Initiative Enterprise Center - IEC

Initiative Enterprise Center - IEC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Initiative Enterprise Center - IEC, Business Center, အမှတ်၄ရပ်ကွက် သုဓနုလမ်း ဘားအံမြို့, Hpa-an.

ဒေသတွင်း စီးပွားရေးဆိုင်ရာတိုင်ပင်ဆွေးနွေးမှု၊ လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း စွန့်ဦးတီထွင်မှု တိုးတက်စေရေးနှင့် ထိရောက်သော လူမှုမီဒီယာစျေးကွက်ရှာဖွေရေးဝန်ဆောင်မှုများ—အားလုံးကို သင့်တင့်မျှတသောစျေးနှုန်းဖြင့် ပံ့ပိုးပေးရန်ဖြစ်သည်။

08/06/2025

📘 အရင်ဆုံး သင်ယူပါ…
နောက်တစ်ဆင့် ဝင်ငွေရှာနိုင်ပါပြီ! 💼

အောင်မြင်မှုအတွက် ပထမတစ်ခြေလှမ်းက သင်ယူခြင်း ဖြစ်ပါတယ်။
IEC မှာ သင်ယူနိုင်တဲ့ ကျွမ်းကျင်မှုတွေက—
👉 ကိုယ်ပိုင်စီးပွားရေး စတင်ဖို့
👉 အွန်လိုင်းအလုပ်တွေဆီသို့ ချက်ချင်းလှမ်းမီဖို့
👉 လုပ်ငန်းအခွင့်အလမ်းအသစ်တွေဖန်တီးဖို့
အခြေခံအုတ်မြစ်တည်ဆောက်ပေးပါတယ်။

သင်ယူခြင်းက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု





#သင်ယူခြင်းမှ အောင်မြင်မှုသို့

07/06/2025

📌 အောင်မြင်မှုဆိုတာ ကံကောင်းမှုတစ်ခုမကပါဘူး။

Initiative Enterprise Center မှာလည်း လူငယ်တွေရဲ့ စွမ်းအားတွေကို တည်ငြိမ်၊ တာဝန်ရှိစွာ တိုးတက်ဖွံ့ဖြိုးလာအောင်ကူညီ ပံ့ပိုးပေးနေပါတယ်။





29/03/2025

လတ်တလောဖြစ်သွားတဲ့
ငလျင်ဘေးအန္တရာယ် Emergency Response လုပ်ဖို့ EGG Alumni Network ကနေ နိုင်သလောက်စုကြပါမယ်နော်
အလှူငွေများကို
Kpay Acc. ‌09758986511 (Aung Kyaw Linn)
ကို လွှဲ၍ Htet Khaung Soe Ph No 09774301753 စာရင်းစစ်အနေနဲ့တာဝန်ယူပြီး စာရင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်

အလှူငွေများကို
30.3.2025-5.4.2025အထိ လက်ခံသွားပါမယ်

အလှူငွေများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီး လွှဲအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်

လောလောဆယ်မှာ TURU Karen Tarlapot ကနေ
100,000 မတည် လိုက်ပါတယ်

ပူးပေါင်းပါဝင်သွားကြဖို့လဲ ဖိတ်ခေါ်ပါတယ်

လူကြီးမင်းတို့ဘာဖြစ်လို့ လုပ်ငန်းငယ်များကို အားပေးထောက်ပံ့သင့်တာလဲ? 🔹🔸 လုပ်ငန်းငယ်များသည် စီးပွားရေးနယ်ပယ်တစ်ခုလုံးရဲ့ အ...
04/03/2025

လူကြီးမင်းတို့ဘာဖြစ်လို့ လုပ်ငန်းငယ်များကို အားပေးထောက်ပံ့သင့်တာလဲ? 🔹

🔸 လုပ်ငန်းငယ်များသည် စီးပွားရေးနယ်ပယ်တစ်ခုလုံးရဲ့ အသက်သွေးကြော ဖြစ်တယ်
အသေးစားလုပ်ငန်းများသည် ဒေသခံစီးပွားရေးကို တိုးတက်စေပြီး လူထုအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်တယ်

🔸 စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုကောင်းမွန်မှုကို ပံ့ပိုးခြင်း
ဒေသတွင်း လုပ်ငန်းငယ်တွေက တနိုင်တပိုင်ထုတ်တာမို့လို့ သူတို့ဆီက
ဝယ်ယူခြင်းဖြင့် ဒေသခံထုတ်ကုန်များအား ပိုမိုတန်ဖိုးရှိစေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။
🔸 ဖန်တီးမှုနှင့် လက်မှုပညာထိန်းသိမ်းမှု
လုပ်ငန်းငယ်များသည် ထူးခြားသော ဖန်တီးမှုများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထိန်းသိုပြုလုပ်ရာတွင် အရေးပါတဲ့ နေရာမှာပါဝင်တယ်

🔸 နောက်သက်ရောက်မှုများ
လုပ်ငန်းငယ်တစ်ခု တိုးတက်ခြင်းသည် ဒေသခံအပေါ်လည်း ဗဟုသုတနှင့် စွမ်းရည်မြှင့်တင်မှုကို ဖန်တီးပေးနိုင်သည်။ ကောင်းမွန်သောစားသောက်ကုန်လုပ်ငန်းတစ်ခုရှိလာရင် လူထုရဲ့ Consumer education လဲ တခါထဲ တိုးတက်လာတဲံ့ အခြေအနေမျိုးပေါ့

✨ ဒါကြောင့် ဒီနေ့ကစပြီး လုပ်ငန်းငယ်များကို ပံ့ပိုးကြပါစို့နော်! ✨
👉 အနီးရှိ ဒေသခံလုပ်ငန်းများထံမှ ဝယ်ယူပါ။
👉 မိမိသိသော လုပ်ငန်းငယ်များကို မိတ်ဆွေများနှင့် မျှဝေပေးပါ။
👉 Local Business များကို အားထားပေးခြင်းဖြင့် ‌ဒေသစီးပွားရေးတိုးတက်လာစေမှာကို ပံ့ပိုးပါ။

💡 IEC သည်လဲ ဒေသခံလုပ်ငန်းများတိုးတက်ဖို့အတွက် အတူတကွ ကြိုးပမ်းမှုတွေလုပ်ဆောင်နေပါတယ်။

 # #ဒီလုပ်ငန်းထဲမှာဒီလောက်လေးနဲ့ရပ်တန့်နေမှာလားလုပ်ငန်းလုပ်နေရင်းနဲ့ ငွေတော့ဝင်နေပါရဲ့ ကိုယ့်လုပ်ငန်းမှာ တိုးတက်မှုလုပ်ဖ...
02/03/2025

# #ဒီလုပ်ငန်းထဲမှာဒီလောက်လေးနဲ့ရပ်တန့်နေမှာလား

လုပ်ငန်းလုပ်နေရင်းနဲ့ ငွေတော့ဝင်နေပါရဲ့ ကိုယ့်လုပ်ငန်းမှာ တိုးတက်မှုလုပ်ဖို့ လိုအပ်နေတယ်ဆိုရင်
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ eLearning Portal for MSMEs (https://msmelearning.mm.undp.org/) ကို တရားဝင်စတင်မိတ်ဆက်ပြီး တစ်နှစ်ကျော်အတွင်း အကောင့်ဖွင့်လေ့လာအသုံးပြုနေသူ (9000) ကျော်သွားပြီဖြစ်ပါတယ်။ အကောင့်မဖွင့်ရသေးရင် အခုပဲ အကောင့်သစ်ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာစီးပွားရေးသင်တန်းကို မြန်မာဘာသာနဲ့ အခမဲ့လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ လောလောဆယ် လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (21) ခုရှိပြီး MSMEတွေ အကြံပြုထားတဲ့ သင်တန်းအသစ်တွေကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပြင်ဆင်မှုတွေလုပ်နေပြီး ထပ်မံဖြည့်စွက်သွားမှာဖြစ်ပါတယ်။
ယခုလေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (21) ခု
1. စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲခြင်း (Business Model Canvas)
https://msmelearning.mm.undp.org/.../612755417746f6207c53...
2. ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာနားလည်တတ်မြောက်မှု (Financial Literacy)
https://msmelearning.mm.undp.org/.../63ae6609a7ddd00ae87e...
3. ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (Financial Management)
https://msmelearning.mm.undp.org/.../63ae6a2ba7ddd00ae87e...
4. အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု (Food Safety & Quality Management)
https://msmelearning.mm.undp.org/.../63f8658ba7ddd00ae87e...
5. အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)
https://msmelearning.mm.undp.org/.../63e08deda7ddd00ae87e...
6. စတင်လုပ်ကိုင်သည့်လုပ်ငန်း၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်ခြင်း (Startup, Entrepreneurship and Innovation)
https://msmelearning.mm.undp.org/.../61e13665a7ddd00ae87d...
7. လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development)
https://msmelearning.mm.undp.org/.../63c77730a7ddd00ae87e...
8. စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (Business Development)
https://msmelearning.mm.undp.org/.../622b0ed5a7ddd00ae87d...
9. ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု (Digital Literacy)
https://msmelearning.mm.undp.org/.../614c2b3a6bb88a1dcf4b...
10. ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)
https://msmelearning.mm.undp.org/.../63bbbd28a7ddd00ae87e...
11. မြန်မာနိုင်ငံရှိ MSME များနှင့်သက်ဆိုင်သည့် ဉပဒေနှင့်စည်းမျဉ်းစည်းကမ်းမူဘောင်များ (Legal and regulatory environment for MSMEs in Myanmar)
https://msmelearning.mm.undp.org/.../63f86ccda7ddd00ae87e...
12. သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး (Green MSMEs Development)
https://msmelearning.mm.undp.org/.../63e08b79a7ddd00ae87e...
13. eCommerce
https://msmelearning.mm.undp.org/.../649bdb59d15eff976cb7...
14. ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)
https://msmelearning.mm.undp.org/.../6139cb156bb88a1dcf4b...
15. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Basic) (Foundation of Responsible Business - Basic)
https://msmelearning.mm.undp.org/.../6650401fdb94e1781658...
16. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Intermediate) (Foundation of Responsible Business - Intermediate)
https://msmelearning.mm.undp.org/.../6673d852e7adb60364c8...
17. ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
https://msmelearning.mm.undp.org/.../667e6037e7adb60364c9...
18.ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းဆီသို့ (Diversity, Equity and Inclusion for MSMEs)
https://msmelearning.mm.undp.org/.../65769402550cef5b57e7...
19. ဘဏ်များနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများလျှောက်ထားရယူခြင်း (Access to Loans from Banks and MFIs)
https://msmelearning.mm.undp.org/.../675013ec3f2bc1bcebe8...
20. MSME များအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance for MSMEs)
https://msmelearning.mm.undp.org/.../6772c9143f2bc1bcebf8...
21. ထောက်ပံ့ကြေးများနှင့် စီမံကိန်းများ လျှောက်ထားရယူခြင်း (Access to Grants & Winning Projects through RFPs)
https://msmelearning.mm.undp.org/.../67a1c09bca830a16edb0...
* အသုံးပြုသူလက်စွဲ (User Manual) ဒေါင်းလုတ်ဆွဲရန် လင့်ခ်
https://msmelearning.mm.undp.org/.../User_Manual_Version...
….
eLearning Portal for MSMEs ရဲ့ထူးခြားချက်ကတော့ သင်ခန်းစာအားလုံး၊ ဗီဒီယိုအားလုံးကို "မြန်မာဘာသာစကား" နဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင်ခန်းစာပါဝါပွိုင့်တွေကိုလည်း မြန်မာဘာသာနဲ့ ပြင်ထားပြီး ဒေါင်းလုတ်ဆွဲပြီးတော့ ကြိုက်တဲ့အချိန်၊ အင်တာနက်မရတဲ့အချိန်တွေမှာလည်း ပြန်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းတစ်ခုလေ့လာပြီးတိုင်း Final test ဖြေဆိုအောင်မြင်ရင် UNDP က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း အခမဲ့ရရှိမှာဖြစ်ပါတယ်။
….
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
….
UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/.../e-learning-portal-for-msmes/...
Viber: https://invite.viber.com/...
ဒီ post ကိုလဲ တခြားသူတွေသိအောင် Like and Share လုပ်ပြီး တခြားသူတွေသိအောင် ကူညီနိုင်ပါတယ်

FYI
14/02/2025

FYI

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ eLearning Portal for MSMEs (https://msmelearning.mm.undp.org/) ကို တရားဝင်စတင်မိတ်ဆက်ပြီး တစ်နှစ်ကျော်အတွင်း အကောင့်ဖွင့်လေ့လာအသုံးပြုနေသူ (9000) ကျော်သွားပြီဖြစ်ပါတယ်။ အကောင့်မဖွင့်ရသေးရင် အခုပဲ အကောင့်သစ်ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာစီးပွားရေးသင်တန်းကို မြန်မာဘာသာနဲ့ အခမဲ့လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ လောလောဆယ် လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (21) ခုရှိပြီး MSME တွေ အကြံပြုထားတဲ့ သင်တန်းအသစ်တွေကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပြင်ဆင်မှုတွေလုပ်နေပြီး ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။...
ယခုလေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (21) ခု
1. စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲခြင်း (Business Model Canvas)
https://msmelearning.mm.undp.org/course/preview/612755417746f6207c5313f8
2. ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာနားလည်တတ်မြောက်မှု (Financial Literacy)
https://msmelearning.mm.undp.org/course/preview/63ae6609a7ddd00ae87e384a
3. ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (Financial Management)
https://msmelearning.mm.undp.org/course/preview/63ae6a2ba7ddd00ae87e3b01
4. အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု (Food Safety & Quality Management)
https://msmelearning.mm.undp.org/course/preview/63f8658ba7ddd00ae87ed019
5. အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)
https://msmelearning.mm.undp.org/course/preview/63e08deda7ddd00ae87eaf59
6. စတင်လုပ်ကိုင်သည့်လုပ်ငန်း၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်ခြင်း (Startup, Entrepreneurship and Innovation)
https://msmelearning.mm.undp.org/course/preview/61e13665a7ddd00ae87d6271
7. လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development)
https://msmelearning.mm.undp.org/course/preview/63c77730a7ddd00ae87e86a2
8. စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (Business Development)
https://msmelearning.mm.undp.org/course/preview/622b0ed5a7ddd00ae87d8591
9. ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု (Digital Literacy)
https://msmelearning.mm.undp.org/course/preview/614c2b3a6bb88a1dcf4b5c99
10. ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)
https://msmelearning.mm.undp.org/course/preview/63bbbd28a7ddd00ae87e68af
11. မြန်မာနိုင်ငံရှိ MSME များနှင့်သက်ဆိုင်သည့် ဉပဒေနှင့်စည်းမျဉ်းစည်းကမ်းမူဘောင်များ (Legal and regulatory environment for MSMEs in Myanmar)
https://msmelearning.mm.undp.org/course/preview/63f86ccda7ddd00ae87ed114
12. သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး (Green MSMEs Development)
https://msmelearning.mm.undp.org/course/preview/63e08b79a7ddd00ae87eaf09
13. eCommerce
https://msmelearning.mm.undp.org/course/preview/649bdb59d15eff976cb72e76
14. ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)
https://msmelearning.mm.undp.org/course/preview/6139cb156bb88a1dcf4b493f
15. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Basic) (Foundation of Responsible Business - Basic)
https://msmelearning.mm.undp.org/course/preview/6650401fdb94e1781658d2b9
16. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Intermediate) (Foundation of Responsible Business - Intermediate)
https://msmelearning.mm.undp.org/course/preview/6673d852e7adb60364c85d06
17. ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
https://msmelearning.mm.undp.org/course/preview/667e6037e7adb60364c93064
18.ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းဆီသို့ (Diversity, Equity and Inclusion for MSMEs)
https://msmelearning.mm.undp.org/course/preview/65769402550cef5b57e75aae
19. ဘဏ်များနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများလျှောက်ထားရယူခြင်း (Access to Loans from Banks and MFIs)
https://msmelearning.mm.undp.org/course/preview/675013ec3f2bc1bcebe82bef
20. MSME များအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance for MSMEs)
https://msmelearning.mm.undp.org/course/preview/6772c9143f2bc1bcebf81a18
21. ထောက်ပံ့ကြေးများနှင့် စီမံကိန်းများ လျှောက်ထားရယူခြင်း (Access to Grants & Winning Projects through RFPs)
https://msmelearning.mm.undp.org/course/preview/67a1c09bca830a16edb0ddf6
* အသုံးပြုသူလက်စွဲ (User Manual) ဒေါင်းလုတ်ဆွဲရန် လင့်ခ်
https://msmelearning.mm.undp.org/policies/User_Manual_Version_1.pdf
….
eLearning Portal for MSMEs ရဲ့ထူးခြားချက်ကတော့ သင်ခန်းစာအားလုံး၊ ဗီဒီယိုအားလုံးကို "မြန်မာဘာသာစကား" နဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင်ခန်းစာပါဝါပွိုင့်တွေကိုလည်း မြန်မာဘာသာနဲ့ ပြင်ထားပြီး ဒေါင်းလုတ်ဆွဲပြီးတော့ ကြိုက်တဲ့အချိန်၊ အင်တာနက်မရတဲ့အချိန်တွေမှာလည်း ပြန်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းတစ်ခုလေ့လာပြီးတိုင်း Final test ဖြေဆိုအောင်မြင်ရင် UNDP က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း အခမဲ့ ရရှိမှာဖြစ်ပါတယ်။
….
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
….
UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true
Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S
ပုံထဲမှာပါတဲ့ QR ကုတ်တွေကို ဖုန်းကဲင်မရာနဲ့ စကဲင်ဖတ်ပြီးလည်း Follow/ Subscribe လုပ်နိုင်ပါတယ်။...
Sharing is caring!

19/10/2024

IEC မှာ Free Training တစ်ခုကို Join ခွင့်ရမယ်ဆိုရင် ဘယ်တစ်ခုကို လေ့လာချင်လဲ??

StartUp Business Plan training တွေ Marketing Plan Training တွေထက် SME တွေရဲ့ အခက်ခဲဖြေရှင်းပုံတွေလား??

ဒါမှမဟုတ် Market Pe*******on Strategy လား??

Business မစခင် သို့ စတင်ပြီး လုပ်သင့်တဲ့ Branding လား??

နောက်ဆုံးတစ်ခါက တူသလိုလိုထင်နေတဲ့ Marketing & Branding ရဲ့ ကွာခြားချက်လား??

အသိချင်ဆုံးတစ်ခုကို ပေးခဲ့ပါရှင် In person မဟုတ်ဘဲ Online Zoom Training ဖြစ်လို့ ညဖက်မှာ ၂ နာရီ (Only 1 Session) Join နိုင်မှသာ အဆင်ပြေပါမယ်ရှင်




IEC က ဘာလုပ်နေတာလဲIEC ကနေပြီးတော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး Skill Building နဲ့ Capacity Building  Training တွေ ပ...
14/10/2024

IEC က ဘာလုပ်နေတာလဲ

IEC ကနေပြီးတော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး Skill Building နဲ့ Capacity Building Training တွေ ပေးနေသလို
Social Media Marketing နဲ့ ပတ်သက်တဲ့
ဝန်ဆောင်မှုများလဲ ပံ့ပိုးပေးပါတယ်

ဝန်ဆောင်မှုအသေးစိတ်နဲ့ ဈေးနှုန်းများ
မေးမြန်းဆွေးနွေးလိုပါက
09793580959 ကို ဖုန်းနဲ့ ဖြစ်စေ Viber ကဖြစ်စေ
Page CB ကဖြစ်ဖြစ် ရုံးချိန်အတွင်း
ဆက်သွယ်နိုင်ပါတယ်



Initiative Enterprise Center (IEC) ကဘာလဲ?ကျွန်ုပ်တို့သည် ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေးနယ်ပယ်မှ ချဉ်းကပ်ရန်နှင့...
14/10/2024

Initiative Enterprise Center (IEC) ကဘာလဲ?

ကျွန်ုပ်တို့သည် ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေးနယ်ပယ်မှ ချဉ်းကပ်ရန်နှင့် စွန့်ဦးတီထွင်မှုကို အသေးစားနှင့် အလတ်စား လုပ်ငန်း များအကြား အထောက်အပံ့ကူညီပေးနိုင်ရန် ရည်ရွယ်၍ 2023တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလျှင် တခြားသော လူမှုရေးပြသနာများလည်းလျော့နည်းလာမှုကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယုံကြည်သော EGG Academy ကျောင်းဆင်းလူငယ်များမှစတင်တည်ထောင်ခဲ့ပါသည်။

IECရဲ့ ရည်ရွယ်ချက်

Initiative Enterprise Center (IEC)၏
ရည်ရွယ်ချက်မှာ
ဒေသတွင်း လက်လှမ်းမီနိုင်သော စီးပွားရေးဆိုင်ရာ
တိုင်ပင်ဆွေးနွေးမှု၊ လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း
ဝန်ဆောင်မှု၊ စွန့်ဦးတီထွင်မှုဆိုင်ရာ တိုးတက်စေရေး နှင့်
ထိရောက်သော လူမှုမီဒီယာစျေးကွက်ရှာဖွေရေး
ဝန်ဆောင်မှုများ—အားလုံးကို သင့်တင့်မျှတသောစျေးနှုန်းဖြင့် ပံ့ပိုးပေးခြင်းဖြင့် ဒေသတွင်းလုပ်ငန်းရှင်များကို
မြှင့်တင်ပေးရန်ဖြစ်သည်။

Our Motto

Empowering Local Business,
Driving Community Growth.

အလုပ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန်
09793580959သို့ ရုံးချိန်အတွင်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်။



လုပ်ငန်း(2)မျိုးအတွက် လိုရင်းတိုရှင်း အကြံပေးချက်🍜ထမင်းဆိုင် စားသောက်ဆိုင် ဖွင့်မယ်ဆိုရင်စားဖိုမှူးက ကိုယ်ကိုတိုင် မဟုတ်...
16/08/2024

လုပ်ငန်း(2)မျိုးအတွက် လိုရင်းတိုရှင်း အကြံပေးချက်

🍜ထမင်းဆိုင် စားသောက်ဆိုင် ဖွင့်မယ်ဆိုရင်
စားဖိုမှူးက ကိုယ်ကိုတိုင် မဟုတ်ရင်
ပထမဆုံး ကိုယ်က စားဖိုမှူးကို ထိန်းနိုင်ရဲ့လား
အရင်စဉ်းစားပါ
စားသောက်ဆိုင်လောကမှာ ပိုင်ရှင်သူဌေး တွေနဲ့
ရင်ဘောင်တန်းပြီး ပါဝါပြနိုင်တာ စားဖိုမှူးတွေပဲရှိတယ်
စားဖိုမှူးကို အလုပ်ထုတ်ရင်
ရောင်းတဲ့ဟင်းပွဲတွေပါ ပြောင်းတော့
စားသုံးသူတွေအတွက် အဆင်မပြေတာမျိုး ဖြစ်နိုင်တယ်
စားသောက်ဆိုင်လောကမှာ
ဝန်ထမ်း အပြောင်းအလဲက တအားမြန်တယ်
မြဲမယ်ထင်တဲ့ ဝန်ထမ်းက ရုတ်တရက်ထွက်သွားတဲ့
ဒဏ်ကို ကြိုတင်ပြင်ဆင်ထားပါ

🍉သစ်သီးဖျော်ရည်/အအေးဆိုင်ဖွင့်မယ်ဆိုရင်
သစ်သီးဝလံဆိုင်တစ်ဆိုင်နဲ့
မိတ်ဖွဲ့ပြီးပြီလား အရင်စဉ်းစားပါ
ကိုယ့်ဆိုင်က အသေးစားဆိုင်ဖြစ်လာရင်
ရောင်းမကုန်နိုင်တဲ့ သစ်သီးတွေပြန်သွင်း
ပြန်အပ်လို့ရမယ့် အခွင့်အရေး ရနိုင်တဲ့အထိ
လမ်းဖောက်ထားပါ
သင်လုပ်နိုင်ပြီဆိုရင် သင်အရင်းပြုတ်နိုင်မယ့်
60%သောအခွင့်အရေးကို ကာကွယ်နိုင်ပြီလို့
မှတ်ယူလို့ရပါပြီ

အသေးစား နှင့် အငယ်စား စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်အကောင်အထည်ဖော်ရန် အတွက် ရင်းနှီးမတည်ငွေလျှောက်ထားလိုသူများအား  ဖိတ်...
16/07/2024

အသေးစား နှင့် အငယ်စား စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်အကောင်အထည်ဖော်ရန် အတွက် ရင်းနှီးမတည်ငွေလျှောက်ထားလိုသူများအား ဖိတ်ခေါ်ခြင်း



ဤအစီအစဉ်သည် မွန် နှင့် ကရင်ပြည်နယ်အတွင်း အသေးစား နှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နှင့် တိုးတက်လာသော လုပ်ငန်းများမှတစ်ဆင့် လူငယ်များအတွက် လုပ်ငန်းခွင်တွင်း လေ့ကျင့်သင်ကြားနိုင်မှု နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။

ဤအစီအစဉ်ကို Inclusive Systems Myanmar LTD. GTY (ISM) ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ISM သည် အကျိုးအမြတ်အတွက် မရည်ရွယ်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး

အဓိက အခြေပြုလုပ်ငန်းစဥ်မှာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ယခုအခါ ISM သည် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်များ ဖွံ့ဖြိုးလာမှုမှသည် ဒေသတွင်း လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် အတွက် လုပ်ငန်းငယ်ရင်းနှီးမတည်ငွေ လျှောက်ထားလိုသူများ ကို ဖိတ်ခေါ်လျက်ရှိပါသည်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လိုသော်လည်း ရင်းနှီးမတည်ငွေ အခက်အခဲကြောင့် လုပ်ငန်းစတင်ရန် နှောင့်နှေးနေသူများ၊ အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကို တတ်မြောက်ထားပြီး ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း တစ်ခုကိုစတင်လိုသူများအတွက် အထူးသင့်လျော်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။



လျှောက်ထားလိုသူများအနေဖြင့် အစီအစဉ်အသေးစိတ် နှင့် လျှောက်ထားနိုင်မည့်နည်းလမ်းများကို အောက်ပါ website link မှ တစ်ဆင့် ရှာဖွေလေ့လာ၊ လျှောက်ထားနိုင်ပါသည်။

အစီအစဉ်အသေးစိတ်နှင့်လျှောက်ထားရန်
https://www.inclusivesystems.org/grant2/



အဆိုပြုလွှာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ထိသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ရွေးချယ်မည့် လုပ်ငန်းအရေအတွက် ကန့်သတ်ထားပါသဖြင့် စောလျှင်စွာ လျှောက်ထားစေလိုပါသည်။



Website မှာ ဝင်ပြီး လျှောက်ထားရန်ခက်ခဲသူများအတွက် တိုက်ရိုက်ဖောင်ဖြည့်သွင်းနိုင်ဖို့ Google Form Link လေး ကို လည်း ဒီနေရာမှာတစ်ခါတည်း share ပေးလိုက်ပါတယ်။

Google Form Link မှတစ်ဆင့် လျှောက်ထားရန်နှိပ်ပါ



အွန်လိုင်းမှ လျှောက်ထားခြင်း ၂ နည်းလုံးနှင့် အဆင်မပြေသူများအတွက် Print ထုတ်၊ဖြည့်သွင်း၊ scan ဖတ်ပြီး Viber နံပါတ် 09-960259019 သို့ ပေးပို့လျှောက်ထားနိုင်ရန် “စီးပွားရေးလုပ်ငန်းငယ် ရင်းနှီးမတည်ငွေလျှောက်ထားလွှာလေးကိုပါ attach တွဲပေးလိုက်ပါတယ်။

အမျိုးသားဆံသဆိုပေမယ့်အမျိုးသမီးအတွက်ဆံကောက်ဖြောင့်စတဲ့ပညာတွေအပြင်နှားဖောက်တာနှားခေါင်းဖောက်တာတွေလည်းသင်ပေးမှာဖြစ်ပါတယ်နေ...
12/07/2024

အမျိုးသားဆံသဆိုပေမယ့်အမျိုးသမီးအတွက်ဆံကောက်ဖြောင့်စတဲ့ပညာတွေအပြင်နှားဖောက်တာနှားခေါင်းဖောက်တာတွေလည်းသင်ပေးမှာဖြစ်ပါတယ်နော် အသေးစိတ်ကိုဖုန်းဆက်မေးလည်းရပါတယ်နော်

Address

အမှတ်၄ရပ်ကွက် သုဓနုလမ်း ဘားအံမြို့
Hpa-an

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Initiative Enterprise Center - IEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share