John Eh Eh

John Eh Eh Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from John Eh Eh, Business service, Noth Dagon, Dagon.

16/08/2020

🌸 ပို၍လှသောမနက်ဖြန် 🌸
➖➖➖➖➖➖➖➖

ငိုကြွေးနေတာလား? … မနာကျင်လိုက်ပါနဲ့
အနာဂတ်မှာ ကြင်နာခြင်းအပြုံးတွေ ဖူးဖွင့်နိုင်မှာပါ။

အသဲကွဲနေတာလား … ဘဝမပျက်လိုက်ပါနဲ့
အနာဂတ်မှာ အသဲစွဲချစ်ရတဲ့သူ တွေ့ဆုံနိုင်ဖို့ပါ။

လဲကျနေတာလား … စိတ်ဓာတ်တော့မကျလိုက်ပါနဲ့
အနာဂတ်မှာ အောင်မြင်ခြင်းပန်းတိုင်းက အပြုံးလှလှလေးနဲ့ စောင့်ကြိုနေမှာပါ။

သူငယ်ချင်းရေ … လောကကြီးမှာ အခက်အခဲတွေနဲ့ကြုံလာရင်
စိတ်ဓာတ်တွေ ထွေးပြားဝေဝါးပြီးကျဆင်းနေခဲ့ရင် ကိုယ့်ရဲ့လက်ချောင်းလေးတွေကို ပြန်ကြည့်လိုက်နော်။

လက်ချောင်းလေးတွေက အနိမ့်၊ အမြင့် မတူကြသလို့
လောကကြီးမှာလည်း နိမ့်လိုက်၊ မြင့်လိုက်၊ နိုင်လိုက်၊ ရှုံးလိုက်၊ ပျော်ရွှင်လိုက်၊ ငိုကြွေးလိုက်နဲ့ အမြဲတမ်းတွေ့ကြုံနေရမှာပဲလေ။

ရှုံးနေလို့ ပြန်မကြိုးစားရင်
အောင်မြင်မှုတွေ ပျောက်ဆုံးနေမှာပေါ့။

နိမ့်နေလို့ အားငယ်နေရင်
အမြင့်ကို မတွေ့ရပဲနေမှာပေါ့။

ငိုကြွေးနေလို့ ပြီးဆုံးသွားရင်
ပျော်ရွှင်မှု အရသာ မသိပဲနေမှာပေါ့။

လာပါ … သူငယ်ချင်း
ထိုင်ပြီးတွေဝေမနေပါနဲ့ အနာဂတ်နေ့ရက်တွေ လှပဖို့
ဒီနေ့က စပြီး … မနက်ဖြန်များစွာကို ရင်ဆိုင်လိုက်ကြစို့။

မူရင်း
Credit@@

❤❤❤တော်တော်များများက စိတ်ညစ်စရာအကြောင်းအရာတွေဆို ခဏခဏတွေးနေပေမယ့်ပျော်စရာတွေကျတော့ ခဏခဏမတွေးမိဘူးလေဘဝမှာအောင်မြင်ပျော်ရွ...
10/08/2020

❤❤❤တော်တော်များများက စိတ်ညစ်စရာအကြောင်းအရာတွေဆို ခဏခဏတွေးနေပေမယ့်

ပျော်စရာတွေကျတော့ ခဏခဏမတွေးမိဘူးလေ

ဘဝမှာအောင်မြင်ပျော်ရွင်ချင်ရင်

✅စိတ်ညစ်စရာတွေကိုကျောခိုင်းလိုက်ပါ
✅ကိုယ့်အတွက်အကျိုးမပြုတဲ.ဝေဖန်သံကို ကျောခိုင်းလိုက်ပါ
✅ကိုယ့်ကိုယ်ကိုအမြဲအပြစ်တင်နေတာရပ်လိုက်ပါ
✅ကိုယ့်အတွက်အကျိုးမပြုတဲ.ယုံကြည်မှုကိုကျောခိုင်းလိုက်ပါ
❤❤❤အမှိုက်တွေကို ကျောခိုင်းပြီး

အမြင့်ဆုံးထိရောက်အောင်ကြိုးစားကြည့်ပါ

အမြင့်ရောက်ဖူးသူတိုင်း အောက်ကိုပြန်မဆင်းချင်တော့ပါဘူး

❤❤❤အောင့်မြင်မှုပန်းတိုင်သို့ရောက်ဖို့ရာ
ဘယ်အရာတွေကြောင့်မှလက်မလျော့လိုက်ပါနဲ.

❤Htet - Htet❤ crd

အောင်မြင်မှုရရှိဖို့ ဘယ်လို Mindset တွေရှိသင့်လဲ1.သူများဆီကအကူအညီရဖို့ မျှော်လင့်နေမဲ့အစား ကိုယ့်ကိုယ်ကိုယုံကြည်လိုက်ပါ ...
10/08/2020

အောင်မြင်မှုရရှိဖို့ ဘယ်လို Mindset တွေရှိသင့်လဲ

1.
သူများဆီကအကူအညီရဖို့ မျှော်လင့်နေမဲ့အစား ကိုယ့်ကိုယ်ကိုယုံကြည်လိုက်ပါ

2.
ကိုယ့်ရဲ့ ရင်ထဲကစကားသံ ကိုနေ့ တိုင်းနားထောင်ပေးပါ

3.
လူတွေ ကိုယ့်အပေါ်ယုံကြည်မှုကုန်ဆုံးသွားတဲ့အချိန်မှာ “ ကိုယ့်ကိုယ်ကိုအဆုံးထိယုံကြည်ထားပါ

4.
ပိုပိုပြီးတိုးတက်လာဖို့  “ ပြသာနာ” တွေ့ ကြုံတဲ့အခါ အဆင်သင့်ဖြစ်အောင်လုပ်ထားပါ

5.
“ အထင်သေး” တဲ့စကားလုံးကို “ပန်းတိုင်သစ်အဖြစ်” ပြောင်းလဲလိုက်ပါ

6.
ကိုယ့်မှာရှိတဲ့အရည်အချင်းတွေ သိအောင်လေ့လာပြီး အသုံးချနိုင်အောင် ကြိုးစားပါ

7.
“ ရန်သူ “ ကို “ ဆရာကောင်း” အဖြစ်ပြောင်းမြင်လိုက်ပါ

8.
“ အကြောင်းပြချက် “ ဆိုတဲ့စကားလုံးကိုဖျက် သုညမှစပြီးလက်တွေ့ ကျကျလုပ်ဆောင်လိုက်ပါ “

9.
ဘယ်လောက်ပဲကျရူံးကျရူံး၊ပြသာနာတွေကြုံတွေ့ နေပါစေ” မရပ်လိုက်ပဲရှေ့ သို့ ဆက်လျှောက်သွားပါ

10.
ကောင်းကျိုး 80% ကိုတည်ဆောက်နိုင်မယ့် 20% အစကိုရအောင်ရှာပါ

11.
“ လက်ခံ” တာထက် ပို “ပေး” ပါ ကိုယ့်ပတ်လည်ကလူတွေကိုအလေးထားပါ

Crd.

02/08/2020

🔝မိမိဘဝကို #တိုးတက်ပြောင်းလဲ ချင်ရင်
အမြဲတမ်းလုပ်နေရမဲ့ အရာ (၃)ခု

(၁) တစ်နေ့တာတိုင်းအတွက် #ရည်မှန်းချက် ထားပါ။

ဒီနေ့ဘာလုပ်မယ်၊ ဘာတွေတော့ ပြီးအောင်လုပ်မယ်ဆိုတဲ့ တစ်နေ့စာလုပ်မဲ့ အစီအစဉ်ရှိထားသင့်ပါတယ်။
#သေးငယ်တဲ့အစီအစဉ်လေး တွေကနေ ကြီးမားတဲ့ ရည်မှန်းချက်တွေအထိ အရောက်သွားနိုင်တယ်ဆိုတာ မိတ်ဆွေမမေ့ပါနဲ့။

(၂) #ရလဒ် တွေကို ဦးစားပေးပါ။

ရလဒ်ကောင်းတွေ ရစေဖို့အတွက်
လုပ်ရမှာ(၂)ခုရှိပါတယ်။
ပထမတစ်ခုက မိမိရဲ့ စွမ်းရည်တွေပိုတိုးတက်လာစေဖို့ 📖 #သင်ကြားသင်ယူမှု တွေကို အဆက်မပြတ်လုပ်နေရမှာဖြစ်ပြီး
ဒုတိယတစ်ခုကတော့ မိမိ⏰ #အချိန် ကို ကောင်းစွာ စီမံခန့်ခွဲတတ်ဖို့လိုတာပဲ ဖြစ်ပါတယ်။

(၃)အတွေးတွေလျှော့ပြီး #အလုပ်များများ လုပ်ပါ။

တစ်ခုခု လုပ်ဖို့ အတွေးရလာပြီဆိုရင်
#ချက်ချင်းထလုပ်ပါ။
နောက်မှ လုပ်မယ်ဆိုရင် သေချာပါတယ် မလုပ်ဖြစ်ဖို့က ရာခိုင်နှုန်းပိုများနေလို့ပါ။
ဒါ့ကြောင့် ဒီနေ့လုပ်စရာရှိတာတွေကို မနက်ဖြန်ထိခေါ်မသွားပါနဲ့။

ဒီ(၃)ချက်ကို မိတ်ဆွေနဲ့အတူ နေ့စဉ်ခေါ်သွားနိုင်မယ်ဆိုရင်
ကိုယ်ရောက်ချင်တဲ့ #နေရာ #ပန်းတိုင်ကို မကြာခင်ရောက်ရှိမှာပဲဖြစ်ပါတယ်။

မိတ်ဆွေတို့ရော
ဒီအချက်တွေထဲကလိုရော လိုက်လုပ်ဖြစ်လား❓❓

ချစ်ခြင်းအားဖြင့်
Always Live with Passion

Pyay Khaing
Asia's Top Life & Business Coach

 #အချိန်ကိုဘယ်လိုအသုံးချလဲ ပေါ်မူတည်ပြီး လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး လုပ်ကိုင်မှုစွမ်းရည်တွေ  #အလုပ်ပြီးမြောက်မှု တွေ...
24/07/2020

#အချိန်ကိုဘယ်လိုအသုံးချလဲ
ပေါ်မူတည်ပြီး လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး လုပ်ကိုင်မှုစွမ်းရည်တွေ #အလုပ်ပြီးမြောက်မှု တွေက ကွဲပြားခြားနားနေပါတယ်။


ကိုယ်ပိုင်အချိန်တွေကို ကောင်းစွာကိုင်တွယ်နိုင်တဲ့သူတွေ တော်တော်များများဟာ ကိုယ်ပိုင်ဘဝမှာလဲ #အောင်မြင်ပျော်ရွှင် ကြသလို အလုပ်ခွင်မှာလဲ အောင်မြင်ကြသူတွေပါ။

အလုပ်မှာ အလုပ်တွေပိုပြီးချင်တယ်။
အောင်မြင်မှုတွေရရှိချင်တယ်။
အချိန်ပိုတွေ ပိုရလာချင်တယ်ဆိုရင် ဘာတွေလုပ်ရမလဲ❓


၁။ အရေးကြီးတဲ့ (ပထမဦးစားပေး) အလုပ်တွေကို သေချာစီမံပါ

တစ်နေ့တာလုံး ကိုယ်လုပ်ရမဲ့အလုပ်တွေများနေတဲ့အခါမှာ #ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင် အရေးမကြီးတဲ့ အလုပ်တွေကို ခဏဖယ်ထားဖို့လိုပါတယ်။
အရေးကြီးတဲ့ တာဝန်တွေကို မနက်ခင်းအစောပိုင်းမှာ သေချာပြီးစီးအောင်လုပ်ထားပြီးမှ ကျန်တဲ့တာဝန်တွေကို လုပ်သင့်ပါတယ်။
ဒါဟာ #အလုပ်လဲပိုပြီးစေသလို အလုပ်ခွင်မှာ ပိုကောင်းတဲ့ ရလဒ်တွေကိုလဲ ရရှိလာစေနိုင်ပါတယ်။


၂။ အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားကို မွေးမြူထားပါ

ကောင်းမွန်တဲ့ စိတ်နေစိတ်ထား ရှိတဲ့သူတွေဟာ
ကိုယ်ပိုင်ဘဝမှာ တိုးတက်စေရုံသာမက အလုပ်ခွင်မှာလဲ #မျက်နှာပွင့်လန်း နိုင်ပါတယ်။
အလုပ်ခွင်မှာလဲ လူချစ်လူခင်များနိုင်သလို ကိုယ်လုပ်ဆောင်တဲ့ အရာမှန်သမျှကိုလဲ လွယ်လွယ်ကူကူနဲ့ အောင်မြင်မှုတွေရရှိစေနိုင်ပါတယ်။


၃။ ကိုယ်ကျွမ်းကျင်တာကို ပိုပြီး အရောင်တင်ပါ

ပညာရပ်အသစ်တွေကို #လေ့လာလိုက်စား ပါ။
သင်ကြားသင်ယူမှုတွေနဲ့ အဆက်မပြတ်တဲ့သူတွေဟာ အများထက် အမြဲ ခြေတစ်လှမ်းသာနေတတ်ပါတယ်။
လုပ်ငန်းခွင်မှာ ကိုယ်လုပ်နေရတဲ့ အပိုင်းကို ပိုလေ့လာသင်ယူသင့်သလိုပဲ နောက်ထပ် နယ်ပယ်က ပညာရပ်တွေနဲ့လဲ အဆက်မပြတ်နေစေဖို့ လေ့လာနေသင့်ပါတယ်။
လုပ်ငန်းခွင်မှာ #သင်ယူလေ့လာမှု တွေကို အားသန်သူတော်တော်များများဟာ နေရာကောင်း၊ ရာထူးကောင်းရရှိနိုင်တာကြောင့် သင်ကြားသင်ယူမှုတွေကို မရပ်တန့်သင့်ပါဘူး။


၎။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်အောင်နေထိုင်ပြီး အများနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းအောင်နေထိုင်ပါ

အလုပ်ခွင်မှာအောင်မြင်ပျော်ရွှင်ခြင်းရဲ့ (၈၅) ရာခိုင်နှုန်းဟာ #ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေး နဲ့ #ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခြင်းတွေကနေ လာတာပါ။
ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိတဲ့သူတွေကို အများက လေးစားတန်ဖိုးထားကြပါတယ်။
လုပ်ငန်းခွင်မှာလဲ လူအများနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့သူတွေတော်တော်များများဟာ အလုပ်တွေ ပိုပြီး ပြီးမြောက်အောင်မြင်နိုင်သလို ပိုပြီး တိုးတက်မြန်ပါတယ်။


#လုပ်ငန်းခွင်မှာပိုတိုးတက် ချင်တယ်။
အောင်မြင်ချင်တယ်ဆိုရင် လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်နေရမှာမှန်သလို ကိုယ့်ရဲ့အရည်အသွေးတွေကို ဒီထက်ပိုကောင်းအောင်လုပ်နေဖို့လိုပါတယ်။
ဒါတင်မကသေးပဲ
#ကောင်းမွန်တဲ့စိတ်သဘောထား နဲ့ #အလေ့အကျင့်ကောင်းတွေ ကို ပိုင်ဆိုင်ထားနိုင်ပြီဆိုရင် အလုပ်ခွင်မှာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့ရော
လုပ်ငန်းခွင်မှာ #အချိန်ကိုကောင်းစွာကိုင်တွယ် နိုင်ပြီလား?❓
#ကိုယ်မှန်းထားတဲ့အောင်မြင်မှု တွေရရှိဖို့ ဘယ်လို အလေ့အကျင့်တွေကို လုပ်ဖြစ်နေလဲ❓


ကိုယ့်ရဲ့ လုပ်ဆောင်မှုစွမ်းရည်ပိုကောင်းလာပြီး
အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်မွေးမြူချင်တဲ့ မိတ်ဆွေတွေရှိရင် Comment မှာ NLP လို့ရေးခဲ့ပါ။

ချစ်ခြင်းအားဖြင့်
Always Live with Passion

Pyay Khaing
Asia's Top Life & Business Coach

👉ငါ ညံ့ရင်ငါ ခံရမယ်။ #သူများကိုအပြစ်မတင်ဘူး။👉ငါ လဲရင်ငါ ထရမယ်။ #တွဲထူမယ့်သူလဲမမျှော်ဘူး။👉ငါ ပျင်းလို့ငါ ဖျင်းတာ။ #ကြိုးစ...
23/07/2020

👉ငါ ညံ့ရင်
ငါ ခံရမယ်။
#သူများကိုအပြစ်မတင်ဘူး။

👉ငါ လဲရင်
ငါ ထရမယ်။
#တွဲထူမယ့်သူလဲမမျှော်ဘူး။

👉ငါ ပျင်းလို့
ငါ ဖျင်းတာ။
#ကြိုးစားတဲ့သူကိုမနာလိုမဖြစ်ဘူး။

👉ငါ မလေ့လာလို့
ငါ မတတ်တာ။
#သူများနှိမ်လဲမနာဘူး။

👉ငါ့ လိုအပ်ချက်
ငါ ဖြည့်ဆည်းရမယ်။
#မကူညီရကောင်းလားလို့လဲမမြင်ဘူး။

👉ငါ ကောင်းအောင်
ငါ နေရမယ်။

👉ငါ မကောင်းတဲ့အခါ
#အပေါင်းသင်းကြောင့်လို့ခေါင်းစဉ်မတပ်ဘူး။

👉ငါ့ အကြောင်းကို
ငါ သိနေရမယ်။

ဒါမှ #ပြုပြင်ပြောင်းလဲနိုင်မယ်။


ချစ်ခြင်းအားဖြင့်
Always Live with Passion

Pyay Khaing
Asia's Top Life & Business Coach

ဆားဝက်ခြံအကြောင်းသိကောင်းစရာ☹ဆားဝက်ခြံဆိုတာ လူအတော်များများမြင်တွေ့ရလေ့ရှိတဲ့ မျက်နှာပေါ်က ပြသနာပဲဖြစ်ပါတယ်။😔😔✅အရွယ်ရောက်...
12/07/2020

ဆားဝက်ခြံအကြောင်းသိကောင်းစရာ☹

ဆားဝက်ခြံဆိုတာ လူအတော်များများမြင်တွေ့ရလေ့ရှိတဲ့ မျက်နှာပေါ်က ပြသနာပဲဖြစ်ပါတယ်။😔😔

✅အရွယ်ရောက်လာချိန်တွင် စတင်၍ ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်ပါတယ်😇😇

✅နှာခေါင်းမှာ အများဆုံးဖြစ်သလို ပါးနှင့် နှဖူးတွင်တခါတလေဖြစ်တတ်ပါတယ် 🤗🤗

💁Whitehead နှင့်မတူညီတာက အဆီဂလင်းနှင့် ဘတ်တီးရီးယားတို့ပေါင်းစပ်သွားသော်အခါ 🙋ချွေးပေါက်လေးကို ပိတ်မသွားပဲ အထဲမှာအဆီခဲဝက်ခြံအနေနဲ့ ရှိနေပြီး နေရောင်ဒဏ်ခံရသဖြင့် မည်းလာပြီး blackhead ance ဖြစ်လာပါတယ်😥

ဘယ်လိုကုသမလဲ⁉️ ဘယ်လိုကာကွယ်မလဲ⁉️💭💭

1️⃣ခေါင်းလျော်ပါ ၃ရက်တခါဖြစ်ဖြစ် ဘာဖြစ်လို့လဲဆိုရင် ခေါင်းကအဆီထွက်မှုက မျက်နှာရှိအဆီဂလင်းမှာလည်း အဆီထွက်နှုန်းကိုများပြားလာစေတယ်။

2️⃣ရေများများသောက်ပါ

3️⃣တပတ်တခါ exfoliation scrub သုံးချီးချွတ်ပါ

4️⃣မျက်နှာကို တနေ့ ၂ ကြိမ်သန့်စင်ပါ

5️⃣အဆီများတဲ့ အစားအသောက်တွေရှောင်ပါ

6️⃣အသားအရေကို oil free moisturizer လိမ်းပေးပါ။

7️⃣စိတ်ဖိစီးမခံပါနဲ့

8️⃣Blackhead remover mask လေးလဲ သုံးနိုင်ပါတယ်နော်

 #မိန်းခလေးမှန်ရင်သိမ်းထားပါ...1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အ၇င်ကောင်းအောင်လုပ်ပါ2.မိတ်ကပ်ကို အိမ်မှာနေရ...
10/07/2020

#မိန်းခလေးမှန်ရင်သိမ်းထားပါ...

1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အ၇င်ကောင်းအောင်လုပ်ပါ

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ
မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက်ပါဘူး

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ

7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီး၇င် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up
remover ကို နဲနဲပဲကုန်စေနိင်သလို အကျိုးလဲ၇ှိပါတယ် money saving ဖြစ်စေပါတယ်

8.တိုနာကို လဲ ထိုနည်း လည်းကောင်းလုပ်လို့၇ပါတယ်

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ

10.ပြီး၇င် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ

11.တိုနာက ချွေးပေါက် ကျည်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံး၇င် ကျန်၇ှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်

11.ပြီး၇င် လိမ်းနေကြ တစ်ခုခု၇ှိ၇င် လိမ်းပါ

12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ
မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ

14.သွားကျန်းမာေ၇းကိုလဲ ဂရုစိုက်ပါ

15.တနေ့နှစ်ခါ တိုက်ပါ

16.အစာစားပြီး ပလုတ်ကျင်းပါ

17.သွားတိုက်၇င် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး
ပါးစပ်က အနံ့ ဆိုးတွေ၇ှိ၇င် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ

20.နဖူးမှာ ၀က်ခြံတွေ အရမ်းထွက်တတ်တာမျိုးက
ဆံပင် က မသန့်တာကြောင့်ဖြစ်တတ်ပါတယ်
ခေါင်းမလျှော်ဖြစ်ခဲ့၇င်တောင် အေ၇ှ့ဆံပင်လေးကို လျှော်ပေးပါ

21.၀က်ခြံထွက်၇င် လက်နဲ့ မညစ်ပါနဲ့

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ

23.အ၇မ်းများလာ၇င် တတ်ကျွမ်းသူတွေနဲ့ ပြပါ

24.၀က်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိုးက အန္တာရယ်များပါတယ် ၀က်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေ၇ာတွေမှာပါ ၀က်ခြံ ထွက်တတ်ပါတယ်

25 ဆင်ဝက်ခြံလို ၀က်ခြံမျိုးတွေ လက်နဲ့ အညစ်များတဲ့ ၀က်ခြံတွေဟာ ကြာ၇င် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်

26.ဆားဝက်ခြံတွေ ကလဲ စိတ်ရူတ်၇ပါတယ်

27.ဆားဝက်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမ၇သေးပါ

28.ပါးသွားအောင်ပဲ လုပ်လို့၇နိုင်ပါတယ်

29.၀က်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်
ဆားဝက်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်
ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့

30.treatmentပြန်လုပ်ပေးပါ
ထပ်ခါ ထပ်ခါ လုပ်ပါများ၇င် ချွေးးပေါက်တွေကျယ်ပြီး အဆီအ၇မ်းပြန်တတ်ပါတယ်

31.အကောင်းဆုံးနည်းလမ်းကတော့
မျက်နှာကိုေ၇နွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး
ရေနွေးငွေ့ ခံပါ
ပြီး၇င် ကြက်ဥအကာကို မျက်လုံးကို ဝိုက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါ
tissue နှစ်လွှာကို တစ်လွှာခွာပါ
မိမိကပ်မဲ့နေ၇ာ ချိန်ပြီး အ၇ွယ်တော် ဖြဲပါ
ပြီး၇င် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီး၇င် tissue ကပ်ထားတဲ့ အပ်ါကို ကြက်ဥအကာထပ်တင်ပေးပါ
မိနစ် ၂၀ခန့်ထားပြီး ခွာချပါ
ဆားဝက်ခြံတွေပါလာပါလိမ့်မယ်
အကုန်တော့မပါလာပါဘူးနော်
သဘာဝနည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ
ဖြေးဖြေးခြင်းထိေ၇ာက်တာပါ
နောက်ဆုံးေ၇ခဲေ၇နှင့်မျက်နှာသစ်ပါ
သို့ေ၇ခဲတုံးလေးနဲ့ ပွတ်ပေးပါ
ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ
ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ်
ဆားဝက်ခြံများ၇င် တစ်ပတ် ၃ကြိမ်လုပ်ပါ
ပါးသွား၇င် တစ်ပတ် ၁ကြိမ်ဆို ၇ပါပြီ

32.အပူက ချွေးပေါက် ကျယ်စေပါတယ်
အအေးက ချွေးပေါက် ကျည်းစေပါတယ်

33.ချွေးပေါက် အ၇မ်းကျယ်လို့ မိတ်ကပ်လိမ်း၇အဆင်မပြေ၇င် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ

34.မနက် အိပ်၇ာ ထ လျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ
တစ်ကျိုက်ထဲ မော့ပါ
စသောက်ခြင်း အဆင်မပြေပါဘူး
နောက်၇က်တွေ အိုခေ လာမှာပါ

35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အ၇ွက် စားပါ
ဝမ်းချူပ်နေပြီခံစား၇၇င် ၀မ်းနုတ်ပါ

36.ဆီး ၀မ်း လေမှန်မှ နေသာထိုင်သာ၇ှိပြီး
ကျန်းမာေ၇းကောင်းမှာပါ

37.ရေချိုးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတိဆေးကြောပါ
လူတစ်ယောက်ကို အကဲဖြတ်၇ာမှာ ခြေထောက်၇ယ် မျက်နာ၇ယ် က အဓိကပါ

38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့
ဆိုးဖြစ်ခဲ့၇င် မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖို့ပါ

39.လက်သည်း ကျိုးလွယ်တယ် အ၇မ်းပျော့နေမယ်ဆို၇င် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ

40.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ

41.လက်နဲ့ပဲ လိမ်းချင်တယ်ဆို၇င်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ
လက်က ဘက်တီးရီးယား အများဆုံး နေ၇ာပါ

42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ
make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်
အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်

43.မိတ်ကပ်ဖော့အသုံးပြု၇င်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်၇င် တခုနဲ့ သုံးလို့၇နိုင်ပါတယ်

44.နုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ် နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့၇ပါတယ်

45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မ၇ဘူး အလျင်လိုနေခဲ့၇င် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်

46.concelar သုံးဖို့ လိုအပ်လာ၇င် concelar မ၇ှိခဲ့၇င် သုံးနေကြ မိတိကပ်အ၇ည်၇ဲ့ အဖုံး သို့ နူတ်ခမ်းအ၀မှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံပေးနိုင်ပါတယ်

47.powder hightlight လုပ်ချင်လို့ loose powder မ၇ှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

48.မျက်တောင်ပါး၇င်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီး၇င် masacara ပြန်ကော့ပါ
သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ
မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်

49.မျက်ခုံးဆိုး၇င် မျက်ခုံး၇ိတ်ပြီးမှ မျက်ခုံးဆိုးပါ
မျက်ခုံးကို မိမိဘာသာ မ၇ိတ်တပ်၇င် ဆိုင်မှာ ပုံအ၇င်သွင်းပါ

50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာ ၇ိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်

51.မျက်ခုံးမှ မ၇ိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ

52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ

53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့

54.မိတ်ကပ်လိမ်း၇င် မိမိမျက်နှာက အလှဆုံး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ

55.နူတ်ခမ်း matte တွေ ဆိုးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ

56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်

57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ်
မျက်နှာမှာ ကပ်၇င် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီး၇င် မျက်နှာတော့ သေချာပြန်သစ်ပါ

58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိုးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးးပြီး ပြီးမှ ရေချိုးလို့၇ပါတယ် အသားအ၇ည်လဲ လှစေပါတယ်

59.ကြက်ဥအကာ သံပုရာသီး ၃စက်ခနု့်ရောမွှေပြီးလုးးပေးပါ
၁၅မိနစ်ထားပါ
ပြီး၇င် ရေဆေးချပါ
အသားအရည် တင်းရင်းစေပါတယ်

60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ)်
vasaline ကို ရေမွှေး စွတ်မဲ့ နေ၇ာကို လိမ်းပေးပြီး ရေမွှေး စွတ်၇င် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်

61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိုင်းမဲ နူတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်

62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့၇ပါတယ်

63.eyeliner pencil တွေ ဆိုး၇တာ အရောင်မထွက်၇င် မီးအပူ ခဏလေးပြီး ဆိုး၇င်
အရောင်ပိုတောက်စေပါတယ်

64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလို့ရပါတယ်

65.နူတ်ခမ်းနီ ၀ယ်မိတာ မစိုမခြောက် ဖြစ်နေ၇င် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နူတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နူတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်

66.Eyeshadow ဆိုး၇င် အမူန်တွေတခါတလေ ကျပါတယ် ကျ၇င် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်၇ှားပေးနိုင်ပါတယ်

68.မိတ်ကပ်လိမ်း၇င် လည်ပင်းကိုပါ လိမ်းပါ
မိမိ မိတ်ကပ် က ဈေးကြီးလို့ နှမြော၇င် ဈေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ အေ၇ာင်ညီတာ လေးဝယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ

69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီး၇င် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်၇ှင်
်

71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိုးမှာ နေပူတာနဲ့ အိပ်၇ာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိုးမှာ ဘတ်တီးရီးယားတွေ အ၇မ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ်
ခေါင်းအုံး မသန့်ရင် မျက်နှာ ၀က်ခြံထွက်စေပါတယ်

74.အိပ်ေ၇းပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာ၇ီ နှင့် 1 နာ၇ီအခ်ျန်မှာ မျက်နာက နုပ်ျူခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်
ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါ
အဲ့အခ်ျန်မအိပ်၇င် မထွက်နိုင်ပါ
{ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေး၇ှိနိုင်ပါတယ် ၁၁နာ၇ီနောက်ပိုင်း အိပ်၇မှာက သေချာပါတယ်)
🙂

77.အိပ်ရေးပျက်ရင်လဲ ၀က်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါဝင်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ
ရေဓာတ် ပြည့်ဝပါတယ် ကပ်ပေးနိုင်ပါတယ်

80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိုးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်

81.အ၇မ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေ၇င် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်

82.မိတ်ကပ်ဝယ်တဲ့ အခါ tester ၇ှိတဲ့နေရာက ၀ယ်ပါ

83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကိုေ၇ွးခြယ်ပါ

84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး
မေးရိုး တို့မှာတင်ပြီး ရွေးပါ
အေ၇ာင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိုးရှောင်ပါ
မိတ်ကပ် နံပါတ် ၃ခု ၇ှိ၇င် သုံးခုလုံး နေ၇ာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုံရွေးခြယ်ပါ

85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိုးရှောင်ပါ

86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ

87.မိတ်ကပ်ရွေးခြယ်ဖို့ ခက်နေသည့်အခါ မိမိ အသားအ၇ည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မေ၇းခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ

88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့
ပညာ၇ှင်ကိုမေးပါ
ဝါသနာ၇ှင် က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူး
တံဆိပ်အမိျိုးမျိုး မသုံးနိုင်ပါဘူး
လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖို့ရာ ညွှန်းဖို့၇ာ အ၇မ်းခက်ခဲပါတယ်
တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ
(sis ကိုလာမေးကြ၇င် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲ တဲ့ ဘယ်လိုဖြေ၇မှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲ ပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေက၇ှိသေးနယ်လေနော့ 😞
ဝါသနာ၇ှင်ပါရှင် နားလည်ပေးကြပါနော်)

89.နားလည်သူ ညွှန်းတဲ့ မိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကြ counter မှာဝယ်ပါ
ထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်၇င် ၀ယ်သုံးပါ
အဆင်မပြေ၇င် နောက်တခုပြောင်းဝယ်ဖို့ အသေးထွက်၇င် အသေးဝယ်ပါ
အဆင်ပြေမှ ဘူးကြီးဝယ်ပါ

90.ငွေကို ချွေတာလို့၇တဲ့နေ၇ာ ချွေတာပါ
masacara လို eyelinerအ၇ည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို ဈေးအမြင့်ဆုံးထဲ က ၀ယ်မဲ့ အစား ဈေး အလတ်စားထဲက ၀ယ်ပါ

91.ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါ
Roll on သုံးပေးပါ
အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရူတ်တာမျိုး မဖြစ်ပါစေနဲ့

92.နားတွေကို ပုံမှန်သန့်စင်ပါ
နားကပ်တွေကို ရေချိုးတိုင်းဖြုတ်ပြီး နားကိုဆေးပါ
နား၇ွက်က ထွက်တဲ့ ဂျီးဟာ ညှီစော်နံပါတယ်

93.တခုခုစားပြီး အသုံးပြုပြီးလက်ဆေး၇င် လူတော်တော်များများ လက်ကို မသုတ်ကြပါဘူး
လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ

94.မျက်စိယား၇င် မျက်စဉ်းခပ်ပါ
ဆေးသောက်ပါ
လက်နဲ့ မပွတ်ပါနဲ့

95.ဖုန်း ပိုက်ဆံ လက် ထိုအ၇ာတွေ ဟာ ပိုးမွှားအပေါဆုံး အရာတွေပါ
ညအိပ်၇ာဝင် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး
လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ
ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

96.မျက်ကပ်မှန် ဈေးအပေါစားတွေ မတပ်ပါနဲ့
မျက်လုံးက တအားနုပါတယ်
ဂရုစိုက်ကြပါ

97.မျက်ကပ်မှန်တပ်၇င် ဆေးကို ပုံမှန်လဲပါ
အေးတဲ့နေ၇ာမှာထားပါ
ပိုးဝင်သွား၇င် အန္တရာယ်၇ှိပါတယ်

98.မျက်ကပ်မှန် မတပ်ဖြစ်ခဲ့၇င်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ
ဒီနေ့တပ်ဖြစ်၇င် ဆေးရည် အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ

99.နပေူပူ မိုး၇ှာ၇ှာ suncream လူးပါ
ခရမ်းလွန်ရောင်ခြည် က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ်
နေပူမှ ခ၇မ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး

100.ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ

Credit

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ++++++++++++++++++++++++++++++++၁။  ဆင်ခြေအရမ်းများတယ်။ တစ်ခုခုကို မလုပ်ချင်ရ...
10/07/2020

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ
++++++++++++++++++++++++++++++++

၁။ ဆင်ခြေအရမ်းများတယ်။

တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

၂။ တစ်ခုခု ကို အမြဲကြောက်တယ်။

ဆုံးရူံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။
သူများဟားမှာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာကိုကြောက်တယ်။ စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံတရာကနေ ရုန်းမထွက်တော့ပါဘူး။

၃။ သင်ယူဖို့ ငြင်းဆန်တယ်။

လုပ်လည်းမလုပ်တတ်ဘူး၊ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုေ၇တွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

၎။ ချီတုံချတုံ ဖြစ်တယ်။

နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။

၅။ အချိန်ဆွဲတယ်။

မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၆။ ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။

ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ၊ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။

ရ။ သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။

သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။

၈။ ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။

ဟိုအလုပ်တော့ မသင့်တော်ဘူး၊ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး။

၉ ။ လက်တွေ့မဆန်ဘူး

အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြသနာပါ။ ကံကောင်းမူတွေ၊ လဘ်လာဘတွေ တစ်ခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။

ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ၊ ပြုပြင်ရတော့မှာပေါ့၊ သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား။

Ref: WeChat
credit-Sayar Aung Ko Latt
copy from စာချွန်တော်


သင် ဘာကြောင့် မအောင်မြင်သေးတာလဲ=============================ဟောင်ကောင်သူဋ္ဌေးကြီးလီကာရှင်း က ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသ...
08/07/2020

သင် ဘာကြောင့် မအောင်မြင်သေးတာလဲ
=============================
ဟောင်ကောင်သူဋ္ဌေးကြီးလီကာရှင်း က ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။

သင်ဘာလို့မအောင်မြင်သေးတာလဲ???

သင်ရေစုန်မျောနေတယ်၊
အနုတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်၊
တိုးတက်မှုအတွက် ဦးနှောက်အချောက်မခံဘူး၊
လက်ထဲမှာပိုက်ဆံမရှိဘူး၊
မျက်နှာကျတော့ အသေလိုချင်တယ်၊
မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊
ဆွေမျိုးတွေရဲ့စကားကို အမြဲနားယောင်တယ်၊
ကိုယ့်ကိုယ်ကိုဘယ်တော့မှ ဆုံးဖြတ်ချက် ရဲရဲမခ်ရဲဘူး၊
ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီးရှေးရိုးစွဲနေတယ်၊
ဘဝကို ကံကြမ္မာ ပေးတဲ့အတိုင်းပဲ အသက်ရှင်ချင်တယ်၊
ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး၊
အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့အလုပ်ပဲလုပ်ချင်တယ်၊
အိမ်မှာအေးဆေးနေပြီး လာဘ္လာဘ ကောင်းကင်ပေါ်ကနေ က္လာမြာကို မျှော်လင့်နေတယ်၊
ထီပေါက်ဖို့လောက်ပဲအိပ်မက်စောင့်နေတတ်တယ်၊
အခွင့်အရေး မကြုံဘူးလို့ခဏခဏပြစ်တင်ပြောဆိုတယ်၊
တကယ်အခွင့်ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး၊
ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကိုမဖမ်းတတ်လို့ပါ၊

ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။

ဆင်းရဲတော့ စိတ်အားငယ်တယ်၊
စိတ်သိမ်ငယ်တော့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တယ်၊
ဘာဆိုဘာမှမလုပ်ရဲတော့ဘူး၊
ဘာတစ်ခုမှလည်းကျွမ်းကျင်အောင် တတ်မြောက်အောင် မသင်ကြားထားဘူး၊
အဆိုးဆုံးဘဝသံသရာကြီးထဲမှာ ဒီလိုပဲ တဝဲလည်လည်ဖြစ်နေတယ်၊
လူတော်တော်များများဟာ အခွင့်ရှိတုန်း .တစ်ခုခုတော့လုပ်ချင်ပါရဲ့
အခက်အခဲလေးနည်းနည်းတွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ဆုတ်လမ်းရှာထားပြန်တယ်၊
အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။

အများဆုံးတွေ့တတ်တဲ့ ဥပမာမ်ားကေတာ့ . . .

၁။ ပိုက်ဆံမရွာတတ္ဘူး။
မှားတယ်။ အမွန္က ပိုက်ဆံရှာတတ်တဲ့ ဦးနှောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးတက်အောင်မလုပ်လို့၊ ဝေးဝေးလည်းမစဉ်းစားတတ်လို့။

၂။ အရည်အချင်းမရှိလို့။
မှားတယ်။ ကိုယ့်ကိုယ်ကိုမှမလေ့ကျင့်ဘူး ဆိုရင် ဘယ်သူက မွေးကတည်းက အရည်အချင်းရှိတာလဲ၊
ဘယ်သူမွ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး၊ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။ လူတစ်ယောက်အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရွုံး ခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကိုနည်းနည်းလှန်ဖတ် လိုက်ရုံနဲ့ ငြီးငွေ့သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ စကားမပြောတတ်လို့။
မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြော ကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ
စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲဖြစ်တယ်။

၎။ အချိန်မရှိလို့။
မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်း ဆော့တဲ့ အချိန်တွေကို တွက်ကြည့်လိုက်ပါ။ စီမံခန့်ခွဲမှု ပညာမြာ အချိန်ကို စီမံခန့်ခွဲမှု အတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ် လုပ်၊ အချိန်ကိုမှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထားတာကို ပြန်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ ဝါသနာမပါလို့။
မှားတယ်။ စားမယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ္လူငယ္မဆို ဝါသနာပါမြာပဲ။ အလုပ္ကို ပင်ပင်ပမ်းပမ်းလုပ်မယ် အကြွေးဆပ်မယ်၊ ဘတ်စ်ကားတိုးစီးမယ်၊ ဘယ်သူဝါသနာပါမွာလဲ။ ဝါသနာဆိုတာ တစ္ခုခုကို ကြိုးကြိုးစားစား လုပ္လိုက္လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ဝါသနာပါသြားတာပဲ၊ ဝါသနာဆိုတာ ပျိုးထောင် ရင်ရပါတယ်။

၆။ စဉ်းစားကြည့်အုံးမယ်။
ဒါအမြားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။
ဘာပဲ လုပ်လုပ်၊ တစ်ဝက်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနှုန်းပြည့် သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသြားတဲ့ လူတွေ မနည်းလှတော့ဘူး။

Address

Noth Dagon
Dagon

Telephone

+959976470208

Website

Alerts

Be the first to know and let us send you an email when John Eh Eh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share