ST Net Hpa-an

ST Net Hpa-an Your most reliable Connection

💦ST Net မှ သကြ်န်ရုံးပိတ်ရက်ကြေညာခြင်း💦(11.4.2026) မှ (19.4.2026) အထိ ST Net ရုံး ခေတ္တ ယာယီပိတ်သွားမည်ဖြစ်ကြောင်း ST Ne...
10/04/2026

💦ST Net မှ သကြ်န်ရုံးပိတ်ရက်ကြေညာခြင်း💦

(11.4.2026) မှ (19.4.2026) အထိ ST Net ရုံး ခေတ္တ ယာယီပိတ်သွားမည်ဖြစ်ကြောင်း ST Net Customer များထံ အသိပေး အကြောင်းကြားအပ်ပါသည်ရှင့်

Wifi နှင့်ပတ်သက်သော အဆင်မပြေမှုများကို Page messenger ဖြစ်စေ
📞09940823314
ဆက်သွယ်မေးမြန်း စစ်ဆေးနိုင်ပါတယ်ရှင့်

📌📌📌Kpay နှင့် ဘေလ်ဆောင်မည့် Custamor များသည်လည်း Page Messenger ၌ အသေးစိပ်မေးမြန်းနိုင်ပါသည်ရှင့်

မြန်မာနှစ်ကူး အခါသမယတွင် မြန်မာနိုင်ငံသားအားလုံး
ဘေးအန္တာရယ် အပေါင်း ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ ST Net မိသားစု မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်🙏

11/02/2026

မဂ်လာပါ လူကြီးမင်းများရှင့်

ST Net Hpa-an WiFi ရုံးပိတ်ရက် အသိပေးကြေညာခြင်း📌

၁၂-၂-၂၀၂၆(ကြာသပတေး) မှ ၁၇-၂-၂၀၂၆ (အဂ်ါနေ့) အထိ အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်သဖြင့် ST Net WiFi ရုံး ယာယီပိတ်ရက်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ရှင့်

ရုံးပိတ်ရက်အတွင်း WiFi နှင့် ပတ်သက်၍ အဆင်မပြေမှုများရှိပါက Page Chat boxမှာ နာမည် နေရပ်လိပ်စာနှင့် တကွ လိုင်းစစ်ဆေးလို့ရပါတယ်ရှင့်

ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

09/02/2026

ST Net wifi သုံးစွဲသူမိသားစုများမဂ်လာပါရှင့်

ယခင်လူကြီးမင်းတို့ဆက်သွယ်နေကြဖြစ်သော

ရုံးဖုန်း(09940823318)နံပါတ်သည် SIM Card Error ဖြစ်ပေါ်ခဲ့၍

ပြင်ဆင်မှုပြုလုပ်စဉ်အချိန်တွင်း သုံးစွဲသူများ ဆက်သွယ်၍ ဝန်ဆောင်မှုများကို ရရှိနိုင်ရန်အတွက်

(09966483042)
ထိုနံပါတ်အားဆက်သွယ်လို့ရစေရန်အစားထိုးစီစဉ်လုပ်ဆောင်ထားပေးပါကြောင်း အသိပေးအပ်ပါသည်ရှင့်။

24/11/2025

ST Net Customer များရှင့်

WiFi လိုင်းများ ယခင်အတိုင်း ပုံမှန် ပြန်သုံးလို့ရပါပြီးရှင့်

စက်များကို အပိတ်အဖွင့်လုပ်ပြီး သုံးပေးဖို့ အကြံပြုပါရစေရှင့်

လိုင်းသုံးရအဆင်မပြေမှုများအတွက် အနူးအညွန့်တောင်းပန်ပါတယ်ရှင့်

သည်းခံစောင့်ဆိုင်းပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

09/11/2025

လေးစားတန်ဖိုးထားရသော ST Net သုံးCustomer များအား အသိပေး တောင်းပန်ခြင်း 🙏
=======================

လေးစားရပါသော ST Net သုံး customer များရှင့်

လက်ရှိဖြစ်နေတာက International လမ်းကြောင်းဖြစ်တဲ့ Submarine Cable(ရေအောက် Cable မှာ Errorဖြစ်သွားတာမျိုးပါ) Sigma လို့ခေါ် တဲ့ မြန်မာနိုင်ငံကနေပြီး နိုင်ငံခြားဘက်ကို အဓိက Internet ထွက်နေတဲ့ လမ်းကြောင်းကြီးမှာ အမှားဖြစ်သွားပြီး ဘာကြောင့်ဖြစ်မှန်းလိုက်ရှာနေကြတုန်းနဲ့ ဒီလမ်းကြောင်းတွေဟာ ပြင်ဆင်ချိန်ကြာမြင့်တတ်ပြီး Impact အလွန်မြင့်ပါတယ်။ ရက်ပိုင်းလောက်အထိကိုကြာနေတာမျိုးရှိနေပြီး မြန်မာနိုင်ငံ Main Internet ထွက်ပေါက်မှာ ဖြစ်တာမို့ Wifiတွေ အကုန်နီးပါး သက်ရောက်မှုရှိထားပါတယ်။ ယူထားတဲ့ Customerတွေမှာလည်း လိုင်းတွေပြတ်တောက်နေခြင်းများဖြစ်ပေါ်နေပါတယ်ရှင့်။အရေးပေါ် Back up လိုင်းကို customer များအားပြုလုပ်ပေးထားပါတယ်ရှင့်။Customer ဦးရေ သုံးစွဲမှုများတဲ့ အချိန်များမှာ အင်တာနက် လိုင်းများကြပ်ခြင်း လိုင်းတတ်လိုက် ကျလိုက် ဖြစ်ခြင်းများ ရှိနေပါတယ်ရှင့်။

Customerများ အဆင်မပြေဖြစ်သွားတဲ့အတွက် ST Net မိသားစုမှ အနူးအညွန့်တောင်းပန်အပ်ပါတယ်ရှင့်🙏

Customerများ နစ်နာမှုမရှိစေရန် ရက်အစား (သို့) ငွေလျော့ပေးတာမျိုး ဆောင်ရွက်ပေးသွားပါမယ်ရှင့်🙏

17/10/2025

အင်တာနက်သုံးတဲ့အခါ အန္တရာယ်ကင်းအောင် ဘာတွေသတိထားသင့်လဲ?
=======================================

ဒီနေ့ခေတ်မှာ လူတိုင်းက အင်တာနက်ကို အကြောင်းပြချက်မျိုးစုံနဲ့ အသုံးပြုနေရပါတယ်။ အသစ်အသစ်တွေလေ့လာဖို့၊ စျေးရောင်းဖို့၊ စျေးဝယ်ဖို့၊ အသိမိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ စသဖြင့် နေ့စဥ်ဘဝမှာ အင်တာနက်ဟာ အချိန်တော်တော်များများကို သိမ်းပိုက်ထားတာပဲဖြစ်ပါတယ်။

ဒီလိုအသုံးပြုကြတဲ့သူတွေမှာ အလိမ်အညာနဲ့အန္တရာယ်ရှိတာကို သိနိုင်စွမ်းရှိတဲ့ လူငယ်တွေလည်းပါသလို ဒါကိုသတိမပြုမိတဲ့ လူကြီးအရွယ်တွေလည်း ပါနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးမယ်ဆိုရင် ဒီအချက်လေးတွေသတိထားဖို့ ကိုယ်တိုင်လည်းသိထားဖို့လိုသလို ကိုယ့်မိသားစုဝင်တွေကိုလည်း မျှဝေပေးထားသင့်ပါတယ်။

၁။ စကားဝှက်ကို ခန့်မှန်းဖို့ မလွယ်တာမျိုးထားပါ။

ဖုန်းထဲမှာ ကိုယ်သုံးတဲ့ လူမှုကွန်ယက်အကောင့်အပါအဝင် ငွေကြေးဆိုင်ရာအကောင့်တွေရော အားလုံးကို တခြားသူအလွယ်တကူ ခန့်မှန်းလို့မရနိုင်တာမျိုး ထားဖို့လိုပါတယ်။ ကိုယ့်ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ အိမ်နံပါတ်၊ နှစ်ပတ်လည်နေ့ စတာတွေကိုထားမယ်ဆိုရင် ကိုယ့်အကြောင်းသိတဲ့သူတစ်ဦးဦးဆီကနေ တဆင့် လျှို့ဝှက်နံပါတ်ကို သိသွားနိုင်တာမို့ တခြား မခန့်မှန်းနိုင်လောက်တဲ့ နံပါတ်တွေ အက္ခရာတွေကိုပဲ ထားဖို့ အကြံပြုချင်ပါတယ်။

၂။ Click မလုပ်ခင် သေချာစဥ်းစားပါ။

ကိုယ့်ဆီကို ပို့လာတဲ့ Link မှန်သမျှကို click မလုပ်မိဖို့၊ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေက ပို့လာခဲ့ရင်လည်း ဒါဟာ ယုံကြည်လို့မရကြောင်းကို သတိထားရမှာပဲဖြစ်ပါတယ်။ ကိုယ့် Newsfeed မှာပေါ်လာတဲ့ Link တွေမှမဟုတ်ဘဲ ကိုယ့်ဆီကို Messenger, Telegram, WhatsApp စတဲ့ application တွေကနေတဆင့် ကိုယ်သိတဲ့သူတွေက ပေးပို့လာရင်လည်း ချက်ချင်းမနှိပ်လိုက်မိဖို့ လိုပါတယ်။ ကိုယ့်အသိတစ်ယောက်ယောက်ဖြစ်ပေမယ့် သူလည်း account ခိုးယူခံထားရတာဖြစ်နိုင်ပါတယ်။

၃။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို လုံးဝမတင်မိပါစေနဲ့။

ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဘဏ်အကောင့်နံပါတ် စသဖြင့် ဘယ်လိုအချက်အလက်မျိုးကိုမှ social media ပေါ် မတင်မိဖို့လိုပါတယ်။ ဒီလိုအချက်အလက်တွေ ဖြည့်ခိုင်းတဲ့ Link တွေမှာလည်း လုံးဝ ဖြည့်လိုက်လို့မဖြစ်ပါဘူး။

၄။ အမြဲသတိရှိပါ။

ဒီနေ့ခေတ် အလိမ်အညာတွေဟာ အမြဲတမ်းပုံစံမျိုးစုံပြောင်းပြီး ပညာသားပါပါ လိမ်လေ့ရှိပါတယ်။ ဒါကြောင့် အငိုက်မမိလိုက်ရလေအောင် အမြဲသတိရှိရှိနဲ့ အင်တာနက်သုံးဖို့လိုပါတယ်။

၅။ တစ်စုံတစ်ခု ထူးခြားရင် ယုံကြည်ရလောက်တဲ့သူ ခေတ်မီသူကို ရင်ဖွင့်အကူအညီတောင်းပါ။

ကိုယ့်ကို တစ်စုံတစ်ဦးက ဆက်သွယ်လာတယ်၊ တစ်ခုခုပေးပို့လာတယ်ဆိုရင် ကိုယ့်မိသားစုထဲက (ဒါမှမဟုတ်) ကိုယ်နဲ့ရင်းနှီးတဲ့ ယုံကြည်ရသူ မျက်စိပွင့်နားပွင့်ရှိသူ တစ်ဦးဦးကို ပြောပြပါ။ အကူအညီတောင်းပါ။ တစ်ယောက်တည်း ကျိတ်မလုပ်ပါနဲ့။ ဒါကို ကိုယ့်မိသားစုဝင်တွေအားလုံးကိုလည်း မှာထားပါ။

ဒီအချက်လေးတွေကတော့ အင်တာနက်သုံးမယ်ဆိုရင် အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ဖို့အတွက် သတိထားရမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။

ST Net Fiber internet service.

11/10/2025

ST Net Customer များရှင့်

ST Net main link ပြုပြင်ပြီးဖြစ်၍ လိုင်းများ ယခင်အတိုင်း ပုံမှန် ပြန်သုံးလို့ရပါပြီးရှင့်

စက်များကို အပိတ်အဖွင့်လုပ်ပြီး သုံးပေးဖို့ အကြံပြုပါရစေရှင့်

လိုင်းသုံးရအဆင်မပြေမှုများအတွက် အနူးအညွန့်တောင်းပန်ပါတယ်ရှင့်

သည်းခံစောင့်ဆိုင်းပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

09/10/2025

လေးစားရပါသော ST Net Customer များရှင့်

ST Net မှ ယူထားသောGB main link တစ်ခု ကျနေခြင်းကြောင့် လိုင်းများသုံးရ ခက်ခဲနေပါတယ်ရှင့်

ပြုပြင်နေဆဲဖြစ်တာမို့ အရေးပေါ်ထားရှိသော linkတစ်ခုပေါ် ပြောင်းရွှေ့တင်ထားပေးပါတယ်ရှင့်

Customer ဦးရေများသောကြောင့် လိုင်းကြပ်တာမျိုး ဖြစ်နေပါလိမ့်မယ်ရှင့်

ST Net WiFi မှ Customer များအား လိုင်းသုံးရ စိတ်အနှောက်အယှက် နှင့် အဆင်မပြေခြင်းများဖြစ်စေတဲ့အတွက် ST Net Customer များအား အနူးအညွန့်တောင်းပန်အပ်ပါတယ်ရှင့်🙏

ခေတ္တစောင့်ဆိုင်းပေးပါရန် တောင်းပန်စွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်

ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏

မဂ်လာပါ လူကြီးမင်းများရှင့်ST Net မှ သတင်းကျွတ် ရုံးပိတ်ရက် လေးကြေညာပါရစေရှင့်🥳သတင်းကျွတ် ရုံးပိတ်ရက်များဖြစ်တဲ့ October...
02/10/2025

မဂ်လာပါ လူကြီးမင်းများရှင့်

ST Net မှ သတင်းကျွတ် ရုံးပိတ်ရက် လေးကြေညာပါရစေရှင့်🥳

သတင်းကျွတ် ရုံးပိတ်ရက်များဖြစ်တဲ့ October 4th,5th,6th,7th(စနေ,တနဂ်နွေ,တနလ်ာ,အဂ်ါ ရက်နေ့တွင် ST Net office ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင့်

October 8th (ဗုဒ္ဓဟူး)ရက်နေ့ တွင် ပုံမှန်အတိုင်း ပြန်လှည် ဖွင့်သွားပါမည်ရှင့်

မဂ်လာအပေါင်းနဲ့ပြည့်စုံသော သတင်းကျွတ် အခါသမယလေးမှာ ချစ်သောမိသားစု ချစ်သောသူငယ်ချင်းမိတ်ဆွေ ချစ်ရသူများအားလုံးနဲ့ သာယာပျော်ရွှင်ချမ်းမြေ့စွာ ကျန်းမာစွာ ချမ်းသာစွာ နဲ့ ဖြတ်သန်းနိုင်ပါစေကြောင်း ST Net မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်သည်ရှင့်

Photo Crd

 #အလုပ်ခေါ်စာ📌📌📌 #လှိုင်းဘွဲ့လှိုင်းဘွဲ ​မြို့နယ် ST NET (Hlaing Bwe Branch) ရုံးခွဲတွင် လက်ထောက်မန်နေဂျာ(Assistant Mana...
06/08/2025

#အလုပ်ခေါ်စာ📌📌📌

#လှိုင်းဘွဲ့

လှိုင်းဘွဲ ​မြို့နယ် ST NET (Hlaing Bwe Branch) ရုံးခွဲတွင် လက်ထောက်မန်နေဂျာ(Assistant Manager) ရာထူးဖြင့် မိမိတို့ ST NET နှင့်အတူ လက်တွဲလုပ်ဆောင်လိုသည့် ဝန်ထမ်း(၁)ဉီး အလိုရှိသည်။

ဆက်သွယ်မေးမြန်းစုံစမ်းရန် -

- Page Chat Box မှာတစ်ဆင့်သော်လည်ကောင်း
- အောက်ဖော်ပြပါ ဖုန်းနံပတ်များသို့ သော်လည်ကောင်းဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Contact; +959 940 823 319,+959 784 710 877

Address

Bogyoke Road, 5-Ward, Hpaan, Near Yuri Pre School
Hpa-an

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959408323314

Website

Alerts

Be the first to know and let us send you an email when ST Net Hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share