ADS Sniper Agency

ADS Sniper Agency Facebook Marketing Service

ခင်ဗျားရဲ့လုပ်ငန်းကို Online နှင့်ချိတ်ဆက်လိုက်တဲ့အခါ ?အရင်ဆုံး ဒါလေးပြောပြချင်ပါတယ်Nokia ဘာကြောင့် ကျန်နေခဲ့တာလဲ … ?အမျ...
26/06/2020

ခင်ဗျားရဲ့လုပ်ငန်းကို Online နှင့်ချိတ်ဆက်လိုက်တဲ့အခါ ?

အရင်ဆုံး ဒါလေးပြောပြချင်ပါတယ်
Nokia ဘာကြောင့် ကျန်နေခဲ့တာလဲ … ?

အများစုပြောနေကြတဲ့အချက်တွေဖြစ်တဲ့ ပြောင်းလဲမှု မရှိလို့ ၊
ခေါင်းဆောင် ခေါင်းမာ လို့ အစရှိတဲ့ အချက်တွေပေါ့ဗျာ ၊ အများပြောသလိုပဲ မှန်ပါလိမ့်မယ် ( google မှာ ရှာကြည့်ပါ )

သူများနိူင်ငံအတိုင်းအတာနဲ့မပြောကြပဲ ကျနော်တို့နိူင်ငံ အနေနဲ့ပြောရရင် အခုခေတ် မှာ ကျနော်တို့ Online ဘက်မှာ လူဦးရေ တော်တော်များများ သုံးလာကြပါပြီ ၊

အရင်ချိန်ကလို လက်ကမ်းစာစောင်တွေ ဝေ ပြီးရင်
ငါ့လုပ်ငန်း ငါ့ဆိုင်လာမှာပဲ ဆိုတဲ့အတွေးက အခုချိန်မှာ အဆင်ပြေနိူင်မှုက 20% ပဲ ရှိတော့ပါမယ်၊

ခင်ဗျားသာ လုပ်ငန်းရှင်တစ်ယောက်ဆိုပါစို့ လုပ်ငန်း ရောင်းတဲ့ ပစ္စည်းတန်ဖိုးက တစ်ခု ၃၀၀၀ တန် ကို ကြေညာလုပ်ကြမယ် ၊ အရင်တုန်းကလိုပဲ လက်ကမ်းစာစောင် အစောင် ရေ ၁၀၀၀ ကျော် ထုတ်မယ်

အစောင်ရေ ၁၀၀၀ ကျော် ထုတ်တဲ့ ကုန်ကျစရိတ် နဲ့ ပြန်ရလာမယ့် 20% သော လူတွေက လာဝယ်မယ်ဆိုရင်
တကယ်ရောင်းရငွေက လက်ကမ်းစာစောင် ကုန်ကျစရိတ်ဖိုး တောင် ပြန်ရနိူင် မရနိူင် စဉ်းစားသာကြည့်ပါ .

လူတွေက လက်ကမ်းစာစောင်တွေကို စိတ်မဝင်စားတော့တာ နှစ်အနည်းငယ်ကြာပါပြီ ( ကျနော်ပြောတာမဟုတ်ဘူး ၊ စီးပွားရေးပညာရှင်တွေ ပြောတာ ) အခု ကိုယ့်နေရာ ကိုယ့်စျေးကွက် ရဲ့ လူတွေက ဘယ်မှာ ရှိနေလဲ ?

Online ? ဒါမှမဟုတ် Offline ?
အခုချိန်မှာ ကိုယ့်လုပ်ငန်းအမျိုးအစားကို တစ်ချက်ပြန်စဉ်းစားသင့်ပါပြီ ….
ကိုယ့်လုပ်ငန်းက ဘယ်အရာနဲ့အဆင်ပြေနိူင်လဲ အတူတူပဲ ဖြစ်နေရင်
ဘယ်အရာက ပိုပြီးအဆင်ပြေနိူင်မလဲ စဉ်းစားကြည့်လိုက်ပါ …

အပေါ်မှာပြောခဲ့သလိုပေါ့ Nokia ဘာလို့ကျန်နေခဲ့တာလဲ ဆိုရင် ပြောင်းလဲဖို့ အားမထုတ်ခဲ့လို့ ဆိုရင် ပိုမှန်ပါမယ်

ဒါကြောင့် အရင်တုန်းက အဆင်ပြေကောင်းပြေလိမ့်မယ် ၊ အခုချိန်မှာ ဘယ်အရာတွေပြောင်းလဲနေလဲ ဘယ်လို Marketing လုပ်နေကြပြီလဲ ဘယ်လို စျေးကွက် ဖြစ်နေပြီလဲ …

ကိုယ့်လုပ်ငန်းအနေနဲ့ ဘယ်လိုဝန်ဆောင်မှု ပေးနိူင်လဲ ဘယ်လိုအရာနဲ့ချိတ်ဆက်သင့်ပြီလဲ …. ?
ဒါကတော့ မိတ်ဆွေစဉ်းစားဆုံးဖြတ်သင့်တဲ့ အရာပါပဲ

Online လို့ ကျနော်ပြောခဲ့တယ်၊ Online ဆိုတာနဲ့ ဘာပြေးမြင်လဲ ?
Facebook ကို ပထမဆုံးမြင်မိမှာ သေချာပါတယ် ( ဘာလို့လဲ ဆိုတော့ ကျနော်တို့ မြန်မာနိူင်ငံမှာက Facebook သုံးသူအများဆုံးပဲကိုး ဗျ ) ၊

တကယ်လို့ ကိုယ့်လုပ်ငန်းသာ Facebook နှင့် ချိတ်ဆက်မယ်ဆိုရင် ဘယ်လို ရလဒ်တွေ ရလာမှာလဲ ? ဟုတ်ပြီ …

ဥပမာ စားသောက်ဆိုင် ( လက်ဖက်ရည်ဆိုင် ၊ ဘီယာဆိုင် စသဖြင့် )
Facebook နှင့် ချိတ်ဆက်မယ်ဆိုရင် ဘာတွေရနိူင်မလဲ ဆိုရင်
အခုလို Covid ကာလ လိုမျိုး အကျပ်အတည်းကာလ မှာ Online Delivery ပို့ပေးနိူင်မယ် ( စျေးရောင်းနိူင်မယ် )

ကြေညာခ သက်သာမယ်
အပြင်မှာ လက်ကမ်းစာစောင် ၁၀၀၀ ထုတ်တဲ့စရိတ် နဲ့ဆိုရင် Facebook မှာ ထိထိရောက်ရောက် ကြေညာလို့ရပါတယ်
လက်ကမ်းစာစောင် - 20%
Facebook Ad - 80% ထိရောက်နိူင်စွမ်း ပြောပြတာပါ

Customer တွေနဲ့ အမြဲ အဆက်အသွယ်ရှိနေမယ်
Customer တွေနဲ့ ဆက်သွယ်ရှိနေခြင်းက အလွန်ကောင်းတဲ့အရာပါ ၊ ဥပမာ လာအားပေးတဲ့ Customer တွေကို ကျေးဇူးတင်စကား လူသိရှင်ကြားပြောလို့ရမယ်

Customer ဘာကြိုက်တတ်လဲ သိနိူင်မယ်(အကြံပြုချက် ) ဥပမာ ခင်ဗျားက ဟင်းပွဲတစ်ပွဲ အသစ်လုပ်တယ်ဆိုပါစို့
ဟင်းပွဲ ဘာလုပ်ရမှန်းမသိခဲ့ရင် Customer ကြိုက်တတ်တဲ့ ဟင်းပွဲ အမယ်စုံလင် ပြင်လို့ရနိူင်တာပေါ့

ဒါဆိုရင် သင့် Customer တွေ အခြားဆိုင်ကို သွားအားပေးပါ့မလား ?
သူတို့စိတ်ကြိုက်အရာတွေ ရှိတဲ့ ခင်ဗျားဆိုင်ပဲ လာမှာပေါ့
နောက်တစ်ချက်က Customer တွေရဲ့ စကားသံ သိနိူင်မယ်ဗျ ၊ ငါ့ customerတွေ ဘာတွေပြောလဲ
ဟိုဟင်းပွဲ က မကောင်းဘူး တို့ ဟိုစားပွဲထိုးကောင်လေးက Service မကောင်းဘူးတို့
ဒီလို Feedback တွေ ရလာမယ် ၊ ဟုတ်ပြီ အာ့ဒီ Feedback ကနေ ခင်ဗျားရဲ့ ဆိုင် လိုအပ်ချက်ကို ဖြည့်ဆည်းနိူင်မယ် ပြုပြင်နိူင်မယ်
ဒီလို ဖြည့်ဆည်း ပြင်ဆင်ထားကြောင်းကိုလည်း ခင်ဗျားရဲ့ Customer တွေကို အသိပေးမယ်

ဒါဆိုရင် ခင်ဗျားဆိုင်ကို မလာဖူးတဲ့သူတောင် လာချင်စိတ်ပေါက်သွားမှာပါ
ကျနော်ပြောတာ နည်းနည်းရှုပ်သွားလား Comment မှာ တစ်ခါတည်း ပြောခဲ့ပါ ၊ သေချာ ထပ်ရှင်းပြပေးပါ့မယ် ( စိတ်မဆိုးပါဘူး )

ခင်ဗျားတို့ Business ကို Online ဘက်မှာပါ Upgrade လုပ်လိုက်ပြီ ဆိုပါတော့
သိသိသာသာ ပြောင်းလဲ လာမှာက ခင်ဗျားတို့ရဲ့ ကြေညာ စရိတ် ပါပဲ
လက်ကမ်းစာစောင်တွေ မလုပ်နဲ့ လို့ ကျနော်မပြောပါဘူးနော် ( 20 % ပဲ ထိရောက်မယ်ဆိုတာ သိပါ )
Facebook မှာ လူတိုင်း စီးပွားရေးသမားတိုင်း ဘာလို့ ကြေညာလုပ်နေကြလဲ ဆိုတော့
ကုန်ကျစရိတ်သက်သက်သာသာ နဲ့ လူတွေဆီ အရောက်ပို့နိူင်လို့ပါပဲ
ဒါနဲ့ မှတ်ထားပါအုန်း ကျနော်တို့ မကွေးမြို့ မှာ တင် Facebook သုံးတဲ့သူ ၃သိန်းကျော် ရှိပါတယ်
Nokia လို နောက်ကျန် မနေခဲ့ဖို့ ပြောင်းလဲသင့်ပါပြီ ….

ကဲ ဟုတ်ပြီ အကိုကတော့ အစ်မ ကတော့ Facebook နဲ့ ချိတ်ချင်တယ် ဘယ်လိုလုပ်ရမလဲ ဆိုရင်
ကျနော့်ကို Chat Box မှာ တိုးတိုးတိတ်တိတ် လာမေးပါ တစ်လုံးမကျန် ပြောပြပါ့မယ်

ကဲ ဒီလောက်ဆို နားလည်သဘောပေါက်မယ်ထင်ပါတယ်
နောက် Post တွေ တင်ရင်လည်း အားပေးပါအုန်း



Address

Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ADS Sniper Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share