Myanmar Licensed Tour Guide Mya MyaAung

Myanmar Licensed Tour Guide Mya MyaAung Financial Advisor of Chubb Life Myanmar Batch 6

15/01/2025
04/01/2025

နင်လားဟဲ့ကြမ်းပိုး

- ကြမ်းပိုးပြဿနာဟာ သေးသလိုလိုနဲ့ တကယ်ကြီးတဲ့ဒုက္ခတစ်မျိုးပါ။ ကြမ်းပိုးဒုက္ခပေးလို့ အိပ်ရေးပျက်သူပေါင်း အများကြီးရှိမယ်ထင်တယ်နော် (အက်မင်အပါအဝင်ပေါ့😁 )
- ဒီတစ်ခါတော့ ငွေကုန်လည်းသက်သာ၊ ကြမ်းပိုးလည်း ပြေးမယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
********

~ လက်ဖက်ရည်ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ရေးဖော်မိတ်ဆွေကြီးကိုမျိုးနိုင် (ဆကာကြီး) ၏ ညှိုးမှိုင်နေသော အမူ အရာကိုမြင်တွေ့ရသည်။
"ဘယ်လိုလဲဗျ၊ ခင်ဗျားကြည့်ရတာ လန်းလန်းဆန်းဆန်းလည်းမရှိပါလား။ ဘာလဲ မိန်းမအိမ်ပေါ်ကဆင်း သွားလို့လား"

ကျွန်တော် ခင်မင်စွာဖြင့် နောက်လိုက်သည်။
"မဟုတ်ပါဘူးဗျာ၊ အခုဟာက မိန်းမက ဂဂျီဂဂျောင်လုပ်တာထက် တောင်ဆိုးသေးတယ်"
ကိုမျိုးနိုင် (ဆကာကြီး)၏ စိတ်ပျက်စွာပြောဆို
သံကြောင့် အကြောင်းအရင်းကိုသိချင်စိတ်က ကျွန်တော့်ရင် ထဲထိုးဖောက်ဝင်လာသည်။
"ဆိုစမ်းပါဦး၊ ခင်ဗျားကဘာများ အခက်အခဲဖြစ်နေတာလဲ"
"ကြမ်းပိုးလေကြမ်းပိုး၊ ကိုက်လိုက်တာ တစ်ညလုံးမအိပ်ရပါဘူးဗျာ၊ မိုးစင်စင်လင်းရော"
သည်တော့မှ ကျွန်တော် ကိုမျိုးနိုင် (ဆကာကြီး)မျက်နှာကို သေသေချာချာ ကြည့်မိသည်။
သူပြောတာဟုတ်လောက်သည်။ မျက်တွင်းလေးချောင်ပြီး မျက်လုံးအတွင်းသားတွေက နီရဲနေသည်။ နားထင် နားရင်းတွေကျနေသည်။ အိပ်ပျက်ည တွေ ဘယ်လောက်တောင်ရှိနေပြီမသိ။
ဘယ်သူပဲဖြစ်ဖြစ် အိပ်ရေးပျက် ပြီဆိုမှဖြင့် ဘာဆိုဘာမှမလုပ်ချင်မကိုင်ချင် တစ်နေ့တာလုံး မူးနောက်ရီဝေနေတော့သည်။
ကျွန်တော်သည် ကိုမျိုးနိုင် (ဆကာကြီး)အဖြစ်ကို ကိုယ်ချင်းစာစိတ်ဖြင့် မေးလိုက်သည်။
"ခင်ဗျား အခုရောင်းနေကြတဲ့ ကြမ်းပိုးနှိမ်နင်းတဲ့ဆေးတွေ၊ပိုးသတ်ဆေးတွေသုံးစွဲမကြည့်ဘူးလား"

"ဘယ်နေပါ့မလဲ ကိုယ့်ဆရာရယ် သုံးကြည့်ပါရောလား။ ကြမ်းပိုးနှိမ်နင်းတဲ့ ဆေးကျတော့ခဏပဲ။ ပြီးရင်ပြန်လာပြန် ကိုက်ရော။ ပိုးသတ်ဆေးကျတော့ပြင်း ကလည်းပြင်း၊ အိမ်မှာက ကြောင်တွေနဲ့ လူပါ အကုန်ဒုက္ခပေးမှာစိုးလို့ မသုံးရဲပါ ဘူးဗျာ"
ကိုမျိုးနိုင်(ဆကာကြီး)က ကြမ်းပိုး ဒုက္ခကို စိတ်ပျက်စွာပြန်ပြောပြသည်။
သည်တော့မှ ကျွန်တော်သည် ကိုမျိုးနိုင် (ဆကာကြီး)၏ ဒုက္ခကိုကယ် တင်နိုင်ရန် အကြံကောင်းဏ်ကောင်း ပေးဖို့ အခါအခွင့်သင့်ပြီဟု တွေးလိုက် မိသည်။
"ကိုင်း - ကိုယ့်လူ ဘာမှစိတ်ပျက်မနေနဲ့။ ကျွန်တော်ပြောတဲ့အတိုင်းသာ မပျက်မကွက် သုံးရက်ဆက်တိုက် လုပ် ဘာမှမခဲယဉ်းဘူး။ ခင်ဗျား ကြမ်းပိုး ဒုက္ခက ကင်းသွားလိမ့်မယ်"
ကျွန်တော်က ပြောပြောဆိုဆိုပင် ကိုမျိုးနိုင် (ဆကာကြီး)ကို အကြံကောင်း တစ်ခုပေးလိုက်သည်။

#တစ်ပတ်ခန့်အကြာ -
"ကလင် ကလင် ကလင်"
ဖုန်းခေါ်သံကြောင့် ကောက်ကိုင်လိုက်သည်။
"ဟဲလို - ကျွန်တော်စောထွန်းပါ"
"ဟေး - ကိုယ့်ဆရာ၊ ကျွန်တော် မျိုးနိုင်ပါ"
ဪ - ကိုမျိုးနိုင် (ဆကာကြီး) ဆက်တာပါလား။
သူလေသံက ရွှင်လန်းတတ်ကြွကာ ကြားရုံနှင့်ပင်သိသာသည်။ အားမာန်အပြည့်နှင့် -

"ကိုယ့်လူဘာပြောစရာရှိလို့လဲ"
ကျွန်တော်ကပြန်မေးလိုက်သည်။
"ဟာ...ပြောစရာရှိပါရောလား ဗျာ။ ကျွန်တော်အခုခင်ဗျားလုပ်ခိုင်းတဲ့ အတိုင်း မပျက်မကွက်လုပ်လိုက်တာ သုံးရက်နဲ့ ကြမ်းပိုးဒုက္ခက ကင်းဝေးသွား ပြီဗျ။ မိသားစုတွေအားလုံးလည်း စိတ် ချမ်းသာကိုယ်ချမ်းသာဖြစ်ကုန်ကြလို့ ခင်ဗျားကို ကျေးဇူးတင်နေကြတယ်"
"ဝမ်းသာစရာပေါ့ဗျာ"
"အခု ကျွန်တော် ကြမ်းပိုးဒုက္ခက ကင်းဝေးသွားပြီမို့ စာလည်းကောင်း ကောင်းဖတ်နိုင်ပြီ။ စာလည်းကောင်း ကောင်းရေးနိုင်ပြီ။ ခင်ဗျားကို ကျေးဇူးတင်လွန်းလို့ မနက်ကျရင် လမ်းဆုံက ရွှေလဝန်းလက်ဖက်ရည်ဆိုင်မှာဆုံမယ် ဗျာ။ ကျွန်တော်ပြုစုစမ်းပါရစေ"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဖုန်းချလိုက် တော့မယ်နော်"
ကျွန်တော့်ရင်ထဲတွင် ပီတိတွေယို ဖိတ်စီးဆင်းသွားသည်။
သူရဇ္ဇပရိသတ်ကြီးခင်ဗျာ...

ကျွန်တော် ကိုမျိုးနိုင်(ဆကာကြီး) ကို ကြမ်းပိုးနိုင်ရန်ပေးလိုက်သော အကြံဥာဏ်မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။

လမ်းဘေးများတွင် အလေ့အကျပေါက်သော ပိစပ်ပင်(ခေါ်) ရှမ်းပြေးပင် အရွက်လတ်တစ်ဆုပ်၊ နှစ်ဆုပ်ခန့်ခူးပြီး ရေစင်စင်ဆေး၊ မိမိအိပ်သည့် အိပ်ယာ အောက်တွင် ဖြန့်ခင်းပြီးအိပ်။
နောက်တစ်နေ့တွင် ပိစပ်ပင် (ခေါ်)ရှမ်းပြေးပင်အရွက်ဟောင်းများကို စွန့်ပစ်ပြီး အသစ်ထပ်မံ ဖြန့်ခင်းပြီးအိပ် (၃)ရက်ခန့် မပျက်မကွက် မှန်မှန်ပြုလုပ် ပေးပါက ကြမ်းပိုးအန္တရာယ်ကင်းဝေး သွားပါလိမ့်မည်။

(ကြမ်းပိုးမသေဘဲ ကြမ်းပိုးပြေးသောကြောင့် ပါဏာတိပါတာကံလည်း မထိုက်ပါ။)

29/12/2024

🛂 🌍 ဘယ်နိုင်ငံရဲ့ Visa Interview ‌ေြဖမှာလဲ?❓🇦🇪 💁🏻‍♀️🇸🇬 🔠ABCD တတ်ရုံ ြဖင့်🤔 အင်းဂလိပ်စကါး မ‌ေြပာ တတ်သူတွေကိို🛜အင် တါနက်ရှိရုံ၊📱ဖုန်းတလုံးရှိရုံဖြင့် Online မှ 🗣 Interview Questions & Answers ချက်ချင်း ျေပာ အတတ်သင် အမြန် သင် တန်း ၊
🏆 Trainer/ Assessor/ Consultant/ Teacher MYA + call နဲ့ သင် ပါမည်။
#🇬🇧 🖥️/ASEAN National Trainer MYA MYA AUNG E-Learning Center (Interview Preparation Specialist)
⚙️ Phone: 🤳09952095326, 📱
Viber/Telegram:📱09762455257
💰 Kpay 📲
📬 ZOOM✉️ : ,
https://www.facebook.com/share/r/2BPMAJK8Cshum2nE/?mibextid=D5vuiz
🇺🇲 ❓ ြမန်မာများအတွက် Visa? အမေရိကန် ဗီဇါ အင်တါဗျူး အတွက်လါး? ဘယ်ဗီဇာ အင်တါဗျူး မလဲ?
Spouse Visa or Student Visa Interviews !? အိမ်ထောင်ဖက်ဗီဇာအင်တာဗျူးလါး ?
� ဘယ်နိုင်ငံ ဘယ်အလုပ်အတွက်?
💖 သက် ဆိုင် သော အင်တာဗျူး ဝင် ရန် ၊ NATIVE SPEAKER များကမေးသောမေးခွန်း ကို ချက်ချင်း နားလည်ဖြေဆိုနိင်ရန် အင်တါဗျူးစကါး‌ေ ြပာ အ ြပင်၊ English 4 Skills တည်း ၊ တပေါင်းထဲ သင်ပေးမှာပါ။
F1 Visa Interview မှာဘာတွေက ...
❓ Schools Student F1Visa ဗီဇာ Interview အောင်၊ Visa Approve ရအောင် ဘယ်လိုလုပ်မလဲ❓ဘယ်လို ‌ေြဖ မလဲ- Interview မှာမေးတတ်တာလေးတွေ❓
US F1 Visa Interview မှာ၊ လျှောက်ကြတဲ့သူတွေအများကြီးထဲမှာမှ Visa Approve ရအောင်ဘာတွေကအ‌ရေးပါသလဲ❓
Student Visa က လွယ်မလိုနဲ့၊တိမ်မလိုနဲ့နက်ပါတယ်။
F1ဗီဇာရက်ချိန်းယူခြင်း ... -
ကျပြီး ဘယ်နှရက်အတွင်း visa appointment ယူရတာလဲရှင့် ခုက appointment တွေကျပ်နေတော့လေ ပြီးတော့ ဒီဘက်က လုပ်နေတယ့် process တွေကို ကျောင်းကို mail ...
Schools Student Visa ဗီဇာ Interview အောင် အောင် ဘယ်လိုလုပ်မလဲ?
Interview မှာမေးတတ်တာလေးတွေ
US F1 Visa Interview မှာဘာတွေကအ‌ရေးပါသလဲ ❓ US Student Visa က လွယ်မလိုနဲ့၊တိမ်မလိုနဲ့နက်ပါတယ်။ လျှောက်ကြတဲ့သူတွေအများကြီးထဲမှာမှ Visa Approve

#ဗီဇ
https://www.facebook.com/groups/659006721815836/permalink/1213978256318677/

16/12/2024

နွယ် ဒီနေ့မှာတော့ Middle East မှာ Hotel အလုပ်ကို ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ ဘယ်လိုရှာမလဲဆိုတာလေး နည်းနည်း Sharing လုပ်ပေးချင်ပါတယ်🇦🇪

💢 ဒီမှာကြိုပြီးပြောပြထားချင်တာက နွယ်ကိုယ်တိုင်လဲ New Joiner ပါ။

Hotel life အကြောင်း အများကြီး မသိသေးပေမယ့် ဒီ Post မှာတော့
အလုပ် လျှောက်ခြင်းနဲ့ဆိုင်တဲ့အချက်လေးတွေကိုပဲ နွယ် အဓိက ပြောပြပေးသွားပါ့မယ်ရှင့်။

________________________

ပထမဆုံးအနေနဲ့ UAE အလုပ်တွေ လျှောက်တဲ့သူတွေထဲမှာ နွယ့်အမြင်အရတော့
နှစ်မျိုးရှိပါတယ်။

1. မြန်မာကနေ Or တစ်ခြားဒေသတွေကနေ Visit Visa နဲ့လာပြီး အလုပ်လာရှာတဲ့သူ။

2. နွယ့်လို ကိုယ်နေနေတဲ့ နိုင်ငံကနေပဲ အလုပ်မရမချင်း လျှောက်ပြီး၊ အလုပ်ရလာမှ UAE ကိုပြောင်းလာတဲ့သူ။
စသဖြင့် ဖြစ်ပါတယ်။

ဒီနေရာမှာ နံပါတ် ၁ လိုမျိုးဆိုရင် ငွေကြေးကုန်ကျများပြီး အလုပ်မရခင် ကာလမှာ အလုပ်အတွက်ရော၊
Visa ကိစ္စတွေအတွက်ပါ စိတ်ပူရတာမျိုး၊
Visa cases တွေကြောင့် မျှော်မှန်းထားတဲ့ 4star, 5star hotel အလုပ်မျိုး မဝင်ခင်မှာ ယာယီ အဆင်ပြေရာ အလုပ်မျိုး ရွေးလုပ်လိုက်ရတာမျိုးလေးတွေဖြစ်နိုင်တာမို့
အနည်းငယ်စိတ်ပင်ပန်း၊လူပင်ပန်းတာတွေရှိရနိုင်ပါတယ်။

ဒါကြောင့်မို့ တကယ်လို့ကိုယ်က UAE ထဲရောက်ပြီး အလုပ်ရှာနေသူမဟုတ်ဘူးဆိုရင်တော့

နံပါတ် ၂ လိုလေး လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင့်။

_____________________________

ကိုယ်က UAE ထဲမှာ မဟုတ်တဲ့တစ်ခြားနိုင်ငံတွေထဲကနေ အလု​ပ် လျှောက်မယ်ဆိုရင်....

၁။ CV ကောင်းကောင်းလေး သေချာပြင်ဆင်ရပါမယ်။
CV နဲ့ပတ်သတ်ပြီး ဒီ Post လေးမှာ အကြမ်းဖျင်းဖတ်နိုင်ပါတယ်။
(Cabin crew CV လိုသာ အလားတူ ဖန်တီးနိုင်ရင် 5star hotel တွေလဲ In ဖြစ်နိုင်ပါတယ်)

https://www.facebook.com/share/p/15eUveS3xv/
CV နဲ့ပတ်သတ်ပြီး အသေးစိတ်တိုင်ပင်ချင်တယ်ဆိုရင် Page CB မှာ အခမဲ့ လာတိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်။❤✨

❗ အလုပ် လျှောက်ဖို့ရာ CV တင်မဟုတ်ဘဲ Cover letter ပါ ကြိုတင်ပြင်ဆင်ထားပေးရင်ပိုကောင်းပါတယ်။
*Cover letter အကြောင်းလေးကိုနွယ်နောက်Post လေးမှာ ထပ်ပြောပြပေးပါ့မယ်။

🍀🍀🍀🍀

၂။ CV ပြင်ဆင်ပြီးပြီဆိုရင်တော့ အလုပ်စ လျှောက်လို့ရပါပြီ။

5 star hotel ကြီးတွေမှာ အလု​ပ်​စလျှောက်ဖို့အတွက် Hotel တွေရဲ့ Official websites တွေကို နွယ်ဒီPost လေးမှာ စုထားပေးပါတယ်။

https://www.facebook.com/share/p/1FPknM64Ss/

*5star hotel ကြီးတွေကို​ အလုပ်​လျှောက်တဲ့အခါ...

✨ ကိုယ့်ရဲ့ CV profile သည် High standard ဖြစ်နေရပါမယ်။

✨ ကိုယ်လျှောက်မယ့်အလုပ် Position ရဲ့ JD က်ိုတော့အနည်းဆုံး သိနေရပါမယ်။

ဥပမာ။ ။ Waiter/waitress လျှောက်မယ်ဆို ဒီရာထူးကဘာလုပ်ရတာလဲ၊ ဘာတွေအရေးကြီးလဲ၊ F&B အကြောင်းဘာညာပေါ့နော်။

နွယ်ကတော့ Waitress နဲ့အလုပ်ရတာ မဟုတ်လို့ F&B ပိုင်း တကယ်မသိတဲ့အတွက် အင်တာဗျူးမှာတော့ မသိဘူးလို့ပဲ ဖြေခဲ့ပါတယ်။ လိုအပ်ရင်လဲ ငါလေ့လာမှာပါပေါ့။

ကိုယ့်လျှောက်တဲ့ ရာထူးရဲ့ တာဝန်ကိုအတွင်းကျကျမဟုတ်ရင်တောင် အတော်လေးသိထားတယ်ဆိုရင် အင်တာဗျူးအောင်ဖို့ အရမ်းလွယ်ပါတယ်ရှင့်။​

✨ သတိလဲ ထားပြီး အမြဲ Updated ဖြစ်ဖြစ်နဲ့
အလုပ်မြန်မြန် ရချင်ရင်တော့ 5 star hotel တွေရဲ့ Career websites တွေထဲမှာ ဖော်ပြထားတဲ့ သူတို့ရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို သေချာဖတ်ပြီး ကိုယ့်CV ကို လိုအပ်သလို ပြန်ပြင်သင့်ပါတယ်။

🍀🍀🍀🍀

၃။ ကိုယ့် CV က ATS system passed ဖြစ်သွားလို့ အင်တာဗျူး ရပြီဆိုတာနဲ့

✨ Email ကို Formal ကျကျ ကောင်းကောင်းလေး ပြန်ပေးသင့်ပါတယ်။

✨ Interview date confirm ဖြစ်ပြီဆိုရင် Interview အတွက် အဝတ်အစားကအစ
အွန်လိုင်းအင်တာဗျူးအတွက် လိုအပ်နိုင်မယ့် Wifi connection,devices, ...etc..
အကုန်လုံးကြိုတင်ပြင်ဆင်ထားပါ။

နွယ့်တုန်းကဆိုရင် အင်တာဗျူး တိုင်းက Microsoft team နဲ့ပဲ လုပ်ပါတယ်။
အဲ့တော့အင်တာဗျူး မတိုင်ခင် team acc ဖွင့်ထားတာမျိုး၊
အင်တာနက်လိုင်း ကောင်းအောင်စီစဥ်ထားတာမျိုး၊ အသံသေချာကြားရအောင်နားကျပ်လေး ကောင်းတာ ပြင်ထားတာမျိုး စသဖြင့်လေးတွေ အသေးစိတ် ပြင်ဆင်ထားသင့်ပါတယ်။

✨✨

✅ ဒါ့အပြင် အင်တာဗျူး အတွက် ဖြစ်တဲ့ မေးလေ့မေးထရှိတဲ့မေးခွန်းတွေ (နောက်Post လေးမှာ အသေးစိတ် ပြောပြပေးပါ့မယ်နော်)

✅ ကိုယ်လျှောက်တဲ့ Position အကြောင်း၊ Customer complaints အကြောင်း ကြုံဖူးတဲ့အရာ(မရှိလဲ ပုံပြင်တွေဘာတွေထွင်ထားပါ😆)၊

✅ ကိုယ်အင်တာဗျူးရတဲ့ ဟိုတယ်၊Company အကြောင်း

outlet ဘယ်နှခုရှိလဲ။ Outlet နာမည်​တွေ။ Menu ကဘာတွေလဲ။ အင်တာဗျူးမယ့်သူက ဘယ်သူလဲ...အဲ့လိုလေးတွေ ရှာထားပါ။

နွယ့်တုန်းကတော့ အဲ့လိုတွေရှာထားပြီး ပြန်ဖြေနိုင်တာကို HR တွေကအရမ်းသဘောကျကြတော့ First impression အရမ်းကောင်းခဲ့ပါတယ်။

✅ ကိုယ့် CV အကြောင်း (CV မှာ အင်ထုလို့ရလားဆိုတော့ ရပါတယ်၊ ကိုယ့်ဇာတ်ကိုယ်နိုင်ရင် လုပ်ပါ။

နောက်ပိုင်း Reference check တွေလဲရှိသေးတာမို့
အင်ထုထားတယ်ဆို အသိတွေ၊ ကူညီနိုင်တဲ့သူတွေနဲ့ ဇာတ်တိုက်ထားသင့်ပါတယ်။

ကိုယ်ရေးထားတဲ့ CV ထဲ က ကိုယ့်အကြောင်းကိုလဲအကုန် ခရေစေ့တွင်းကျ ရှင်းပြပေးနိုင်ရပါမယ်ရှင့်။)

စတာလေးတွေကြိုပြင်ဆင်ထားစေချင်ပါတယ်ရှင့်။

🍀🍀🍀🍀

အကုန်ပြင်ဆင်ပြီးပြီဆိုရင်တော့ စိတ်လျော့ပြီး၊ စိတ်အေးလက်အေးနဲ့သာ အင်တာဗျူးကို အရိုးသားဆုံးလေး ဖြေစေချင်ပါတယ်။

ကျန်တာက ကိုယ်ပြောတဲ့ဆိုတဲ့အပိုင်းပေါ်မူတည်ပြီး HR တွေ Manager တွေက ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။

_____________________

ဒါဆိုရင်တော့ အရမ်းခက်ခက်ခဲခဲ အဆင်မပြေစရာ မရှိတော့ပါဘူး။

အဓိက သည် အင်တာဗျူး ရဖို့ပါပဲ။ အင်တာဗျူးရပြီဆိုရင် ဒါ ကိုယ့်CV က အိုကေနေပြီမို့ပါ။

အဲ့တော့ ဆက်ပြီး သာ အင်တာဗျူး မရမချင်း CV ကို ပြင်လိုက် ပြောင်းလိုက်လုပ်ပြီး အသားကုန်သာ လျှောက်ပါ။
သို့ပေမယ့် တစ်ပတ် နှစ်ပတ်အတွင်း အင်တာဗျူး မရသေးဘူးဆိုရင်တော့ CV ကို ပြန်ပြောင်းဖို့အကြံပေးချင်ပါတယ်ရှင့်။

နွယ်လဲ နွယ့် CV ကို ၆ ခါလောက်ပြောင်းလိုက်ရပါတယ်။
နောက်ဆုံး ၅ ခါမြောက် CV ကျမှပဲ 5 star hotel 5 ခု၊ Restaurant 1 ခုကနေ အင်တာဗျူး တွေရတာပါ။
ဒါကြောင့်မို့ စိတ်မလျော့ပါနဲ့၊ ပြင်လိုက် ပြောင်းလိုက် ပြန်လျှောက်လိုက်သာလုပ်ပါ။
အားလုံးအဆင်ပြေသွားမှာပါလို့ အားပေးချင်ပါတယ်ရှင့်😁❤

____________________________

နောက်တစ်ခု သတိထားစေချင်တာက UAE ရဲ့ High season ကုန်တော့မှာမို့ 2025 ထဲ လာချင်တယ်ဆိုရင်တော့
အခုကတည်းက မြန်မြန်လေး ပြင်ဆင်ကာမှ တော်ကာကျပါမယ်နော်။

📊 အင်တာဗျူး အဆင့်တွေကလဲ တစ်ချို့ ဟိုတယ်တွေဆိုရင် တစ်ဆင့်။ တစ်ချို့က သုံးဆင့်။ တစ်ချို့က နှစ်ဆင့်....စသဖြင့်တစ်ခုနဲ့တစ်ခု မတူတာမို့ အချိန်ဘယ်လောက်ကြာမလဲ မခန့်မှန်းနိုင်တာမို့ပါ။

စောစောပြင်ဆင်၊စောစောလျှောက်လေကောင်းလေပါပဲ။

အင်တာဗျူး အကုန်အောင်ပြီးရင်တော့၊

🦋 Reference check ​မယ်။
🦋 ဆေးစစ်မယ်။
(တစ်ချို့ Company တွေက ဆေးစစ်ခပြန်ပေးပါတယ်။ တစ်ချို့ကတော့ ပြန်မပေးပါဘူးရှင့်။ ငွေကုန်မယ်ဆို ဒါပဲ ကုန်စရာရှိတာပါ။)
🦋 ပြီးရင် စာချုပ်စာတမ်းလက်မှတ်ထိုးပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေတောင်းမယ်။
🦋 သူတို့ဘက်ကနေ Visa အတွက် အကုန်တာဝန်ယူပြီး လျှောက်ထားပေးမယ်။
🦋 Visa ရပြီဆိုရင် Company ဘက်ကနေပဲ လေယာဥ်လက်မှတ်ဝယ်ပြီး UAE ကိုခေါ်ပါလိမ့်မယ်။

ကိုယ်လိုအပ်တဲ့အရာ အားလုံးကို ပြင်ဆင်ပြီး UAE ကိုထွက်လာခဲ့လို့ရပါပြီရှင့်😉

_________________________

ကဲကဲ...စာလဲ အတော်ရှည်သွားပြီမို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေ။ နောက်ထပ် Post လေးတွေမှာ တစ်ခုချင်းစီကို အသေးစိတ်ပြောပြပြီး မျှဝေပေးသွားပါ့မယ်ရှင့်။

မစောင့်နိုင်လို့အသေးစိတ်သိချင်ရင်တော့ Page CB မှာ အသေးစိတ်လာမေးလို့ရပါတယ်❤

Have a great day ပါရှင့်
အားလုံးလဲ အလုပ်မြန်မြန်ရကြပါစေလို့ ဆုတောင်းပေးပါတယ်နော်❤🌟

Address

Bo Hmu Ba Htoo Road
Dagon
100010

Website

Alerts

Be the first to know and let us send you an email when Myanmar Licensed Tour Guide Mya MyaAung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share