One 2 One FDA Consultancy and Registration Service

One 2 One FDA Consultancy and Registration Service One-Stop Registration & Regulatory Services for your Business!!!

System ထဲသို့ log in ဝင်တိုင်း E-submission account ဖွင့်ထားတဲ့ email ထဲသို့ OTP ရောက်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအ...
09/05/2026

System ထဲသို့ log in ဝင်တိုင်း E-submission account ဖွင့်ထားတဲ့ email ထဲသို့ OTP ရောက်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ အဆိုပါ email ထဲသို့ ဝင်ရောက်ရန် password မသိရှိတော့ပါက FDA E-submission ထဲသို့လဲ ဝင်ရောက်နိုင်မည် မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယခု မေလအတွင်း မိမိတို့အမှန်တကယ် သုံးစွဲနေသော email အကောင့်နှင့် ချိတ်ဆက်ထားကြပါရန် ထပ်ဆင့်အသိပေးအပ်ပါသည်။

12/04/2026

ယှဉ်ပြိုင်မှု အခြေခံမူများ
===================

(က) ဈေးကွက်တွင် လွတ်လပ်၍မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်သည့်အသိုက်အဝန်းအဖြစ်ရောက်ရှိစေရေး

(ခ) ဈေးကွက်တွင်မျှတသော ယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တစ်ပြေးညီတိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့်ရရှိစေရေး

(ဂ) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး

(ဃ) လုပ်ငန်းနယ်ပယ်အသီးသီးတွင် လွတ်လပ်၍မျှတသော ယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး

(င) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းဆိုင်ရာ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားများ၊ ငွေကြေးစီးဝင်မှုများအတွက် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သော စီးပွားရေးအသိုက်အဝန်းတစ်ခုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာစေရေးနှင့် ယှဉ်ပြိုင်မှုကွန်ရက်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး

(စ) ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး

(ဆ) ရင်းနှီးမြှုပ်နှံသူ၊ တီထွင်သူနှင့် ထုတ်လုပ်သူတို့၏ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးခြင်းဖြင့် တီထွင်ကြံဆနိုင်သော စွမ်းရည်ကို အားပေးမြှင့်တင်ရေး

12/04/2026

ယှဉ်ပြိုင်မှုဥပဒေ (၂၀၁၅)
Competition Law (2015)

ပုဒ်မ ၂ (င) ယှဉ်ပြိုင်မှုဆိုသည်မှာ ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအကြား မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုမည့် ဝယ်ယူသူအရေအတွက်၊ ဈေးကွက်ဝေစုနှင့် ဈေးကွက်လွှမ်းမိုးနိုင်မှုတို့ကို ပိုမိုရရှိစေရန် စီးပွားရေးလုပ်ငန်းများကို အပြိုင်အဆိုင်ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်ဆောင်ရွက်မှုကို ဆိုသည်။

ပုဒ်မ ၂ (ဆ) ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက် ဆိုသည်မှာ ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုကို လျော့နည်းစေရန် သို့မဟုတ် အတားအဆီးဖြစ်စေရန် လုပ်ဆောင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ယှဉ်ပြိုင်မှုကိုထိန်းချုပ်သည့် သဘောတူညီချက်များ၊ ဈေးကွက်အတွင်းရှိ လွှမ်းမိုးထားသည့် အခြေအနေအပေါ်အခွင့်အရေးယူ၍ အလွဲသုံးစားပြုခြင်းနှင့် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

အသိပေးကြေညာချက်Source FDA Myanmar Website
09/04/2026

အသိပေးကြေညာချက်

Source FDA Myanmar Website

အများပြည်သူသိရှိရန် အသိပေးကြေညာချက်Crd FDA Myanmar page
04/04/2026

အများပြည်သူသိရှိရန် အသိပေးကြေညာချက်

Crd FDA Myanmar page

12/03/2026
စက်မှုဒီဇိုင်းများ ဆန်းသစ်တီထွင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု
11/03/2026

စက်မှုဒီဇိုင်းများ ဆန်းသစ်တီထွင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု

စားသောက်ကုန်များ၏ အမှတ်တံဆိပ်များတွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ...
05/03/2026

စားသောက်ကုန်များ၏ အမှတ်တံဆိပ်များတွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် (၁/၂၀၂၆)

Source FDA Myanmar Website

အစားအသောက်များတွင် တားမြစ်ဓာတုပစ္စည်း Formalin အသုံးပြုခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာချက်source ...
23/10/2025

အစားအသောက်များတွင် တားမြစ်ဓာတုပစ္စည်း Formalin အသုံးပြုခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာချက်

source FDA Myanmar page

Address

No. 345, Marlaryone Street
Hlaing
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959756711656

Website

Alerts

Be the first to know and let us send you an email when One 2 One FDA Consultancy and Registration Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to One 2 One FDA Consultancy and Registration Service:

Share