Chinland Defense Force-Hakha

Chinland Defense Force-Hakha Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chinland Defense Force-Hakha, Security guard service, Hakha, Chinland, Haka.

CDF-Hakha cu Nawlngeihnak aa hruhpimi Ralkap Uknak hloh ding, Mah te khuakhan Lairelnak le tlukrualnak a tlingmi Federal Democracy sernak le Hakha Mizapi runvennak caah dirhmi a si.

ဆလိုင်းဆန်လိန်း သေဆုံးမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်(အမှတ်  ၁ /၂၀၂၆)ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်၁။ ပြီးခဲ့သည့် ၂၀၂၆ ခုန...
28/05/2026

ဆလိုင်းဆန်လိန်း သေဆုံးမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
(အမှတ် ၁ /၂၀၂၆)
ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်

၁။ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် နံနက် ၉း၅၀ နာရီခန့်တွင် CDF-Hakha ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန် လိန်း (Salai Sang Ling @ Salai Joshua) နှင့် သူ့ထမင်းချက်စားဖိုမှူး (ထောင်သား)၊ သူ့စက်ကြီးမောင်း (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချကြောင်း CDF-Hakha အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန် (Salai Za Cung Lian) မှ သတင်းရရှိကာ သွားရောက်တားဆီးပြီး စကားများကြရာ ဆလိုင်းဆန်လိန်းမှ အထွေထွေအတွင်း ရေးမှူး ဆလိုင်း ဇာကျုံးလျန်ကို မှောက်လှဲအောင်အထိ ပါးရိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်စဉ်ကို တရားရေးရုံး၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးနေစဉ်အတွင်း CDF-Hakha ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းဇာကျုံးလျန်မှ ဆလိုင်း ဆန်လိန်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာတွင် စိတ်မကောင်းစွာ သေဆုံးခဲ့ရသည်။ မိမိတို့ တော်လှန်ရေးရဲဘော်အချင်းချင်းအကြား ဖြစ်ပွားခဲ့သည့် ပြဿနာများကို လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်ခြင်းသည် လုံးဝ (လုံးဝ) မဖြစ်သင့် မရှိအပ် သော အပြုအမူ၊ စိတ်ရွံ့ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

၂။ လူသတ်မှုကို ကျူးလွန်သော CDF-Hakha Central Council ၏ အထွေထွေ အတွင်းရေးမှူး (General Secretary) ဆလိုင်း ဇာကျုံးလျန်အား တရားစွဲဆိုရန် ထောင်တွင် ဖမ်းဆီးထိန်း သိမ်းထားရှိပြီး အထွေထွေ အတွင်းရေးမှူး ရာထူးမှ ရပ်ဆိုင်းလိုက်သည်။

၃။ ဆလိုင်းဆန်လိန်းသည် CDF-Hakha ဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင် တစ်ဉီးဖြစ်သည် သာမက အားကိုး အားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်း၊ ဒုတိယဥက္ကဌဟောင်းနှင့် လက်ရှိ တပ်သားဘဝဖြင့် အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေထိုင်သူ ဖြစ်သည်။ စစ်အာဏာရှင်တော်လှန် ရေးတွင် အရေးပါသော မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သူ ဆလိုင်းဆန်လိန်းအား ဆုံးရှုံးမှုအတွက် ကျန်ရစ်သူမိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် အတူ ဝမ်းနည်းကြေကွဲပါကြောင်း ဖော်ပြအပ်ပါသည်။

၄။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ် ဆောင် ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို CDF-Hakha Central Council ကာကွယ်ရေးကော်မတီ၊ Legal Affairs Department၊ ချင်းလန်းကောင်စီ (Chinland Council) ၏ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defense—MoD) မှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက် နေသည်။ CDF-Hakha Central Council ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဉပဒေ၊ စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာ နှင့် တရားမျှတစွာ တရားစီရင်မှုကို ပြည်သူ့ရှေ့မှောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

၅။ ကနဦး ဖြစ်စဉ်များစုံစမ်းစစ်ဆေးခြင်း၊ ကျန်ရစ်သူမိသားစုများ နှစ်သိမ့်ခြင်းအစီအစဉ် ဆောင်ရွက်ခြင်းနှင့် ဟားခါးမြို့နယ်အတွင်း အရေးပေါ်စစ်ရေးအခြေအနေများကြောင့် သတင်းထုတ်ပြန်ချက်များ၊ ဖြစ်စဉ်ရှင်း လင်းချက်များ စောလျင်စွာ မချပြနိုင်သောကြောင့် ပြည်သူများကို တောင်းပန်အပ်ပါသည်။ ဆိုရှယ်မီဒီယာ ပေါ်တွင် CDF-Hakha Central Council အပေါ် လုပ်ကြံသတင်းများ၊ သတင်းမှားများ ပြန့်နှံ့နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပြီး လိုအပ်ပါက ပြန်လည်ရှင်းလင်းချက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Central Executive Committee
CDF-Hakha Central Council

Hakha Chin Version

Salai Sang Ling Thihnak Kongah Cathanh
(No. 1/2026)
Date- May 28, 2026

1. Aluancia May 15, 2026, Zing suimilam 9:50am caan ah CDF-Hakha Central Council Hall Innpi cu a cung lei ṭuanvo ngeitu upa hna theihpinak le nawlpeknak tel loin CDF-Hakha ralkap Salai Sang Ling@Salai Joshua, a rawlchuang (thongtla) le Seh ngan khaltu (driver) hna nih an rak ṭheh tiah thawngtheih a si caah CDF-Hakha Central Council, General Secretary Salai Za Cung Lian nih ṭhet lo ding in chimh awkah a va kal nain khat le khat karlak ah bia elnak a chuak caah thinhung in Salai Sang Ling nih Salai Za Cung Lian cu tengh lak in a bengh. Cu kong he pehtlai in CDF-Hakha Central Council biaceih zung tlaihnak warrant he tlaih dingah Salai Za Cung Lian cu a kal nain meithal in a kah caah a nunnak a liam. Kan ralkap hna karlak buainak ruangah meithal hriam nam hmangin mithahnawnnak a chuakmi cu a dik lomi tuahsernak, ningcang lo tuahsernak le ralkap ṭuanvo ngeitu rianṭuan ning he aa kalhmi, a ṭha lomi tuahsernak a si caah fakpi in kan doh i kan mawchiat.

2. Mithahnawnnak a tuahtu, Salai Za Cung Lian cu biacaihnak le sualphawtnak tuah dingin thongthlak le hrenhkhumh a si ii, a ṭuan liomi General Secretary a sinak rian in kan dinh ter.

3. Salai Sang Ling cu kan bochanmi CDF-Hakha thoktu chungtel pakhat a si pin ah, chungtel ralkap hna nih ṭuanvo a dotdot pek ningin Tactical Commander hlun (biohahmu), Brigade Commander hlun (tatmahahmu)(kemhchih) General Secretary hlun, Vice President hlun tiin dohthlennak rian a rak ṭuan. Nunnak a pek tiang CDF-Hakha ralkap pakhat a si. Hramhram ralhrang pennak ṭhalo doh lio caan ah dothlennak rianṭuantu pasalṭha hruaitu pakhat Salai Sang Ling kan sunghmi cungah chungkhar cingla rualchan hawikom vialte le dohthlennak a rianṭuanṭi chungtel vialte ngaihchia lungkuai in kan um.

4. Hi thil kongah he pehtlai in thil dik, thil hman ning tein a rennak in tawlrelnak a um khawh nakhnga caah CDF-Hakha Central Brigade Committee, Legal Affairs Department le Chinland Government, Ministry of Defense – MoD palai hna tel in Hlathlaitu Bu (Special Inquiry Commission) cu ser in hlathlainak ngei dingin kan ṭuan cuahmah lio a si. CDF-Hakha Central Council phunghram, Ralkap Upadi ningin mizapi hmai ah phung ning tein le fianglang tein biacaihnak tuah ding in timhtuah a si.

5. Thihlohnak thil umtu ning hlathlainak, chungkhar hna lenkainak le Hakha peng chungah ralhrang he kahdohnak a fahtuk caah tuan deuh in caathanhnak le fianhternak kan rak tuah khawh lomi cungah chungkhar le mizapi nih theithiamnak he nan kan ngaihthiam naklai kan in nawl hna. Caan karlak ah social media cungin a diklomi bia le hla, sualpuhnak, ṭhatlonak le soiselnak tampi a chuakmi kan hmuh i kan ngaih a chia. Thil sining kongah fianternak le chimrelnak zong a herh ningin kan rak tuah te lai tiah thawng kan in thanh hna.


Central Executive Committee
CDF-Hakha Central Council

Contact - +95932505117

ထုတ်ပြန်ချက်ရက်စွဲ — ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း ပြည်သူများအား ငွေညစ်တောင်းခံခြင်း၊ နေအိမ်မ...
14/05/2026

ထုတ်ပြန်ချက်
ရက်စွဲ — ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း ပြည်သူများအား ငွေညစ်တောင်းခံခြင်း၊ နေအိမ်များအား ဖောက်ထွင်းဓားပြတိုက်ခြင်း စသည့် ပြည်သူလုံခြုံရေးထိခိုက်စေသော လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား ၂၀၂၆ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် CDF-Hakha တပ်ဖွဲ့မှ ဟားခါးမြို့အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

လက်ရှိ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်သည့် နေရာများနှင့် လူသွားလာမှုနည်းပါးသော ဒေသများသို့ ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် မလိုအပ်ဘဲ သွားလာခြင်းမပြုကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

CDF-Hakha အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူအပေါ် အန္တရာယ်ပြုလုပ်ရပ်များအား ဆက်လက်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများတွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

Chinland Defense Force-Hakha

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်အကျင့်ယုတ်မာမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်‎၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်‎‎၂၀၂၆...
29/03/2026

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်အကျင့်ယုတ်မာမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်
‎၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်

‎၂၀၂၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် လေသေနတ်အတွက် စကုတ်တစ်လုံးပါရှိပြီး မိသားစုကိစ္စဖြင့် မြို့ပြင်ထွက်လာသော ဟားခါးမြို့တွင်းနေ လူငယ်(၃)ဦးအား အကြမ်းဖက် GTI ကျောင်းအောက်ရှိ စစ်ကောင်စီ၏ လွှတ်တော်ဥက္ကဌသစ် ဦးကောလ်လျန်ထန်း၏ အိမ်ဘေးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အလစ်အငိုက်ဖမ်းဆီးကာ မည်သည့်တရားဥပ‌ဒေနှင့်အညီ စစ်ဆေးမေးမြန်းမှုမျှ မပြုလုပ်ဘဲ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။

‎ထို့အပြင် သတ်ဖြတ်ခံထားရသော အလောင်းများအနီးတွင် ရိုင်ဖယ်သေနတ်ကို တမင်တကာ အကွက်ဆင်ချထားပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာ‌‌ပေါ် တင်ထားခြင်းသည် အပြစ်မဲ့ပြည်သူကို အတုအယောင်လက်နက်ကိုင်အဖြစ်ဖန်တီးရန် ကြိုးပမ်းခြင်းဖြစ်သည့်အတွက် အလွန်အမင်း ယုတ်မာသော လိမ်လည်လှည့်ဖြားမှုဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် အကြမ်းဖက် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်။

‎ဤကဲ့သို့ အပြစ်မဲ့ပြည်သူလူထုအပေါ် လူမဆန်သည့်လုပ်ရပ်များအား လုံးဝရှုတ်ချကန့်ကွက်ကြောင်း နှင့် ကျူးလွန်သူများမှ တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးလိုက်ပါသည်။

‎ဟားခါးမြို့ပေါ်တွင် နေထိုင်သော ပြည်သူလူထု၊ အထူးသဖြင့် လူငယ်များအားလုံးအနေဖြင့်
‎အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများကို အလေးအနက် သတိပြုကြရန်နှင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် မိမိကိုယ်တိုင် ပါဝင်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းအသိပေးအပ်ပါသည်။

‎သေဆုံးသွားသော လူငယ်များ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲမှုကို ထပ်တူထပ်မျှ ခံစားကြောင်း ထုတ်ပြန်အပ်ပါသည်။

‎Chinland Defense Force - Hakha

12/03/2026

Fianternak le Nawlnak

2026 March 7 ni ah CDF Hakha check gate hmunkhat ah gate hngaktu nih a tlungkalmi mino 13 voi 2 cio le mino 3 voi 1 cio fung in an tuk mi hna kongah kap hnih in tonnak kan ngei. "Phung ning loin fung in kan in tuk hna caah kan palh kan ngaithiam u," tiah nawlnak kan tuah hna. A tuartu lei nih, "Mah le mah karlak ah hi bantuk a can cu kan ngai a chia ngaingai, hmailei ralrinnak le midang nih an ton ve nakhnga lo tu ah cang ko sehlaw," tiah an kan leh. Kuttlaihnak le thlacamtinak he remdaihnak ser a si cang.

CDF-Hakha cu ram le miphun luatnak caah a dirmi a si i mizapi nih an kan upat i an kan dirkamh khawh nakhnga mizapi kan upat hna lai tiah phung zong kan i tial. Cucaah phung ning loin kan tuahmi a um ahcun mizapi nih raltha tein dawtnak he kan chim lengmang u. Ram le miphun luatnak caah tang ti hna usih.

Chinland Defense Force - Hakha

11/03/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၆ခုနှစ်၊ မတ်လ (၁၁)ရက်

ပြည်သူများအား နှောက်ယှက်၍ ငွေညစ်တောင်းခံနေသော ရဲတပ်ဖွဲ့ဝင်များကို ‌ဆိုင်ကယ်များစစ်ဆေးငွေ‌ညစ်နေစဥ် ကျွန်တော်တို့ CDF-Hakhaမှ ‌ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် (၁) ဦးသည် နေရာတွင်သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဒဏ်ရာရရှိသူများအနက် (၁) ဦးသည် စခန်းသို့ရောက်ရှိပြီး မကြာမီ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ပြည်သူလူထုအား မတရားနှောက်ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ ပြုလုပ်နေသော အဖွဲ့အစည်းများအနေဖြင့် နောက်တစ်ကြိမ် ထပ်မံမပြုလုပ်ရန် သတိပေးအပ်ပါသည်။ ထိုသို့ မတရားလုပ်ရပ်များ ဆက်လက်ပြုလုပ်ပါက ထိရောက်သော အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

ပြည်သူများအနေဖြင့်လည်း မတရားညှဉ်းပန်းနှောက်ယှက်မှုများကို သတိထား၍ လုံခြုံရေးကို ဂရုပြုကြပါရန် အသိပေးအပ်ပါသည်။

Chinland Defense Force - Hakha

20/02/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်

အကြမ်းဖက်သမား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အခြား ပြည်ထောင်စုအဆင့် အကြမ်းဖက်လူကြီး (၁၇) ဦး၊ အကြမ်းဖက် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ် အဆင့် စစ်ကျွန်ဝန်ထမ်းများနှင့် ဝန်ကြီး ဦးကောလ်လျန်ထန်း၏ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ (၄၂) ခုတို့ အပါအဝင် (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၊ မြိုနယ်စုပေါင်းရုံးနှင့် ခရိုင်စု ပေါင်းရုံးရှေ့တွင် ကျင်းပနေသော အကြမ်းဖက်အဖွဲ့ကို CDF-Hakha ၏ ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ မရှုမလှပွဲပျက်သွားခဲ့သည်။ သုံးရက်ခန့်နေပြီးအကြမ်းဖက်မှုနည်းမျိုးစုံ ညွှန်ကြားရန်ပြင်ဆင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ခွေးပြေးဝက်ပြေး ထွက်ပြေး တိမ်းရှောင်ကာ ချက်ချင်းပြန်လှည့် သွားခဲ့ရသည်။

နောက်နောင်မှာလည်း အကြမ်းဖက်စစ်ကော်မရှင်၏ လုပ်ငန်းလည်ပတ်မှုတွင် ကျောထောက်နောက်ခံပြုနေသော မည်သူမဆို စစ်ရေးအရ ထိရောက်စွာအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးလိုက်သည်။

Chinland Defense Force - Hakha

17/02/2026

Thawngthanhnak
2026 February 17

Mizapi nawlngeihnak hramhram in a chuttu Ralhrang SSPC nih tuahmi Chin Miphun Ni ah Chin miphun a dawtu ahohmanh tel lo ding in kan in sawm hna.

Chin Miphun Ni cu Chin Miphun kan luatnak le kan mahte khuakhan lairelnak hmelchunnak ni a si bantukin sualpalhnak a ngei lomi mizapi a kan that cuahmah, mizapi inn le lo, sianginn, siizung le biakinn hna mei in a khang i vanlawng bomb a thla tu ralhrang nih tuah an timhmi cu kan duh lo.

Cucaah sal ah ser a kan timtu Ralhrang nih tuahmi Chin Miphun Ni ah miphun/phu aiawh in siseh, pumpak in siseh a hohmanh tel lo ding le a telmi cu poipang nan ton sual ahcun nanmah palh a si lai!

Chin Miphun Ni hmelchunnak a si mi luatnak le mahte khuankhannak a tlin khawh nakhnga lungrual tein kalti hna u sih.

Chinland Defense Force - Hakha

==========================

ထုတ်ပြန်ချက်
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်

အကြမ်းဖက် အာဏာသိမ်းအုပ်စုမှ အတုအယောင်ကျင်းပမည့် “ချင်းအမျိုးသားနေ့” အခမ်းအနားသည် ချင်းပြည်သူလူထု၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ဖျက်ဆီးချိုးဖောက်နေသည့် လုပ်ရပ်တစ်ရပ်သာ ဖြစ်သည်ဟု ကျွန်ုပ်တို့ အတိအလင်း ထုတ်ပြန်ကြေညာပါသည်။

ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အထိမ်းအမှတ်ပြုသော သမိုင်းဝင်နေ့ဖြစ်သော်လည်း ယနေ့တွင် အကြမ်းဖက်အာဏာသိမ်းအုပ်စုမှ ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်များအတွက် အသုံးချနေခြင်းကို လုံးဝ လက်မခံနိုင်ပါ။

ထို့ကြောင့် အကြမ်းဖက်အာဏာသိမ်းအုပ်စုမှ စီစဉ်ကျင်းပသည့် ချင်းအမျိုးသားနေ့ အခမ်းအနားများသို့ မည်သည့်ပုံစံဖြင့်မျှ မသွားရောက်ကြရန် နှင့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျှ မပူးပေါင်းပါဝင်ကြရန်အလေးအနက် တိုက်တွန်းကြေညာပါသည်။

ကျွန်ုပ်တို့သည် ပြည်သူတို့၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်အာဏာရူးတို့၏ လုပ်ရပ်များကို မည်သည့်အခါမျှ လက်မခံကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။

ပြည်သူလူထုအားလုံး၏ လုံခြုံရေးကို ဦးစားပေးစဉ်းစားကာ ညီညွတ်စွာ ရပ်တည်ကြပါရန် တိုက်တွန်းအပ်ပါသည်။

Chinland Defense Force - Hakha

အမိန့်​ကြေငြာချက်ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ချင်းပြည် (Chinland) လွှတ်တော်၊ ချင်းပြည် (Chinland) အစိုးရအ...
11/02/2026

အမိန့်​ကြေငြာချက်

ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ချင်းပြည် (Chinland) လွှတ်တော်၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့၊ ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ်၊ ချင်းပြည် (Chinland) စာရင်းစစ်ချုပ် များကို ခန့်အပ်ခြင်း၊ ဖွဲ့စည်းကြောင်း ကြေငြာခြင်း
https://www.facebook.com/share/1ApNcBvRCX/

08/02/2026

‎Thawngthanhnak
‎2026 February 08

‎2026 February 09 thok in thawngthanhnak tuah ṭhan hlan chung zan suimilam 6:00pm in zing suimilam 7:00am kar ahohmanh khualipi Hakha kiangkap ramtang ah cawhvah lo ding tiah mizapi sin ah theihternak kan tuah.

‎Hi thawngthanhnak hi humhimnak he aa pehtlaimi a si caah mizapi nih nan kan zulhpiak hrimhrim nak lai kan in sawm hna.

‎Chinland Defense Force - Hakha

‎ထုတ်ပြန်ချက်
‎၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်

‎၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့မှစ၍ နောက်ထပ် ထုတ်ပြန်ချက် ထပ်မံမထုတ်ပြန်မချင်းဟားခါးမြို့နီးနားရှိ တောတောင်ဒေသများအတွင်း ည ၆နာရီမှ နံနက် ၇နာရီကြား သွားလာလှုပ်ရှားခြင်း မပြုလုပ်ရန် အများပြည်သူအား အသိပေး ကြေညာအပ်ပါသည်။

‎အဆိုပါကာလအတွင်း လုံခြုံရေးနှင့် ဆိုင်သော အခြေအနေများကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူလူထု၏ အသက်အန္တရာယ် ကာကွယ်ရေးအတွက် ယခုကဲ့သို့ ကန့်သတ်သတ်မှတ်ခြင်း ဖြစ်ပါသည်။

‎အများပြည်သူအနေဖြင့် ယင်းထုတ်ပြန်ချက်အား လေးနက်စွာ လိုက်နာပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

‎Chinland Defense Force - Hakha

အမည်ပျက်စာရင်းကြေညာခြင်းကြေညာချက်အမှတ် (၁/၂၀၂၆)၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်၁။​ CDF-Hakha Central Council သည် ချင်းပြည်န...
15/01/2026

အမည်ပျက်စာရင်းကြေညာခြင်း
ကြေညာချက်အမှတ် (၁/၂၀၂၆)
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်

၁။​ CDF-Hakha Central Council သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ကို အခြေပြုလျက် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့်အားလျှော်စွာ စစ်ရေးအပြင် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စစ်အုပ်စု၏ ပြည်နယ်ယန္တရားတခုလုံးကို ဟန့်တားနိုင်ရန် တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့သည်။ ၂၀၂၁ခုနှစ်မှစ၍ တော်လှန်ရေးပြစ်မှုကြီး (၄) မျိုး ဥပဒေအား ပြဌါန်းကာ အကြမ်းဖက်စစ်အုပ်စု၏ စစ်ကျွန်ပြု အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများကို တားဆီးအရေးယူ ဆောင်ရွက်လာခဲ့သည်။
၂။ သို့သော် တော်လှန်ရေးကာလ အခြေအနေအရပ်ရပ်အရ ကျူးလွန်သူများအား ရာနှုန်းပြည့် အရေးယူနိုင်ခြင်းမရှိသေးသည်မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် စစ်အုပ်စု၏ အစေတော်ခံ ဒုတိုင်းမှူးနှင့် ဗျူဟာမှူးကအစ၊​ ဝန်ကြီးချုပ်နှင့် ဝန်ထမ်းများအားလုံးတို့၏ အကျင့်ပျက် ခြစားမှုနှင့် ကိုယ်ကျိုးအတွက် နာမည်မျိုးစုံဖြင့် ကုမ္ပဏီများထောင်ကာ အခွင့်အရေး အမျိုးမျိုး ရယူနေခြင်းတို့အား တိုက်ဖျက်ရန် အခက်ခဲဆုံးစိန်ခေါ်မှု ဖြစ်နေပါသည်။ တင်ဒါ လုပ်ငန်းတွင် အရာရှိများအပြင် ၎င်းတို့၏ PSO များနှင့် အချို့သောစစ်အုပ်စု ပေါင်းဖော် ပုဂ္ဂလိကကုမ္ပဏီများအပါအဝင် ဝန်ကြီးချုပ်မှဝန်ထမ်းများအထိ အမှန်အကယ် လုပ်ငန်း ဆောင်ရွက်မှုလုံးဝမရှိဘဲ စာရွက်စာတမ်းနှင့်ဓါတ်ပုံအတုအယောင်များ တင်ပြကာ ငွေလုံး ငွေရင်းများအား ဘဏ်ဝန်ထမ်းများနှင့်အတူ ကြံဖန်ထုတ်ယူနေကြပါသည်။ လွန်ခဲ့သော (၅) နှစ်အတွင်း ၎င်းရာဇဝတ်သားများက ခိုးယူခြစားခဲ့သော ပြည်သူ့ဘဏ္ဍာငွေသည် သန်းပေါင်း (၈၃,၆၈၈) ကျော်ရှိနေပြီဖြစ်ပါသည်။
၃။ ထိုကဲ့သို့ စစ်အုပ်စုအရိပ်ယူကာ ပြည်သူလူထုအကျိုးကို ခြစားဖျက်စီးနေသော အသင်းအဖွဲ့နှင့် ပုဂ္ဂိုလ်မှန်သမျှသည် ယနေ့မှစ၍ အထူးပစ်မှတ်ထားကာ တိုက်ခိုက်အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။
၄။ သို့ဖြစ်ပါ၍ ရာဇဝတ်သား ဦးစီးအရာရှိနှင့်အထက်ဝန်ထမ်းများအားလုံးအပြင် အောက်ပါပူးတွဲ စာရင်းပါ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်များကို အမည်ပျက်စာရင်းသွင်းကာ တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ ဤကြေညာချက် ထုတ်ပြန် သည့်နေ့မှ (၁၅) ရက်အတွင်း လာရောက် ဖြေရှင်းခြင်းမရှိပါက ဟားခါးမြို့နယ်အတွင်း ၎င်းတို့၏ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်သိမ်းယူပြီးသားအဖြစ် အလိုလိုမှတ်ယူရမည် ဖြစ်သည့်အပြင် ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်သွားလာခွင့် ပိတ်ပင်ပြီးသား အဖြစ် မှတ်ယူရမည်။
၅။ ပူးတွဲစာရင်းတွင် ဖော်ပြထားခြင်းမရှိသေးသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်များ သည်လည်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်ခြင်းရှိမရှိနှင့် အကျင့်ပျက်ခြစားမှုရှိမရှိကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါသည်။ တွေ့ရှိပါက ဆက်လက်ပြီး ပြည်သူလူထုထံချပြကာ ထိထိ ရောက်ရောက် အရေးယူသွားမည်ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
CDF-Hakha Central Council

Address

Hakha, Chinland
Haka
03011

Website

Alerts

Be the first to know and let us send you an email when Chinland Defense Force-Hakha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chinland Defense Force-Hakha:

Share