Thae Tone May May

Thae Tone May May thae tone may may

2024  bring this to me🙏
26/12/2023

2024 bring this to me
🙏

ပျော်ရွှင်မှုဆိုတာ..ဝေးဝေးမှာ မရှိပါဘူး။ဘယ်တော့မဆို ကိုယ့် အနီးအနားမှာပဲ ရှိပါတယ်။ဒါဟာ အတွေ့အကြုံအရ သိခဲ့ရတာဖြစ်ပြီး အခု...
26/12/2023

ပျော်ရွှင်မှုဆိုတာ..
ဝေးဝေးမှာ မရှိပါဘူး။
ဘယ်တော့မဆို ကိုယ့် အနီးအနားမှာပဲ ရှိပါတယ်။
ဒါဟာ အတွေ့အကြုံအရ သိခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ တကယ့် ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာကိုလည်း သိခွင့်ရခဲ့ပြီးပါပြီ။

ပျော်ရွှင်မှုဆိုတာ..
မိမိကိုယ်ကို ကြည့်မြင်တတ်တဲ့ လူသာလျှင် ရယူပိုင်ဆိုင်နိုင်ပါတယ်။
မိမိကိုယ်ကို အရင် ချစ်ခင်တန်ဖိုးထားတတ်ရပါတယ်။
မိမိကိုယ်တိုင်က မပျော်ရွှင်ရင်
တစ်ဖက်လူဆီကို အဲဒီ ပျော်ရွှင်မှုကို လက်ဆင့်ကမ်း မပေးနိုင်ပါဘူး။

ပျော်ရွှင်မှုဆိုတာ
အလကား ရတတ်တဲ့ ကံကောင်းခြင်းမျိုး မဟုတ်ပါဘူး။
ကြိုးစားအားထုတ်ပြီး၊ သည်းခံစောင့်စားတတ်ပြီး
မိမိကိုယ်တိုင်က ရှာဖွေယူရတဲ့ အရာဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ..
မိမိ ဘဝထဲကနေ ထွက်ပေါ်လာတဲ့ ရနံ့ ဖြစ်ပါတယ်။
မွှေးပျံ့တဲ့ ရနံ့ကို ထုတ်ပေးလိုက်တဲ့အခါ
ပျံ့လွင့်သွားတဲ့ မွှေးရနံ့လိုပဲ ပျော်ရွှင်မှုဆိုတာကလည်း
မိမိရဲ့ ဘေးပတ်ဝန်းကျင်ကို ပျံ့လွင့်သွားတတ်တာမျိုး ဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ..
အနာဂါတ်အတွက် မဟုတ် ယခု လက်ရှိအတွက်
ဖြစ်တည်တဲ့ အရာ ဖြစ်ပါတယ်။
ယခု လက်ရှိမှာ မပျော်ရွှင်နိုင်ရင်
မနက်ဖြန်လည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်
ပျော်ရွှင်မှုဆိုတာကို
ယနေ့မှာလည်း ရက်ရက်ရောရော
အသုံးပြုနိုင်ရပါမယ်။

ပျော်ရွှင်မှုဆိုတာ..
တစ်ခါတရံမှာ လေနဲ့ တူပြီး
တစ်ခါတရံမှာတော့ မိုးတိမ်တွေနဲ့ တူပါတယ်။
ဖမ်းဆုပ်လို့ မရနိုင်ပေမယ့် ခံစားလို့ ရပြီး
မျက်စိနဲ့ မမြင်ရပေမယ့် သိနိုင်တာမျိုး ဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ..
စိတ်ကို ဖွင့်ဟပြီး အရာ အားလုံးကို လွှတ်ချနိုင်တဲ့ အချိန်မှသာ
ရောက်လာတတ်ပါတယ်။
ဒါကြောင့် မိမိဆီကို
တန်ဖိုးရှိစွာ ရောက်ရှိလာတဲ့
ပျော်ရွှင်မှုကို အလွယ်တကူ
လက်လွတ်မဆုံးရှုံးပါစေနဲ့။

ချမ်းမြမြသော် (KHU, Seoul, Korea)
2020.10.27

26/12/2023

တရေးနိုး ဗိုက်ဆာချိန်ဆို
ကြည့်မိပြီ ဒါမျိုးတွေ

😁
26/12/2023

😁

26/12/2023

Vintage ဆိုတာ ရွှေပါပဲ✨

💁‍♀️ ရှာတတ်ရင် Vintage ဆိုတာ တကယ့်ကို ရတနာသိုက်ပဲနော်… သူများနဲ့ မတူတဲ့ ဒီဇိုင်းဆန်းပြားတွေ ရှာမလား… တကယ့် brand ထည်တွေကို စွပ်ကျယ်တစ်ထည်စာပဲ ရှိတဲ့ စျေးနဲ့ ဝယ်မလား…

ဒီနေ့မှာတော့ Vintage ထည်တွေကို ဘာကြောင့် ဝယ်သင့်တာလဲဆိုတာကို ပြောပြချင်ပါတယ်

1️⃣ စျေးသက်သာတယ်
Brand ထည်တွေဆို အသစ်စျေးက အနားတောင် မကပ်နိုင်တဲ့အချိန် ဘေထည်တွေကတော့ တကယ့် brand အစစ်တွေကို မထင်မှတ်ထားလောက်အောင် သက်သာတဲ့ စျေးနဲ့ ရတဲ့အပြင် ငွေ ၂၀၀၀၀ လောက်နဲ့ဆို မိမိုက်နေတဲ့ အဝတ်အစားတစ်စုံ ကောင်းကောင်း ရပြီလေ

2️⃣ အများနဲ့ မတူ ထူးခြားတဲ့ ဒီဇိုင်း
ဖက်ရှင် Trend တစ်ခု ခေတ်စားပြီဆိုရင် ဒီဇိုင်းတွေက အကုန်တူနေရော… ဘယ်သွားသွား ဒီပုံ၊ ဒီအထည်တွေပဲ ဖြစ်နေချိန် Vintage ထည်တွေကတော့ ဆင်တူဒီဇိုင်း ရှိတော့ရှိပေမယ့် ရှားတယ်ပေါ့… သူများနဲ့ မတူတဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေကို စိတ်ကြိုက်ဖန်တီးလို့ ရပါတယ်

3️⃣ ကမ္ဘာကြီးကို ကယ်တင်နိုင်တယ်
အပိုတွေလို့ မထင်ပါနဲ့… အဝတ်အစားသစ်တွေကို ထုတ်လုပ်ရတဲ့အခါ အသုံးပြုရတဲ့ စွမ်းအင်အရင်းအမြစ်တွေ အင်မတန်များပါတယ်… ဘေထည်တွေ ဝတ်ရင်ကျ အသစ်ဖန်တီးရတာတွေ မရှိလို့ ကမ္ဘာကြီးရဲ့ စွမ်းအင်အရင်းအမြစ်တွေကို ချွေတာရာရောက်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အင်မတန် ကောင်းမွန်ပါတယ်

👩‍🦰 ယောင်းတို့ရော… Vintage ထည်တွေ ဝတ်ဖြစ်လား… အဝတ်အစားပုံကြီးထဲမှာ ဒိုင်ဗင်ထိုးပြီး ရွေးလို့ ကောင်းတာမို့ အရမ်းကြိုက်ပဲ

ကိုယ့်ဘဝနဲ့ကိုယ် ပျော်တတ်ဖို့က အဓိကပါပဲ ဘယ်သူနဲ့မှ နှိုင်းယှဉ်မနေနဲ့ မတိုင်းတာနဲ့ ဒါဆို စိတ်ချမ်းသာဖို့လမ်းစရပြီလေနော် 😍...
26/12/2023

ကိုယ့်ဘဝနဲ့ကိုယ် ပျော်တတ်ဖို့က အဓိကပါပဲ

ဘယ်သူနဲ့မှ နှိုင်းယှဉ်မနေနဲ့ မတိုင်းတာနဲ့

ဒါဆို စိတ်ချမ်းသာဖို့လမ်းစရပြီလေနော် 😍😍😍

ဘေထုပ်ထည်လေးတွေစျေးသက်သက်သာသာလေးနဲ့ရောင်းပေးမယ်လက်ဆောင်လေးတွေလည်း မကြာ မကြာ ပေးချင်လို့page လေးကို liked & follow လေး လု...
26/12/2023

ဘေထုပ်ထည်လေးတွေစျေးသက်သက်သာသာလေးနဲ့ရောင်းပေးမယ်

လက်ဆောင်လေးတွေလည်း မကြာ မကြာ ပေးချင်လို့

page လေးကို liked & follow လေး လုပ်ထားပေးပါအုံး ချစ်သောတို့ရေ

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when Thae Tone May May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share