Nay Linn Htun - Supply Chain Solution

Call Directions Contact the business

Nay Linn Htun - Supply Chain Solution MBA-UK, Instructor and Certified Logistics and Supply Chain Management, IQA in QMS 9001-2015.

Experienced in implementing Warehouse Management Systems and Functional integration with systems.

ကျေးဇူးပါ ဆရာကိုဝေလင်း ရေ !ဆရာဝေလင်းအတွက် အမြဲတမ်းဂုဏ်ယူပါတယ်။ Congratulations 🎈🎉 ပါ။ဒီထပ်မက ပိုမိုအောင်မြင်ပါစေ။NLH-Sup...
20/08/2026

ကျေးဇူးပါ ဆရာကိုဝေလင်း ရေ !

ဆရာဝေလင်းအတွက် အမြဲတမ်းဂုဏ်ယူပါတယ်။ Congratulations 🎈🎉 ပါ။

ဒီထပ်မက ပိုမိုအောင်မြင်ပါစေ။

NLH-Supply Chain Solution

20/08/2026

🔑 Distribution and Logistics ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့ဆိုရင် Planning (စီမံကိန်းရေးဆွဲခြင်း) နှင့် Control (ထိန်းချုပ်ခြင်း) ကို စနစ်တကျလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

Planning နဲ့ Control ဟာ Logistics Operations အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ၂ ခု ဖြစ်ပါတယ်။

✅ Planning ဆိုတာ..
“Doing the right thing”
မှန်ကန်ပြီး ကောင်းမွန်ထိရောက်မှုရှိတဲ့ Operations တစ်ခုဖြစ်ဖို့ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။

✅ Control ဆိုတာကတော့....
“Doing the thing right”
ချမှတ်ထားတဲ့ Plan၊ Standard၊ Rule တွေအတိုင်း Operations က မှန်မှန်ကန်ကန် အကျိုးရှိရှိလည်ပတ်နေခြင်း (efficeincy) ရှိ/မရှိ ကို စောင့်ကြည့်၊ တိုင်းတာ၊ ပြင်ဆင်ခြင်း ဖြစ်ပါတယ်။

(Alan Rushton, Phil Croucher and Peter Baker)

NLH-Supply Chain Solution

17/08/2026

📌 Warehouse ကို “Competent People” နဲ့ တည်ဆောက်ပါ။

“ A good warehouse is not only well organized by physical resources. But It is also operated by well-trained, skilled and disciplined people.”

🔑 Lean Management ရဲ့ အခြေခံအယူအဆတစ်ခုက “Developing People” ဖြစ်ပြီး၊
လူတွေနဲ့ Team တွေကို လေ့ကျင့်ပျိုးထောင်ပြီး Continuous Improvement လုပ်နိုင်တဲ့ Culture တည်ဆောက်ဖို့ အရေးကြီးပါတယ်။

NLH-Supply Chain Solution

17/08/2026

Business တစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုကို ဆုံးဖြတ်ပေးတဲ့ အရာတွေထဲမှာ Decision Making က အရေးကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။

နေ့စဉ် လုပ်ငန်းလည်ပတ်မှုအတွင်းမှာ Leaders တွေ၊ Managers တွေက ဆုံးဖြတ်ချက်ပေါင်းများစွာ ကိုချမှတ်နေကြရပါတယ်။

- Product အသစ် မိတ်ဆက်သင့်သလား?
- Sales Team ကို တိုးချဲ့သင့်သလား?
- Marketing Budget ကို တိုးသင့်သလား?
- Branch အသစ် ဖွင့်သင့်သလား?
- Customer Promotion Campaign ကို ဆက်လုပ်သင့်သလား?

ဒီလို ဆုံးဖြတ်ချက်တွေဟာ Business ရဲ့ အနာဂတ်ကို တိုက်ရိုက် သက်ရောက်စေပါတယ်။ ဒါပေမယ့် မေးစရာ တစ်ခုရှိပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ဘာကို အခြေခံပြီး ချမှတ်နေတာလဲ?

- အတွေ့အကြုံကို အခြေခံပြီးလား?
- ခံစားချက်ကို အခြေခံပြီးလား?
- ဒါမှမဟုတ် Data ကို အခြေခံပြီးလား?

Data-Driven Decision Making ဆိုတာ ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်ပိုင်အမြင်၊ Assumption သို့မဟုတ် Gut Feeling အပေါ်သာ မူတည်ပြီး မချမှတ်ဘဲ Data၊ Facts နှင့် Evidence များကို အခြေခံပြီး ချမှတ် ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ လူအများစု နားလည်မှုလွဲတတ်တဲ့ အချက်တစ်ခု ရှိပါတယ်။

Data-Driven Decision Making ဆိုတာ Data က ပြောသမျှကို မျက်စိမှိတ် လိုက်နာခြင်းမဟုတ်ပါဘူး။ Data ဟာ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပေးတဲ့ Input တစ်ခုသာ ဖြစ်ပါတယ်။ အကောင်းဆုံး ဆုံးဖြတ်ချက်တွေဟာ Data, Experience, Business Context ပေါင်းစပ်မှုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

📖 “လုပ်ငန်းဦးဆောင်သူများအတွက် 𝗗𝗮𝘁𝗮 အသုံးချမှု လမ်းညွှန်” စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။

💰 စာအုပ်တန်ဖိုး - 17,000 ကျပ်
📚 စာမျက်နှာ - ၁၈၆
📦 မှာယူမည့် မြို့နယ်အလိုက် Delivery Charges များ သီးခြား ကျသင့်ပါမည်။

မှာယူ/ဝယ်ယူနိုင်သည့်နေရာများ

📚 City Books & Music / Safari တွင်လည်း ဝယ်ယူနိုင်ပါသည်။
📚 Sarpay Lann – စာပေလမ်း တွင်လည်း မှာယူဝယ်ယူနိုင်ပါသည်။
📚 အခြားစာအုပ်အရောင်းဆိုင်များတွင်လည်း မေးမြန်းဝယ်ယူနိုင်ပါသည်။

Online Order မှာယူလိုသူများအနေဖြင့် Comment Box တွင် "𝗗𝗮𝘁𝗮" ဟု ရေးသားပေးပါ။ Admin Team မှ ဆက်သွယ်ပြီး မှာယူမှုအတွက် ဆက်လက်ဆောင်ရွက်ပေးသွားပါမည်။

ကျေးဇူးတင်ရှိပါသည်။

Wai Lin - Learn Business Intelligence






15/08/2026

⭐ Matrix College မှ ဖွင့်လှစ်ခဲ့တဲ့ Certificate in Warehouse and Inventory Management (Batch-1) ရဲ့နောက်ဆုံးနေ့ Warehouse and Inventory Management Project Presentation ပြုလုပ်ခဲ့တဲ့ပုံရိပ်များ (09.08.2026)!

NLH-Supply Chain Solution


14/08/2026

"Warehouse Inventory ဟာ Company ရဲ့ Current Asset ဖြစ်တဲ့အတွက် Physical Control တင်မကဘဲ Financial Control လည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။"

NLH-Supply Chain Solution









⭐ Matrix College မှ ဖွင့်လှစ်ခဲ့တဲ့ Certificate in Warehouse and Inventory Management (Batch-1) Certificate ပေးအပ်ခဲ့တဲ့...
14/08/2026

⭐ Matrix College မှ ဖွင့်လှစ်ခဲ့တဲ့ Certificate in Warehouse and Inventory Management (Batch-1) Certificate ပေးအပ်ခဲ့တဲ့ပုံရိပ်များ (09.08.2026)!

NLH-Supply Chain Solution


13/08/2026

📦 Warehouse Operations Management ကို Quality Management System (QMS) Approach နဲ့ ဘယ်လိုလုပ်ဆောင်မလဲ?

Warehouse တစ်ခုကို “ကုန်ပစ္စည်းတွေသိုလှောင်တဲ့နေရာ” တစ်ခုလို့ပဲ မြင်ထားမယ်ဆိုရင်တော့ Warehouse Operations ကို အဓိကအားဖြင့် Space, Manpower, နဲ့ Equipment တွေအပေါ်မှာပဲအာရုံစိုက်မိတတ်ပါတယ်။

ဒါပေမယ့် Professional Warehouse Management အတွက်တော့—

“Warehouse Operation ဆိုတာ Process + People + System + Measurement + Continual Improvement” ဆိုတဲ့ Quality Management System (QMS) Approach နဲ့ စီမံခန့်ခွဲသင့်ပါတယ်။

အဓိကအချက်တွေကတော့..

1. Process Approach – Receiving မှ Delivery အထိ Process တစ်ခုချင်းစီကို ချိတ်ဆက်စီမံခြင်း။

2. Procedure, Work Instruction, Work Standard – များချမှတ်ဆောင်ရွက်ခြင်း။

3. Quality Control Points – Receiving, Picking, Loading စတဲ့ Process အဆင့်တိုင်းမှာ Quality Check ထားရှိခြင်း။

4. KPI Measurement – Inventory Accuracy, Picking Accuracy, On-Time Dispatch, Damage Rate စသည်တို့ကို တိုင်းတာခြင်း။

5. Risk-Based Thinking – Error မဖြစ်ခင် Risk နှင့် Root Cause ကို ကြိုတင်ထိန်းချုပ်ခြင်း။

6. Corrective Action – Error ဖြစ်ပါက “ဘယ်သူမှားလဲ” ဆိုတာထက် “ဘာကြောင့်ဖြစ်လဲ” ဆိုတာကိုရှာပြီး ဖြေရှင်းခြင်း။

7. PDCA & Continual Improvement – Plan → Do → Check → Act ဖြင့် Warehouse Performance ကို အမြဲတိုးတက်အောင်လုပ်ခြင်း တို့ဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်



The role of WMS in the supply chain!Warehouse Operation တွေမှာ-  Excel မှာ Stock တစ်မျိုး-  ERP မှာ Stock တစ်မျိုး- Ware...
12/08/2026

The role of WMS in the supply chain!

Warehouse Operation တွေမှာ

- Excel မှာ Stock တစ်မျိုး
- ERP မှာ Stock တစ်မျိုး
- Warehouse Physical Stock တစ်မျိုး ဖြစ်နေတတ်ပါတယ်။

နောက်တစ်ခုက..
- Sales က Order Status (available stock) အတိအကျမရနိုင်တာရယ်
- Warehouse က Delivery Plan ကြိုမသိတာ
- Transport က Read-to-Ship Status မသိတာ
- Management က Real-time Visibility မရတာတွေ ဆိုတဲ့ Cross-Functional Problem တွေလည်း ဖြစ်တတ်ပါတယ်။

ERP + WMS + TMS Integration က ဒီလို Information Gap တွေကို လျှော့ချနိုင်ပါတယ်။

🎯 Integration ရဲ့ အကျိုးကျေးဇူး

ERP + WMS + TMS = End-to-End Supply Chain Visibility

📌 Higher Inventory Accuracy
📌 Faster Order Fulfillment
📌 Better Warehouse Productivity
📌 Better Delivery Planning
📌 Lower Logistics Cost
📌 Real-time Visibility
📌 Better Customer Service
📌 Data-driven Decision Making

💡 Warehouse Manager တစ်ယောက်အနေနဲ့ သိထားသင့်ရမှာဆိုရင်..

ERP က “Business ကို စီမံတယ်”
WMS က “Warehouse Operation ကို စီမံတယ်”
TMS က “Transportation ကို စီမံတယ်”

ဒါပေမယ့် အကောင်းဆုံး Supply Chain ဖြစ်ဖို့ System တစ်ခုချင်းစီကောင်းရုံနဲ့ မလုံလောက်ပါဘူး။

👉 ERP + WMS + TMS တို့ Data Integration ကောင်းပြီး Cross-Functional Process တစ်ခုတည်းအဖြစ် အလုပ်လုပ်နိုင်မှ End-to-End Supply Chain Performance ကောင်းလာမှာ ဖြစ်ပါတယ်။

“Warehouse is not an isolated function.
Warehouse is a key connector between Business, Inventory and Distribution.”


NLH-Supply Chain Solution




Address

Aye Yeik Mon 7 Th Street
Hlaing
11051

Telephone

+959966953981

Website

Alerts

Be the first to know and let us send you an email when Nay Linn Htun - Supply Chain Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Linn Htun - Supply Chain Solution:

Shortcuts

Share