာလှပါသည်။Stainless Steel ၏ သန့်ရှင်းမူ့၊မာကြောခိုင်ခံမူ့၊အမျိုးမျိုးသော ချေးတက်ခြင်း တိုက်စားခြင်း တို့ကို့ခံနိုင်ရည်ရှိမူ့၊ဈေးသက်သာမူ့၊ တို့ကြောင့် စားသောက်ကုန်၊ဆေးဝါးထုတ်လုပ်သော စက်ရုံလုပ်ငန်းများ အတွက် အသုံးပြုရန် ရွှေးချယ်စရာဖြစ်နေရပါသည်။
မတူကွဲပြားသော stainless steel အမျိူးအစားအမျိုးမျိုးကို AISI(American Iron and Steel Institute)မှဂဏန်းသုံးလုံးဖြင့်တံဆိပ်တပ်ထားသည်။
ISO 15510စံနူန်းက Stainless Steel များ၏ ဓာတုဗေဒပေါင်းစပ်ပါ၀င်မူ့များကို လက်ရှိအပြန်အလှန်ဖလှယ်မူ့တွင်အသုံး၀င်သော အမျိုးအစားများအလိုက် (ISO၊ASTM၊EN၊JIS၊GB) Standard စံနူန်းများအဖြစ်ဖော်ပြသည်။
ASTM(American Society for Testing and Materials)
EN(European Standard)
JIS(Japanese Industrial Standard)
GB(The National Standard of the People Republic of China coded as GB)
Type (အမျိုးအစား၊အုပ်စုခွဲ)များအနေနှင့် Stainless Steelကို ၎င်းတို့၏ ပုံဆောင်ခဲဖွဲ့စည်းပုံအရ အဓိကအားဖြင့်ကွဲပြားခြားနားသည့် အဓိကမိသားစု၅စု (5 main family) အဖြစ်ခွဲခြားထားသည်။
၎င်းအဓိကကျသည့် မိသားစု၅စုတို့မာ
1:Austenitic
2:Ferritic
3:martensitic
4: Duplex
5: Precipitation Hardening အဖြစ်ခွဲခြားထားသည်။
Type 5မျိုးရဲ့ တစ်မျိုးခြင်းစီအကြောင်းအရာများကို နောက်အလျဉ်းသင့်သလိုတင်ပေးပါဦးမယ်ဗျ။
ထို့အပြင် Stainless Steelနှင့် ပက်သက်ပြီး အခြားသောစိတ်၀င်စားဖွယ် သမိုင်းကြောင်းတေ,သူ့ရဲ့ဂုဏ်သတ္တိတေ,သူ့ရဲ့ Numbering system (Grade)အကြောင်းများနှင့် အခြားသော Copper, Aluminum,Iron, Chromium, Metal နှင့် Non Metal များ၏ စိတ်၀င်စားဖွယ် အချက်အလက်များကို ဖော်ပြပေးသွားမာ ဖြစ်လို့ Page ကို Like and Follow လုပ်ဖို့မမေ့နဲ့ဦးနော် မိတ်ဆွေတို့။
မိတ်ဆွေတို့လဲ Stainless Steel နှင့်ပက်သက်ပြီးသိထားတယ့်အရာများကို comment Box ☑️မှာ ၀င်ရောက်ဆွေးနွေးသွားပေးပါဦးဗျ။

⚒️⛓️🪝လူကြီးမင်းတို့၏ Structureလုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း၊ရေလုပ်ငန်း၊စက်မူလုပ်ငန်းများနှင့် အခြားသောလုပ်ငန်း များတွင်လိုအပ်သော
စတီး(ပိုက်၊အပြား၊Solid လုံး၊ဟင်္ဂလန်၊ဖလပ်ပြား၊ဖလန်ပြာ၊H Beam၊U Beam၊Pipe Fitting)နှင့် စတီးပစ္စည်းများအား Grade(304),Second Hand,Good Quality ဖြင့် စျေးနူန်းချိုသာစွာ ရောင်းချပေးနေပါသည်။
လူကြီးမင်းများအလိုရှိသော အတိုင်းအတာ၊အချိန်အဆ များအတိုင်းဖြတ်တောက်၍ ရောင်းချပေးခြင်းဖြင့်လဲ ဝန်ဆောင်မူများပေးနေပါသည်။

⚙️စတီး၊‌ေကြး၊သတ္တု၊ခဲ၊ဇင့်၊ အရည်ကြိုပစ္စည်းများကိုလဲ ပေါက်ဈေးအတိုင်း ရောင်း၀ယ်ပေး‌ပါတယ်ဗျ။

📱Online မှဆက်သွယ် မှာယူလိုသူများအနေနှင့်လဲ page Chat Box သို့ Viber📱(09-958731423)မှလဲ ဆက်သွယ်မာယူနိုင်ပါသည်။
နယ်မြို့များမှ ၀ယ်ယူလိုသူ customer များအတွက်လဲ Online Video Call ဖြင့်ဝယ်ယူနိုင်ပါသည်။

အိမ်တိုင်းရာရောက်(Delivery) ဖြင့်လဲပို့ဆောင်ပေးနေပါသည်။

အနယ်နယ်အရပ်ရပ်မှ Customer များအတွက်လဲ ကားဂိတ်ဖြင့်ပို့ဆောင်ပေးပါသည်။

☎09-958731423,09-773953776,09-5021541, 09-965021541 သို့ဆက်သွယ်မာယူနိုင်ပါသည်။

ဆိုင်တွင်လာရောက်ဝယ်ယူချင်သူများ အနေနှင့်လဲ
Branch(1):အမှတ်(C-187)၊ဆင်တဲလမ်း၊တောင်ဒဂုံ စက်မူ့ဇုံ(၃)၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
Branch(2):အမှတ်(D1-195)၊ရေနံချောင်းလမ်းသွယ်(2)လမ်း၊တောင်ဒဂုံစက်မူ့ဇုံ(၃)၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
တွင် ဝယ်ယူအားပေးနိုင်ပါတယ်။

05/12/2022

Tribar ပြုလုပ်နည်းလျို့ဝှက်ချက်လေးပါ။
crd:https://youtube.com/

Converting between unit of length.
05/12/2022

Converting between unit of length.

ယနေ့ ကျရောက်သော 102ကြိမ်မြောက် အမျိုးသားနေ့ကို Ko Ba Thein & Sons Stainless Steel မှဂုဏ်ပြုကြိုဆိုပါသည်။
17/11/2022

ယနေ့ ကျရောက်သော 102ကြိမ်မြောက် အမျိုးသားနေ့ကို Ko Ba Thein & Sons Stainless Steel မှဂုဏ်ပြုကြိုဆိုပါသည်။

15/11/2022

မြေဧက ဘယ်လိုတွက်မလဲ ?
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ

၁ သံကြိုး (အလျှား) ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ်

ဒါ့ကြောင့်
၆၆ ပေ ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါတယ်

၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ ၆၀ ပေ = ၀.၀၂၇၅ ဧက


အားလုံပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ပုံပါအိုးများရောင်းဖို့ရှိပါသည်။📱09-958731423,09-773953776,09-5021541
14/11/2022

အားလုံပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။

ပုံပါအိုးများရောင်းဖို့ရှိပါသည်။
📱09-958731423,09-773953776,09-5021541

12/11/2022

ဝါယာကြိုး ဝယ်ယူသုံးစွဲ‌တော့မယ်ဆိုရင်
သိထားသင့်တဲ့ အချက်များ
**************************************

1.ဝါယာကြိုး size အတိုင်းအတာ ယူနစ်
နိုင်ငံတကာမှာ International Electrotechnical Commission (IEC) Standard အရ ဝါယာကြိုး size များကို Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) Square Millimeters (mm²) နှင့် သတ်မှတ်ထုတ်လုပ် သုံးစွဲကြပြီး ကြိုးအရှည်ကို မီတာနှင့်သာ ထုတ်လုပ်ရောင်းချကြပါတယ်။
1.5mm², 2.5mm², 4mm², 6mm², 10mm², 16mm², ....

မြန်မာနိုင်ငံမှာတော့ IEC standard အပြင် ယခင် စနစ်ဟောင်း British Imperial System အရ inch လက်မနှင့် တိုင်းတာ ထုတ်လုပ်သည့် ဝါယာကြိုးများကို ဆက်လက်သုံးစွဲကြပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိဘဲ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ကြိုးအရှည်ကို ကိုက်နှင့် ထုတ်လုပ်ရောင်းချကြပါတယ်။
3029, 3036, 7029, 7036, 7044, 7052, 7064, ...

100 မီတာ = 109.36 ကိုက်
91.44 မီတာ = 100 ကိုက်

တစ်ချို့ mm ကြိုး ထုတ်လုပ်တင်သွင်းသူတွေက ကြိုးတစ်ခွေဈေးနှုန်း သက်သာသွားအောင် 100 မီတာနှင့် မရောင်းကြပဲ 91.44 မီတာ(100ကိုက်) အရှည်နှင့် ထုတ်လုပ်မှာယူရောင်းချကြပါတယ်။ မီတာ 100 ကြိုးခွေထက် ဈေးနှုန်းအားဖြင့် 9% သက်သာသွားပါတယ်။
မီတာ 100 လို့ ရေးထားပြီး မီတာ 100 မပြည့်သည့် ဝါယာကြိုးများလဲ ဈေးကွက်ထဲမှာ ရောင်းချနေကြပါတယ်။

"3029 wire မှ 1.5mm² wire သို့ ပြောင်းလဲ သုံးစွဲခြင်း"
*3029 wire မှာ ရှေ့ဆုံးက 3 သည် ကြေးမျှင် 3ချောင်း ကျစ်ထားသည်ဟု ဆိုလိုပြီး ကြေးမျှင် တစ်ခုချင်းရဲ့ Diameter(အချင်း)က 0.029 လက်မ ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
**1.5mm² wire ဆိုတာ Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.5 square millimeter ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
1.5mm² wire ကို IEC 01 Standard အရ ကြေးမျှင်အသေး 7ပင်လိမ် နှင့် ထုတ်လုပ်သလို ကြေးမျှင်အတုတ် 1 ချောင်းတည်းနဲ့လဲ ထုတ်လုပ်ပါတယ်။
*3029 wire ကို အရွယ်အစား တူညီတဲ့ Metric(မီလီမီတာ)စနစ်ကို ပြောင်းလဲပါက Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.28mm² ရပါတယ်။
*သို့ပေမယ့် Metric စနစ်မှာတော့ အနီးစပ်ဆုံး 1mm² နှင့် 1.5mm² wire cable များသာ ထုတ်လုပ်သုံးစွဲပါတယ်။
**အသုံးများတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire များမှ Metric(မီလီမီတာ)စနစ်သို့ ပြောင်းလဲသုံးစွဲရာတွင် အနီးစပ်ဆုံး တူညီတဲ့ mm² size များကို ဖော်ပြထားပါတယ်။
3029 = 1.28mm² (~1.5mm²)
3036 = 1.97mm² (~1.5mm²)
7029 = 2.98mm² (~2.5mm²)
7036 = 4.6mm² (~4mm²)
7044 = 6.86mm² (6mm²)
7052 = 9.59mm² (~10mm²)
7064 = 14.53mm² (~16mm²)
ဒီပြောင်းလဲခြင်းက ဝါယာကြိုးစနစ် 2ခုလုံး ကြေးနီလုံးပတ် gauge ပြည့်နေမှ မှန်မှာပါ။

သို့ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းနေကြတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက်မစနစ်ဝါယာ တံဆိပ်အများစုက ကြေးနီလုံးပတ် gauge လျော့နေကြပါတယ်။ လက်မစနစ် ဝါယာတွေမှာ မူလရှိရမယ့် အလေးချိန်နဲ့ ကြေးနီလုံးပတ် gauge အပြည့်ရှိတဲ့ တံဆိပ်က အတော်နည်းသွားပါပြီ။

2.Copper Purity and Weight
အိမ်တွင်းသုံးဝါယာကြိုးများကို ကြေးနီကြိုးများ သုံးစွဲရပါတယ်။ ကြေးနီ တစ်တန်ကို 5,800$ ခန့် ရှိပြီး အလူမီနီယမ် တစ်တန်ကို 1,700$ ခန့် ရှိပါတယ်။ Copper သည် Aluminium ထက် resistance နည်းသောကြောင့် Energy loss အလွန်နည်းပါတယ်။ ကြေးနီကို အခြားဈေးနည်းသောသတ္တုစပ်ထားသော ဝါယာကြိုးများကို သုံးစွဲပါက resistance များပြီး စွမ်းအင်ဆုံးရှုံးမှုများတဲ့အတွက် လျှပ်စစ်မီတာခကို ပိုမိုကုန်ကျစေပါတယ်။ အခြားသတ္တု ရောထားသော ကြေးနီမစစ်သော ဝါယာကြိုးများသည် ၎င်းနှင့် size တူ ကြေးနီကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်ပါ။ အခြားသတ္တုစပ်ထားသော ဝါယာကြိုးများကို ကြေးနီအစစ်ကြိုးများကဲ့သို့ loading သုံးစွဲပါက အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဈေးနည်းသော သတ္တုများများ ရောစပ်လေ ဝါယာကြိုးဈေးနှုန်း သက်သာလေပါ။

အိမ်သုံးဝါယာကြိုး တစ်ချောင်းသည် ကြေးနီစစ်ဖို့လဲ လိုအပ်ပြီး weight ပြည့်ဖို့လဲ လိုအပ်ပါတယ်။ ကြေးနီအမျှင်တစ်ချောင်းချင်း size ပြည့်ဖို့ လိုအပ်ပြီး အမျှင်များကို (uniform twist) မှန်ကန်တိကျစွာ လိမ်ကျစ်ထားဖို့ လိုအပ်ပါတယ်။ ကြေးနီတော့ စစ်ပြီး အတွင်းမှာ သေချာ လိမ်ကျစ်မထားသော ဝါယာကြိုးများလဲ ရှိပါတယ်။ လိမ်ကျစ်ထားတဲ့ အပတ်ရေ လျော့နည်းနေမယ်ဆိုရင် ဝါယာကြိုးက weight လျော့နေမှာပါ။

IEC 01 Standard အရ အိမ်တွင်းသုံး ဝါယာကြိုး မီတာ 100 ခွေတွေမှာ အနည်းဆုံးရှိရမယ့် အလေးချိန်တွေကို ဖော်ပြပေးပါမယ်။
Copper/PVC (ကာဗာတစ်ထပ် အိမ်တွင်းသုံး ကြေးမျှင်7ပင်လိမ် ဝါယာကြိုး)
1.5mm² - 2.2kg (၁ ပိဿာ ၃၄ ကျပ်သား)
2.5mm² - 3.5kg (၂ ပိဿာ ၁၄ ကျပ်သား)
4mm² - 5.0kg (၃ ပိဿာ ၆ ကျပ်သား)
6mm² - 7.0kg (၄ ပိဿာ ၂၈ ကျပ်သား)
10mm² - 12.0kg (၇ ပိဿာ ၃၄ ကျပ်သား)
16mm² - 18.0kg (၁၁ ပိဿာ ၂ ကျပ်သား)
ဘယ်နိုင်ငံထုတ် ဘယ်တံဆိပ်ပဲနေနေ ဒီအလေးချိန်တွေမှ မရှိဘူးဆိုရင် အရှည်မီတာ သို့မဟုတ် ကြေးနီ လုံးပတ် gauge သို့မဟုတ် ကြေးနီသတ္တုသန့်စင်မှု တစ်ခုခုကို လျှော့ထားလို့ပါ။

1 ပိဿာ = 1.632932532 kg

1.5mm² ဝါယာကြိုး မီတာ 100 ခွေ မှာ 2.2kg အနည်းဆုံး ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မီးဆရာတွေ အသုံးများပြီး လျှပ်စစ်ပစ္စည်းဆိုင်အများစုမှာ ရောင်းချနေတဲ့ ဝါယာတံဆိပ်တစ်ချို့မှာ 2.0kg ဝန်းကျင်ပဲ ရှိပြီး 10% ခန့် weight လျော့နေကြပါတယ်။ အခြား size များတွင်လဲ 5% မှ 10% ထိ အသီးသီး weight တွေ လျော့နေကြပါတယ်။ Weight အပြည့်ဝါယာကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်တော့ပါ။
နွေရာသီလို မီးအား Voltage ကျလို့ ဝါယာကြိုးတွေက Ampere(A) ပိုဆွဲတဲ့အခါမျိုးမှာ ဝါယာကြိုး ကြေးနီ လုံးပတ် gauge လျှော့ထားတာတွေ သုံးထားမယ်ဆိုရင် အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။Packing စက္ကူဖယ်ပြီး ကတ္တားပေါ် ချိန်ကြည့်ရုံနှင့် weight လျော့မလျော့ အလွယ်တကူ သိရှိနိုင်ပါတယ်။

3.PVC Quality
Copper ကို Coated လုပ်ထားတဲ့ PVC ကလည်း လုံးပတ်တစ်လျှောက်လုံး အထူညီနေဖို့ လိုအပ်ပါတယ်။ PVC Insulation ရဲ့ ထုက ညီမနေဘူးဆိုရင် ဝါယာပေါက်ပြဲပြီး လျှော့ဖြစ်ဖို့ အလွန်လွယ်ကူပါတယ်။ Recycled PVC အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဝါယာကြိုးတွေကတော့ ဈေးနှုန်း ပိုသက်သာပါတယ်။ PVC က Recycled ဖြစ်ရင် ဝါယာ သက်တမ်း ကြာရှည်မခံပါဘူး။

4.အရောင် ခွဲခြား သုံးစွဲမှုစနစ်
AC Power Circuit မှာ Wire ကြိုးများကို အသုံးပြုတဲ့ Function အလိုက် ခွဲခြားသိဖို့အတွက် အရောင်တွေ သတ်မှတ်ပြီး သုံးစွဲကြပါတယ်။ အရောင် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
လက်ရှိမှာ EU နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံသုံးစွဲနေကြတာကတော့ International Electrotechnical Commission (IEC) အဖွဲ့က သတ်မှတ်တဲ့ Colour Code ဖြစ်တဲ့ Phase ကြိုး Line1,2,3 ကို အညို၊ အနက်၊ မီးခိုး၊ Neutral ကြိုးကို အပြာ နှင့် Earth ကြိုးကို စိမ်းဝါကြားတို့ပဲ ဖြစ်ပါတယ်။
USA နှင့် Canada မှာတော့ အဖြူနှင့် မီးခိုးရောင်ကို Neutral အတွက်သုံးစွဲကြပြီး Phase ကြိုး Line1,2,3 ကို အနက်၊ အနီ၊ အပြာ နှင့် Earth ကြိုးကို အစိမ်း၊ စိမ်းဝါကြားနှင့် Bare conductor သုံးစွဲကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအများစု သုံးစွဲနေကြတာကတော့ UK Old colour code ဖြစ်ပြီး UK မှာ 2006 နောက်ပိုင်း မသုံးစွဲတော့တဲ့ Neutral အနက်၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အပြာနှင့် Earth စိမ်းဝါကြား တို့ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိတော့တဲ့ အရောင်စနစ်တွေကို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးနေကြပါတယ်



တန်ဆောင်တိုင်အခါသမယတွင် ချစ်ရသောမိသားစုများနှင့် အတူအေးချမ်းသာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Ko Ba Thein & S...
07/11/2022

တန်ဆောင်တိုင်အခါသမယတွင် ချစ်ရသောမိသားစုများနှင့် အတူ
အေးချမ်းသာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Ko Ba Thein & Sons Stainless Steel မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

02/11/2022

Amazing Manufacturing process of a silencer by the metal making Silencer.
crd:pak tech

ရေအားလျှပ်စစ် နဲ့လည်ပတ်ပုံပါ။
01/11/2022

ရေအားလျှပ်စစ် နဲ့လည်ပတ်ပုံပါ။

01/11/2022

ဒီနေ့ Orderမာထားတယ့်နာဇီဘီးလေ Final လုပ်ပီးသွား။😊

စက်ရုံသုံး၊စားသောက်ကုန်လုပ်ငန်းသုံး၊ရေလုပ်ငန်းသုံး၊အိမ်သုံး၊စတီးတံခါးနှင့် စတီးပစ္စည်းမျိုးစုံ ကို
လဲ Customer စိတ်တိုင်းကျပြုလုပ်ပေးနေပါသည်။

ဆက်သွယ်ရန်ဖုန်း၊09-958731423,09-773953776,09-5021541

🏣 အမှတ်(C.187)၊ဆင်တဲလမ်း၊တောင်ဒဂုံစက်မူ့ဇုံ(၃)၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။

🏤အမှတ်(D1.195)၊ရေနံချောင်းလမ်းသွယ်(၂)လမ်း၊တောင်ဒဂုံစက်မူ့ဇုံ(၃)၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။

Address

Dagon

Telephone

+959958731423

Website

Alerts

Be the first to know and let us send you an email when Ko Ba Thein & Sons Stainless Steel & Metal Scrap Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share