11/07/2025
ထိုင်းဘဏ်အကောင့်တွေက အပိတ်ခံနိုင်ရတဲ့အခြေအနေတွေဖြစ်နေတာမို့ အခုချိန်မှပင်စင်(၈၀%)စလျှောက်မဲ့သူတွေကအသုံးပြုဖို့ အဆင်မပြေနိုင်ပါဘူးနော်
ထိုင်းဘဏ်အကောင့်သုံးပြီး ပင်စင်ငွေလက်ခံခြင်း
🔺ဂျပန်ကနေမြန်မာကို အပြီးပြန်လာပြီး ဂျပန်ဘဏ်အကောင့်သုံးဖို့အဆင်မပြေသလို CB Bank Account မသုံးချင်တဲ့သူတွေအတွက် အသုံးပြုလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်။
🔺ကျွန်တော်တို့နိုင်ငံနဲ့အနီးစပ်ဆုံး ထိုင်းနိုင်ငံမှာ Bank Account ဖွင့်ပြီး ပင်စင်ငွေလက်ခံသူတွေရှိပါတယ်။ ငွေစျေးလည်းအနှိမ်မခံရပဲပေါက်စျေးအတိုင်းရပါတယ်။ထိုင်းဘဏ်ဖွင့်တာက ကုန်ကျစရိတ်ရှိတာမှန်ပေမဲ့ ပုံမှန်ပေါက်စျေးအတိုင်းငွေဝင်တာဖြစ်လို့ CB Bank ငွေစျေးနဲ့ရတာထက်စာရင် အရမ်းအဆင်ပြေပါတယ်။
🔺Japan က အပြန်တစ်ခါတည်းဘဏ်အကောင့်ဖွင့်ဖို့ဝင်တာဆိုရင်တော့ မြန်မာကနေ ထိုင်းကို သီးသန့်အသွားအပြန်လုပ်ရတာထက်စရိတ်အများကြီးသက်သာပါတယ်။
🔺မြန်မာကိုရောက်ပြီးမှ ပြန်သွားဖွင့်လို့ရပေမဲ့ ရောက်ပြီးမှပြန်သွားမယ်ဆိုရင် လေယာဉ်လက်မှတ်အသွားအပြန်သီးသန့်ကုန်ကျမှာဖြစ်ပြီး
Passport က PJ အမျိုးအစားဆိုရင် OWICသက်တမ်း ရှိမှပြည်ပကိုအလည်ပြန်ထွက်လို့ရမှာဖြစ်လို့ Passport အမျိုးအစားတွေကိုပါပြန်ချိန်းခဲ့ရရင်တော့ အချိန်ကုန်အလုပ်ရှုပ်ပြီးကုန်ကျစရိတ် ကတော့ပိုများမှာပါ။
အပြီးပြန်မဲ့သူတွေက မပြန်ခင်ကာလ လေယာဉ်လက်မှတ်မဖြတ်ခင်မှာ ဘယ်ဘဏ်သုံးမယ်/မသုံးဘူးဆိုတာကို ကြိုပြီးစဉ်းစားပေးပါ။ မြန်မာရောက်ပြီးမှဆက်သွယ်လာရင် တစ်ချို့အခွင့်အရေးတွေကဆုံးရှုံးသွားနိုင်လို့ပါ။
ထိုင်းဘဏ်အကောင့်ဖွင့်ဖို့
မြန်မာကနေ TR Visa လျှောက်ထားဖို့
ထိုင်းရောက်ရင် visa သက်တမ်းတိုးဖို့
လေယာဉ်လက်မှတ် တို့ကို ကျွန်တော်တို့ဆီမှာ All in one Service ယူလို့ရပါတယ်။
ပင်စင်လျှောက်ဖို့ လိုအပ်တာတွေရှိရင် ကျွန်တော်တို့နဲ့ရင်းနှီးစွာတိုင်ပင်ဆွေးနွေးလို့ရပြီး ထိုင်းမှာဘဏ်အကောင့်ဖွင့်ဖို့အတွက်လည်း ကျွန်တော်တို့နဲ့အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။
ဆက်သွယ်ရန် : 09261508320,09269493531
Messenger,Viber တို့မှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။