စပါး ပဲတီစိမ်းရိတ်ချွေသမားများဆုံစည်းရာ

  • Home
  • Myanmar
  • Daik-u
  • စပါး ပဲတီစိမ်းရိတ်ချွေသမားများဆုံစည်းရာ
Directions

စပါး ပဲတီစိမ်းရိတ်ချွေသမားများဆုံစည်းရာ စက်သမားများအားလုံး ညီညွတ်ကြပါ

21/06/2023

ကူဘိုတာဂျီဘီအက်(စ်)ရဲ့ မန်ဘာကဒ်အစီအစဉ် လာပါပြီ 🤩🤩🤩
တစ်လအတွင်း ကူဘိုတာ အပိုပစ္စည်းများကို (၅)သိန်းနဲ့အထက်ဝယ်ယူပါက ကူဘိုတာဂျီဘီအက်(စ်)ရဲ့ မန်ဘာကဒ်ကို ရရှိမှာပဲဖြစ်ပါတယ် ...။
မန်ဘာကဒ်က ဘာတွေအကျိုးကျေးဇူးရှိလဲ ❓❓
မန်ဘာကဒ်က ကူဘိုတာဂျီဘီအက်(စ်)အပိုပစ္စည်းဌာနမှ လစဉ်ပေးအပ်တဲ့ အထူးလျော့ဈေးများနဲ့ ရာသီချိန်အလိုက်ပေးအပ်တဲ့ Discount + လက်ဆောင်ပစ္စည်းများကို ရရှိမှာပဲဖြစ်ပါတယ် ...။ 🤩🤩🤩
ဒါအပြင် နောက်ပိုင်းများမှာလည်း ကူဘိုတာဂျီဘီအက်(စ်)ရဲ့ မန်ဘာကဒ် အထူးအစီအစဉ်များစွာကို ခံစားခွင့်ရအုန်းမှာပဲဖြစ်ပါတယ် ...။
မန်ဘာကဒ်က အရေအတွက် အကန့်အသတ်နဲ့ ထုတ်ပေးနေတာမို့လို့ ... မန်ဘာကဒ်ရရှိအောင် အခုပဲ ကူဘိုတာ ဂျီဘီအက်(စ်)ရဲ့ အပိုပစ္စည်း Hot Line Ph No - 09 457 186 712 ကို ဆက်သွယ်လိုက်တော့နော် ...။
ရန်ကုန်အရောင်းဆိုင်
--------------------
အမှတ် (၅၁ ၊ ၅၂ ၊ ၅၇ ) ၊ မင်းဧရာလမ်းနှင့် မေခလမ်းဒေါင့် ၊ ရွှေသံလွင်စက်မှု့ဇုန် (၄) ၊ ရန်ကုန် - တွံ့တေးလမ်း (BOC မှတ်တိုင်၊ ပန်းလှိုင်တံတားအနီး)၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်မြို့ ။
ဖုန်း - 09 – 457 186 712

မန္တလေးအရောင်းဆိုင်
-----------------
အမှတ် ( ၉၀၃/၁) ၊ အကွက် (၅/၁) ၊ ရန်ကုန် - မန္တလေးကားလမ်းမကြီး ၊ စစ်ကိုင်းလမ်းခွဲအနီး ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ။
ဖုန်း - 09 – 265 147 229

မြစ်ကြီးနားအရောင်းဆိုင်
-----------------------
အမှတ် (၅၅၁) ၊ ခေမာသီရိလမ်း ၊ (၂၆ x ၂၇) ကြား ၊ မြေမြင့်ရပ်ကွက် ၊ မြစ်ကြီးနားမြို့ ။
ဖုန်း - 09 457 186 334

မကွေးအရောင်းဆိုင်
-------------------
အမှတ် (၅၀) ၊ မကွေး - နတ်မောက်လမ်း ၊ ကံလှကျေးရွာ ၊ မကွေးမြို့ ၊ မကွေးတိုင်းဒေသကြီး ။
ဖုန်း - 09 457 186 838

နေပြည်တော်အရောင်းဆိုင်
-------------------------
အမှတ် (၄၈/၅) ၊ (၄၈/၆) ၊ အောင်ဇဗ္ဗူရပ်ကွက် ၊ ပျဉ်းမနား - တောင်ညိုလမ်း ၊ ဇဗ္ဗူသီရိမြို့နယ် ၊ နေပြည်တော် ။
ဖုန်း - 09 457 186 442

ဆားမလောက်အရောင်းဆိုင်
--------------------------
မိုင်တိုင်(၂၉)၊ရန်ကုန်-ပုသိမ် ကားလမ်းမကြီး၊ ဆားမလောက်လမ်းဆုံအနီး၊ ဆားမလောက်ကျေးရွာ၊ ညောင်တုန်းမြို့နယ်။
ဖုန်း - 09 457 187 069

အိမ်မဲအရောင်းဆိုင်
------------------
အမှတ် (၂၂) ၊ ညောင်ဝိုင်းကွင်း ၊ ပါရမီဒေါင့်ကျေးရွာအုပ်စု ၊ မြောင်းမြ - ဒါးကလမ်းမကြီးဘေး ၊ အိမ်မဲမြို့ ။
ဖုန်း - 09 457 186 389

မြေချဥ်၊ မြေငန်ပြုပြင်ရေး မဖြစ်မနေ ဆောင်ရွက်ပေး # မြေချဥ်၊ မြေငန် (soil pH)ဆိုတာဘာလဲ? မြေကြီးထဲမှာ ဟိုက်ဒြိုဂျင်အိုင်းယွ...
21/06/2023

မြေချဥ်၊ မြေငန်ပြုပြင်ရေး မဖြစ်မနေ ဆောင်ရွက်ပေး

# မြေချဥ်၊ မြေငန် (soil pH)ဆိုတာဘာလဲ?

မြေကြီးထဲမှာ ဟိုက်ဒြိုဂျင်အိုင်းယွန်းပါဝင်မှုပမာဏ(Potential of hydrogen)ကို ခေါ်ပါတယ်။

တနည်းအားဖြင့် သင့် မြေဆီလွှာထဲမှာ သီးနှံပင်ကြိုက်နှစ်သက်တဲ့ သတ္တုအာဟာရ ရှိခြင်း/ မရှိခြင်းကို ပြတဲ့ ကိန်းဂဏန်းလို့လည်းပြောလို့ရပါတယ်။

# သင့်လယ်ယာမှာ၊ ချဥ်သလား၊ ငန်သလား?

လက်နဲ့တို့ပြီး လျှာနဲ့လျက်ကြည့်လို့ သိနိုင်တဲ့အရာ မဟုတ်ရကား..(soil test kit) ပီအိပ်ချ်မီတာ နဲ့ တိုင်းကြည့်မှ သိပါမယ်။

သို့တည်းမဟုတ်စိုက်ပျိုးရေးဌာနသို့ မြေနမူနာပေးပို့ပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ သို့မဟုတ် အိမ်သုံးပစ္စည်းများနဲ့ အကြမ်းဖျဥ်း တိုင်းတာနိုင်ပါတယ်။

(ဥပမာ..ပန်းရောင် ဂေါ်ဖီထုပ်/ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည် စသည်တို့ဖြင့် တိုင်းတာခြင်း..)

မြေချဉ်ငန်ကိန်းက ၀ ကနေ ၁၄ အထိ ရှိပါတယ်။

ပီအိပ်ချ် ၅.၀ အောက်ဆိုရင်မြေချဥ်လို့မှတ်ပါ။

ပီအိပ်ချ် ၇.၅ အထက်ရှိနေရင် မြေငန်လို့သတ်မှတ်ပါ။

ချဥ်သည်ဖြစ်စေ၊ ငန်သည်ဖြစ်စေ မြေပျက်နေပြီ လို့သတ်မှတ်ပါ။ (ဒီလိုဆိုရင် မြေသြဇာထည့်သလောက်အပင်မစားနိုင်တော့ပါ။)

ပီအိပ်ချ် ၅.၅ - ၇.၅ အကြားရှိရင်၊ သင့်လယ်ယာဟာ မြေမှန်သေးတယ်လို့ သတ်မှတ်ရပါမယ်။

#မြေကြီးဘာကြောင့် ချဥ်ရသလဲ?

တနှစ်ပတ်လုံး မိုးရေချိန်ပမာဏများခြင်း၊ ရွာသွန်းတဲ့အကြိမ်ရေ များခြင်းတို့ကြောင့် မြေကြီးက ဓါတ်ဆားတွေ မိုးရေနဲ့အတူ စီးဝင်ပျောက်ဆုံးရခြင်း၊ အက်ဆစ်ဓာတ်များသော မိုးရွာခြင်း၊ အက်ဆစ်ဓာတ်ပါသော မြေသြဇာ၊ ပိုး၊ ပေါင်း၊ မှိုသတ်ဆေး ဓါတ်ကြွင်းများ စုပုံရောက်ရှိခြင်းတို့ဟာ မြေချဉ်ခြင်းကို ဖြစ်စေတာပါ။

#မြေငန်ရခြင်းအကြောင်းရင်း

မိုးနည်း၊ ရေရှားဒေသ၊ မိုးရွာသွန်းမှုနည်းခြင်းတို့ကြောင့် မြေကြီးထဲက ဆားဓာတ်တွေအငွေ့ပျံပြီး အပေါ်ယံမြေမျက်နှာပြင်မှာ စုပုံလာခြင်း၊ ပင်လယ်ဆားငန်ရေဝင် ရောက်ခြင်းတို့ဟာ ပီအိပ်ချ် မြင့်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

#မြေချဥ်ရင် ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲ

မြေကြီးချဥ်ရင်ထယ်ထိုး၊ ထွန်မွှေလို့ မကောင်းတော့ပါဘူး။ နှမ်းဖတ်တောင့်လို မာတင်းလာပါမယ်။အပင်ခါးကြပ်လာမယ်။ အစိုဓာတ်မထိန်းနိုင်ဘူး။ စပါးစိုက်ရင် နီတို၊ ရွက်ဖုံးခြောက် စတဲ့ရောဂါတွေ ရလွယ်ပါတယ်။

ပဲကြဲရင်လည်း ပဲပင်လေးတွေ ညှိုးသေဝင်တတ်ပါတယ်။ မှိုရောဂါတွေက မြေကြီး စိုပြီး ချဥ်တာကို ပိုကြိုက်တတ်လို့ပါ။

နောက်ထပ်ဆိုးကျိုးကတော့ ကျွေးလိုက်တဲ့ဓာတ်မြေသြဇာတွေကို သံ၊ အလူမီနီယမ်တွေက မစားနိုင်အောင် ထိန်းချုပ်ခံရတာဖြစ်နိုင်ပါတယ်။

# မြေငန်ရင်၊ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲ

မြေငန်တွေမှာတော့ အပင်ပေါက်ဖို့တောင် ခက်ပါတယ်။ ဆိုဒီယမ်တွေများရင် အကျိုးပြုမိုက်ခရုပ် တွေမနေနိုင်လို့ အပင်က အစားမစားနိုင်၊ မကြီးထွားနိုင်ပါ။ အပင်ပေါက်နိုင်ရင်တောင် ပုကျစ်ပြီး မသန်စွမ်းနိုင်ပါဘူး။

"လူ" ကို သင်"မှ ပညာတတ်သလို.."မြေ" ကိုလည်း "ပြင်" မှ အထွက်နှုန်းတိုးစေပါတယ်။

မိတ်ဆွေတောင်သူများ..အသိလည်းတိုး၊ အထွက်လည်းတိုးကြပါစေ။

to ----------

#စိုက်ရေးပျိုးရေးဗဟုသုတပေး

12/02/2023

ရှယ်ပဲ😊

12/02/2023

စပါးပေါ်က မက်ပဲ အဆင်ပြေနေရောပဲ 😊😊

ဇုတ်သုတ် ဝိုင်းကြီချုပ်ထဲက ညီကိုတွေအဆင်ပြေကြရဲလား😁😁😁
28/11/2021

ဇုတ်သုတ် ဝိုင်းကြီချုပ်ထဲက
ညီကိုတွေအဆင်ပြေကြရဲလား
😁😁😁

မက်ပဲ လှပနေမှု😊😊😊
23/01/2021

မက်ပဲ လှပနေမှု😊😊😊

စစ်တောင်းဘေး လှပနေမှု😊😊😊
09/01/2021

စစ်တောင်းဘေး လှပနေမှု😊😊😊

အစောပဲတွေတောင် ကုန်တော့မယ် နောက်တကွင်းလည်း စတော့မယ်😊😊😊
09/01/2021

အစောပဲတွေတောင် ကုန်တော့မယ်

နောက်တကွင်းလည်း စတော့မယ်😊😊😊

Address

Daik-U

Website

Alerts

Be the first to know and let us send you an email when စပါး ပဲတီစိမ်းရိတ်ချွေသမားများဆုံစည်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share