M Boutique Export Fashion

M Boutique Export Fashion VentureRised Business Coaching for SMB/SME Large Businesses

18/08/2025

📢 Presentation ကို ကောင်းကောင်းလုပ်ချင်သူတွေအတွက် Tips 5 ခု
Presentation ဆိုတာ အလုပ်ခွင်မှာမကြာခဏတင်ဆက်ရတဲ့ အရာတစ်ခုပါ။ဒါကြောင့် presentation လုပ်တဲ့အခါ အများသဘောကျအောင်နည်းဗျူဟာကျကျနဲ့တင်ဆက်ဖို့အတွက် အောက်ပါအချက်တွေကိုတင်ပြပေးလိုက်ပါတယ်။

1️⃣ ပရိတ်သတ်ရဲ့လိုအင်ဆန္ဒနဲ့သ‌ ဘောထားကိုသိထားပါ။
သူတို့ဘာလိုချင်လဲ သိရင် သင်ပြောချင်တဲ့အကြောင်းအရာက တိကျပြီးနားထောင်တဲ့သူရဲ့ရင်ထဲထိမှာဖြစ်ပါတယ်။

2️⃣ Slide ကို ရှင်းရှင်းလင်းလင်းနဲ့တင်ပြပါ။
slide တစ်ခုစာတစ်အကြောင်းလောက်ဖြစ်ဖြစ် စကားလုံးအနည်းဆုံးနဲ့ ရုပ်ပုံအသုံးများပါ။စာအများကြီးအသုံးပြုတာက နားထောင်ကြည့်ရှုသူတွေအတွက် ငြီးငွေ့ဖွယ်ဖြစ်စရာပါ။ပရိတ်သတ်က သင့်ရဲ့အဓိကဆိုလိုရင်းကိုပိုစိတ်ဝင်စားပါတယ်။

3️⃣ အသံ‌နေအသံထားနဲ့ ကိုယ်ဟန်အမူအရာတို့ကို စကားပြောတဲ့အခါ အပြောင်းလဲလုပ်ဖို့မမေ့ပါနဲ့။
တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းအောင် အသံကိုတစ်သံတည်းအသုံးမပြုဘဲ နိမ့်မြင့်သံသုံးခြင်းဖြင့် ဆွဲဆောင်မှုရှိစေပါတယ်။ကိုယ်ဟ်အမူအရာအနေထား လိုအပ်သလောက်ထည့်သုံးခြင်းကလည်း ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာကောင်းစေတဲ့အချက်ဖြစ်ပါတယ်။

4️⃣ တစ်ခုခုကိုတင်ဆက်ရတဲ့အခါ ၎င်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာဖြစ်‌စေ အတွေ့ကြုံဖြစ်‌စေဝေမျှပါ။အကြောင်းအရာထဲမှာ လူနဲ့ပတ်သက်တဲ့ ဥပမာ သို့မဟုတ် လှုံ့ဆော်ပုံတစ်ခု ထည့်ပါ။

5️⃣ များများအစမ်းလေ့ကျင့်ခြင်းပြုလုပ်ပါ။
အနည်းဆုံး 3 ကြိမ် အသံထွက်ပြီး အစီစဉ်ကြေညာတဲ့သူနဲ့တူအောင် လေ့ကျင့်ပါ။ ထပ်ခါထပ်ခါလေ့ကျင့်ခြင်းက အမှားယွင်းနည်းစေပြီး စကားပြောတဲ့အခါပြေပြစ်ချောမွတ်မှုဖြစ်စေပါတယ်။

လူကြီးမင်းတို့လည်းလက်တွေ့မှာဒီအချက်တွေကိုအသုံးချပြီး presentation ကောင်းကောင်းလုပ်နိုင်ကြပါစေရှင့်။🤍✨

18/08/2025

🛑 အောင်မြင်ဖို့ နည်းလမ်းတွေကိုသိပေမယ့် အစဥ်တစ်စိုက်လုပ်ဆောင်တတ်တဲ့အကျင့်မရှိရင် အောင်မြင်မှုဟာကြန့်ကြာနိုင်တယ်။

အောင်မြင်အောင်လုပ်ဖို့ သတိရမှထလုပ်ဆောင်တာနဲ့ စဥ်ဆက်မပြတ်ပုံမှန်လုပ်ဆောင်သွားတာ ဘယ်ဟာကပိုပြီးအောင်မြင်မှုရရှိမယ်လို့ထင်ပါသလဲ⁉️

➡️အောင်မြင်မှုဆိုတာ တစ်ခါထဲကြိုးစားလိုက်ရုံနဲ့ ချက်ချင်းတန်းအောင်မြင်သွားတာမျိုးမဟုတ်ပါ။

➡️ အောင်မြင်နေသူတိုင်းက အချိန်တစ်ခုသတ်မှတ်ပြီး စဥ်ဆက်မပြတ်ကြိုးစားလာကြသူတွေဖြစ်ပါတယ်။

➡️ တစ်ခါတစ်လေမှာ လူတွေကလုပ်ဆောင်ရမှာတွေကိုသိတယ် ၊ အသိဉာဏ်တွေလဲရှိတယ် နောက်ပြီး တစ်ခါလောက်စလုပ်ပြီးတာနဲ့ ပုံမှန်လုပ်ဆောင်သွားတာမျိုးမဟုတ်ဘဲ ပျင်းသွားကြတာမျိုးတွေလည်း ရှိပါတယ်။

📍 ဆိုတော့အရေးကြီးတာကဘာဖြစ်မလဲ?

✅ အောင်မြင်ချင်တယ်ဆိုပျင်းနေလို့တော့မရပါ။
✅ အချိန်ရမှ လုပ်ဆောင်တာမျိုး
✅ သတိရမှထလုပ်ဆောင်တာမျိုး
✅ နောက်ပြီး တစ်ခါလေးစလုပ်ပြီးတာ နဲ့ အောင်မြင်မှုမရသေးဘူးဆိုပြီး လက်လျော့သွားတာမျိုး စတဲ့အကျင့်တွေပြုပြင်ပါ။

✨ အောင်မြင်မှုကိုလိုချင်ရင် အချိန်ရမှလုပ်တာမျိုးဆိုတာထက် အောင်မြင်ဖို့ကိုအချိန်ပေးပြီး စဥ်ဆက်မပြတ်လုပ်ဆောင်သွားတတ်တဲ့ အကျင့်ရှိဖို့ကသာ အမှန်တကယ်အရေးကြီးပါတယ်။

🔹 အစဉ်တစ်စိုက်လုပ်ဆောင်ခြင်းက သင့်အတွင်းမှာ အလေ့အကျင့်ကို ဖန်တီးပေးတယ်။
🔹 Skill ကို တဖြည်းဖြည်းတိုးတက်စေတယ်။
🔹 ယုံကြည်မှုကိုတည်ဆောက်ပေးတယ်။
🔹 သင်အချိန်ပေးပြီး စဥ်ဆက်မပြတ်လုပ်ဆောင်ခဲ့တဲ့ Result တွေကို စုပေါင်းပေးတယ်။

📌 ဒါကြောင့် ကိုယ်က ရေရှည်တည်မြဲတဲ့ အောင်မြင်မှုကို လိုချင်ရင် စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်တဲ့အကျင့်ကို စတင်ဆောင်ရွက်လိုက်ပါ။

18/08/2025

8+8+8 စည်းမျဉ်းဆိုတာဘာလဲ❓
(ကိုယ့်ဘဝတစ်​နေ့တာကို တိုးတက်​ပြောင်းလဲချင်သူများဖတ်ပါ)❗️

8+8+8 စည်းမျဉ်းဆိုတာ တစ်နေ့တာကို အပိုင်းသုံးပိုင်း ခွဲခြားစီမံခြင်းဖြစ်ပြီး၊ သင့်ရဲ့ ဘဝအတွက် “လုပ်ငန်း၊ အိပ်စက်မှု၊ ကိုယ်ပိုင်စောင့်ရှောက်မှု” ဆိုတဲ့ တန်းတူအရေးကြီးတဲ့အရာသုံးခုကို ညှိနှိုင်းဖို့အတွက် တစ်နေ့လုံးကို တိတိကျကျ စီမံခွဲခြားပေးတာပါ။
ပြောရရင်……

၁။ ပထမပိုင်း (8 နာရီ) – အလုပ်ကို တက်ကြွစွာ လုပ်ဆောင်ခြင်း

ပထမဆုံး ၈ နာရီဟာ သင့်လုပ်ငန်း၊ အလုပ်၊ သင်ယူရေး၊ စီးပွားရေး အစီအစဉ်၊ စီမံခန့်ခွဲမှုတို့အတွက် သီးသန့်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
မနက်စောစောမှာ..စိတ်ပင်ပန်းမှုနဲ့ စိုးရိမ်မှုတွေ လျော့ပါးစေဖို့၊အလုပ်တိုးတက်မှုကို မြှင့်တင်ပေးဖို့၊
တစ်န့တာလုံးတက်ကြွစွာအလုပ်လုပ်နိုင်ရန်နဲ့အတွရည်မှန်းချက်တွေ ရှင်းလင်းစေရန် အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။
ဒီ ၈ နာရီကတော့ တစ်နေ့တာ အလုပ်တာဝန်တွေကို စနစ်ကျစွာ ပြုလုပ်ဖို့ အထောက်အကူဖြစ်ပါတယ်။

၂။ ဒုတိယပိုင်း (8 နာရီ) – အိပ်စက်အနားယူခြင်း

အိပ်စက်ခြင်းဟာ..ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် ပြန်လည်အင်အားသွင်းပေးတဲ့ အရေးကြီးဆုံး အချိန်ပါ။
• အနားယူမှုမှတဆင့် စိတ်ပင်ပန်းမှု၊ ခန္ဓာကိုယ်ပင်ပန်းမှုများပျောက်ကင်းစေရန်၊
• စိတ်ဖိစီးမှုနှင့် ကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အိပ်စက်ချိန်လုံလောက်မှုမရှိရင် နေ့စဉ်တာဝန်တွေ မှာအကောင်အထည်မဖော်နိုင်ဘဲ စိတ်ညစ်စိတ်ပန်းဖြစ်နိုင်ပြီး၊ ကျန်းမာရေး ပြဿနာများလည်း ဖြစ်ပေါ်နိုင်ပါတယ်…….။

၃။ တတိယပိုင်း (8 နာရီ) – ကိုယ်ပိုင်ဘဝ/မိမိကိုယ်ကို စောင့်ရှောက်ခြင်း

ဒီအချိန်ကို သင့်ရဲ့ ကိုယ်ပိုင်ဘဝ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝအတွက် အသုံးပြုပါ။
ဒီပိုင်းကို 3Fs, 3Hs, 3Ss ဆိုတဲ့အပေါ်မှာ အခြေခံထားပါတယ်။

💙3Fs
• Family (မိသားစု): မိသားစုနဲ့အချိန်ဖြုန်းခြင်း၊ ဆက်ဆံရေးမြှင့်တင်ခြင်း
• Friends (မိတ်ဆွေများ): မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် လူမှုဆက်ဆံရေးများ ထိန်းသိမ်းခြင်း
• Faith (ယုံကြည်ခြင်း): ဘာသာရေး၊ စိတ်ပိုင်းဆိုင်ရာယုံကြည်မှုများကို တိုးတက်စေခြင်း

💙3Hs
• Health (ကျန်းမာရေး): ကိုယ်ရေးကိုယ်တာ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အားကစားလုပ်ခြင်း
• Hygiene (သန့်ရှင်းမှု): ကိုယ်အဝတ်အစား၊ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်း
• Hobby (ဝါသနာ): ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်၊ အပန်းဖြေ လုပ်ငန်းများ

💙3Ss
• Soul (စိတ်): စိတ်ကြည်လင်ပြီး အေးချမ်းစွာ နေထိုင်ကာ၊ အတွေးတွေကို ထိရောက်စွာ စီမံပြီး စိတ်ချမ်းသာမှုနဲ့ တက်ကြွမှုကို ထိန်းသိမ်းခြင်း
• Service (လူမှုဝန်ဆောင်မှု): အခြားသူများအတွက် ကူညီပံ့ပိုးမှု
• Smile (အပြုံး): လူတွေကို အပြုံးနှင့် ဆက်ဆံခြင်း
စတာတွေဖြစ်ပါတယ်။‼️

⬅️ဒီမှာအရေးကြီးတာက
တနေ့ကို 8 နာရီအလုပ်၊ 8 နာရီအိပ်စက်ခြင်း၊ 8 နာရီကို ကိုယ်ပိုင်ဘဝအတွက် ခွဲခြားထားခြင်းက သင့်ဘဝမှာ လုပ်ငန်းပိုင်း၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေကို တပြိုင်နက်တည်းတိုးမြှင့်ပေးနိုင်တယ်ဆိုတာကို သတိရပါ။
ဒီလို လုပ်ခြင်းဟာ အလုပ်ကိုစနစ်တကျစီမံခန့်ခွဲပြီးသားဖြစ်စေရုံသာမက လုံလောက်စွာအိပ်စက်ချိန်၊ ကိုယ်ပိုင်စောင့်ရှောက်မှုနဲ့ လူမှုဆက်ဆံရေးကိုပါကောင်းမွန်စေတဲ့ အခွင့်အရေးကို ဖန်တီးပေးပါတယ်။
တစ်နည်းပြောရရင်
“အလုပ်လုပ်ခြင်းနဲ့ အိပ်စက်ခြင်း၊ ကိုယ်ပိုင်ဘဝမှာ စိတ်ပျော်ရွှင်မှုရရှိဖို့အတွက် ချိန်ညှိပေးတဲ့ “ Balance စနစ်” ဖြစ်ပါတယ်။

ဒီအကြံပေးချက်ကို လက်တွေ့အသုံးချပြီး တစ်နေ့တာ အချိန်များကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင်၊ ကျန်းမာရေးကောင်းမွန်မှု၊ စိတ်ဖိစီးမှုလျော့ပါးမှု၊ လူမှုဆက်ဆံရေးတိုးတက်မှု စတဲ့ ဘဝတစ်ခုကို ရရှိနိုင်မှာပါ……။❗️

Edited ❗️

(နဂို 8-8-8 စည်းမျဉ်းက တန်းတူခွဲဖို့ရည်ရွယ်ပေမဲ့၊ lunch၊ သွားလာချိန်၊ အိမ်တွင်းတာဝန်တွေနဲ့ အလုပ်ပိုင်း ၁၁ နာရီ၊ ကိုယ်ပိုင်အချိန် ၄–၅ နာရီလောက်ဘဲ ကျန်နေတတ်တယ်။ ဒါကြောင့် လက်တွေ့မှာ 8-8-8 မရနိုင်ဘဲ 8-11-5 လို ပုံစံမျိုး ဖြစ်တတ်ပြီး၊ balance ရဖို့ အချိန်ခွဲညှိမှုကို ပြန်စဉ်းစားရမှာပါ။

အာရှမှာလူအများစုက အလုပ်နဲ့ ကိုယ်ပိုင်ဘဝရဲ့ balance မကောင်းတာကို သိပေမဲ့ “အဲဒါကဘဝ” လို့ ယူဆကြပါတယ်။ တချို့ကတော့ အလုပ်ကို အဓိကထားပြီး ကိုယ်ပိုင်အချိန်နည်းတာကိုသာမန်လို့ သဘောထားကြတယ်။

ဒါပေမဲ့ အနောက်နိုင်ငံမှာ လူအများစုက အလုပ်နဲ့ ကိုယ်ပိုင်ဘဝ balance ကို အရေးကြီးစွာ ထိန်းသိမ်းချင်တတ်တာကြောင့်၊ အလုပ်က အချိန်ပိုယူတာ (ဥပမာ 8 နာရီထက်ပို) ကို မူရင်း 8-8-8 principle ကို ချိုးဖောက်သလိုခံစားရလေ့ရှိကြပါတယ်)

ဒါ​ကြောင့် လက်​တွေ့ဘဝမှာ ဒါကို တိတိကျကျလိုက်နာဖို့က အခွင့်အလမ်းနည်းပါတယ်။ဒါ​ပေမဲ့ ဒီနည်းလမ်းကို အနီးစပ်ဆုံးplan တစ်ခုထားမယ်ဆိုရင် ကိုယ်​ရဲ့​နေ့စဉ်ဘဝဖြစ်တဲ့ အလုပ်+ အိပ်ချိန်+ self care
ကို Balance ဖြစ်​စေမှာပါ။ဒီစာဟာ အလုပ်ထဲမှာဘဲနစ်မွန်းပီး မိမိကိုယ်ကို ဂရုစိုက်ဖို့​မေ့​လျော့​နေသူများကို Reminding လုပ်​ပေးတာပါရှင်🥰

မေတ္တာဖြင့်…


#ပြန်လည်ကူးယူ​ဖော်ပြခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံပါတယ်
#ဒီလိုဗဟုသုတ​လေး​တွေဖတ်ရဖို့ like and share လေးလုပ်ထားနိုင်ပါတယ်ရှင်။

18/08/2025

↗️ ကိုယ့်ကိုယ်ကိုမေးခွန်းတွေ ပြန်မေးတတ်တဲ့အကျင့် သင့်မှာရောရှိ‌နေပြီလား??

✨ ဒီလိုမျိုးကိုယ့်ကိုယ်ကို မေးခွန်းတွေပြန်မေးတတ်တဲ့ အကျင့်ရှိသူတွေက လူ့ပတ်ဝန်းရဲ့သဘောထား ၊ အသိအမြင် နဲ့ အတွေ့အကြုံတွေကိုသာမကပဲ ကိုယ်ကိုတိုင်ရဲ့ အတွေးအခေါ် အသိအမြင်တွေနဲ့ အတွေ့အကြုံတွေကို အမြဲလေ့လာသုံးသပ်နေသူတွေဖြစ်ပါတယ်။

✨ ခုလိုမျိုးကိုယ့်ကိုယ်ကို မေးခွန်းတွေမေးတတ်တဲ့အကျင့်ရှိတယ်ဆိုတာဟာ တကယ်ကိုပဲကောင်းမွန်တဲ့အလေ့ကျင့်တစ်ခုပါ။

- ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ?
- ငါကငါ့ဘဝကိုဘယ်လိုပုံစံပြောင်းလဲချင်တာလဲ?
- ငါ့မှာ အကြံဉာဏ်ကောင်းတွေနဲ့လမ်းပြပေးနိုင်မယ့် မိတ်ဆွေကောင်းတွေရော ရှိနေရဲ့လား?
- ငါ့ရဲ့အားနည်းချက် အားသာချက်ကရောဘာတွေဖြစ်မလဲ? စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကို သေသေချာချာအလေးနက်ထားပြီး ပြန်မေးကြည့်ပါ။

➡️ ဒါဆို သင့်မှာရှိနေတဲ့ လိုအပ်ချက်တွေ အားသာချက်တွေကိုသိမြင်လာမှာဖြစ်တဲ့အပြင်ကို ငါဘာတွေပြုပြင်ပြောင်းလဲဖို့လိုအပ်သလဲ ဘာတွေပြင်ဆင် ထပ်လေ့လာရမလဲဆိုတာတွေကို သိရှိလာမှာဖြစ်ပါတယ်။

📌 ဒါကြောင့် ကိုယ့်ကိုယ်ကိုမေးခွန်းတွေပြန်မေးတတ်တဲ့ အလေ့အကျင့်ကိုလုပ်ဆောင်ပါ။ ကိုယ်မေးလိုက်တဲ့မေးခွန်းတွေကပဲ သင့်ကိုပိုကောင်းတဲ့အခွင့်အရေးတွေနဲ့ ပိုကောင်းတဲ့ဘဝကိုရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

18/08/2025

နာမည်ကြီးထမင်းငတ်🥲

18/08/2025

🌟 ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ
အကောင်းဆုံးဆိုတာတွေကိုချပြချင်တာ သဘာဝပဲဖြစ်ပါတယ်။

❌ ဒါပေမယ့် “အမှားဖြစ်သွားမလား” ဆိုတဲ့စိတ်ပူမှုကြောင့် တစ်ခါတစ်လေ စိုးရိမ်မှု၊ တုန်လှုပ်မှုတွေ ခံစားရတတ်ပါတယ်။

🛑 အဲ့လိုအချိန်တွေမှာ အရေးကြီးဆုံးက —
စိုးရိမ်တုန်လှုပ်မှု‌တွေကို ယုံကြည်ချက်နဲ့ အစားထိုးနိုင်ဖို့ လိုအပ်ပါတယ်။

↗️ ဒါဆို တုန်လှုပ် စိတ်လှုပ်ရှားမှုတွေကို ဘယ်လို နည်းနဲ့ဖျောက်ဖျက်ပစ်ကြမလဲ?

- တစ်ခုခုကို မစတင်မီမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး အသက်ကိုဝဝရှုသွင်းခြင်းဖြင့် သက်သာအောင်လုပ်ပါ။

- ကိုယ်ပြောမယ့်အကြောင်းအရာအတွက် ကြိုတင်ပြင်ဆင်ပြီး အစီအစဥ်ချထားပါ။အခြားသူများက မေးခွန်းထုတ်လာခဲ့ရင်လည်း တုန်လှုပ် စိတ်လှုပ်ရှားမနေဘဲ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ကိုလည်း ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

- အပြုံးတစ်ခုဖြင့် ယုံကြည်ချက်ရှိရှိစတင်ပါ။

- အခြားသူတို့ရဲ့အမြင်နဲ့ သဘောတူညီချက်တွေကိုမေးမြန်းခြင်းဖြင့် သင့်စွမ်းရည်ကိုထင်ရှားစေပြီး တုန်လှုန်စိတ်လှုပ်ရှားမှုလည်း လျော့နည်းလာစေပါတယ်။

📌 တုန်လှုပ်မှု စိတ်လှုပ်ရှားမှု‌တွေဖြစ်ပေါ်တယ်ဆိုတာဟာ ကိုယ်ညံ့လို့လဲမဟုတ်သလို ကိုယ့်ရဲ့အားနည်းချက်လဲမဟုတ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနိုင်အောင် လေ့ကျင့်ခြင်းဖြင့် ပြောင်းလဲလိုက်ပါ။

18/08/2025

ရှုံးနိမ့်မှုနဲ့ပက်သက်တဲ့ လူအမျိုးအစားများ👥☘️

1. အလွယ်တကူ လက်လျှော့သူများ

အစပိုင်းတည်းက ကိုယ်လိုချင်တာမရတာနဲ့ စိတ်ဓာတ်ကျသွားပြီး ထပ်ကြိုးစားဖို့ လက်လျှော့သွားတတ်ကြပါတယ်။“မဖြစ်နိုင်ဘူး” ဆိုတဲ့အတွေးကလွှမ်းမိုးပြီး မိမိကိုယ်ကိုယုံကြည်မှုကျဆင်းသွားပြီး ဘဝတိုးတက်ဖို့လမ်းမမြင်ကြတော့ပါဘူး။

2. အထပ်ထပ်အခါခါကြိုးစားသူများ

တစ်ကြိမ်လုပ်လို့မအောင်မြင်ရင် နောက်တစ်ကြိမ် သင်ခန်းစာယူပြီး နည်းလမ်းအသစ်နဲ့ ပြန်ကြိုးစားသူများ။ကျရှုံးမှုကနေနည်းလမ်းအမျိုးမျိုးနဲ့ကြိုးစားရင်းကနေ အကောင်းဆုးရလဒ်တွေရရှိကြပါတယ်။ဥပမာ KFCပိုင်ရှင်ဆိုရင် ၁၀၀၉ခါလောက် စားသောက်ဆိုင်ပိုင်ရှင်တွေကငြင်းပယ်ခဲ့ပါတယ်။သူစအောင်မြင်တဲ့အချိန်မှာတော့အသက်၆၅နှစ်ရှိသွားပါပြီ။အောင်မြင်မှုကအသက်အရွယ်မရွေးပါဘူး။

3. အပြစ်တင်ကြသူများ

ကိုယ့်ရဲ့ရှုံးနိမ့်မှုကိုကို အခြားသူတွေ၊ ပတ်ဝန်းကျင်တွေကိုအပြစ်တွေတင်တယ်။ဆင်ခြေပေါင်းစုံပေးတယ်။ကိုယ်မှားတာကိုယ့်မှာတာဝန်ရှိတယ်ဆိုတာ သတိမရကြဘူး။

4. ရှုံးနိမ့်မှုကို မလက်ခံနိုင်သူများ

ကိုယ့်အောင်မြင်မှုကိုသာ ပြောပြချင်ပြီး ရှံးနိမ့်မှုကြတော့လက်မခံချင်ဘူး။မိမိရဲ့လိုအပ်ကိုမမြင်နိုင်သမျှ မိမိကိုယ်ကိုတိုးတက်ဖို့မျှော်လင့်လို့မရလောက်ပါဘူး။

5. အကောင်းဘက်မှတွေးကြသူများ

ကျရှုံးမှုတွေကို နည်းလမ်းအသစ်တွေ ပြန်စိန်ခေါ်တယ်။အမှားတွေပြင်ရင်းပြင်ရင်းနဲ့အမှန်ကိုရဖို့နီးစပ်လာမယ်။ကိုယ့်ရဲ့အမှားကိုသေချာဆန်းစစ်ပြီး အကောင်းဆုံးသောပြန်လည်မွမ်းမံဖန်းတီးမှုတွေနဲ့ ပြန်ပေါ်လာနိုင်ကြပါတယ်။

ဘဝမှာရှုံးနိမ့်မှုတွေက ဧကန်မလွဲကြုံနေရမှာပါ။ဒါပေမဲ့ဒီလိုအခြေမှာ စိတ်ဓါတ်ကျတာတွေ မကောင်းမြင်တာတွေမှာ နစ်မြောမနေဘဲ နည်းလမ်းအသစ်တွေနဲ့ပြုပြင်ရပါမယ်။လူတစ်ယောက်အောင်မြင်မှုရတယ်ဆိုတာ အောင်မြင်တဲ့အရေတွက်ဘဲကြည့်တာမဟုတ်ဘဲ ရှုံးနိမ့်မှုကိုဘယ်လိုကိုင်တွယ်နိုင်လဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။ကျွန်တော်တို့အားလုံး နံပါတ်၂နဲ့နံပါတ် ၅လိုလူစားမျိုးသာဖြစ်မယ်ဆို အောင်မြင်မှုကကြိုဆိုနေမှာအသေအချာပါဘဲ။သင်ရောနံပါတ်ဘယ်လောက်မှာပါလဲ?

18/08/2025

၂၀ ကျော် လူငယ်တွေအတွက် တက်သင့်တဲ့သင်တန်းများ🧏🏻

လူငယ်အနေနဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်အကျိုးရှိစေမယ့် သင်တန်းတွေကို လက်မလွှတ်သင့်ပါဘူး။ ဒီမှာ အရေးကြီးတဲ့သင်တန်း ၉မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ ဆက်သွယ်မှုနဲ့ ပြောဆိုနည်းသင်တန်း

လူအများကြီးနဲ့တွေ့ရတဲ့အခါ အထူးသဖြင့် အထက်လးကြီးတွေနဲ့စကားပြောတဲ့အခါ စကားပြောစွမ်းရည်တိုးတက်စေမယ်။အဆက်အသွယ်လည်းပိုရပြီးတော့ လူအများရဲ့အသိမှတိပြုမှုကိုခံရမယ်။
Presentationskills တိုးတက်လာမယ်။

၂။ အချိန်စီမံခန့်ခွဲမှုသင်တန်း

ကိုယ်ပိုင်အချိန် စနစ်တကျသုံးနည်း
တွေ ၊အရေးကြီးအလုပ်တွေကို အချိန်မီပြီးစေမယ့်နည်းလမ်းတွေ သိလာမယ်။

၃။ စဉ်းစားတတ်မှုနဲ့ ပြဿနာဖြေရှင်းမှု

အခက်အခဲတွေကို သေချာစွာ လေ့လာပြီး ဖြေရှင်းနည်းကိုခေ့လာမှာဒါဆို ကိုယ်ပ်ုငိဆုံးဖြတ်နိုင်စွမ်း တိုးတက်စေပါမယ်

၄။ ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာသင်တန်း

လစာကိုစနစ်တကျသုံးနည်း၊ စရိတ်စီမံနည်းနဲ့ပိုမိုအကျိုးရှိအောင် လုပ်ငန်းစဉ် စီမံခြင်းဆိုင်ရာတွေကိုလေ့လာရမှာပါ။

၅။ကွန်ပျူတာနဲ့ နည်းပညာကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ

AIခေတ်မို့လို့ အမျိုးမျိုးသောAI toolအသုံးပြုနိုင်ဖို့လိုပါတယ်။ ကွန်ပျူတာဆိုရင်လည်း Excel, Word, PowerPoint စတာတွေကိုအသုံးပြုနိုင်အောင်လေ့ကျင့်ပါ။
နည်းပညာဆိုင်ရာ skill အခြေခံမှ advanced level သို့ တိုးတက်စေ

၆။ လုပ်ငန်းနယ်ပယ်အလိုက် သင်တန်းများ (Industry-specific Training)

Accounting, HR, Marketing , content writer အစရှိသဖြင့်အလုပ်လိုအပ်ချက်အရ မိမိအလုပ်နဲ့ကိုက်တဲ့သင်တန်းရွေးတက်ပါ။

၇။ ခေါင်းဆောင်ပိုင်းနဲ့ပက်သက်တဲ့သင်တန်းတွေနဲ့ အဖွဲ့နဲ့အလုပ်လုပ်ပုံတွေဝေမျှတဲ့သင်တန်းများတက်ပါ။

ခေါင်းဆောင်တစ်ယောက်ရဲ့သဘောထားနဲ့ ဝန်ထမ်းတွေရဲ့ခံစားချက်ကိုမြင်နိုင်ဖို့လိုပါတယ်။ဒါဆိုအလုပ်မှာအဖွဲ့နဲ့အလုပ်လုပ်ရတဲ့အခါ သက်သက်သောင့်သောင့်ရှိပ်တယ်။

၈။ဘာသာစကားသင်တန်းတက်ပါ။

English, Chinese, Japanese စတာတွေတတ်သင့်ပါတယ်။အနည်းဆုံး English စာတော့လေ့လာပါ။ ဘာသာစကားတတ်လေအလုပ်အက်ုင်အခွင့်အလမ်းပိုများလေပါ။

၉။ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု သင်တန်းများတက်ပါ။

ဒီလိုမျိုးသင်တန်းတွေရဲ့ သင့်ကိုပိုပြီးစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာတိုးတက်စေပြီး သင့်ဘဝရည်မှန်းချက်ကို ရှင်းလင်စွာနဲ့အရောက်သွားစေနိုင်မှာပါ။

လူငယ်တွေအနေနဲ့ စိတ်အားထက်သန်မှုနဲ့လေ့လာအားကောင်းဖို့လ်ုပါတယ်။ငယ်တုန်းရွယ်တုန်း ကိုယ့်career တွက်လိုအပ်တဲ့သင်တန်းများများတက်ပါ။

Address

Bathoo Road
Dagon

Website

Alerts

Be the first to know and let us send you an email when M Boutique Export Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share