MGR-Myanmar Golden Rock International Co.,Ltd

MGR-Myanmar Golden Rock International Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MGR-Myanmar Golden Rock International Co.,Ltd, Business service, Building 18, 6th Floor(Level 7), Hlaing Universities' Campus, MICT Park, Hlaing Township, Hlaing.

Welcome to MGR-Myanmar Golden Rock International Co.,Ltd.Our mission is to be the total solution provider in the Business Imaging,Consumer Information and Imaging,Banking,Photo Finishing and Building & Facilities Industries thru offering reliable product.

"မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် ကြေငြာခြင်း"  #နှစ်သစ်ကူး
10/04/2026

"မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် ကြေငြာခြင်း"
#နှစ်သစ်ကူး

10/04/2026

ဘာကြောင့် Canon Printer တွေမှာ Original Ink & Cartridge သုံးသင့်တာလည်း??

Canon Printer အသုံးပြုတဲ့သူတွေအတွက် Ink နဲ့ Cartridge ရွေးချယ်မှုဟာ အရေးကြီးတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

Canon printer တွေမှာ Original Ink & Cartridge ကို အသုံးပြုခြင်းဖြင့် ရရှိနိုင် တဲ့ အကျိုးကျေးဇူး များ

၁။ ပုံနှိပ်အရည်အသွေးမြင့်မားခြင်း
Original Ink & Cartridge တွေကို Canon က သူ့ Printer model တိုင်း နဲ့ ကိုက်ညီအောင် စနစ်တကျ ထုတ်လုပ်ထားတာကြောင့် ပုံနှိပ်ရာမှာ အရောင်တိကျမှု၊ ပြတ်သားမှု နဲ့ ပရင့် အရည်အသွေး မြင့်မားစေပါတယ်။

၂။ Printer ကို သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်ခြင်း
Original Ink & Cartridge တွေက Printer ရဲ့ print head နဲ့ စနစ်တကျ ကိုက်ညီအောင် ပြုလုပ်ထားတဲ့အတွက် Original cartridge & Ink များကို အသုံးပြုခြင်း ဖြင့် Print Head ခဏခဏ ပျက်စီးစေနိုင်တဲ့ ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ Non-original တွေက print head ပျက်စီးနိုင်ပြီး ပြင်ဆင်စရိတ်ပိုကုန်တတ်ပါတယ်။ Original Ink & Cartridge တွေက refill ink ၊ compatible ink စျေးနှုန်း များ ထက်အနည်းငယ်မြင့်နိုင်ပေမယ့် Printer/Print Head ပျက်စီးမှု၊ ပြင်ဆင်မှုစရိတ်တွေကို လျော့နည်းစေတဲ့အတွက် ရေရှည်မှာပိုပြီး ကုန်ကျစရိတ် သက်သာစေပါတယ်။

၃။ Warranty & Support ရရှိခြင်း
Original Ink & Cartridge သုံးထားတဲ့ Printer တွေအတွက်သာ Official Warranty 1year ကို အပြည့်အဝ ရရှိနိုင်ပါတယ်။ Third-party Ink သုံးထားလျှင် Official Warranty 1year မရရှိနိုင်တော့ပါ။

Canon printer တွေကို Print Quality ကောင်းကောင်းဖြင့် မိမိရဲ့ Printer ကို ရေရှည်မှာ အကောင်းဆုံးအသုံးချချင်တယ်ဆိုရင် Original Ink & Cartridge များကို အသုံးပြုဖို့ အကြံပြုအပ်ပါတယ် ခင်ဗျာ။

Vlogging to the NEXT Level!Vlogging Camera တစ်လုံးဖြစ်ပြီး Smart Phone အရွယ်စားသာရှိသော “Smart Phoneနဲ့ တူတဲ့ Camera တစ်...
22/03/2026

Vlogging to the NEXT Level!

Vlogging Camera တစ်လုံးဖြစ်ပြီး Smart Phone အရွယ်စားသာရှိသော “Smart Phoneနဲ့ တူတဲ့ Camera တစ်လုံး” Canon PowerShot V10 လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

- ပေါ့ပေါ့ပါးပါးနဲ့ Quality အမိုက်စားလိုချင်တဲ့ Vlogging သမားတွေအတွက် သင့်တော်တဲ့ Vlogging Camera တစ်လုံးဖြစ်တယ်။

- Weight အနေနဲ့ 211g သာရှိပြီး Size အနေနဲ့လည်း Pocketable Size ဖြစ်တဲ့အတွက် သက်တောင့်သက်သာဖြင့် သယ်ယူရတာ လွယ်ကူတဲ့ Ultra Compact Design ဖြင့် ထုတ်လုပ်ထားတယ်။

- Video Recording အနေနှင့် လည်း 4K 30 FPS ဖြင့် ရိုက်ကူးမယ်ဆိုလျှင် Up to 55 minutes ထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး Full HD 60 FPS ထိရရှိတဲ့ Vlogging Camera တစ်လုံးလည်း ဖြစ်တယ်။

- LENS အနေနဲ့ 19mm wide angle lens ပါ၀င်တာဖြစ်တဲ့အတွက် Vlogging သမားတွေအတွက် လှပသော ရှုခင်းများကို မြင်ကွင်းကျယ်ကျယ် နဲ့ ဖမ်းယူရိုက်ကူးနိုင်မယ်။

- Vlogging သမားတွေအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်တဲ့ microphones quality ကောင်းကောင်းတစ်ခု ရှိဖို့အတွက်လည်း Canon V10 မှာ Powerful Stereo Microphones ကို Built-in ပါ၀င်မှာဖြစ်တဲ့အတွက် Vlog ရိုက်ကူးနေချိန်အတွင်း ကြည်လင်ပြတ်သားတဲ့ အသံများကို ဖမ်းယူနိုင်မှာဖြစ်တယ်။

- Built-in stand ပါ၀င်လာတာဖြစ်ပြီး Food Vloggers/Content Creators များအတွက် ပိုမို အသုံး၀င်မယ့် feature တစ်ခုဖြစ်တဲ့ အပြင် Vlogging သမားတွေအတွက် ် သက်တောင့်သက်သာနဲ့ သွားလေရာ လွယ်ကူစွာ သယ်ယူသွားချင်တဲ့ Vlogger များအတွက် လိုအပ်တဲ့ Digital Cameraလေး တစ်လုံးဖြစ်ပါတယ်။

- အရွယ်စားအနေနဲ့ ခေါက်ဖုန်းသာသာအရွယ်လောက်ပဲ ရှိပြီး Canon V10 ရဲ့ Specifications တွေအနေနဲ့ကတော့ အမိုက်စားဖြစ်လို့ စိတ်၀င်စားတယ်ဆိုရင် အခုပဲ ဆက်သွယ်လိုက်တော့နော်။

Specification CANON POWERSHOT V10
-Lens 19 mm f/2.8
-Contrast detection focus system
-Built-in ND 3 Stop
-4K 30 FPS video (up to 55 minutes) / Full HD 60 FPS
- UVC/UAC compatible
- Large, high-quality microphone
- headphone jack
- 2-inch tilt selfie screen
- Micro SD Card Support
- Color Filters – Select from 14 color filters
- Smooth Skin Movie Mode
- Built-in 1,250 mAh battery, supports charging
- Size 63.4×90.0×34.4mm
- Weight 211 grams
- Built-in kickstand

“Canon Printer များအတွက် Wireless(Wi-fi) ချိတ်ဆက်နည်း နှင့် မိမိ Printer Wi-Fi ရ မရ စစ်နည်း”ကျွန်တော်တို့ ဒီနေ့မှာတော့ လ...
11/03/2026

“Canon Printer များအတွက် Wireless(Wi-fi) ချိတ်ဆက်နည်း နှင့် မိမိ Printer Wi-Fi ရ မရ စစ်နည်း”

ကျွန်တော်တို့ ဒီနေ့မှာတော့ လူကြီးမင်းတို့ အနေနဲ့ မိမိ လက်ရှိ အသုံးပြုနေတဲ့ Canon Printer များကို Wireless(Wi-Fi) အသုံးပြုလို့ ရ မရ စစ်နည်း နှင့် မိမိ Printer ကို Laptop/Mobile Device များနှင့် Wireless(Wi-Fi) ချိတ်ဆက်နည်း ကို Knowledge sharing အနေနဲ့ မျှ‌‌‌ဝေပေးချင်ပါတယ် ခင်ဗျာ။

Canon Printer တွေထဲမှာ Wi-Fi အသုံးပြုနိုင်တဲ့ Model တွေ အများကြီးရှိပါတယ်။
ဒါပေမယ့် Printer တစ်လုံးချင်းစီမှာ Specifications နှင့် Model အလိုက် Wi-Fi support ပါမပါ မတူကြပါဘူး။

ကျွန်တော် တို့ အနေနဲ့ ဒီ Post မှာ
1️⃣ Printer မှာ Wi-Fi ပါမပါ စစ်နည်း
2️⃣ Wireless Printer ကို Wi-Fi ချိတ်နည်း
ကို လူကြီးမင်းတို့ နားလည်ရ လွတ်ကူအောင် ပုံနဲ့တကွ အဆင့်ဆင့် ရှင်းပြပေးသွားပါမယ်။

1️⃣ Printer မှာ Wi-Fi ပါမပါ စစ်နည်း
Canon Printer မှာ Wi-Fi အသုံးပြုလို့ရမရ စစ်ဖို့ အလွယ်ဆုံးနည်းတွေက—

(1) Printer Panel ကိုကြည့်ပါ
Printer Control Panel မှာ
📶 Wi-Fi Symbol / Wireless Icon
ရှိရင် Wireless Printing Support ပါပါတယ်။

(2) Model Name ကိုကြည့်ပါ
Canon Printer Model အများစုမှာ
LBP 6xx Series
G Series
MF 6xx Series
တွေက Wi-Fi support ပါတတ်ပါတယ်။

(3) Printer Setting Menu
Printer Screen ထဲမှာ
Wireless LAN Setup
ဒါမှမဟုတ်
Wi-Fi Setup
ဆိုတဲ့ option တွေရှိရင် Wi-Fi support ပါပါတယ်။

2️⃣ Wireless Canon Printer ကို Wi-Fi ချိတ်နည်း

Wireless Canon Printer ကို Wi-Fi ချိတ်ဖို့ အတွက်
Method 1 — Printer Screen ကနေ ချိတ်နည်း
1️⃣ Printer ကို ON လုပ်ပါ
2️⃣ Menu / Setup ကို နှိပ်ပါ
3️⃣ Wireless LAN Setup ကို ရွေးပါ
4️⃣ သင့် Wi-Fi Network Name ကိုရွေးပါ
5️⃣ Wi-Fi Password ထည့်ပါ
ပြီးရင် Printer က Router နဲ့ ချိတ်ပြီး Wireless Printing အသုံးပြုနိုင်ပါပြီ။

Method 2 — Mobile App နဲ့ ချိတ်နည်း
📱 Canon PRINT Inkjet / SELPHY App ကို အသုံးပြုနိုင်ပါတယ်။

1️⃣ App ကို install လုပ်ပါ
2️⃣ Add Printer ကိုနှိပ်ပါ
3️⃣ Printer ကိုရှာပါ
4️⃣ Wi-Fi network ရွေးပြီး password ထည့်ပါ
ပြီးရင် Phone ကနေ Direct Print လုပ်နိုင်ပါတယ်။

Wireless Printing ရဲ့ အားသာချက်-
✅ ကြိုးမလိုပဲ print ထုတ်နိုင်
✅ Phone / Laptop / Tablet ကနေ print လုပ်နိုင်
✅ Office ထဲက လူအများ print share လုပ်နိုင်
✅ Cable ရှုပ်ရှက်မှု မရှိ

📌 Tip
Printer ကို Wi-Fi ချိတ်ပြီးရင် Printer မှာ ချိတ်ဆက် အသုံးပြုထားတဲ့ Network အတိုင်း Laptop / Phone နှစ်ခုလုံးကို Same Router/Same Network တစ်ခုတည်း မှာ ချိတ်ထားရင် ပိုကောင်းပါတယ်။

ဒီနည်းလမ်းလေးတွေ အတိုင်း လိုက်လုပ်ကြည့်ပြီး Wireless(Wi-Fi) ချိတ်ဆက်ရာတွင် အဆင်ပြေမယ် လို့မျှော်လင့်ပါတယ် ခင်ဗျာ။လူကြီးမင်းတို့ အနေနဲ့ အဆင်မပြေ အခက်ခဲများ ရှိပါက ကျွန်တော်တို့ Page Messenger ကတဆင့် ဆက်သွယ်ပြီး စုံးစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။

About buying a scanner and getting the best resultsScanner ဝယ်ယူခြင်းနှင့်အကောင်းဆုံးရလဒ်များရယူခြင်းအကြောင်းပထမဆုံး အနေ...
09/12/2025

About buying a scanner and getting the best results
Scanner ဝယ်ယူခြင်းနှင့်အကောင်းဆုံးရလဒ်များရယူခြင်းအကြောင်း

ပထမဆုံး အနေနှင့် Scanner တစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် “ဘယ် Brand ‌‌‌ကို ရွေးချယ်ရမလဲ?၊ မိမိတို့ လိုအပ်ချက် နှင့် ကိုက်ညီမဲ့ DPI ကို ဘယ်လိုရွေးချယ်ရမလဲ?၊ Scan speed မြန်အောင် ဘယ်လိုလုပ်မလဲ? စတဲ့ အချက်တွေ ကို ထည့်သွင်း စဥ်းစား ၀ယ်ယူသင့်ပါတယ်။

---

✅ 1. Which brand of scanner to choose? / Brand ကို ဘယ်လိုရွေးမလဲ?

Scanner ဝယ်ယူတဲ့အခါ Hardware Quality ကောင်းပြီး Service ယုံကြည်ရတဲ့ Brand ကိုရွေးသင့်ပါတယ်။
Canon Brand Scanner များအနေနှင့် ၂၀၀၀ ခုနှစ်တွင် Scanner များအတွက် Hardwarezone.com ဆုများအားလုံးကို ရယူနိုင်ခဲ့ပြီး Scan result ကောင်း၊ ရေရှည် အသုံးခံ၊ ယနေ့ အချိန်ထိ Software support ကောင်းမွန် နေသည့် အတွက် ရေရှည် အသုံးပြုဖို့အတွက် ရွေးချယ် ၀ယ်ယူသင့်တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်။

--

✅ 2. မိမိ လိုအပ်ချက် နှင့် ကိုက်ညီမဲ့ Scanner Model ကို ဘယ်လိုရွေးမလဲ?

အရင်ဆုံး မိမိ လိုအပ်ချက် အရ ဘာကို အများဆုံး scan လုပ်မလဲ ဆိုတာကို စဉ်းစားပါ။

ပုံမှန် Document စာရွက်များ Scan ဖတ်ရန် အတွက် 300 DPI ရ‌သော Scanner model များသည် အဆင်ပြေပြီး
Photo၊ Image Quality များကို Scan ဖတ်ရန် လိုအပ်ပါက 600–1200 DPI ပါသော Scanner Model များကို ရွေးချယ်၀ယ်ယူပါ။
ဒါ့အပြင် စာရွက် အများအပြားကို တပြိုင်နက် တည်း scan ဖတ်ရန် လိုအပ်ပါက ADF(Auto Document Feeder) ပါတဲ့ Scanner ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။
စာအုပ်တွေကိုပါ Scan ဖတ်လေ့ရှိသူများ အတွက် စာအုပ်များကို လွယ်ကူစွာ Scan ဖတ်နိုင်သည့်Z-Lid (double hinge cover) ပါတဲ့ scanner ကိုရွေးသင့်ပါတယ်။

ခရီးသွားရင်း အပြင်မှာ scan ဖတ်ရန်လိုအပ်ပါက အိတ်ဆောင် Portable Scanner များကို ရွေးချယ် ၀ယ်ယူသင့်ပြီး မိမိ လက်ရှိ အသုံးပြုနေသော Computer/Laptop (PC) devices များနှင့် မိမိ၀ယ်ယူမဲ့ Scanner model ကို တွဲဖက်အသုံးပြုနိုင်ရန် အတွက် ကိုက်ညီမှု ရှိ မရှိ ကို စစ်ဆေးပြီးမှ ၀ယ်ယူပါ ။

---

✅ 3. အကောင်းဆုံး Scan Result ရအောင် ဘယ်လိုလုပ်မလဲ?

Scan လုပ်တဲ့အခါ—

✔ Scanner မှန်ကို သန့်ရှင်းပြီး ဖုန်မှုန့် ကင်းစင် အောင်ထားပါ။
✔ စာရွက်ကို မှန်ပေါ်မှာ ပြားပြားကပ်ကပ် ဖြစ်အောင်ထားပါ။
✔ ပုံအမျိုးအစားအလိုက် Setting (Color / B&W) ကိုမှန်အောင်ရွေးပါ။
✔ Scan Speed မြန်ချင်သူများအတွက် Scanner ကို USB နှင့် တိုက်ရိုက် ချိတ်ပြီး အသုံးပြုပါ။
*** Scan result မကောင်းရင် Photoshop နဲ့တောင် မပြင်နိုင်ပါဘူး။

---

✅ 4. Scan မြန်အောင် ဘယ်လိုလုပ်မလဲ?

Scan ဖတ်ရာတွက် မိမိ တို့ Scan ဖတ်မဲ့ အမျိုးစား ပေါ် မူတည်ပြီး သင့်လျော်သော resolution (dpi) ကို ရွေးချယ်ပြီး Scan ဖတ်သင့်ပါတယ်။Document များကို Scan ဖတ်ရန်အတွက် 300dpi သည် လုံလောက်တဲ့ အတွက် မလိုအပ်ပဲ setting ထဲတွင် 1200/1600 dpi ကို ‌ရွေးချယ်ပြီး Scan ဖတ်လျှင် မိမိ တို့ အသုံးပြုနေ‌သော Device များ၏ RAM ပိုလိုအပ် တဲ့ အတွက် Scan Speed ပိုကြာတက်ပါတယ်။
⚠️ DPI မြင့်လေလေ File sizeကြီး၊ Scan speed ကြာ၊ Storage & RAM ပိုလိုအပ်ပါတယ်။

Scan မြန်ချင်လျှင်—

✔ RAM များတဲ့ PC သုံးပါ။
✔ Resolution မလိုအပ်ဘဲ မြင့်အောင်မထားပါနဲ့။
✔ Pre-scan မှာ scan လုပ်မယ့် အပိုင်းကိုပဲရွေးပါ။

---

✅ 5. CIS Scanner နဲ့ CCD Scanner ဘာကွာလဲ?

🔹 CIS(Contact Image Sensor) Scanner များသည် စက်အရွယ်အစား အနေနှင့် ပါးလွှာပြီး အလေးချိန် ပေါ့ပါး တဲ့အပြင် ပါ၀ါသုံးစွဲမှုနည်း(USB ကြိုးတစ်ချောင်းနဲ့တင် အလုပ်လုပ်) သည့်အတွက် အိမ်သုံး/ရုံးသုံး Document Scan များ အတွက် သင့်တော်တဲ့ Scanner အမျိုးအစား တစ်ခု ဖြစ်ပါတယ်။(Example : Canon Lide300/Canon Lide400)

🔹 CCD(Charge-Coupled Device) Scanner များ သည် Sensor အရည်အသွေး အလွန်ကောင်းမွန်ပြီး Scan စာရွက်ပေါ်ရှိ အလွန်အသေးစိတ်ကျသော အရာ များကို Scan ဖတ်နိုင်သည့်အတွက် Photo/Magazine/Artwork စတဲ့ Professional & Details ကျကျ Scan ဖတ်ရန် လိုအပ်သူများ အတွက် ရွေးချယ်သင့်တဲ့ Scanner type အမျိုးစားတစ်ခုဖြစ်ပါတယ်။

---

✅ 6. USB 2.0 (Full Speed) က တကယ့် USB 2.0 လား?

“USB 2.0 (Full Speed)” လို့ရေးထားတာကိုတွေ့ရင် အဲ့ဒီဟာက တကယ့် USB 2.0 High-Speed မဟုတ်ပါဘူး။

“USB 2.0 (Full Speed)” ဆိုတာ ဘာကို ဆိုလိုတာလဲ?

Printer/Scanner တွေရဲ့ Port ပုံစံ၊ Cable ပုံစံက USB 2.0 physical standard ဖြစ်ပါတယ် ဒါပေမယ့် အမြန်နှုန်းက Full Speed (12 Mbps) ပဲရပါတယ်။ အလွယ်ပြောရရင် USB 2.0 ခေါင်းစဉ်အောက်မှာ အလုပ်လုပ်ပေမယ့် အမြန်ဆုံး USB 2.0 High Speed (480 Mbps) မရပါဘူး။

ဘာကြောင့် Printer/Scanner Device တွေမှာ USB 2.0 Full Speed လို့ ရေးကြတာလဲ?
Printer / Scanner တွေမှာ USB 2.0 Full Speed လို့ ရေးထားတာတွေ အများဆုံးတွေ့ရပါတယ်။
သို့သော် USB 2.0 လို့ရေးထားပေမဲ့ USB 2.0 ရဲ့ အမှန်တကယ် Speed ဖြစ်တဲ့ 480 Mbps ထိ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Printer /Scanner များရဲ့ USB port အတွင်းရှိ Device controller က Full Speed (12 Mbps) ကိုပဲ support လုပ်နိုင်လို့ ပဲ ဖြစ်ပါတယ်။ USB 2.0 ရဲ့ High Speed က အမှန်တကယ် 480 Mbps ထိ Speed ရှိပေမဲ့ PC နဲ့ Device များကြား Data ကူးပြောင်းပေးတဲ့ “အချက်အလက် ထိန်းချုပ်ပေးတဲ့ Chip(IC) ရဲ့ သတ်မှတ်ချက် အရ USB 2.0 port ဖြစ်သော်လည်း 12Mbps Speed ထိသာ ရရှိနိုင်ပါတယ်။
ဒါကြောင့် Scanner ဝယ်တဲ့အခါ—

✔ ယုံကြည်ရ တဲ့ Brand
✔ မိမိတို့ လိုအပ်ချက် နဲ့ကိုက်ညီတဲ့ Model
✔ DPI ကို လိုအပ်သလောက်
✔ CIS vs CCD သိပြီးရွေး
✔ USB 2.0 High Speed ရှိမရှိ စစ်

ဒီအချက်တွေကို သိထားရင် မိမိတို့ လိုအပ်ချက် နဲ့ ကိုက်ညီ တဲ့ Scanner တစ်လုံး ကို လွယ်ကူ မှန်ကန်စွာဖြင့် ရွေးချယ် ၀ယ်ယူနိုင်ပြီပဲ ဖြစ်ပါတယ် ခင်ဗျာ။


How To Save Cost On Printing??Printing အတွက် ကုန်ကျစရိတ်ကို ဘယ်လို သက်သာစေမလဲ??Inkjet Printer များနှင့် Printing လုပ်တဲ့...
30/11/2025

How To Save Cost On Printing??
Printing အတွက် ကုန်ကျစရိတ်ကို ဘယ်လို သက်သာစေမလဲ??

Inkjet Printer များနှင့် Printing လုပ်တဲ့အခါ အရည်အသွေးကောင်းကောင်း နဲ့ Printing လုပ် နိုင်တဲ့ အပြင် ကုန်ကျစရိတ်ကိုလည်း သက်သာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။

Printing cost ကို ထိထိရောက်ရောက် နှင့် သက်သာ‌ေစရန် အတွက် လုပ်ဆောင်နိုင်သည့် အချက်များ-

🖨️ 1. Printer ရွေးချယ်မှု

Printing cost ကို သက်သာစေရန် အတွက် ပထမဆုံး အနေနှင့် Printer ရွေးချယ်မှုက အလွန်အရေးကြီးပါတယ်။

Printer အမျိုးအစားအလိုက် Ink စျေးနှုန်း နှင့် ပရင့် ပေပါ စာရွက် တစ်ခုအလိုက်ကုန်ကျစရိတ် ကွာသွားနိုင်တာကြောင့် အိမ်သုံး,ကျောင်းသားသုံးနှင့် တစ်လ လျှင် စာရွက် အနည်းငယ်သာ Print ထုတ်တက်တဲ့သူများအတွက် Cartridge Inkjet printer Type များကို ရွေးချယ် ဝယ်ယူသင့်ပြီး ရုံးသုံး၊လုပ်ငန်းသုံး အပြင် တလလျှင် စာရွက်ရေ များများ Print ထုတ်မည့် သူများအတွက် Ink Tank (Refillable) Inkjet Printer Type ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

မှင်စနစ် အမျိုးအစား

ပုံမှန် ဓာတ်ပုံ အရည်အသွေးနှင့် Color Documents,Text များကို ထုတ်ဖို့အတွက် အဓိကထားပြီး ဝယ်ယူမယ်ဆိုရင် 4-Color အခြေခံ အရောင် ၄ ရောင် (Cyan, Magenta, Yellow, Black) ဖြစ်တဲ့ 4 color printer စာသားနဲ့ ရိုးရိုးပုံမှန် Photo များ ပရင့် ထုတ်ဖို့ အတွက် လုံလောက်ပါတယ်။

High Photo Quality print ထုတ်ချင်တဲ့ သူများ ဒီဇိုင်နာများ အတွက် ဓာတ်ပုံ အရည်အသွေး အမြင့်ဆုံး ရရှိလိုပါက ဓါတ်ပုံအရည်အသွေး ပိုကောင်းစေမယ့် 6 color printer များကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

---

⚙️ 2. Printer Setting မှာ Cost-saving Mode ပြင်ဆင်ခြင်း

Printer settings ကို မိမိတို့ လိုအပ်ချက်နဲ့ အညီ ပြင်၍ အသုံးပြုချင်းသည် Printer ရဲ့ Ink သုံးစွဲမှု ကို ပုံမှန်ထက် ချွေတာနိုင်ပါတယ်။

အသုံးပြုသင့်သော settings များ

✔ Grayscale / Black-Only Print — Text File များ၊ Document တွေအတွက်
✔ Duplex Printing — Double-sided print

---

📄 3. Print မလုပ်ခင် မိမိ တို့ Print ထုတ်မည့် Content ကို တတ်နိုင်သလောက် optimize လုပ်ပါ။

မိမိ Print ထုတ်ချင်သော File များကို မိမိရဲ့ လိုအပ်သလောက် resolution ဖြင့် print ထုတ်ခြင်းဖြင့် Paper နဲ့ Ink နှစ်မျိုးလုံး ကို တစ်ပြိုင်တည်း ချွေတာနိုင်ပါတယ်।။

---

🛠️ 5. Printer Head ကို ထိန်းသိမ်းခြင်း

Inkjet Printerများ ကို အသုံးမပြုပဲ ကြာမြင့်စွာ ထားပြီး ပြန်လည် အသုံးပြုသည့်အချိန် Print head cleaning mode လုပ်ရပြီး print head cleaning လုပ်ရလျှင် မှင် များ waste ဖြစ်တက်သည့်အတွက် လုံးဝ အသုံးမပြုပဲ ပြစ်မထားပဲ တစ်ပတ်လျှင် စာမျက်နှာ ၄-၅ မျက်နှာလောက် Print ထုတ်သင့်တဲ့အပြင် Printer ကို ဖုန် အညစ်ကြေးများ မတက်အောင် တတ်နိုင်သလောက် ဂရုစိုက်သင့်ပါတယ်။ (especially air-con room)

---

ဒီနည်းလမ်းတွေကိုတွဲဖက်သုံးရင် မိမိ ထုတ်မည့် စာမျက်နှာတိုင်းအတွက် Printing ကုန်ကျစရိတ်ကို သက်သာစွာဖြင့် Inkjet Printer တစ်လုံးကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

---

How to get the best printing results ??အကောင်းဆုံး Printing ရလဒ်ကို ဘယ်လို ရယူမလဲ နှင့် ထားသိုရန် အကြံပြုခြင်း-Inkjet Pr...
28/11/2025

How to get the best printing results ??
အကောင်းဆုံး Printing ရလဒ်ကို ဘယ်လို ရယူမလဲ နှင့် ထားသိုရန် အကြံပြုခြင်း

-Inkjet Printer များသည် လူကြီးမင်းတို့ နေ့စဉ်အိမ်သုံး၊ ရုံးသုံး လုပ်ငန်းများ အပြင် Photo Printing ထုတ်တဲ့ သူများအတွက်ပါ အသုံးများပြီး Details ကျကျ နှင့် Quality ကောင်းကောင်း Print ထုတ်ပေးနိုင်သည့်
Printer အမျိုးအစားတစ်ခုဖြစ်တဲ့ အတွက်ကြောင့် လူကြိုက်များပြီး အသုံးများတဲ့ Printer အမျိုးအစား တခုလည်း ဖြစ်ပါတယ် ။

-သို့သော် Inkjet Printer မှ ထုတ်ပေးသော Print Quality ရလဒ်ကောင်းမွန်ဖို့အတွက် တိကျသော Printer Setting များသတ်မှတ်ရန်၊ အစီအစဉ်တကျ ပြင်ဆင်အသုံးပြုရန် နှင့် ထိမ်းသိမ်းထားသည့် File၊ Paper၊ Ink quality တို့ကိုလည်း စနစ်တကျ စီမံစစ်‌ေဆးရန်လိုအပ်ပါတယ်။

-Inkjet Printer Type တွင် 4 color printer နှင့် 6 color printer ဟူ၍အမျိုးစား နှစ်မျိုး ရှိသည့်အတွက် မိမိတို့ Print ထုတ်မဲ့ ရည်ရွယ်ချက်အလိုက် ရွေးချယ်ဝယ်ယူသင့်ပါတယ်။

(ဥပမာ-ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် 3D Architectural Renderings၊ Design Layouts နှင့် Presentation Drawings စသည့် လုပ်ငန်းနယ်ပယ်တွေ အတွက် အရောင်တိကျပြီး Realityနီးနီး ပုံဖော်ပြသနိုင်ဖို့ လိုအပ်တဲ့ အတွက်ကြောင့် ယခုလို Job မျိုးတွေမှာ ရိုးရိုး 4-Color Printer (C/M/Y/K) ထက် 6-Color Printer သုံးမှသာ အရောင်တွေက ပိုမိုပြတ်သားပြီး နူးညံ့တဲ့ Gradient နဲ့ Realistic ဆန်ဆန် Details Quality ရရှိနိုင်တဲ့အတွက်ကြောင့် 6 color printer ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

Normal Photo Print ထုတ်ချင်တဲ့ သူများအပြင် Quality အသေးစိတ်တိတိကျကျ မလိုအပ်တဲ့ သူများအတွက် 4 color printer ဖြင့် သင့်တော်ပါတယ်။

-ဒါ‌့အပြင် လူကြီးမင်းတို့အနေနှင့် Print မထုတ်ခင် အောက်ပါအချက်များကို သတိ့ပြုဆောင်ရွက်ချင်းဖြင့် အကောင်းဆုံး Print Quality ရရှိစေနိုင်ပါတယ်ခင်ဗျာ။

---

🖨️ 1. Printer Setting များကို မှန်ကန်စွာရွေးချယ်ခြင်း

Print မလုပ်ခင် Printer driver အတွင်းရှိ Print Setting menu တွင် Paper Type၊ Print Quality နှင့် Color Management ကို မိမိတို့လိုအပ်သည့် အတိုင်း မှန်ကန်စွာ သတ်မှတ်ခြင်းဖြင့် Printရလဒ်ကောင်းမွန်အောင် ပြင်ဆင်နိုင်ပါတယ်။

အထူး သတိပြုသင့်သော အချက်များ—

-Photo Print ထုတ်မည်ဆိုလျှင် Print Quality Mode ကို Best၊ High Quality သို့မဟုတ် Photo Printing သို့ရွေးပါ။
-Documents File များ Print ထုတ်ရန် အတွက် Standard mode ကို ရွေးချယ်ပါ။

Photo Print ထုတ်မည်ဆိုလျှင် Paper Type ကို Matte Paper၊ Photo Glossy Paper စသည်ဖြင့် မိမိ သုံးမည့်စာရွက်နှင့်ကိုက်ညီသည့်အတိုင်းရွေးချယ်ရန်လိုအပ်ပါတယ်။

---

📝 2. Print မလုပ်ခင် File Quality ပြင်ဆင်ခြင်း

High resolution မရှိသော File၊ Image များကို တိုက်ရိုက် Printလုပ်လျှင် Print Quality ဆိုးစေနိုင်သည့်အတွက် Photoများ၊ File များ ကို print မထုတ်ခင် မိမိ ရဲ့ file format နှင့် resolution ကို စစ်ရန်လိုအပ်ပါတယ်။

အကြံပြုချက်-
-Photo/Logo များ၏ resolution ကို 300 DPI သို့မဟုတ် 600 DPI မှာ ထားပြီး Professional Quality အဖြစ် အသုံးပြုရန်

-PNG သို့မဟုတ် PDF format တွင် သိမ်းထား၍ Printလုပ်ရန်

-Photo Editing Software တဆင့် Sharpness၊ Brightness ပြင်ပြီး Printလုပ်ခြင်း

---

📄 3. Paper quality သတ်မှတ်ခြင်း

Paper quality သည် Print ထုတ်ရုံသာမက အရောင်ထွက်ရလဒ်၊ Dry time နှင့် Document lifespan အတွက်ပါ အရေးကြီးသည့် အတွက် အကောင်းဆုံး Print Quality ကို ရရှိစေရန် Paper Quality ကောင်းကောင်းကို ရွေးချယ် အသုံးပြုရန်လည်း လိုအပ်ပါတယ်။

Recommended Paper Type-

Normal A4( copy paper, Document print, Report၊ Text contentများ)
Matte Photo Paper( Color documents, Poster၊etc..)
Glossy Photo Paper( Photo printing, Graphic design works,etc..)

Tip: Photo quality print များတွင် 200 GSM and above Glossy/Matte Paper သုံးပါ။

---

4. Inkjet Printer ကို စီမံထိန်းသိမ်းခြင်း

Printer head cleaning ကို အနည်းဆုံး တစ်လတစ်ကြိမ်လုပ်ရန်

Ink Tank များ/မှင်ရည်များ ကို မကုန်ခင် 10% ရောက်သည့်အခါ မှင်ထပ်မံဖြည့်ပီး အသုံးပြုရန်

Printer ကို အတက်နိုင်‌ဆုံး အညစ်ကြေးနှင့် ဖုန်မတက်အောင် ထားရန်

---

📎 5. Print ထုတ်ပြီးသော Document များကို ထိမ်းသိမ်းနည်း

Printed materials ကို သက်တမ်းရှည်ပြီး Quality ပြောင်းလဲမှုမရှိအောင် ထိမ်းသိမ်းဖို့ အောက်ပါနည်းလမ်းများ ကို အသုံးပြုနိုင်ပါသည်။

✔ File Folder သုံး၍ Flat ဖြစ်အောင်ထားရန်၊
✔ Photo prints များကို Clear plastic sleeve အတွင်း ထည့်၍ အသုံးပြုခြင်း၊
✔ Sunlight ထိမည့်နေရာများတွင် မထားရန်၊ (အရောင်တွေမွဲစေနိုင်)
✔ စိုစွတ်သော နေရာများတွင် မထားရန်၊

---

🧾 သတိပြုရန်

✔ Print မလုပ်ခင် Printer test page ထုတ်ကြည့်ပြီး alignment နှင့် ink color စစ်ပါ။
✔ USB ချိတ်ပြီး Print ထုတ်ခြင်းသည်Wireless ထက် Stable ပို၍ stable ဖြစ်သည့်အတွက် Details Quality လိုအပ်တဲ့ Print Process များအတွက် USB connection ကို ပို၍ အကြံပြုပါတယ်ခင်ဗျာ။
✔ PDF format ဖြင့် Print လုပ်ခြင်းသည်လည်း Resolution အတွက် ကောင်းမွန်စေပါတယ်။

---

လူကြီးမင်းတို့ အနေနှင့် ယခုထက်ပိုပြီး အသေးစိတ် သိ့ရှိလိုတဲ့ အကြောင်းအရာများကို ကျွန်တော် တို့ Page Messenger ကနေတဆင့် ဆက်သွယ် စုံစမ်းမေးမြန်းနိင်ပါတယ် ခင်ဗျာ။



🖨️ သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Inkjet Printer တစ်လုံးကို ဘယ်လိုရွေးချယ်မလဲ??Inkjet Printer (မှင်အရည်ပရင်တာ) တွေဟာ ဓာတ်ပ...
24/11/2025

🖨️ သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Inkjet Printer တစ်လုံးကို ဘယ်လိုရွေးချယ်မလဲ??

Inkjet Printer (မှင်အရည်ပရင်တာ) တွေဟာ ဓာတ်ပုံအရည်အသွေး ကောင်းမွန်တဲ့အပြင် စက်သစ်တစ်လုံး စတင်ဝယ်ယူစရိတ် သက်သာပြီး Printing cost လည်း သက်သာတာကြောင့် လူကြိုက်များပါတယ်။


သင့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံး Inkjet Printer ကို ရွေးချယ်နိုင်ဖို့ အောက်ပါ အဓိကအချက် (၄) ချက်ကို စဉ်းစားသင့်ပါတယ်။

၁။ မှင်စနစ် အမျိုးအစား ကို အဓိကထားစဉ်းစားပါ။

Inkjet Printer တွေမှာ မှင်အသုံးပြုတဲ့ စနစ် (၂) မျိုး အဓိကရှိပါတယ်။

A. Individual Ink Cartridge (မှင်တောင့်)
-Individual Ink cartridge အသုံးပြု သော Inkjet printer များသည် စက်စျေးနှုန်း သက်သာ သော်လည်း မှင်ကုန် အသစ် လဲ ရာတွင် Print ထုတ်လုပ်မှု အ‌ ရေအတွက် များလျှင်ကုန်ကျစရိတ် မြင့်မား နိုင်တဲ့အတွက်ကြောင့် Print ထုတ်လုပ်မှု တစ်လကို ရွက်ရေ(၁၀၀-၃၀၀ pages) အနည်းငယ်သာ ထုတ်မဲ့ သူတွေအတွက် သင့်တော်ပါတယ်။(ဥပမာ-ကျောင်းသားသုံး/အိမ်သုံး)

B. Ink Tank (မှင်ရည်/မှင်ဘူး)

Inl Tank အသုံးပြုသော Inkjet printer များသည်တစ်ရွက်ချင်း ကုန်ကျစရိတ် အလွန်သက်သာ ခြင်း၊ မှင်ဖြည့်ရလွယ်ကူခြင်း၊ မှင်တစ်စုံ လျှင် Print ထုတ်နိုင်စွမ်း များခြင်း တို့ကြောင့် Print Duty များများအသုံးပြုမဲ့ သူများအတွက် ရွေးချယ်ဝယ်ယူသင့်ပါတယ်။

💡 အကြံပြုချက်: Printing cost သက်သက်သာသာနှင့် Print Duty များများ အသုံးပြုပြီး ရေရှည်မှာ အလုပ်တွင်ကျယ်ဖို့အတွက် Ink Tank စနစ် ကို ရွေးချယ်ဖို့ အထူးအကြံပြုလိုပါတယ်။

၂။ လိုအပ်သော စွမ်းဆောင်ရည်များ (MFP/All-in-One)

သင့်ရဲ့ အိမ်သုံး/ရုံးသုံး လုပ်ငန်းများအတွက်စာရွက်ထုတ်ခြင်း (Print Only ) အပြင် တခြားဘာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။

Print Only: စာရွက်ထုတ်ခြင်း တစ်ခုတည်း လိုအပ်ရင် Print only function တစ်ခုတည်းပါဝင်သော Printer ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Multi-Function Printer (MFP) / All-in-One:
မိတ္တူကူးခြင်း (Copy)၊စကန်ဖတ်ခြင်း (Scan)၊ဖက်စ်ပို့ခြင်း (Fax) လိုအပ်ပါက 3in1/4in1 functions များပါဝင်တဲ့ စက်အမျိုးအစားကို ရွေးချယ်ခြင်းအားဖြင့် နေရာလည်း ချွေတာနိုင်ပြီး စက်အမျိုးမျိုး ဝယ်ယူရမယ့် စရိတ်ကိုလည်း သက်သာစေပါတယ်။

၃။ ချိတ်ဆက်မှုစနစ် (Connectivity)

Inkjet Printer တွေမှာ USB ကြိုးနဲ့ ချိတ်ဆက်ခြင်းအပြင် Wireless Wi-Fi / Wi-Fi Direct/Network အသုံးပြုပြီး မိမိရဲ့ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် စတဲ့ စက်ပစ္စည်းမျိုးစုံကနေ ကြိုးမဲ့စနစ်ဖြင့် အလွယ်တကူ Print ထုတ်မည်ဆိုပါက Wi-Fi စနစ် ပါဝင်တာကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

(အကြံပြုချက် - Wi-Fi စနစ် အသုံးပြုလိုသူများသည် Printer နှင့် မိမိ Devices များ၏ ချိတ်ဆက်မှုသည် အများဆုံး 1-5 Devices သာ ချိတ်ဆက်ရန်သင့်တော်ပြီး 1-5 Devices ထက် ပို၍ ချိတ်ဆက် အသုံးပြုလိုပါက Network function ပါဝင်သော Printers များကို ရွေးချယ်ဝယ်ယူသင့်ပါတယ်)

Mobile Printing App: သင့်ဖုန်းကနေ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေကို အလွယ်တကူ Print ထုတ်ချင်တဲ့ သူများ အတွက် Mobile App များကို ထောက်ပံ့ပေးတဲ့ Brand ကို ရွေးချယ်သင့်ပါတယ်။ (ဥပမာ- Canon PRINT, Canon Print Business)

၄။ အခြား လုပ်ဆောင်ချက်များ

A3 စာရွက် အရွယ်စားကို ပရင့်ထုတ်ရန် လိုအပ်ပါသလား။ လိုအပ်ပါက A3 စာရွက် အရွယ်အစား ထုတ်လို့ရသော ပရင်တာကို ရွေးချယ်ပါ။

မိမိ ဝယ်ယူမည့် ပရင်တာသည် သင့် PC သို့မဟုတ် Mac နှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးပါ။

ခရီးသွားလျှင် ပရင်တာကို ယူဆောင်သွားရန် လိုအပ်ပါက ခရီးဆောင် ပရင်တာကို ရွေးချယ်ဝယ်ယူပါ။

(ADF - Automatic Document Feeder): စကန်ဖတ်ခြင်း သို့မဟုတ် မိတ္တူကူးခြင်းကို စာရွက်များစွာ တစ်ပြိုင်နက်တည်း လုပ်ဆောင်ဖို့ လိုအပ်ပါက ADF function ပါဝင်သော Printer များကို ရွေးချယ်ပါ။

(Duplex Printing): စက်မှ အလိုလျောက် ကျောကပ် ပေးသော စနစ် ကို အသုံးပြုလိုပါက Auto Duplex Function ပါဝင်တဲ့ Inkjet Printer များကိုလည်း ရွေးချယ်ဝယ်ယူသင့်ပါတယ်ခင်ဗျာ။




04/10/2025

"သီတင်းကျွတ် ရုံးပိတ်ရက် ကြေငြာခြင်း"

(5.10.2025 မှ 7.10.2025 ထိ)

သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေကြောင်း Myanmar Golden Rock International Company Limited မိသားစုမှဆုမွန်ကောင်းတောင်းအပ် ပါသည်ခင်ဗျာ။

သီတင်းကျွတ် အခါသမယမှာ Canon ချစ်သူတို့အတွက် Canon ရဲ့ သီတင်းကျွတ် အထူးပရိုမိုးရှင်းကြီး လာပါပြီနော်ယခု ပရိုမိုးရှင်းမှာ ...
30/09/2025

သီတင်းကျွတ် အခါသမယမှာ Canon ချစ်သူတို့အတွက် Canon ရဲ့ သီတင်းကျွတ် အထူးပရိုမိုးရှင်းကြီး လာပါပြီနော်

ယခု ပရိုမိုးရှင်းမှာ Canon ရဲ့ လူကြိုက်များပြီး အိမ်သုံး/ကျောင်းသုံးတွေအတွက် Print Job နည်းနည်းနှင့် Quality ကောင်းကောင်းထုတ်ချင်တဲ့ Customer များ အသုံးများတဲ့ E-series model များထဲမှ Canon E-560,E-470,E-410 ကို 30% OFF promotion ဖြင့် 1.10.2025 မှ 15.10.2025 ထိ ရောင်းချပေးသွားမှာဖြစ်ပြီး Limited Stock ဖြစ်တဲ့အတွက် လက်လွှတ်မခံပဲ အခုပဲ လာရောက်စုံစမ်းမေးမြန်း ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

Address

Building 18, 6th Floor(Level 7), Hlaing Universities' Campus, MICT Park, Hlaing Township
Hlaing
11052

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+959798893716

Alerts

Be the first to know and let us send you an email when MGR-Myanmar Golden Rock International Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MGR-Myanmar Golden Rock International Co.,Ltd:

Share